မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ NPCC တို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စာချုပ်ချုပ်ဆို

klnJune 18, 20101min440

စွမ်းအင်ဝန်ကြီးဌာနမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation Limited (NPCC) တို့သည် ကုန်းပိုင်းလုပ်ကွက်F (ငလှိုင်းတွင်းဒေသ) ၌ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract)ကို ဇွန် ၁၆ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ လက်မှတ်ရေးထိုးချုပ်ဆိုကြကြောင်း သတင်းရရှိသည်။