မြန်မာ ဟစ်ဟော့ အဆိုတော် တစ်ဦးမှ ” Facebook  မှ သူငယ်ချင်းများ နဲ့  ကျွန်တော်ရဲ့ ပရိတ်သတ်များ အားလုံး အပန်းမကြီးဘူးဆိုရင် profile picture နဲ့ cover picture နေရာတွေမှာ ဖယောင်းတိုင်လေးတွေ ထွန်းပေး ကြ ပါ လား ဗျာ. … .. လမ်းပေါ် မတက်နိုင်ပေမဲ့ Facebook က တစ်ကမ္ဘာလုံးကို ရိုက်ခတ် နိုင်ပါတယ်..” ဆိုပြီး ကမ်ပိန်လေး လုပ်နေပါတယ်..။

လမ်းပေါ်ထွက်ပြီး မလုပ်နိုင်ပေမယ့် မြန်မာတပြည်လုံးက ဖယောင်းတိုင်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသကြတဲ့ ပြည်သူပြည်သားတွေကို ဂုဏ်ပြုလျက် ကျနော့် ဖေ့စ်ဘွတ် မှာရော ဂေဇက်က ပရိုဖိုင်ပုံကိုပါ ဖယောင်းတိုင်လေး ထွန်းထားပါတယ်..။ တတ်နိုင်သလောက် ပါဝင်တဲ့ သဘောပါ..။ ဒီထက် ဖေ့စ်ဘွတ်မှာ ခင်မင်ပြီးသား လေးစားရတဲ့ ကာတွန်းဆရာများရဲ့ ပုံလေးတွေလည်း မျှဝေလိုက်ပါတယ်။

၁-- တို့ ဆီမီးခွက် ၀န်ကြီးဘယ်ရောက်နေလဲ?

 

၂- ပိုလျှံလို့ ရောင်းတာဆို

၃- လုပ်ပိုင်ခွင့် ရှိလို့လုပ်နေကြတာလား..

၎- မိုးနတ်မင်းက ဒီလိုပြောသတဲ့

 

၅- ကျနော်တို့အတွက် အဓိကလိုနေသေးတာ..ဘာလဲ

၆- လူမင်းကိုရယ်တဲ့ နတ်မင်းမကယ်နိုင်

၇- အမှောင်ခွင်း အလင်းဆောင်နိုင်ပါစေသော်

 

၈- ချစ်ခြင်းကို ခွဲသင့် ခွဲရမယ်...

အပ်ချလောင်းဆိုပြီး ဖြစ်အောင်လုပ်လို့ ရတဲ့ကိစ္စမဟုတ်မှန်းသိကြပါတယ်..။ တာဝန်ရှိတဲ့ သူတွေ.. awareness လေးထားပြီး၊ ပြည်သူတွေဒုက္ခကို ဂရုမထား၊ ငါ့စကား နွားရ ဆိုသလို အပြောလေးတွေပြင်ကာ ကိုယ့်မှာ တာဝန်ရှိသလို ကိုယ့်အလုပ်၊ ကိုယ့်အပြော အတွက် တာဝန်လည်းယူတတ်ကြစေလိုပါတယ်..။

Credit: : ကာတွန်းပုံများအတွက် ဆရာကာတွန်းအောင်မော်၊ ဆရာဂေါ်ပြား၊ ဆရာဟာဂျူလီ (ကသာ)၊  ဆရာ ကာတွန်း-ဟန်လေးတို့အား ကျေးဇူးတင်စွာဖြင့်..

ရွာစားကျော်

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011