ဝမ်းသာပီတိဖြစ်ရသော နေ့လေးတစ်နေ့ (၁)

kotun winlattMay 23, 20122min1498

အိမ်ဦးခန်းမှ အမေ၏ ဘုရားရှိခိုးသံကြောင့် ကျနော်အိပ်ရာမှ နိုးလာသည်။ ခေါင်းရင်းမှ

နာရီကိုကြည့်မိတော့ နံနက်လေးနာရီထိုးချေပြီ။ ကျနော် အိပ်ရာမှ ကမန်းကတတန်းထလိုက်

၏။ ဒီနေ့ ကျနော်သွားစရာရှိနေသည် မဟုတ်လား။ မနေ့ကတည်းက အစီအစဉ်တွေကို

အမြန်ရေးဆွဲခဲ့ရပြီး ဒီနေ့မှာ အားလုံးအဆင်ပြေစေရန် ကျနော်ရှိနေမှ ဖြစ်ပေမည်။

ဒီပွဲကို စီစဉ်သူ ဆရာတော် ဦးအာဒိစ္စဝံသက ကျနော်အား အလုံးစုံလွဲအပ်ထားခဲ့၏။

ဒီပွဲဖြစ်မြောက်အောင် အားထုတ်ခဲ့ရသည်များကို ကျနော်ပြန်တွေးနေမိချေသည်။

ပွဲဆိုလို့ ရှင်ပြုပွဲ မင်္ဂပွဲတော့ မဟုတ်ပါ။ ဆရာတော်နှင့် ကျနော်၏ ကြိုးပမ်းအားထုတ်မှု

ကြောင့် ပြင်ဆင်ပြီးစီးသွားခဲ့သော စာသင်ဆောင်လေးအား ရပ်ရွာသို့ လွဲပြောင်းပေးအပ်

ကြမည့်ပွဲလေးပင်..။ ဒီစာသင်ဆောင်လေးကို ရွာသူရွာသားတွေ စုပေါင်းဆောက်လုပ်ခဲ့ကြ

ပေမယ့် ငွေရေးကြေးရေး မတတ်နိုင်သဖြင့် ဆောက်လက်စကို အပြီးမသတ်နိုင်ပဲ ပစ်ထားခဲ့

ရသည်မဟုတ်လား…။ ကျနော်တို့ အဖွဲ့ ဒီရွာရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းလေးသို့

စာရေးကိရိယာလှူဒါန်းရန် ပထမအကြိမ်ရောက်ရှိစဉ်ကတည်းက ဆောက်လက်စမပြီးစီးနိုင်သော

စာသင်ဆောင်လေးအား အပြီးသတ်ပေးရန် ရွာသူရွာသားများက တောင်းဆိုခဲ့ကြသည်။ ကျနော်တို့

အဖွဲ့မှာလည်း စာသင်ဆောင်လေးအားပြင်ဆင်ရန် ငွေကြေးပမာဏလုံလုံလောက် မရှိကြပါဘူး..။

စာရေးကိရိယာလှူဒါန်းဖြစ်တာကလည်း အွန်လိုင်းမှာ ကျနော်ခြေဆော့လက်ဆော့ စားလေးတစ်ပုဒ်

ရေးမိရာကနေ စဖြစ်သွားတာပါ။ ရန်ကုန်က ကျနော့်စာကိုဖတ်မိတဲ့ စေတနာရှင်တစ်ဦးက ကျနော်

ရပ်ရွာမှာ တတ်နိုင်တဲ့ဘက်က ပရဟိတလေးလည်း လုပ်ဆောင်ရန် ငွေကြေးထောက်ပံ့ပေးခဲ့ပါသည်။

ဒါလေးကို ကျနော်မှ ရပ်ထဲရွာထဲက လူကြီးများ လူငယ်လေးများကို စည်းရုံးပြီး အမှန်တကယ်လိုအပ်

နေသော စာသင်ကျောင်းလေးများကို သွားရောက်လှူဒါန်းခဲ့ကြတာပေါ့…။ ဒီမှာလုပ်ဆောင်ဖြစ်သမျှလေးတွေကို

အလှူရှင်ထံကို ဓာတ်ပုံမှတ်တမ်းလေးတွေ ပို့ပေးပါတယ်…။ အလှူရှင်မိသားစုကလည်း လှိုက်လှဲဝမ်းသာ

ပြီး နောက်ထပ်အလှူငွေတွေကိုလည်း ပို့ပေးပြန်တာပါ။ ကျနော်တို့ အဖွဲ့သားတွေလည်း ပရဟိတဆိုတဲ့

အများကောင်းကျိုးဆောင်ရွက်ရင်း ရလာတဲ့ ဝမ်းသာပီတိဖြစ်မှုကို သိရှိခံစားလာရပြီး လူအားငွေအား

အဘက်ဘက်က ဝိုင်းဝန်းလာတော့ ပွဲပိုစည်လာတာပေါ့ဗျာ…။ ဒါပေမယ့် စာသင်ဆောင်လေးကို

အပြီးသတ်ပြင်ဆင်နိုင်လောက်အောင် ငွေကြေးအင်အား မတောင့်တင်းခဲ့ပါဘူး။ တစ်ရက်မှာ ကျနော်

ကျနော့်တို့ရွာရဲ့ အရှေ့ဘက် တောလေးထဲမှာရှိတဲ့ တောကျောင်းလေးဆီရောက်ရှိခဲ့ပါတယ်..။

ဝေဘူဝေဘာတောရကျောင်းပေါ့ ..။ ဒီတောရကျောင်းက အပင်ကြီး အပင်ငယ်တွေနဲ့ တော်တော်လေး

အေးငြိမ်းတဲ့ နေရာလေးပါ ..။ ကျနော့်မှာ စိတ်ရှုပ်ထွေးမှုတွေ စိတ်ညစ်ညူးစရာတွေ စိတ်ပျက်စရာတွေ

ကြုံလာတိုင်း ကျနော်သွားရောက်ခိုနားရာ နေရာလေးပါ..။ ကျောင်းမှာ လုပ်စရာကိုင်စရာရှိရင်လည်း

လုပ်ကိုင်နေကြမို့ ကျောင်းထိုင်ဆရာတော်နဲ့လည်း ရင်းနှီးနေပါတာပေါ့..။ ကျနော်ရောက်သွားတဲ့ ညနေ

ပိုင်းမှာ ဆရာတော်နဲ့ စကားပြောဖြစ်ပါတယ်..။ ဆရာတော်ကို ကျနော်က စာသင်ဆောင်လေးပြင်ဆင်

လိုပေမယ့် ငွေကြေးမတတ်နိုင်ကြောင်း လျှောက်ထားမိတဲ့အခါ ဆရာတော်ကလည်း ဒီစာသင်ဆောင်လေး

ကို အပြီးသတ်ပြင်ဆင်ပေးဖို့ သူလည်း ပိုက်ဆံစုနေကြောင်း မိန့်ကြားခဲ့တာပါ..။

ကျနော်ဝမ်းသားလိုက်တာ မပြောပါနဲ့တော့ဗျာ..ဒါနဲ့ ဆရာတော်နဲ့ အတူ အစီအစဉ်တွေဆွဲ ငွေရေးကြေး

ရေးကအစတိုင်ပင်လျှောက်ထားပေါ့…။ ဒီလိုနဲ့ စာသင်ဆောင်လေးကို ပြင်ဆင်ဖြစ်ကြတာပါ..။

ဆရာတော်ရဲ့ စိတ်အားလူအား စွမ်းစွမ်းတမံဆောင်ရွက်မှုတွေကြောင့် ကျောင်းလေးဟာ ဟောင်းနေရာ

ပျက်စီးတော့မလိုဖြစ်နေရာကနေ သစ်လွင်တောက်ပလာပါတော့တယ်..။ ဆရာတော်ကိုယ်တိုင်က ငွေအား

လူအားစိုက်ထုတ်ပြီး ကျောင်းလေးကို ပြင်ဆင်ခဲ့တာပါ။ ကျနော်မှ ကျောင်းလေးပြင်ဆင်ရာမှာ အသုံးပြု

ဖို့ ဘိလပ်မြေ ဆယ်အိတ်ကို လှူဒါန်းလိုက်ပါတယ်။ ပြီးတော့ အွန်လိုင်းကသူငယ်ချင်းတွေဆီမှာလည်း

အလှူခံပါတယ်။ သူငယ်ချင်းတွေကလည်း တတ်နိုင်သမျှ လှူဒါန်းပေးကြတယ်လေ..။

အွန်လိုင်းက သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်မဆုံးပါဘူး။ တစ်ယောက်နဲ့တစ်ယောက်မြင်ဘူး

ကြတာ မဟုတ်ပေမယ့် စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြတာကို ဝမ်းသာမဆုံး သာဓုခေါ်

မဆုံးပါ ..။ မလုပ်ခင်သာ ငွေရေးကြေးရေးကိုတွေးပူနေရပေမယ့် တကယ် အလုပ်စလုပ်ကြတော့

အလှူရှင်တွေပေါ်လာကြပါတယ်..လုပ်ရတဲ့ ကျနော်နဲ့ ဆရာတော်လည်း စိတ်အားတက်ရတာပေါ့လေ..။

ကျောင်းဆောင်အတွက် လိုအပ်တဲ့ သွပ်ကိုလှူမယ့်သူပေါ်လာပါတယ်..။ သွပ်က စာသင်ဆောင်တစ်ခုလုံး

အတွက် ငါးသိန်းလောက်ကုန်မှာပါ ..စာသင်ဆောင်လေးက ခြောက်ခန်းသုံးခန်းလေ…။

စာသင်ဆောင်လေးမွမ်းမံဖို့အတွက် ရန်ကုန်ကကျနော့်ရဲ့ အလှူရှင်မိသားစုက နှစ်သိန်းကျပ်လှူဒါန်း

ပေးခဲ့ပါတယ်..။ ကျန်တဲ့ သူငယ်ချင်းတွေက ဝိုင်းလှူကြတာနဲ့ဆို ကျနော့်အလှူခံလို့ရရှိတာ ၄သိန်းနီးပါး

ရှိပါမယ်.. စာသင်ဆောင်လေး အမိုးအကာတွေ တံခါးတွေ မျက်နှာကျက်တွေကအစ စာသင်ခုံတွေ အဆုံး

အားလုံးနီးပါး ပြည့်ပြည့်စုံစုံ ရရှိသွားပါတယ်.. ကျောင်းစာကြည့်တိုက်ဖြစ်လာရင် စာအုပ်လေးတွေ

ထားဖို့အတွက် ကျနော်နဲ့ ရွာကသူငယ်ချင်းတစ်ယောက် ဗီရိုတစ်လုံးလှူလိုက်ပါသေးတယ်…။

ပြီးတော့ ကျောက်သင်ပုန်းသုံးချပ်ကိုလည်း လှူဖြစ်ခဲ့သေးတယ်လေ…။ စာသင်ဆောင်လေးဟာ

ခုတော့ အားလုံးပြည့်ပြည့်စုံစုံနဲ့ သားသားနားနားပေါ့… ရေအတွက်လည်း ရေတိုင်အလှူရှင်ပေါ်လာပြန်

ရေသိုလှောင်ဖို့လည်း ရေကန်အလှူရှင်ပေါ်လာဆိုတော့ ကောင်းသထက်ကောင်းသွားတော့တာပါ..။

စာသင်ခုံ အစ အိမ်သာအဆုံး ဆရာတော်နဲ့ ကျနော်တို့ သူငယ်ချင်းတွေကောင်းမှုနဲ့ ပြည့်ပြည့်စုံစုံ

ဖြစ်သွားရပြီဆိုတော့ ..ကျနော်တို့ တာဝန်ကျေသွားပြီပေါ့နော်..ဒီတော့ ဒီကျောင်းဆောင်လေးကို

ထိန်းသိမ်းဖို့တာဝန်က ရွာသူရွာသားတွေတာဝန်မဟုတ်လား …ဒါကြောင့်မို့ ဆရာတော်က

ပြီးစီးသွားတဲ့ စာသင်ဆောင်လေးကို ရွာကိုပေးအပ်ပွဲလုပ်ချင်တယ်လို့ မိန့်ကြားလို့ ကျနော်က

ဖိတ်စာကအစ ဓာတ်ပုံရိုက်ဖို့ရာအဆုံး စီစဉ်ရတော့တာပါ…။မနေ့ညကလည်း ရွာလေးဆီကနေ

အိမ်ကို ညဆယ်နာရီလောက်မှပြန်လာရပါတယ်… ကျေးရွာအုပ်ချုပ်ရေးမှူးက မပြန်ပဲ အိပ်သွားဖို့

ပြောပေမယ့် ..စီစဉ်စရာတွေကျန်နေသေးတာမို့ ကျနော်ပြန်လာရတာပါ..။

8 comments

  • etone

    May 23, 2012 at 1:15 pm

    ကိုထွန်းဝင်းလတ်ရေ …
    မပြီးဆုံးသေးတဲ့ စာသင်ဆောင်လေးကို … ပြီးစီးအောင် ကူညီအားဖြည့်ပေးခဲ့တဲ့အတွက် သာဓုခေါ်ပါတယ်နော် ။ အင်တာနက်ကို ကောင်းမွန်စွာ အသုံးချတတ်ခဲ့သူအဖြစ်ရော … အများအကျိုးသယ်ပိုးချင်တဲ့ စိတ်ကိုရော လေးစားမိပါတယ် ။ အလှူငွေကောက်ခံဖို့အတွက် အချိန်ဘယ်လောက်လောက် ယူလိုက်ရသလဲ မသိဘူးနော် … ။ အရမ်းခေါင်တဲ့ ရွာလေးမျိုးလား …။ ဒါမှမဟုတ်မီးရတဲ့ ရွာလေးမျိုးလား … ဟိုးတစ်ခေါက်ရန်ကုန်တက်လာတုန်းက .. ဘယ်ရွာကလဲလို့တောင် မမေးမိလိုက်ဘူး ။ နောက်တစ်ခါ လာမှပဲ .. အင်တာဗျူးတော့မယ် .. ဟီး … 🙂

  • windtalker

    May 23, 2012 at 1:45 pm

    6လပိုင်း တစ်ရက်နေ့ကြရင် ကျောင်းဆောင်အသစ်လေး စ အလုပ်လုပ်တော့မှာပေ့ါ ။ ကောင်းလေစွ ။

  • Gipsy

    May 23, 2012 at 1:59 pm

    ကြားသိရတာ မင်္ဂလာရှိလိုက်တာ.. ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်….။

  • pooch

    May 23, 2012 at 2:00 pm

    သာဓုခေါ် အားပေးသွားပါတယ် ကိုထွန်းဝင်းလတ်။

  • Thel Nu Aye

    May 23, 2012 at 2:36 pm

    ထပ်တူထပ်မျှဝမ်းသာပါ၏။ ဆောင်ရွက်မှု့အားဂုဏ်ပြုပါ၏။

  • water-melon

    May 23, 2012 at 6:21 pm

    ကိုဝင်းထွန်းရေ
    နောက်လည်း ဒီထက်မက ကျောင်းတွေ အများကြီးဆောက်နိုင်ပါစေ
    ပြုခဲ့မိတဲ့ ကုသိုလ်ကြောင့် လက်တွေ့ဘဝမှာ ချက်ချင်းအကျိုးပေးပါစေလို့ ဆုတောင်းရင်း…..

  • ကိုထွန်းဝင်းလတ်ရဲ. ့အားထုတ်ကြိုးပမ်းမှုအပေါ် အားကျမိပါတယ်ဗျာ။
    စာသင်ကျောင်းလေး ရေရှည်တည်တံ့အောင် ထိန်းသိမ်းစေချင်မိတယ်။

  • aye.kk

    May 23, 2012 at 9:53 pm

    တကယ်ပဲအားကျမိပါတယ်…
    အရောင်တကာ့အရောင်..
    ပညာအရောင်ထွန်းလင်းပြောင်မို ့..
    ဂုဏ်ယူကြောင်းပြောလိုက်ပါရစေ..။

Leave a Reply