ဒါနဲ့ ကိုတင်ဆောင်လည်း သူ့ကျွဲတွေခတ်နေတဲ့ဘက်ကိုပြေးသွားမယ် အလုပ်မှာ တဲထဲ

မှာရှိတဲ့ သူတွေကမသွားဖို့တားကြပါတယ်။ ကျွဲနှစ်ကောင်ဟာ ခွန်အားလည်းကြီးတဲ့အ

ပြင် ဒေါသတကြီးနဲ့အညှိးတကြီးခတ်နေကြတာမို့မသွားဖို့တားနေကြခြင်းပါပဲ။ ဒါပေမဲ့ ကို

တင်ဆောင်ကတော့ သူ့ကျွဲတွေကိုသူယုံကြည်ပါတယ်။ ဘယ်တော့မှသူ့ကို အန္တရာယ်မ

ပြုဘူးလို့ယုံကြည်ထားတာကြောင့် ၀ါးခုတ်သမားတွေနဲ့ တစ်ရွာတည်းသားကျွဲဆွဲသမား

တွေကို ပိုင်ပါတယ်ဆိုတဲ့ ပုံစံနဲ့လက်ပြပြီး အချင်းချင်းဒေါသတကြီးခတ်နေကြတဲ့ သူ့ကျွဲ

တွေရှိတဲ့နေရာကို ခြေလှမ်းမှန်မှန်နဲ့လျှောက်သွားပြီး..

”ဂါးကြီး…ဂါးလေး”  လို့အသံကျယ်ကျယ်အော်ခေါ်ပြီးထွက်သွားပါတယ်။ ဒေါသတကြီး

ခတ်နေကြတဲ့ ကျွဲနှစ်ကောင်လည်း ကိုတင်ဆောင့်အသံ ကြားချိန်မှာတော့..ချာကနဲ

လှည်ကြည့်လိုက်ကြပါတယ်။ ကိုတင်ဆောင်ကလည်းသူခေါ်တာပြန်ကြည့်တဲ့ အတွက်

အဆင်ပြေလောက်ပြီထင်ပြီး  အနားကိုကပ်သွားချိန်မှာတော့ …

မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခုဟာ  အမျှော်လင့်ပဲဖြစ်လာပါတော့တယ်။ ကိုတင်

ဆောင့် အသံကြားလို့လှည့်ကြည့်လိုက်ကြတဲ့ ဂါးကြိီး၊ ဂါးလေး  ကျွဲညီနောင်နှစ်ကောင်

ဟာတစ်ခဏတွေကနဲဖြစ်သွားကြပေမဲ့  ရုတ်တရက်သူတို့သခင် ကိုတင်ဆောင်ရှိရာ

ဘက်ဆီကို မီးရထားတွဲကြီးအရှိန်ထိုးထွက်လာသလို အရှိန်နဲ့ပြေးဝင်ခတ်ကြပါတော့

တယ်။

 

လုံးဝမမျှော်လင့်ထားတဲ့ အဖြစ်မို့လို့ကိုတင်ဆောင် ကြိုတင်ပြင်ဆင်ချိန်လေးတောင်မရခဲ့

ရှာပါဘူး။ ပထမရောက်လာတဲ့ ဂါးလေးရဲ့ဂျိုကြားမှာ ကားကနဲမြောက်ပြီးတော်တော်အ

မြင့်ကိုရောက်အောင်ပါသွားပါတယ်။ နောက်ပြန်ကျလာချိန်မှာ ဂါးကြီးကတဖန်ထပ်ဝှေ့

လိုက်ပြန်တာကြောင့် အပေါ်ကိုပြန်မြောက်တက်သွားပြန်ပါတယ်။ ဒီလိုနဲ့ ဂါးကြီးတလှဲ့

ဂါးလေးတလှဲ့နဲ့  အခတ်ခံနေရတဲ့ကိုတင်ဆောင်ခင်မျာ မြေပေါ်ကိုတောင်ပြန်မကျနိုင်ပဲ

လေထဲမှာတင် သူချစ်ရသော သူယုံကြည်ရသော ကျွဲနှစ်ကောင်ရဲ့ ရက်ရက်စက်စက်

ခတ်နေတဲ့ဒဏ်ကို မရှုမလှခံနေရရှာပါတယ်။

အဖြစ်အပျက်ဟာ အချိန်ခဏအတွင်းမှာပဲ လျှင်လျှင်မြန်မြန်ဖြစ်သွားတာမို့ကျန်ကျွဲသ

မားတွေလည်း ခဏတော့ကြောင်ကြည့်နေမိကြပါတယ်။ နောက်မှသတိရလာကြပြီး  မီး

တုတ်နဲ့ပစ်သူကပစ်  အော်ဟစ်ခြောက်လှန့်တဲ့သူကလှန့်နဲ့  ၀ါးခုတ်သမားတွေစခန်းချ

ရာ တဲစုလေးတွေဟာ ကမ္ဘာပျက်သလားမှတ်လောက်အောင်ဆူညံပွက်လောရိုက်နေပါ

တော့တယ်။ တဲတွေဘက်ဆီက ဆူဆူညံညံအသံတွေ  အော်ဟစ်မောင်းထုတ်သံတွေ

မီးတုတ်တွေ  လေးခွတွေနဲ့ပစ်ခတ်မှုတွေကြောင့်  ဂါးကြီးနဲ့ဂါးလေးဟာထွက်ပြေးမယ်

ထင်ရင်မှားသွားပါလိမ့်မယ်။ ကိုတင်ဆောင်ကို နှစ်ကောင်သားဝိုင်းခတ်နေကြရာက

သူ့ကိုအော်ဟစ်ခြောက်လှန့်နေတဲ့ သူတွေရှိရာကိုတစ်ဟုန်ထိုးပြေးချလာပါတော့တယ်။

အဲဒီအချိန်မှာတော့  ကျန်လူတွေလည်းနီးရာသစ်ပင်ပေါ်တွေကိုပြေးတက်ကြရတော့တာ

ပါပဲ။ ပုဆိုးကျွတ်သူကကျွတ် သစ်ပင်ပေါ်ကိုပြေးတက်ရတော့ အင်္ကျီပြဲသူကပြဲနဲ့ ပေါ့။

တစ်ယောက်ကိုမှ မမိတော့တဲ့အခါ ဂါးကြီးနဲ့ဂါးလေးဟာမြေပြင်ပေါ်မှာ သွေးတွေအရွှဲ

သားနဲ့လဲကျအသက်ငင်နေရှာတဲ့ သူတို့သခင်ကိုတင်ဆောင်ရှိရာကိုပြန်ပြေးသွားပြီး မ

ကျေပွဲ အဖြစ်ဆက်ခတ်ကြပြန်ပါသေးတယ်။ သူတို့စိတ်ကြိုက်ခတ်ပြီးချိန်မှာတော့ 

တောနက်နက်ဘက်ဆီကို ပြေးဝင်ပျောက်ကွယ်သွားပါတော့တယ်။

ကျွဲကြီးတွေ တောနက်ဘက်ဝင်ရောက်သွားပေမဲ့လို့ သစ်ပင်ပေါ်က လူတွေလည်းချက်

ချင်း ဆင်းလာရဲကြတာမဟုတ်ပါဘူး။ မတော်နောက်တစ်ခေါက်ထပ်လာရင် ခက်ရချည်

ရဲ့ ဆိုတဲ့ကြောက်စိတ်ကြောင့် သစ်ပင်ပေါ်မှာတစ်နာရီလောက်ထိကြာအောင်ဆက်နေ

နေကြပါသေးတယ်။ တစ်နာရီလောက်ကြာမှ ကျွဲကြီးတွေပြန်မလာလောက်တော့တာ

သေချာမှ သစ်ပင်ပေါ်ကဆင်းလာနိုင်ကြတာပါ။ သူတို့တွေအောက်ကိုရောက်ပြီး ကိုတင်

ဆောင်ရှိရာကိုပြေးသွားပြီး ကြည့်လိုက်တဲ့အချိန်မှာတော့ သနားစရာကိုတင်ဆောင်ခင်

မျာ သူယုံကြည်ခဲ့ရသော သူချစ်ခင်ခဲ့ရသော သူ့ရဲ့ကျွဲနှစ်ကောင်ရဲ့စနက်ကြောင့် အူတွေ

အပြင်ကိုထွက်ကျပြီး ရုပ်ပျက်ဆင်းပျက်ရင်ဘက်ဟောင်းလောင်းကြီးပွင့်လျှက် သေဆုံး

နေခဲ့ရှာပါပြီ။

ဒါနဲ့ကျွဲတိုက်တူတူလိုက်ခဲ့ကြတဲ့တစ်ရွာတည်းသားတွေလည်း မိမိတို့လုပ်ငန်းခွင်ကိုပြန်မ

ဝင်နိုင်ကြတော့ပါဘူး။ အရေးပေါ်ကိုတင်ဆောင့်မိသားစုကိုအရင်ပြောပြဖို့ လှည်းဆင်ပြီး

ပြန်သူကပြန်၊ ကိုတင်ဆောင့်သက်မဲ့ကိုယ်ကိုသယ်ဆောင်ဖို့လုပ်သူကလုပ်နဲ့ တော်တော်

အလုပ်ရှုတ်သွားကြပါတယ်။ သတင်းပေးတဲ့လူကပြင်ဆင်စရာရှိတာပြင်ဆင်နိုင်အောင်

ရွာကိုလှည်းလွတ်နဲ့ အပြေးပြန်လာကြပြီး ကျန်တဲ့လှည်းတွေက ကိုတင်ဆောင့်ကိုယ်ကို

သယ်မပြီးပြန်လာကြတာပေါ့။ ရွာရဲ့ဓလေ့အရ ရွာ့အပြင်မှာသေခဲ့တဲ့လူဆိုရွာတွင်းကိုအ

သွင်းမခံကြပါဘူးတဲ့။ ရွာနာတယ် ရွာခိုက်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူဝါဒတွေကြောင့် ကို

တင်ဆောင့်ကို ရွာပြင်သင်္ချိုင်းမှာသာထား ထားရပြီး မနက်ရောက်ခါမှမီးသင်္ဂြိုလ်လိုက်

ရရှာပါတော့တယ်။ ကိုတင်ဆောင့်မိန်းမ ဒေါ်မိသေးခင်မျာမှာ တော့ကလေးငါးယောက်နဲ့

ရင်ဘက်စည်တီးပြီးငိုနေလိုက်တာ သနားစရာတောင်ကောင်းသေးတော့တယ်။

 

ထူးဆန်းစွာပဲ ဂါးကြီး၊ဂါးလေးကျွဲနှစ်ကောင်ဟာကိုတင်ဆောင်ဆုံးပြီး ရက်လည်ပြီးခါစ

အချိန် လောက်မှာအိမ်ကိုတန်းတန်းမတ်မတ်ပြန်လာကြပါတယ်။ ဂါးကြီးတို့ညီနောင်ရွာ

ထဲကို ၀င်လာတော့လူတွေကြောက်လိုက်ကြတာလေ  ဘာပြောကောင်းမလဲ။ ရွာရှိလူ

ကုန် မိမိတို့အိမ်ထဲကိုအသီးသီးပြေးဝင်ပုန်းကွယ်နေလိုက်ကြတာ ကလေးငိုသံတောင်

မကြားရလောက်အောင်တိတ်ဆိတ်လို့နေပါတယ်။  ဂါးကြီး၊ ဂါးလေးကလည်းဘယ်သူ့

ကိုမှတောင်စောင်းငဲ့ လို့မကြည့်ကြပါဘူး။ မိမိအိမ်ရှိရာသို့သာ  တန်းတန်းမတ်မတ်ပြန်

လာကြပြီး  ယခင်မိမိတို့နေထိုင်ခဲ့တဲ့ တင်းကုန်ထဲမှာအေးအေးဆေးဆေးပဲဝင်ရောက်ပြီ

နားနားနေနေ၀ပ်လှဲနေကြပါတယ်။ ကျွဲတွေအိမ်ထဲဝင်ဝင်လာချင်းမှာတော့ ပထမဒေါ်မိ

သေးကြောင်သွားပါသေးတယ် နောက်မှသူ့ယောက်ျားကိုသတ်တဲ့ကျွဲတွေဆိုပြီး မိမိကို

ခတ်ကာမှခတ်ရောဆိုတဲ့စိတ်နဲ့   မျက်စိထဲတွေ့ရာ ထင်းချောင်းကြီးကြီး တစ်ချောင်းကို

ကိုင်ပြီးကျွဲနှစ်ကောင်ရှိရာကို  အပြေးခုန်လွှားသွားပြီးဒေါသတကြီး အကြိမ်ကြိမ်တဖုန်း

ဖုန်းမြည်အောင် ရိုက်နေမိပါတယ်။ထူးဆန်းတာက  ကိုသာဆောင်ကို အသေခတ်သတ်

 ခဲ့တဲ့ကျွဲရိုင်းနှစ်ကောင်ဟာ  မိသေးဒီလောက်ချနေ ရိုက်နေပေမဲ့ရန်မူတဲ့အရိပ်အယောင်

လေးတောင်မပြကြရှာပဲ ပေပြီးခံနေကြရှာပါတယ်။နောက်ဆုံးဒေါ်မိသေးရဲ့ဒေါသတစ်ကြီး

ရိုက်ချက်တွေကြောင့် ကျွဲနှစ်ကောင်ရဲ့ကိုယ်လုံးဟာသွေးတွေတောင်ထွက်လာတော့မှ

နာလွန်းမကနာလွန်းမှ သူတို့ရဲ့တင်းကုတ်ဆီကနေအပြင်ဘက်ကိုထွက်ပြေးသွားကြ

ရှာပါတော့တယ်။

About may flowers

may flowers has written 61 post in this Website..