“နှလုံးသားလက်ဆောင်” အပိုင်း(1) -မိုးရိပ်

aung nainglinMay 23, 20121min743

ညင်သာစွာ  တိုက်ခက်လာသော     ဆောင်းလေညုင်းဟာ     ကန်ရေပြင်ထက်ရစ်ဆိုင်းနေသော  ရေငွေ ့အကူအညီနဲ ့ကိုယ်အနှံ ့သွေးသားထဲထိ   စိမ့်ဝင်ပြီး

အေးချမ်းမှုကိုပေးစွမ်းနိုင်သော်လည်း       ရင်ထဲက  မင်းကကိုတမ်းတလွန်းလို ့ဖြစ်ပေါ်လာတဲ ့အလွမ်းသောကမီးတွေကို     အေးချမ်းသွားအောင်    ဘယ်လိုမှ  စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူးလေ

“ကို ယ့်ကိုအရမ်းချစ်တယ်…..ဘယ်တော့မှခွဲခွာမသွားဘူး”လို ့    မင်းပြောခဲ ့တဲ ့စကားလုံးလှလှလေးတွေကိုပြန်တမ်းတရင်း   အထီးကျန်အိမ်မက်တွေနဲ ့  အသက်ဆက်ရှင်နေခဲ ့ရတယ်လေ။           မင်းကို     သတိရလို ့  ဂီတာကိုကိုင်ကာ  အလွမ်းသီချင်းလေးတွေကို  သီဆိုမယ်လို ့စိတ်ကူးလိုက်တိုင်း   ငါ ့ရဲ ့နံဘေးမှာ  လိုအပ်နေတဲ ့ပုံရိပ်တစ်ခု     ဟိုအရင်တစ်ချိန်ကဂီတာတီးတိုင်း   သံစဉ်ချိုချိုလေးတွေကိုဖော်ကျုးသီဆိုတက်တဲ ့   နုတ်ခမ်းလွှာတစ်စုံ     အခုတော့အရာရာအားလုံးဟာလွမ်းမောဖွယ်ရာအတိတ်ကပုံရိပ်တွေအဖြစ်ထင်ကျန်ရစ်ခဲ ့ပြီလေ။    သံစဉ်ချိုချိုလေးတွေကွယ်ပျောက်နေတဲ ့ဂီတာတစ်လက်ရယ်….အထီးကျန်အိမ်မက်တွေနဲ ့အသက်ဆက်ရှင်နေရတဲ ့ငါဟာ     ဘယ်အချိန်မှာများ  ငါ့ရင်ခွင်ထဲကို    မင်းပြန်လာမလဲလို ့မျှော်လင် ့နေခဲ ့တာ    7.12.2006    ရက်နေ ့  ဒီနေ ့ဟာ(1)နှစ်တိတိပြည် ့ခဲ ့ပြီလေ။     မင်း   ငါ ့ကို  တစ်ယောက်တည်းထားခဲ ့တဲ ့   ရက်စွဲလေးနဲ ့    ထပ်တူဖြစ်နေလို ့ပေါ့။     ……………………………။………………………………..

3 comments

  • shwe kyi

    May 24, 2012 at 1:45 pm

    အတိတ်ကို အတိတ်အတိုင်းသတိရတတ်ပါစေ။
    ဒဏ်ရာတွေကို အနာရွတ် ကျန်နေမှာမကြောက်ပါနဲ့။
    အတိတ်ကဒဏ်ရာ ရဲ့ အနာရွတ်ကိုကြည့်ရင်း လွမ်းဆွတ်ခြင်းကို
    ရံဖန်ရံခါ ခံစားကြည့်ခြင်းဟာလည်း ကောင်းမြတ်ခြင်းတစ်မျိုးပါပဲ။
    အမြဲတော့မဖြစ်ပါစေနဲ့ပေါ့။

    ရွှေကြည်၏အမြင်သက်သက်ဖြစ်ပါကြောင်း..။

  • htet way

    May 26, 2012 at 8:50 pm

    ညီလေး
    မင်း မဂ္ဂဇင်းကို ပို့ကွာ
    ပြီးတော့ ဆက်ရေး အကို အားပေးတယ်

  • aung nainglin

    May 28, 2012 at 7:02 pm

    အစ်ကိုအဖြစ်လဲဟုတ်တယ်
    ဆရာအဖြစ်လဲဟုတ်တယ်
    ဆရာထက်ဝေးလို ့ပဲခေါ်မယ်နော်
    ဆရာ ့ရဲ ့ Comment ကို ကျွန်တော်အခုမှ ဖက်ရတာပါ
    ကျေးဇူးတင်ပါတယ်နော် အားပေးတဲ ့အတွက်ပေါ့
    လိုအပ်တာလေးတွေရှိ ရင်လဲ ပြောပေးပါနော်
    စာသားလေးတွေ လွဲနေတာရှိရင်လဲပြောပြပါနော်
    ဆရာ ့ တပည် ့က အခုမှရေးတာမို ့လို ့ပါ
    ဝါသနာပါလို ့ပါ………
    လေးစားလျှက်…………….တပည် ့လင်းနိုင်

Leave a Reply