ကွာလာလမ်ပူ-ရန်ကုန်တိုက်ရိုက်လေကြောင်းလိုင်း မလေးရှားငွေ ၂၉ရင်းဂစ်ဖြင့် အဲအေးရှားပြေးဆွဲမည်

klnJune 18, 20101min560

Air Asia လေကြောင်းလိုင်းမှ ကွာလာလမ်ပူ-ရန်ကုန်တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ယခုနှစ်ဇူလိုင် ၂ဝရက်မှ စတင်၍ နေ့စဉ်ပြေးဆွဲသွားမည်ဟုသိရသည်။ အဆိုပါလေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်များကို ဇွန်လ ၁၄ရက်မှ ဇူလိုင် ၂ဝရက်အထိ ဦးရာလူစနစ်ဖြင့် အွန်လိုင်းမှ စတင်ရောင်းချသွားမည်ဖြစ်ပြီး ခရီးစဉ်one way လျှင် ကန်ဒေါ်လာ ၈ဒသမ ၈ဝနှင့် ညီမျှသော မလေးရှားငွေ၂၉ရင်းဂစ်ကျသင့်မည်ဖြစ်ကြောင်း၊ ၂၀၁ဝပြည့်နှစ် ဇူလိုင် ၂ဝရက်မှ ၂၀၁၁မေလ ၈ရက်အထိ ခရီးသွားမည့်သူများ ဝယ်ယူနိုင်ကြောင်း သိရသည်။ ဇွန်လ ၁၄ကနေ ဇူလိုင် ၂ဝအထိ အွန်လိုင်းကလေယာဉ်လက်မှတ် ရောင်းတဲ့ ဟာကတော့ ပရိုမိုးရှင်းအနေနဲ့ ဈေးလျှော့ပေးထားတာပါ။ နောက်ပိုင်းကတော့ one way ကိုကန်ဒေါ်လာ ၆၆နဲ့အသွားအပြန်ဆိုရင် ကန်ဒေါ်လာ ၁၃၅ကျပါမယ်။ အွန်လိုင်းက လေယာဉ်လက်မှတ် ဝယ်မယ်ဆိုရင်တော့ Credit Card နဲ့ပဲ ဝယ်လို့ရပါမယ်” ဟု အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ယခင်က မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံအကြားပြေးဆွဲနေသော လေကြောင်းလိုင်း ၂ခုရှိပြီး နေ့စဉ်ပြေးဆွဲခြင်းမရှိဘဲတစ်ပတ်လျှင် ၅ရက်သာ ပြေးဆွဲလေ့ရှိကြောင်း၊ ယခုကဲ့သို့ နေ့စဉ်တိုက်ရိုက်ပြေးဆွဲခြင်းကြောင့် မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်သွယ်ရေးကိုပိုမိုလွယ်ကူလာစေမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။