သံတွဲမြို့နယ်ကျောက်ကလပ်ကျေးရွာအုပ်စု့တွင်ရေတပ်မှလယ်ယာမြေများသိမ်းယူထားခြင်း-

Aung AungMay 22, 20121min595

သံတွဲမြို့နယ်ကျောက်ကလပ်ကျေးရွာအုပ်စု့တွင်ရေတပ်မှလယ်ယာမြေများသိမ်းယူထားခြင်းခံနေကြရပါသည်။သိမ်းယူထားသောအကွက်များမှာကျောက်ကလပ်ကျေးရွာ
အုပ်စု့ရှိကွင်းအမှတ်၂၂၇(ခ) ဟင်းအိုးစောက်ကွင်း၊ကွင်းအမှတ်၂၂၇(က)ပုန်းညှက်ကွင်း၊ကွင်းအမှတ်၂၂၇(က)ကွင်းဝိုင်းကွင်း၊ကွင်းအမှတ်၂၂၇(က)ပြာတောကွင်း။ကွင်း
အမှတ်၂၂၈(က)မောင်ရွှေလေးကွင်း ၊ကွင်းအမှတ်၂၂၇(ခ)သစ်ကောက်ကွင်းတိုရှိလာ်မြေဧကပေါင်း၁၁၈.၀၉ ဧကနှင့်ဥယာဉ်ခြံမြေဧက ၆၉၂ တို့အား လွန်ခဲ့သော (၁၂)နှစ်ခန့်ကပင်တပ်မြေအဖြစ်သိမ်းယူထားခဲ့ပြီး ပိုင်ရှင်တောင်သူများအားတစ်ဧက(၁၂)တင်းနှုန်းဖြင့် တပ်အားဆက်ကြေးပေးရပြီး ကိုယ်ပိုင်လယ်ဖြင့်သူများကျွန်ဖြစ်
ခဲ့ကြပါသည်။ထိုအကြောင်းအရာကိုလည်းနိုင်ငံတော်သမတအားတင်ပြပြီးဖြစ်ပါသည်။၁၉-၅-၂၀၁၂ နေ့တွင် ရေတပ်မှယာယီတပ်မှုးဇော်ဦးသည်တောင်သူများအား
ခေါ်ယူပြီးလယ်လုပ်ခွင့်တနှစ်အခမဲ့လုပ်ကုုုုုုိုင်ခွင့်ပေးမည်၊ထိုသို့ပေးရာတွင်လည်း မိမိပိုင်လယ်မြေ၏၁/၃ ပုံကိုသာပေးမည်ပြောပြီးတောင်သူများအားလက်ဗွေနှိပ်၊လက်မှတ်
ထိုးပြီဓါတ်ပုံရိုက်ယူထားပါသည်။သို့သောကြောင့်တောင်သူများထိခိုင်နှစ်နာနေကြရပါသဖြင့် သက်ဆိုင်ရာသမတကြီးနှင့်တာဝန်ရှိသူတို့မှဝိုင်ဝန်းကူညီပေးကြပါရန်
ကုသိုလ်အကျိုးမျှော်တိုက် တွန်းနိုးဆော်လိုက်ရပါသည်ခင်ဗျား . . .ကြားကြားသမျှ . . ကူညီကြပါစေကုန်သော် . .

5 comments

  • Gipsy

    May 22, 2012 at 9:01 pm

    ကဲဗျာ.. လူကြီးမင်းတို့ရေ .. ကြားကြတယ်နော်…
    ကြားရင် အကြောင်းပြန်… အဲလေ.. ကြားရင် ဘာဆက်လုပ်ကြမလဲ
    ကြည့်လုပ်ပေးကြပါဦး….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 22, 2012 at 10:43 pm

    ကျွန်တော့်အနှင့် အဲ့သည်လို မြေယာသိမ်းယူခံရမှု့တွေမှာ တော်တော်ပါဝင်ဆောင်ရွက်ခြင်ပါတယ်
    မတတ်နိုင်လို့ပါ
    သို့သော် ကျွန်တော် နားလယ်သလောက်ပါ
    ကျွန်တော်သိသလောက်ပြောပြခွင့်ပြုပါ
    ဒီလိုရှိပါတယ်
    ဂျော်ကရော်ဖီလို့ခေါ်တဲ့ ပထဝီဝင်မြေဂျီးလားဘားလားပေါ့ဗျာ
    ဒီအကြောင်းကို နည်းနည်းလေး အနုစိပ်ရင် ရုပ်ရှင်ရုံမှာ နုင်ငံတော်အလံကို
    အလေးပြုရတာနဲ့နည်းနည်းလေး ( အတော်များများ ) ဆက်စပ်ပါတယ်
    ကြေးကောင်းကောင်းရင် ရေးမယ်
    ဒဘုလင်းလောက်ရရင် ချမယ်

  • ဆရာအူးပုရယ်. တစ်ပုလင်းဘဲလားဗျို. ့။နှစ်ပုလင်းသောက်ပါဗျ။
    မြန်မာလား၊ဒဂုံလား၊double strong လား ပြောသာပြော။အူးဗိုက်မ
    သိစေရ။

  • Gipsy

    May 23, 2012 at 1:26 pm

    ရှုး… တိုးတိုး.. ဘဘလေး ဗိုက်ဗိုက်.. ချောင်းနားထောင်နေတယ်ဟ….

  • yanaye

    July 29, 2012 at 10:33 pm

    လက်နက်ကိုင်သူတိုင်းသည် ဥပဒေဘက်တော်သားမဟုတ် ဓါးပြ အလုပ်လုပ်လျင် ဓါးပြသာဖြစ်သည်

Leave a Reply