စိတ်ကြည်နူးစရာ သစ်ခွ ကမ္ဘာ (Singapore National Orchid Garden)

မိုခ်ိဳMay 22, 20123min16613

၁။ ရန်ကုန်မှာလည်း ဈေးထဲတွေမှာ တွေ့ရတတ်တဲ့ ခရမ်းရောင် သစ်ခွ

၂။ အဝါကြားလေး

၃။ ပန်းခရမ်းဖျော့လေး

၄။ခရမ်းရင့်လေး

၅။ အဖြူရောင် သစ်ခွတောလေး

၆။အဝါ ရောင်လေး

၇။ ဖြူနီစပ်လေးကို အစိမ်းရောင်လေးခံထားတော့ တမျိုးလှတယ်

၈။ ခရမးရောင် dancing lady လို့ထင်တာပဲ။

၉။ ဒါလည်း မင်္ဂလာဆောင် တွေမှာ ပန်တာ တွေ့ဖူးတယ်

၁၀။ ရောင်စုံ သစ်ခွတော လေး

၁၁။ ပဇွန်ဆီ ရောင် ဖျော့ဖျော့လေး

၁၂။ မသိရင် တောထဲ အလေ့ကျ ပေါက်နေသလို

၁၃။ ပန်းတွေကြားထဲကိုယ် ထင်ပြတဲ့ ဥစ္စစောင့်မ

စင်ကာပူ သစ်ခွ ဥယျာဉ် မှာ သစ်ခွတွေ အရမ်းစုံပါတယ်။ ဝင်ကြေးကစင်ကာပူ ၅  ဒေါ်လာပဲပေးရပါတယ်။ သွားတိုင်း ဓါတ်ပုံတွေ ရိုက်ဖြစ်ပါတယ်။ ကျမက ဓါတ်ပုံတွေ ရိုက် သိပ်တော် တော့ ကြည်တဲ့ပုံ နည်းတယ်။  လှတယ် ထင်ရတဲ့ပုံလေးတွေ  ခွဲတင်လိုက်ပါတယ်။ အောက်ဆုံးပုံက မှန်ထဲကတဆင့်ရိုက်ထားတာပါ။ large  ကိုရွေးလို့မရလို့ medium နဲ့တင် လိုက်ရတယ်။

13 comments

  • ဗိုက်ကလေး

    May 22, 2012 at 2:46 pm

    အောက်ဆုံးပုံက ဥစ္စာစောင့်မ မဟုတ်ဘူးဂျ
    အဲ့လာ..သစ်ခွစောင့်မ
    ဘာပုလို ့လဲဆိုဒေါ့
    ဓာတ်ပုံရိုက်တလိုလိုနဲ ့ ညာတာပါတေးလုပ်ပြီး လူလစ်ရင် ပန်းတွေခူးပြီး အိပ်ထဲထည့်တွားမှာချိုးရို ့ လုံခြုံရေး ကင်မဒါနဲ ့
    စောင့်နေဒါ..ဘတိလို ့လဲ..ဟာဗျဲ.ဟာဗျဲ..
    နောက်ဒါဘာ အူးလေးရာ..
    ရောင်စုံလသစ်ခွတွေ ဂယ်ကိုလှပါဂျောင်း..

  • Moe Z

    May 22, 2012 at 3:10 pm

    ပန်းဥယျာဉ်ထဲပို့ပေးလို့ ကျေးဇူး မမမိုချို
    အခုမှပဲ ခေါင်းနည်းနည်းကြည်သွားတယ် 🙂
    ပုံလေးတွေ နည်းနည်းပိုကြီးပေရင်ကောင်းမယ်

  • Ma Ei

    May 22, 2012 at 3:38 pm

    လှလိုက်တာ မိုချိုရယ်…
    (ခရမ်းရောင် dancing lady လို့ထင်တာပဲ။)
    ခုမှတွေ့ဘူးတာ လှလိုက်တာ…

  • Mon Kit

    May 22, 2012 at 4:10 pm

    အကုန်လုံးလှ… အကုန်လုံးကြိုက်…..

  • Thel Nu Aye

    May 22, 2012 at 6:04 pm

    လှလိုက်တာ။ လှလိုက်တာ။ အားလုံးလှတယ်။

    • windtalker

      May 22, 2012 at 9:53 pm

      သဲလေးလိုချင်ရင် ကိုပေ့ ကိုတော့ မပြောနဲ ့။ မိုချို ့ကို ပြောရင်တော့ ၊ နောက်တစ်ခါ အဲဒီပန်းခြံ ကို သူ အလည်သွားလို ့၊ အစောင့်ရှင်းရင် ၊ တစ်ပွင့် တစ်ခိုင်လောက် ယူပြီး လက်ဆောင်ပေးမယ် တဲ့ ။

  • windtalker

    May 22, 2012 at 9:51 pm

    ကြည်နူးစရာ အလှ
    သစ်ခွဘဝ ၊ မိုချိုလေးကပြ
    ခရမ်းအဝါ နဲ ့ပန်းကမ္ဘာ
    ကိုယ်တစ်ကယ်သွားချင်တာ
    အူးကြောင်ကြီးဆီ ဒေါ်လှချီး
    မကြာခင်သွားမည် ခရီး ။

  • ညလေး

    May 22, 2012 at 10:39 pm

    ပန်းလေးတွေအားလုံးလှကနေလိုက်တာ……..
    အကုန်ကြိုက်…….

  • Ch@vez

    May 22, 2012 at 10:54 pm

    အားပေးသွားပါတယ် အစ်မ မိုချိုရေ…
    ကျနော် ဦးနိုကို ပြောဖူးသလို
    ပန်းတွေကို macro mode ပြောင်းပြီး
    တတ်နိုင်သလောက် ကပ်ရိုက် ရင်
    ပိုလှမယ် ထင်ပါကြောင်း…

    ကြုံကြိုက်လို့ ကင်မလာ မော်ဒယ် ပြောပြတဲ့အခါ
    ကျနော် သင့်လျှော်တဲ့ setting ကို ရှာဖတ်ပြီး
    ပြန်ရှဲပါ့မယ် ဆိုတာလေး ရယ်ပါ…

    ကျနော် သစ်ခွ ကို ရိုက်ဖို့ အတော် လေး စိတ်ကူးရှိရဲ့ဗျာ…
    (တခါ စားသောက်ဆိုင်တခုမှာ အတုမှန်း အစစ်မှန်းမသိဘဲ
    ရိုက်မယ် တကဲကဲလုပ်လို့ မဟာအရှက်တော် ကွဲဖူးသေးရဲ့..)

    သစ်ခွနဲ့ ပါတ်သတ်ရင် နီးနီးလေးနဲ့ ဝေးရတဲ့
    အကြောင်းအရာလေး ၂ခု ရှိသမို့ …
    အဆင်ပြေတဲ့အခါ ပြောပြချင်ပါရဲ့ဗျာ …..

    ခင်တဲ့
    ချာဗက်ဇ်..

  • သစ်ခွရုံတွေရောက်ရင် ရိုက်မယ်ဆိုပြီး ကြုံးဝါး။
    အထဲရောက်တဲ့အခါ အလင်းမကြိုက်ဘူူးဆိုမရိုက်ဖြစ်တာ အခုထိပါဘဲ။

  • pooch

    May 23, 2012 at 2:08 pm

    အားပေးသွားပါတယ် အမ။ သူတို့ ဆီက သစ်ခွရုံလိုမျိုးအကြီးကြီးတွေ ကိုလည်း အဆင်ပြေရင် ရိုက်ပြပါအုန်း။ နောက်သူတို့ ရောင်းတဲ့ ပန်းဈေးကွက်လိုမျိူးတွေလည်း မြင်ဖူးချင်ပါတယ်။

  • mocho

    May 23, 2012 at 4:58 pm

    ဒီပုံတွေက အမ ရွာထဲမှာ စာမရေးခင် ထဲက ရိုက်ထားတဲ့ ပုံလေးတွေပါ။ သေချာ နားမလည်ပါဘူး။ နောက်တခေါက် သွားရင်တော့ ဂီဂီ ပြောတဲ့ macro mode ဆိုတာနဲ့ ရိုက်ကြည့် ပါအုံးမယ်။ အတူသွားတဲ့ သားအဖ က စိတ် မရှည်တော့ ဓါတ်ပုံ လိုက်ရိုက် ရတာ အမြဲတမ်း အပြေးအလွှားပါပဲ။ ပုံတွေ ထွက်လာရင် မှုန်ဝါးဝါးပဲများတယ်။

  • Gipsy

    May 23, 2012 at 6:13 pm

    ကောင်းပါတယ်.. ကျုပ်ထက်တော့ အများကြီးသာပါတယ်…
    သစ်ခွပန်းလေးတွေကို ကြည့်ရတာ အာရုံတွေ လန်းဆန်းသွားတယ်…
    ဘဝ အမောတွေ ပြေသွားသလိုမျိုး….။

Leave a Reply