ငါးသိန်းတန် စီဒီအမ်အေဖုန်းများ အကန့်အသတ်မရှိ ချပေးမည်

klnJune 18, 20101min672

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၅သိန်းတန် စီဒီအမ်အေဖုန်းများကို အကန့်အသတ်မရှိ ချပေးမည်ဖြစ်ပြီး ဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် ပင်မစခန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၅ရက်နေ့တွင် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ဝါယာလက် အော်တိုတယ်လီဖုန်းဌာနသို့ လာရောက်စစ်ဆေးသည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဇော်က ပြောကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။ လိုင်းဆွဲအား ကောင်းမွန်စေရန်အတွက် MCS ဆက်သွယ်ရေး ပင်မစခန်း ခံနိုင်ဝန် မြှင့်တင်ခြင်း၊ BTS စခန်း ၉ ခုတပ်ဆင်ခြင်းနှင့် CU (Carrier Unit) ၉၂ ခု တိုးမြှင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ငါးသိန်းတန် အထိုင်ဖုန်းများကို ရွေ့လျားဖုန်းများအဖြစ် သယ်ယူသွားလာနေခြင်းကြောင့် ဖုန်းလိုင်းများကျပ်ကာ တစ်ခါတစ်ရံ လိုင်းမမိခြင်းများ ဖြစ်ပေါ်နေခြင်းကို လိုင်းဆွဲအား ကောင်းမွန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ ငါးသိန်းတန်ဖုန်းတွေကို သတ်မှတ်နေရာမှာပဲ အထိုင်ဖုန်းနဲ့ သုံးမယ်ဆိုရင် လိုင်းဆွဲအား ကောင်းတာပေါ့။ အခု ငါးသိန်းတန်ဖုန်း သုံးတဲ့သူတွေက နေရာအနှံ့ လက်ကိုင်ဖုန်းအဖြစ် သယ်ယူနေတော့ လိုင်းကျပ်တာတွေ ဖြစ်ကုန်ရော ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် အိတ်ချိန်းပေါင်း ၉၀ဝ နီးပါးနှင့် အော်တိုဖုန်း၊ မိုဘိုင်းဖုန်းများ အရေအတွက် စုစုပေါင်း ရ သိန်းကျော်ရှိပြီး FEC ၂ဝတန်နှင့် ၅ဝတန် ဖုန်းကတ်များကိုလည်း သုံးစွဲလျက်ရှိကြောင်း သိရသည်။

2 comments

  • wailynnoo

    June 18, 2010 at 8:53 am

    ဖုန်းလိုင်းတွေ မကောင်းတော့ရင် ပြဿနာဘဲ။ လိုင်းလေးလည်းကောင်းအောင် လုပ်ပေးကြပါ။

  • intro

    June 18, 2010 at 11:11 am

    လိုင်းတွေ အများကြီးချပေးထားတာဆိုတော့… လိုင်းကောင်းအောင်ရယ်… လိုင်းမကျပ်ဖို့ရယ်တော့ လိုအပ်တယ်နော… တကယ်သာ ကောင်းအောင်လုပ်ပေးမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေကြမှာပါ…

Leave a Reply