” အလိုချင်ဆုံးစကားလေး တစ်ခွန်းသာ “

အချစ်တွေရင်မှာစုပြီး
အလွမ်းတွေ….
မြေသို့တိုင် ကြွေမကြသေးခင်
နင့်အတွက်နဲ့….
ငါ့ရင်ဘက်ထဲက အချစ်တွေ
စိမ်းလန်းသွားချင်တယ်

ဆုံတွေ့ခွင့်ဆိုတဲ့ အချိန်က
ခဏလေးရယ်ပါ…
အဲ့ဒီခဏတာ အချိန်လေးမှာပဲ
နင့်အတွက်….
အေးချမ်းမူတွေကို ပေးသွားမှာပါ

ငါ့ရဲ့ ဒီရင်ဘက်အစုံက…
တစ်ယောက်သောသူ မင်းကိုသာ
နားခိုခွင့်ပေးမှာပါ….

စိတ်ချ….
မင်းမကြိုက်တာ တစ်ခုမှမလုပ်ဘူး
မင်းနောက်ကွယ်မှာ..
ဇာတ်လမ်းအသစ် ကကြိုးအသစ်တွေနဲ့လည်း
မဖန်တီးထားဘူး…

သစ္စာတရားကို အလံထူပြီး
မင်းအတွက် အချစ်တွေကိုသာ
အချိန်ပြည့်ပေးဆပ်ချင်နေတဲ့သူပါ…

ငါရဲ့ စိတ်ကူးရင်ပြင်လေးထဲမှာ
နင့်အတွက်….
အိပ်မက်နန်းတော်လေးတစ်ခု
တည်ဆောက်ပေးထားတယ်….

နင်နှစ်သက်မြတ်နိုးတဲ့…
နှင်းဆီပန်းခင်း ဥယျာဉ်တစ်ခုကိုလည်း
ပျိုးပေးထားတယ်…

ကိန္နရီကိန္နရာ မောင်နှံနှစ်ဦးပျော်တဲ့
ရေအိုင်ငယ်လေး တစ်ခုကိုလည်း
နင့်အတွက် ဖန်တီးပေးထားတယ်…

ငါ့ နင့်အတွက်နဲ့ ……
ပေးဆပ်ခဲ့တာတွေ များနေခဲ့ပါပြီ

ဒီတစ်ခေါက်….
နင်နဲ့ ပြန်ဆုံတွေတဲ့ အခါကျ
ငါ့ဘက်က အလိုချင်ဆုံး
တစ်ခုတည်းအရာကိုသာ
တောင်းဆိုမူပြုမှာပါ….

အဲ့ဒါကတော့….
နင်ငါ့ကို ဘယ်တော့မှ
မမုန်းပါဘူးဆိုတဲ့ စကားလေးတစ်ခွန်းကိုပဲ
ငါ အပိုင်ယူသိမ်းထားခဲ့ချင်တာပါ….

ရဲငြိမ်း(အတွေးသစ်) ရဲ့ ကဗျာလေးပါ

အရင့်ရောင်

21 comments

  • Khaing Khaing

    May 23, 2012 at 12:48 pm

    မမုန်းဘူး ရင့်ရင့်ကို ………… အပိုင်သာယူထား …. ရော့ အင့်

    • အရင့်ရောင်

      May 23, 2012 at 12:53 pm

      ဘာပေးတာလဲဟင်
      အပိုင်စားပေးနေပါလားနော်
      ရော့…အင့် ဆိုပဲ
      ဘာလေးလဲကြည့်ဦးမှာ နော်
      ဘူလေးလဲ……ဘူလေးလဲ ဟေ့……….ဘူလေးလဲ

      • windtalker

        May 23, 2012 at 7:57 pm

        အကြွေးတွေ ဖြစ်နေလို ့၊ တောင်းရခက်နေမှာ စိုးတယ်ကွယ်

  • may flowers

    May 23, 2012 at 1:10 pm

    ကဗျာလေးကို ခံစားသွားပါတယ်။ နှင်းဆီဥယျာဉ်ထဲမှာ ရေအိုင်လေးပါ…ပါမယ်ဆိုတော့…ကန်တော်ကြီး

    လို ..ငွေတောင်းပြီး….ဝင်ခိုင်းလိုက်ရင်တော့….သဌေး.ဖြစ်နိုင်တယ်နော်..ဟိ။

    • အရင့်ရောင်

      May 23, 2012 at 1:14 pm

      အခကြေးငွေနဲ့ ဝင်ကြေးအဖြစ်သတ်မှတ်ထားခြင်းမရှိပါဘူးနော်
      ဒါပေမယ့် တစ်ယောက်တည်းပဲ ဝင်ခွင့်ပေးထားပါတယ်………
      သူဌေးမဖြစ်ရင်လဲ ရပါတယ်………..

  • Gipsy

    May 23, 2012 at 1:13 pm

    လူ က လေး ရယ် ငို၊ ခို ဖမ်း လို ့ပေး၊
    ခ ိုဖြူ ခ ိုပြာ နက် ကယ်၊ ဖမ်း ခက် လှ လေး။

    • အရင့်ရောင်

      May 23, 2012 at 1:36 pm

      အေး….အို……..
      အေး……..အို
      မောင်မောင်အိပ်တော့ဆို…….
      စောင်းကြီးခက်သံတီးလို့ပေး
      မောင်မောင် အိပ်တော့လေးးးးးးးးးးဟဟေးးး
      ဘယ်ရမလဲ နာလည်း ဆိုတက်တယ်ဟေ့

  • Bu Gyi

    May 23, 2012 at 3:22 pm

    ကဗျာကတော်တော်ကောင်းပါတယ်….အမြန်ဆုံးပြန်ဆုံနိုင်ပါစေ….။

    • အရင့်ရောင်

      May 23, 2012 at 3:25 pm

      Bu Gyi @
      ပေးတဲ့ဆုနဲ့ပြည့်ပါရစေနော်။

  • အလင်းဆက်

    May 23, 2012 at 3:25 pm

    လွတ်လပ်စွာ…..စီးမျောနေသော…ချစ်စရာ ကဗျာလေး.ပါလား။

  • အရင့်ရောင်

    May 23, 2012 at 3:28 pm

    အလင်းဆက် @
    ဟုတ်ပါ့ဗျာ
    လွတ်လွတ်လပ်လပ်ပါပဲ
    စီးမျောနေချင်ပါ၏
    အချစ်စစ်တွေနှင့်သာ……

  • ညလေး

    May 23, 2012 at 4:23 pm

    ရောဂါတူတွေချင်းအားပေးနေတယ်နော်……..
    ကိုအရင့်ရောင်ရဲ.တစ်ယောက်သောသူနဲ…….ကိုအလင်းဆက်ရဲ.ပျောက်နေတဲ.သူ……
    အဟိဟိ…….ရွာထဲကအချစ်သမားတွေ………..
    အားပေးသွားပါတယ်`ကိုအရောင်ရင့်´
    ငါရဲ့ စိတ်ကူးရင်ပြင်လေးထဲမှာ
    `နင့်အတွက်….
    အိပ်မက်နန်းတော်လေးတစ်ခု
    တည်ဆောက်ပေးထားတယ်….

    နင်နှစ်သက်မြတ်နိုးတဲ့…
    နှင်းဆီပန်းခင်း ဥယျာဉ်တစ်ခုကိုလည်း
    ပျိုးပေးထားတယ်…´ဒါလေးကိုအခိုက်ဆုံးပဲ………

    • အရင့်ရောင်

      May 23, 2012 at 4:26 pm

      ရောဂါ က လာတူနေသေးတယ်နော်
      ဒါပေမယ် …………
      ဒဏ်ရာ ခြင်းတော့တူမယ်မထင်ပါဘူး
      သေချာပါတယ်နော်………
      ဟီးးးးးးးးးးး

  • water-melon

    May 23, 2012 at 6:47 pm

    အချစ်ကို မုန်းတယ် မုန်းတယ်
    အကုန်မုန်းတယ်
    ဘာမှမယုံဘူး အချစ်နဲ့ပက်သက်ရင်

    • အရင့်ရောင်

      May 24, 2012 at 12:51 pm

      အချစ် ကိုမုန်းလျှင် အမုန်းရဲ့ဒဏ်ကို
      ခံနိုင်ရည်ရှိအောင်ကြိုးစားပါ
      ယုံကြည်မှုဆိုတာ တည်ဆောက်လို့ရပါတယ်
      ဟုတ်မလားတော့သိဘူးဟေ့………

  • aye.kk

    May 23, 2012 at 10:26 pm

    အလိုချင်ဆုံး..
    အမုံးမရှိ..
    သက်ဆုံးထိတိုင်ချစ်ပါသည်..။။

  • Thit Sar Lin

    May 24, 2012 at 9:14 am

    ကြိုက်တယ်…ကဗျာလေးကို…
    ရေးထားတာ သိပ်ပြီးတော့ ကဗျာမဆန်ဘူး …
    ဒါပေမဲ့ ကြိုက်တယ်..အားပေးသွားပါတယ်ဗျို့

  • whitestar

    May 24, 2012 at 3:18 pm

    feat..(အချစ်တွေရင်မှာစုပြီး
    အလွမ်းတွေ….
    ……………………….
    ……………………….
    တစ်ယောက်သောသူ မင်းကိုသာ
    နားခိုခွင့်ပေးမှာပါ….)

    Rap..(စိတ်ချ….
    မင်းမကြိုက်တာ တစ်ခုမှမလုပ်ဘူး
    ………………………………….
    ………………………………….
    မင်းအတွက် အချစ်တွေကိုသာ
    အချိန်ပြည့်ပေးဆပ်ချင်နေတဲ့သူပါ…)

    feat..(ငါရဲ့ စိတ်ကူးရင်ပြင်လေးထဲမှာ
    နင့်အတွက်……….
    …………………………………
    …………………………………
    ရေအိုင်ငယ်လေး တစ်ခုကိုလည်း
    နင့်အတွက် ဖန်တီးပေးထားတယ်…)

    Rap..(ငါ့ နင့်အတွက်နဲ့ ……
    ပေးဆပ်ခဲ့တာတွေ များနေခဲ့ပါပြီ..
    …………………………………
    …………………………………
    မမုန်းပါဘူးဆိုတဲ့ စကားလေးတစ်ခွန်းကိုပဲ
    ငါ အပိုင်ယူသိမ်းထားခဲ့ချင်တာပါ….)

  • အရင့်ရောင်

    May 24, 2012 at 3:31 pm

    မမုန်းပါဘူးဆိုတဲ့ စကားလေးတစ်ခွန်းကိုပဲ
    ငါ အပိုင်ယူသိမ်းထားခဲ့ချင်တာပါ…
    သေချာတာပေါ့
    အမုန်းမရှိတဲ့ နှလုံးသား

  • si tone

    September 4, 2012 at 8:35 pm

    အဲဒါလဲ heart ထိသွားပီ

  • ခပ်မိုက်မိုက် ကောင်မလေး

    September 5, 2012 at 2:40 pm

    ဆုံတွေ့ခွင့်က ခဏလေးပါတဲ့…
    ကဗျာလေး ကောင်းတယ်နော်…
    တကယ်ထိထိမိမိပါပဲ…
    မိုက်လေး…အားပေးသွားပါတယ်…။

Leave a Reply