သိပ်ချစ်လို့

နာကျင်ခြင်းနဲ့ယဉ်ပါးနေတာပါ

မနာကျင်တတ်ခဲ့တာမဟုတ်ဘူး…

အောက်ကျို့ပေးခဲ့တာပါ..ဝပ်စင်းခယနေတာက

မာနမရှိတာ မဟုတ်ဘူး………….

အဖန်ဖန်  တွေးခေါ်ခဲ့ပါတယ်

မျက်လုံးစုံမှိတ်ချစ်ပစ်လိုက်တာမဟုတ်ဘူး

နှလုံးသားကတောင့်တတိုင်း

စိတ်ကူးတွေရိုင်းရိုင်းသွားလို့…ကြိုတင်လဲပြင်ဆင်ခဲ့ပါရဲ့

နားအလည်ဆုံးသူရဲ့…ဥပေက္ခာ တေးသွားက

ချွန်မြအေးစက်လွန်းတော့လဲ….

 

ရှောင်းပုန်းခွင့်ပေးထားတဲ့

ငါ့မာနရယ်

ဂရုစိုက်ခြင်းကင်းလွန်းတဲ့

ငါ့အေးစက်ခြင်းရယ်

ငါ့နဲ့အတူတူ

ပြန်လည်ရှင်သန်ပါစေတော့…..

 

စိတ်မနာခဲ့ပါဘူး…

ပြီးတော့……..

မမုန်းရက်ခဲ့ဘူး………….

သေရာပါအနာရွတ်တွေ…

လူမြင်ပါများလို့

အခါခါဆွံ့အခဲ့ရတဲ့..

ငါ့  လူ့သမိုင်းကို

ငါကိုယ်တိုင်သဂြိုလ်မြုတ်နှံလိုက်မယ်..

အဲ့ဒီဈပနမှာ……

အလွမ်းတွေတော့ဝန်းရံနေမှာပါ

 

လူ့လောကရဲ့တထောင့်တနေရာ

ငါ…ဆိုတာရှိကောင်းရှိနေအုံးမှာပါ…

ဒါပေမဲ့လေ……

တခါပြန်ပြီး

မင်းရဲ့အနား

ဘယ်တော့မှမလာတော့ဘူး

မင်းငြိမ်းချမ်းအေးမြပါစေတော့…..

လူတကာရဲ့လူတွေကြားထဲလှုပ်ရှားရုန်းကန်ရင်း

တစ်ခါကကဗျာဆရာတစ်ယောက်ကို….

 

မင်းဘယ်တော့မှသတိရမှာမဟုတ်ပါဘူး….

 

အမွန်း(သားငယ်လေး) ၏ကဗျာပါ

အရင့်ရောင်

 

17 comments

  • windtalker

    May 23, 2012 at 1:37 pm

    တစ်ခါက ကဗျာဆရာ
    လာပါဟ အီးပီစီမှာ
    အသာထ ဖယောင်းတိုင်ယူကွာ
    မှာ မှာက လင်းထိန်စေဗျာ။
    (လျှပ်စစ်အတွက် ဆန္ဒပြသူများအား ဂုဏ်ပြုပါသည်)

    • အရင့်ရောင်

      May 23, 2012 at 2:33 pm

      အီးပေချီးမှာ မီးလာတယ်နော်
      မလာတာ ရပ်ကွက်ထဲရယ်
      ဟိဟိ

      • windtalker

        May 23, 2012 at 7:56 pm

        ကိုယ်မလုပ်တဲ့ ကိစ္စကို လုပ်သူတွေကို အားပေးတာပါ ။ မနေ ့ညက ဆို အီးပီစီ ရုံးပတ်ပတ်လည် မှာ ရဲတွေ အများကြီးဘဲရယ် ။

  • shwe kyi

    May 23, 2012 at 1:58 pm

    (ရှောင်းပုန်းခွင့်ပေးထားတဲ့

    ငါ့မာနရယ်

    ဂရုစိုက်ခြင်းကင်းလွန်းတဲ့

    ငါ့အေးစက်ခြင်းရယ်

    ငါ့နဲ့အတူတူ

    ပြန်လည်ရှင်သန်ပါစေတော့…..)

    ဒီတစ်ပုဒ်ကိုအရမ်းကြိုက်ပါတယ်..။

    • အရင့်ရောင်

      May 23, 2012 at 2:53 pm

      ချစ်ခြင်းတွေနဲ့
      ပြည့်နှက်နေအောင်
      ငါ့နှလုံးသား
      အပြုံးများနဲ့
      ဆီးကြိုနေမယ် ချစ်သူ………..

  • etone

    May 23, 2012 at 2:17 pm

    အချစ်ကို ပုံစံမျိုးစုံစာဖွဲ့သူတွေကြားထဲ အချစ်ဆိုတာ ရယူချင်းလား ၊ ပေးဆပ်ခြင်းလား ၊ စွန့်လွှတ်ခြင်းလား ၊ ခွင့်လွှင့်ခြင်းလား … ။ အခြေနေအရပ်ရပ်ပေါ်မူတည်ပြီး .. တင်စားပုံချင်းပြောင်းလဲသွားတော့တယ် … ။ ချစ်ခြင်းရဲ့ နောက်မှာ ပေါင်းဖက်ခြင်းကို မျှော်လင့်ထားကြပေမယ့် .. ကွေကွင်းရခြင်းနဲ့ ကြုံတဲ့အခါ စိတ်ခိုင်ဖို့တော့လိုပါတယ် … ။ ရှင်ကွဲမကွဲလျှင်တောင် တစ်နေ့ သေကွဲကွဲရမှာကိုး … လူဆိုတာ .. သေမျိုးတွေချည်းမို့ပါ ။

    ချစ်တဲ့သူတိုင်း ပေါင်ဖက်နိုင်ကြပါစေလို့ … ဆုတောင်းပေးပါတယ်နော် ။ 🙂

    • အရင့်ရောင်

      May 23, 2012 at 2:22 pm

      အချစ်ဆိုတာ ရယူခြင်းလည်း မဟုတ်
      ပေးဆပ်ခြင်းလည်း မဟုတ်
      စွန့်လွှတ်အနင့်နာခံခြင်းလဲ မဟုတ်
      နားလည်မှု၊ယုံကြည်မှု များနဲ့ လျှောက်လှမ်းရမည့် ခရီးတစ်ခုဖြစ်ပါတယ်။
      အရင့်ရောင် လက်စွဲပါ

      • shwe kyi

        May 23, 2012 at 4:47 pm

        ကိုအရင့်ရောင်မှန်တယ်လို့ပြောပါရစေရှင်။ ရွှေကြည်အမြင်ပါ။

        • အရင့်ရောင်

          May 23, 2012 at 4:56 pm

          အမြင်လေးတွေနဲ့ပဲ ဝေဖန် အကြံပြုပေးကြပါနော်
          ခင်တဲ့
          အရင့်ရောင်

  • ညလေး

    May 23, 2012 at 4:28 pm

    ဒါလေးလဲအားပေးသွားပါတယ်နော်………
    ဘုရင့်နောင်ရှူးံမယ့်အချစ်သမား………`အရင့်ရောင်´
    ………

  • အရင့်ရောင်

    May 23, 2012 at 4:31 pm

    ဘုရင့်နောင် လို ဖောင်ဖျက်ပီး စစ်ပွဲဝင်သလိုပဲ
    အရင့်ရောင် ကလည်း နှလုံးသားတစ်စုံပေးအပ်ပီး ချစ်ပွဲဝင်ခဲ့တာပဲနော်
    အသည်းတစ်ခြမ်း လွမ်းဖို့တောင် သိမ်းမထားဘူး………
    အဲလိုချစ်ထားတာကွ………..

  • aye.kk

    May 23, 2012 at 9:48 pm

    ငိုချင်သည်ရက်ပေါင်း..
    ထောင်သောင်းမက…
    သိပ်ချစ်တာသိလိုက်ရလို ့လေ..။။

    • အရင့်ရောင်

      May 24, 2012 at 12:48 pm

      ငိုချင်တာပဲဗျာ ငို ချလိုက်နော်
      သိပ်ချစ်လို့ပါလို့ဟြေပီးငိုနော်
      ဟီးးးးးး

      • aye.kk

        May 24, 2012 at 4:17 pm

        အရင့်ရောင်..
        မင်းတို ့ဘက်ကခံစားစိတ်ကူးကြည့်လိုက်တာပါကွယ်..
        လွန်တာရှိဝန္ဒာမိပါဘဲ..။။

        • အရင့်ရောင်

          May 24, 2012 at 4:20 pm

          aye.kk@
          Thank, you brotuer .

  • မဟာရာဇာ အံစာတုံး

    May 24, 2012 at 9:48 pm

    အော် ..
    အချစ် …
    အချစ် ….
    သူ ပစ်သွားခဲ့ နေ့ရက်ရှည်ကြာ …
    နာကျည်းစရာလည်း ရှာမတွေ့ခဲ့ပါ …
    ဒါဟာ မင်းလေးကို သိပ်ချစ်လို့ပေါ့ကွာ ..
    အဟိ .. 😀
    အားပေးတွားဒယ်နော့ …

    • အရင့်ရောင်

      May 25, 2012 at 3:42 pm

      ပစ်သွားခဲ့တာကို ခံ ခဲ့ရဖူးသည်နှင့် တူတယ်နော်
      တိုအံစာ………
      ကင်းဝေပါစေနော်
      နောက် မကြုံတွေ့ပါစေနဲ့လို့
      ဆုမွန်ခြွေတယ်နော်……
      ဟိဟိ

Leave a Reply