တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း နေပြည်တော်တွင် ၃၅ရာခိုင်နှုန်းခန့်နှင့် နေပြည်တော်ပျဉ်းမနား၌ ၃ဝရာခိုင်နှုန်းခန့်ရှိ

klnJune 18, 20101min600

၂၀၀၉-၂၀၁ဝပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ၂၀၁ဝပြည့်နှစ် ဇွန်လ ၁၃ရက်တွင် ထွက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။ ယင်းတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း၌ နေပြည်တော်မှ အောင်ချက်ရာခိုင်နှုန်း ၃၃ဒသမ ၅၉ရာခိုင်နှုန်းရှိခဲ့ပြီး နေပြည်တော် ပျဉ်းမနားမှ အောင်ချက်ရာခိုင်နှုန်း ၂ရ ဒသမ ဝ၅ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ နေပြည်တော်မှ စာရင်းရှိ ဦးရေ ၂၁၆ဝမှဖြေဆိုသူ ၂၀၁၅ ဦးရှိခဲ့ပြီး ၆၇ရဦး အောင်မြင်ကာအောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၅၉ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်သည်။ နေပြည်တော်ပျဉ်းမနား မှစာရင်းရှိ ၄၉၀၁ဦးမှ ဖြေဆိုသူ ၄၅၇ရ ဦးရှိခဲ့ပြီး ၁၂၃၈ဦးအောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၂ရ ဒသမ ဝ၅ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ နေပြည်တော်မှ ဘာသာစုံဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာသုံးဦး၊ လေးဘာသာနှစ်ဦး၊ သုံးဘာသာ ၁၁ဦး၊ နှစ်ဘာသာ ၁ရဦး၊ တစ်ဘာသာ ၆၅ဦး အသီးသီးဂုဏ်ထူးရရှိခဲ့ပြီး နေပြည်တော်ပျဉ်းမနားမှဘာသာစုံဂုဏ်ထူးရှင် သုံးဦး၊ ငါးဘာသာ ၁ဝဦး၊ လေးဘာသာနှစ်ဦး၊ သုံးဘာသာ ၁ဝဦး၊ နှစ်ဘာသာ ၂၁ဦး၊ တစ်ဘာသာ ၁၉ဦး အသီးသီးဂုဏ်ထူးထွက်ရှိခဲ့ကြောင်း သိရသည်။