ကယ်ကြပါဦး အရပ်ကတို့ရဲ့

yawaiMay 23, 20121min15812

ကျွန်တော် အိမ်မှာ desktop လေးကို ကျွန်တော့် ၂သိန်းတန်ဖုန်းနဲ့ ကြိုးချိတ်ပြီး အင်တာနက်သုံးနေတာပါ။ ဖြစ်ချင်တော့ မနေ့က ကျွန်တော်ချိတ်တော့ အင်တာနက်လိုင်းက unknown source ဖြစ်နေတယ်။ window7 ပြောင်းတင်ကြည့်လည်း မရဘူး။ ခုတော့ ဖွတ်မရ ဓားမဆုံး ဖြစ်နေရပါတယ်။ ခုတလော စာမေးပွဲနီးတော့ အင်တာနက်ဆိုင် အိမ်က မလွှတ်ပါဘူး။ ကျွန်တော့် ဘလော့လေးကို အဲ့ဒီ့ ကွန်နက်ရှင်လေးနဲ့ အသက်ဆက်နေရတာပါ ခုတော့ ဖုန်းအင်တာနက်လိုင်းက desktop မှာ မရတော့ဘူး ဖြစ်နေတော့ ကျွန်တော့် ဘလော့လေး သေရပါတော့မယ် ကူညီကြပါဦး ခင်ဗျာ။ ဘယ်လိုပြန်လုပ်ရမလဲဆိုတာ သိတဲ့ လူများရှိရင် ကူညီကြပါဦးခင်ဗျာ။

သေခါနီးဘလော့ပိုင်ရှင် မောင်ရဝေ

သေခါနီးဘလော့ကို ဝင်ကြည့်ချင်တယ်ဆိုရင် http://yawaitun.blogspot.com

12 comments

  • Gipsy

    May 23, 2012 at 6:05 pm

    အင်းနော်.. ခက်တော့တာပါပဲ.. ကျုပ်လဲ ၂ သိန်းတန်လေးနဲ့ လက်ပတော့လေး ချိတ်ဆက်
    မလို့ စဉ်းစားနေတုန်းမို့.. အဖြေမသိသေးပေါင်ဗျာ…
    ဘလော့မသေရအောင် ဘလော့ဆရာဝန်များ အမြန်ရောက်လာပါစေ…။

  • water-melon

    May 23, 2012 at 6:15 pm

    မချိတ်တာဆိုရင် ပါဝါပိတ်ပြီး ပြန်ဖွင့်ကြည့်
    ပြီးတော့ setting ထဲပြောင်းပြီးပြီလား Access Name တို့ ဘာတို့လေ
    အနော်တုန်းက မချိတ်လို့ window အသစ်တင်လိုက်တယ်
    ဘာလို့လဲတော့မသိ networkcard က ကြောင်တာထင်တယ်
    window XP ပြန်တင်ကြည့်လိုက်

  • MTY

    May 23, 2012 at 6:46 pm

    ကျွန်တော်သိချင်လို့မေးတာပါ။အများရဲ့download speed ရော
    ဘယ်လိုနေကြလဲဟင်…ကျွန်တော်လဲဖုံးနဲ့ချိတ်သုံးတာပါ..အခုတလော
    IDMနဲ့ဒေါင်းတာ ၂၅KB/sec လောက်ရနေလို့..မယုံနိုင်ဖြစ်နေတယ်။
    ကျွန်တော်ဖုံးက ၈၀ဝ ပါ။

  • water-melon

    May 23, 2012 at 6:52 pm

    အမလေး အဲဒါ ဆာဗာကြောင်နေတာအေ့
    အရင်ဆို ပုံမုန်က 5 KB ကျော်ကျော်ဘဲအေ့
    တစ်ခါတလေဆို 60 KB ထက်တောင်ကျော်သေးတယ်
    နောက်တော့လဲ ပုံမှန်ဖြစ်သွားတာဘဲ

  • windtalker

    May 23, 2012 at 8:09 pm

    အထက်ဆရာကြောင် အောင်ဆရာဖား ၂ကောင်စားပြီး
    ဥုံ ဖွ အပ်ချလောင်း
    အမြန်ဆုံးကောင်း စေဗျား ။

  • kai

    May 24, 2012 at 5:38 am

    ကြိုးချိပ်သုံးတယ်ဆိုတာ.. တက်တာရင်းလုပ်တာပြောတာလား..
    ကျုပ်တို့ဆီမတော့.. ငွေသီးသန့်မပေးထားရင်.. အီလီးဂဲလ်..

    http://www.ehow.com/how_4480859_tether-cell-phone-internet-laptop.html
    How to Tether Cell Phone Internet to a Laptop | eHow.com
    http://www.ehow.com › Internet
    How to Tether Cell Phone Internet to a Laptop. Whether you need to send or receive emails, keep a check on the weather or stay on top of the latest sports …

  • MTY

    May 24, 2012 at 11:04 am

    kai ရေ..ဒီမှာတော့..အားလုံနီးပါး Tether နဲ့ဘဲသုံးကြတာများမယ်ထင်တယ်။

  • shwe kyi

    May 24, 2012 at 3:51 pm

    မီးဘာမှသိဟူး….။ မသေပါစေနဲ့လို့ပဲဆုတောင်းရင်း။

  • မဟာရာဇာ အံစာတုံး

    May 24, 2012 at 9:53 pm

    ကျုပ်လည်း ဘာမှ သိဘူး ..
    သို့ပေသိ ..
    သိတဲ့ လူတွေကို မေးကြည့်ပေးပါ့မယ် …

  • cum min

    June 25, 2012 at 12:40 pm

    bal lo pyaaw ya ma la’
    bal lo pyaw ya ma la’
    thee bu… 🙂

  • mamanoyar

    June 25, 2012 at 1:00 pm

    မသေတော့ မသေပါနဲ့ဦးနော်
    မသိလို့ပြောလဲမပြတတ်ဘူး

Leave a Reply