ဖိုင်ဘာဖြင့် အင်တာနက်လိုင်း ၆၀၀ဝ မန္တလေးတွင် ချပေးမည်

klnJune 18, 20101min771

မန္တလေးမြို့တွင် ဖိုင်ဘာကြိုးဖြင့် အင်တာနက်သွယ်တန်းသည့်စနစ် FTTX (Fiber to the xxxx) လိုင်းပေါင်း ၆၀၀ဝ ကိုချပေးရန် လေ့လာမှုများ စတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “မန္တလေးတစ်မြို့လုံးကို ၇၈ လမ်းကို အခြေတည်ပြီးဇုန်အေနဲ့ ဇုန်ဘီဆိုပြီး ရှေ့ခြမ်းနောက်ခြမ်းခွဲပြီး Survey ဆင်းနေတယ်။ Survery က တစ်လလောက်ကြာမယ်။ ဇုန်တစ်ခုကို လိုင်း ၃၀၀ဝ နဲ့ စုစုပေါင်းလိုင်း ၆၀၀ဝ တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။ Survey များပြီးဆုံးပါက ဖိုင်ဘာဆက်ကြောင်းများ ခင်းကျင်းခြင်း၊ ဆက်ကြောင်းများအချင်းချင်း ချိတ်ဆက်ခြင်းများကို ပြီးစီးရန် နှစ်လခန့်ကြာမည်ဖြစ်သည်။ ဖိုင်ဘာဖြင့် အင်တာနက်သွယ်တန်း အသုံးပြုလိုသူများအနေဖြင့် ရတနာပုံတယ်လီပို့မှ စိစစ်ရွေးချယ်ပြီး သွယ်တန်းအသုံးပြုခွင့်များ ချပေးသွားမည်ဖြစ်သည်။ ဖိုင်ဘာဆက်ကြောင်းများကို သွယ်တန်းရာတွင် ဖိုင်ဘာကြိုးတိုတိုနှင့် နေရာများများ၊ လူများများ သုံးနိုင်ရန် လိုင်းသွယ်တန်းမှု အဆင်အပြေဆုံး အနေအထားများကို လေ့လာတပ်ဆင်သွားမည်ဖြစ်သည်။ အိမ်တိုင်ရာရောက် ဖိုင်ဘာစနစ်ဖြင့် အင်တာနက်သွယ်တန်းအသုံးပြုမှုအတွက် ကျသင့်သည့် အခကြေးငွေမှာလည်း ပြင်ဦးလွင်တွင်ကျသင့်သည့် နှုန်းထားဖြစ်သည့် ကျပ်ကိုးသိန်းနှုန်း အတိုင်းသာဖြစ်မည်ဟု သိရသည်။