ဒီဗီဒီ ရုပ်ရှင်ရုံ ဆင်ဆာမဲ့ပြလို့ ဖမ်းဆီး

klnJune 18, 20101min592

ယခုလ ရရက်နေ့မှာ လိုင်စင်ရဒီဗီဒီရုပ်ရှင်ရုံမှာ ဆင်ဆာမဲ့ ဗီဒီယိုအခွေတွေ ပြသနေတဲ့အတွက် မရမ်းကုန်းရဲစခန်းက တာဝန်ရှိသူတွေ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မရမ်းကုန်းရဲစခန်းက တာဝန်ရှိသူက “ ဒီလို အခန်းအပြင်အဆင်နဲ့ ဆင်ဆာမဲ့အခွေတွေ ပြသတဲ့အတွက် မိန်းကလေးတွေနဲ့ လူငယ်တွေရဲ့ အကျင့်စာရိတ္တကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်အရေးယူရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဆင်ဆာမဲ့အခွေပြသတဲ့ အခန်းလေးခန်းကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။ ပုဒ်မ ၃၂(ခ) နဲ့ အမှုဖွင့်အရေးယူထားပြီး ဗီဒီယိုဆင်ဆာအဖွဲ့နဲ့ပါ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သိရသည်။

2 comments

  • etone

    June 18, 2010 at 8:01 am

    ဒါကရုပ်ရှင်ရုံမို့လို့ဖမ်းမိတာပါ ။ တခြား အင်တာနက်ဆိုင်တွေမှာကျတော့ဝင်မဖမ်းပဲနဲ့

  • snow

    June 18, 2010 at 10:20 am

    ဖမ်းမဖမ်းတော့မသိဘူး
    အခွေနဲ့တောင်လုပ်စားတဲ့သူကရှိသေး
    ဥပဒေ သားရေကွင်း
    မြန်မာပြည်ရဲ ့ဥပဒေ

Leave a Reply