ဟာသ

water-melonMay 23, 20121min31732

မနေ့ကဘေးအိမ်က အန်တီပြောပြတဲ့ ဟာသလေးကို ပြန်မျှတာပါ။

သူတို့ရွာက ဒေါ်သူရဆိုတဲ့ မိန်းမကြီးတစ်ယောက်က ရွာကနေမြို့ကို ဘုရားဖုူးကားနဲ့အလည်လိုက်လာတယ်။

တည်းတော့လေး ဘုန်းကြီးကျောင်းမှာ တည်းတာပေါ့။ တစ်နေ့ကျတော့  ညနေစောင်းမှာ ရွာက အတူတူပါလာတဲ့ ဘုရားဖူးတွေနဲ့

ဘုန်းကြီးကျောင်းရှေ့က အအေးဆိုင်မှာ အအေးသွားသောက်တယ်။ ကြံရည်မှာတဲ့သူနဲ့ အစုံမှာတာပေါ့နော် မြို့ရောက်တုန်းသောက်တာရတာဆိုတော့။ ဒေါ်သူရက ဘာသောက်ရမလဲ စဉ်းစားတယ်။ ရွာမှာတုန်းက ဘေးအိမ်က ဒေါ်မိထိုက်ပြောလိုက်တဲ့

ဖာလူတာ ကတော်တော်ကောင်းတယ်တဲ့။ အဲဒါကို ပြောရမှာ နာမည်မေ့နေတော စားပွဲထိုးကို ခေါ်ပြီး သူက ခေါင်းထဲရှိတာကိုပြောချလိုက်တယ်။ ဒီကို ‘ ဖင်နီတာ’ တစ်ခွက်ပေးပါတဲ့ ။ အဲလိုလဲပြောရော ဘေးကသောက်နေတဲ့သူတွေရော စားပွဲထိုးကရော ရယ်တာပေါ့။ ရှက်တဲ့ ရွာသူားတွေကတော့ ထပြန်သွားတယ်တဲ့။

ဟီး ဟီး ရွာသူားတို့လည်း မှားမပြောနဲ့နော်။

တစ်နေ့ အဲအန်တီကြီးဘဲ မနက်စောစောမှာ စမူဆာနဲ့ လက်ဖက်ရည်သောက်ချင်လို့ လက်ဖက်ရည်ဆိုင်ရောက်တော့မှာတာပေါ့

စမူဆာနဲ့လက်ဖက်ရည်။ စားပွဲထိုးက မေးတယ် အန်တီ ပါဆယ်လား တဲ့၊ ရွာကဆိုတော့ ပါဆယ်တွေလည်း သိပ်နားမလည်လို့ ဒီတိုင်းပြောချလိုက်ပါတယ် ‘ ပါဆယ်မဟုတ်ဘူးတဲ့ ပလပ်စတိတ်အိတ်နဲ့ ထုပ်ပေးပါတဲ့ ’။

အပျင်းပြေ ဖတ်ရတာပေါ့

 

32 comments

  • Gipsy

    May 23, 2012 at 6:40 pm

    တချို့လဲ ဖာလူဒါကို ဖွာလူဒါလို့ခေါ်ခေါ်နေလို့ ရီရပါသေးတယ်..
    ဖာလူဒါကို ဖင်နီတာ မှားခေါ်မိတော့ ပိုဆိုးတာပေါ့ဗျာ…
    ကျေးဇူးပါ.. အပျင်းတော့ပြေသွားပါတယ်…။

  • Bu Gyi

    May 23, 2012 at 8:08 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျာ … အရမ်းပင်ပန်းနေတဲအချိန်မှာ ဖတ်လိုက်ရတော့ လန်းသွားတာဘဲ….။
    ရယ်လိုက်ရလို့…

  • windtalker

    May 23, 2012 at 8:20 pm

    ပါဆယ် ဆိုတဲ့ နေရာမှာ ဈေးကွာခြားမှု ရှိနေတာလေးတွေ ကို ရှင်းပြပေးပါဦးဗျ ။
    ဥမပါ = ဇွန်းတပ် လား ဘာညာ ပေါ့

  • Thit Sar Lin

    May 23, 2012 at 8:27 pm

    ဟီးဟီး ရယ်တော့ရယ်ရတယ်..
    ဖင်မဲတာဆိုရင်ကုလားမလာချပေးမလား မသိဘူး…..
    ဂျွတ်ဂျွတ်အိတ်လို့ခေါ် ဘူးလား…………အရင်ကဆို ဂျွတ်ဂျွတ်အိတ်ပဲခေါ်ကြတာများတယ်….
    ရယ်ခဲ့ပါတယ်…အရမ်းကြီးတော့မဟုတ်ဘူး……ဟီးဟီး

  • shwe kyi

    May 23, 2012 at 9:14 pm

    အင်း တကယ့်ဟာသပဲ..။
    တောကလူတွေကရိုးသားကြပါတယ်။ အပြင်မှာတွေ့ခဲ့ရင် ကြုံခဲ့ရင်ရီပြီးရင်လည်းကူညီပေးလိုက်ကြပါနော်။
    သနားပါတယ်။

  • may flowers

    May 23, 2012 at 9:31 pm

    ဟားးးးးးးးးးးးးးးးရယ်မောရင်းအားပေးသွားပါတယ်ဗျို့။

  • aung nainglin

    May 23, 2012 at 9:34 pm

    ညီလေးဖရဲ ရယ်ရပါတယ်
    ဆက်ရေး …………..နည်းနည်း ရှည်ရှည်လေးရေးပါကွာ။
    ခင်မင်ရင်းနှီးစွာ ဖြင့်
    အကို ထက်ဝေး

  • kotun winlatt

    May 23, 2012 at 9:49 pm

    မန်းလေးဘုရားကြီးမှာ မုန့်ပျားသလက်ရောင်းတဲ့ အဒေါ်ကြီးတစ်ယောက်ရှိသတဲ့..
    တစ်နေ့မှာ နိုင်ငံဂျားဒါးစုံတွဲ အဒေါ်ကြီးရဲ့ မုန်းပျားသလက်ကို လာဝယ်စားကြတာပေါ့..
    နိုင်ငံဂျားဒါးစုံတွဲက မုန့်ပျားသလက် အရသာကို ခိုက်သွားပီးသကာလ..နောက်ထပ်မုန်နှစ်ခုလုပ်ပေး
    ဖို့ရာဒီလိုမှာသတဲ့အေ့..“အနားသားတူးစ်”ဆိုပီးပေါ့…
    မုန့်သည်အဒေါ်ကြီးလည်း အော်..ဒီလင်မယား မုန့်ဘေးသားတူးတူးလေးကိုစားချင်တာ
    ထင်တယ်ဆိုပီး မုန့်ပျားသလက်ကို ဘေးသားလေးတူးတူးလေးလုပ်ပေးလိုက်သပေါ့ဟယ်…
    နိုင်ငံဂျားသားလင်မယားထဲကယောက်ျားကြီးကမုန့်မီးတူးကိုစားပီးတဲ့အခါ..ဟောဒီလိုပြန်ပြောသတဲ့တော်..
    “အိုင်..ဒုန့်..လိုက်”
    ဒီတော့ အဒေါ်ကြီးပြန်ပြောလိုက်ပုံက..မုန့်ပျားသလက်ပါဆို..
    ဘယ်လို အတုံးလိုက်ရမတုံးတော်ရဲ့ဒဲ့ဗျာ….

  • htet way

    May 23, 2012 at 9:56 pm

    ညီလေး ဖရဲရေ
    အောင်နိုင်လင်း က အကို တပည့် အကောင့်ပါကွာ အကို မြို့မှာ အင်တာနက် ဆိုင်က
    ညဆို ၂ဆိုင်ထဲ ဖွင့်တော့ လူတွေကြပ်တယ် စက်က မအား ဘူး သူ့ကို ခဏလေး
    ဖယ်ကွာ ဆိုပြီးအကို က ဝင်ထိုင် ခပ်မြန်မြန်
    ဖတ်လိုက်တာ ရေး ချင်ဇောနဲ့ သူအကောင့် ထွက် ချိန်မရလိုက်ဘူး။(နမော်နမဲ့ ဆိုတာ အကိုပဲကွ)
    ဟာသဖြစ်သွားတာပေါ့။
    ညီလေး ဟာသလေးက ရိုးရိုးလေးနဲ့ ရယ်ရပါတယ်
    ဆက်ရေးပါ အားပေးပါတယ်

    • water-melon

      May 24, 2012 at 8:44 am

      ရပါတယ် ဆရာထက်
      အနော် ဒီထက်ရှည်အောင်
      ရေးပါအုန်းမယ်

  • kai

    May 24, 2012 at 6:08 am

    ဂျပန်တွေ.. မြန်မာပြည်ကကလေးတွေကို.. ပညာရေးထောက်ပံ့ချင်တာတဲ့..
    အဲဒါ…
    လှူမယ်လည်းဆိုရော.. ပြသနာတက်ရောတဲ့..
    ဘုန်းတော်ကြိးပညာသင်ကျောင်းတွေပဲရှိလို့တဲ့..

    ဆိုတော့..
    ဘုန်းတော်ကြိးပညာသင်ကျောင်းတွေကို.. အတိုကောက်..”ဘက”ကျောင်း ခေါ်တာကိုး.. :mrgreen:
    နောက်ဆုံးတော့လည်း.. ဘာပဲဖြစ်ဖြစ်သူတို့လှူကြပါတယ်..

    Baka (fool) – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Baka_(fool)
    Baka (馬鹿, ばか, or バカ) is a frequently used Japanese word meaning “fool; idiot; jerk; dolt; imbecile; foolish; stupid; worthless; absurd; ridiculous; idiotic”.

  • MTY

    May 24, 2012 at 10:41 am

    ပြုံးနေမိတယ်…

  • ဗိုက်ကလေး

    May 24, 2012 at 11:30 am

    နာတို ့ဆီမှာတော့ ပါဆယ်ကို လမ်းလျှောက်လို ့ပြောသဟ

  • Shwe Tike Soe

    May 24, 2012 at 12:41 pm

    ဝါးဟဟဟဟ ရီရဒယ်ကွာ.. ဒါနဲ. ဒေါ်ထိုက်ဆို သော အန်တီကြီးက သများနဲ့ အမျိုးတော်နေမလားမသိဘူးနော်..မိဖရဲ..
    ဟီးဟီး 😀

  • marblecommet

    May 24, 2012 at 2:49 pm

    သများတို့က ဖင်နီတာတော့ မကြိုက်ပါကွယ်
    ဒိန်ရှင် ရှင်ရှင်လေးကြိုက်တယ်….
    လုံဒုံ စီးခြက်ကြိုက်တယ်
    မန်းလေး ဝရန် ကြိုက်တယ်….

  • Tin Tin

    May 24, 2012 at 3:00 pm

    ဖရဲရေ..
    ဖတ်ပြီး ရယ်လိုက်ရတော့ စိတ်ပင်ပန်းနေတာတွေ လျှော့သွားတာပေါ့ .. ကျေးှဇူးပဲနော်…
    နောက်လည်း များများရေးနော်.. အားပေးနေပါတယ်…
    ခင်တဲ့..
    တင်တင်

  • Phaung Phaung

    May 24, 2012 at 3:37 pm

    အင်မတန်ရီရပါတယ်ဗျို့။ ဟား ဟား

  • FattyCat

    May 24, 2012 at 3:39 pm

    အောင်မလေးဖြဲရယ်…

    မိတူရက… မိတိုက်ပြောတဲ့ ဖာလူဒါကြီးကို ဖင်နီတာလို့ပြောစရာပေါ့…
    သူတို့နှစ်ယောက် ကိုယ်ကြိုက်တာကိုယ်သောက်ကြတယ်လို့ပဲ သဘောထားလိုက်ပါတယ်….

    ယိုးဒယားရောက်တုန်းက ခေါက်ဆွဲကြော်ဝယ်စားတုန်း… ထုပ်ယူသွားချင်လို့ ဘိုဆန်ဆန်…
    Take away လို့ပြောမိပါတယ်… ဂြိုဟ်သားကြည့်သလိုအကြည့်ခံရပြီး Packing လားလို့ပြန်မေးလို့
    Packing ပါလို့ဖြေပြီး ယူလာခဲ့ကြကြောင်း…
    မြန်မာပြည်ရောက်ရင်လဲ Take away မသိရင် ပါဆယ်လို့သာပြောရမှာဖြစ်ပါသည်ဗျား…

    ရွာသားငရှုပ်-
    ကြောင်ဝတုတ်

  • etone

    May 24, 2012 at 4:44 pm

    ဖရဲရေ.. နင်ရော ဖင်နီတာကြိုက်လားအေ … 😀 😀

    • water-melon

      May 24, 2012 at 6:23 pm

      ဖင်နီတာတော့မကြိုက်ဘူး ဖင်ဖွေးတာတော့ အရမ်းကြိုက်တယ်
      အဟိ

      • Gipsy

        May 24, 2012 at 8:23 pm

        ဟိုက်..ခ်… မမေးခင်ကတည်းက ဖြေချင်နေတယ်နဲ့တူပါရဲ့…
        ကပ္ပလီကို ထုံးသုတ်ပေးရရင်ကောင်းမလား…. :mrgreen:

  • Thel Nu Aye

    May 24, 2012 at 7:37 pm

    ကျွန်မတု့ိမြို့နားက ရွာကဒေါ်ကြီးကတော့ တမျိုး။ ကျွန်မတို့မြို့မှာ ရထား ၃ မျိုးဖြတ်တယ်။ အမြန်၊ စာပို့၊ ပါဆယ် ဆိုပြီးရထား ၃ စင်းရှိတယ်။ အဲဒါ သူက မြို့ရောက်တုန်းထမင်းသုတ်ဝယ်တာ။ ဟိုကမေးတယ်။ ပါဆယ်လားလို့။ သူက ရထားစီးဖို့လာတာမေးတယ်မှတ်လို့“ မဟုတ်ဘူး စာပို့နဲ့တဲ့။ ”

  • မဟာရာဇာ အံစာတုံး

    May 24, 2012 at 9:17 pm

    ဟိုလူဂျီး ….
    ဖင်နီတာ ဂို ပလက်စတစ် အိတ်နဲ့ ထုပ်ပေးပါ ..
    စကားမစပ် ..
    ကျုပ်ဂ ဖင်နီတာဆို တအားကြိုက်ဒါ .. ဂလု .. 😀

  • TTNU

    May 24, 2012 at 9:44 pm

    ဝါတာမက်လွန်ရေ…
    မင်းရဲ ့ အရုပ်က လက်သီးဆုတ်မပြခင်
    ဘာလုပ်နေတာလဲ။

    တီချာနု

    • မဟာရာဇာ အံစာတုံး

      May 24, 2012 at 9:51 pm

      နှပ်ချေး
      နှိုက်နေတာ ….
      😀
      ဟုတ်တယ် မဟုတ်လား ဗြဲသီး …
      ဟုတ်ရင် ခံ၊ မှန်ရင် ပြန်ပြော …

  • ahnyartamar

    May 25, 2012 at 10:27 am

    ဖရဲမရဲ့ဟာသကိုဖတ်ပြီး ပြုံးပြုံး ကြီးအားပေးသွားပါကြောင်း…………

  • ကြောင်ကြီး

    May 25, 2012 at 11:05 am

    ဖရဲ
    အကဲ
    ငကျွဲသဲ..
    ပုလဲ
    တပဲ
    ခမဲဆွဲ..။

  • manawphyulay

    May 25, 2012 at 12:06 pm

    အင်း ဒါလေး ဖတ်တော့ အညာက လာတဲ့ အညာသားဧည့်သည်တွေကို သတိရမိတယ်။ အရင်တုန်းကတော့ ၈ မိုင်ဘက်မှာ တံတားလေးမှတ်တိုင်ရှိသေးတာကိုး အဲဒီနားမှာ လက်ဖက်ရည်ဆိုင် ထိုင်မိတော့ သူများ မှာသလို မှာကြည့်တာ ပါဆယ်ဆိုတာ ဘယ်လိုလက်ဖက်ရည်လည်းမသိဘူးပေါ့ ဆိုပြီး ပါဆယ်ပဲ မှာလိုက်တာ လာပို့တော့ ဆိုင်က ကောင်လေးကို ဟောက်လိုက်တယ် ဒီမှာ ထိုင်သောက်မှာ ဘာနဲ့ထုပ်လာတာတဲ့လေ…

  • ဒီလိုဟာသတွေအများကြီးရယ်။
    တစ်ခါကကတော့ လူတစ်ယောက်မြို့တက်လာပြိးတရုပ်ထမင်းဆိုင်ထိုင်ပါသတဲ့။
    ပြီးတော့မှ စားပွဲထိုးလေးကို ခေါက်ဆွဲကြော်မှာလိုက်ပါတယ်။
    သူက အရင်က ခေါက်ဆွဲကြော်ကို ကြားသာ ကြားဘူးတယ် မစားဘူးဘူးတဲ့။
    ခဏနေတော့ အချဉ်နဲစွန်တန်ဟင်းချိုလာချရော။
    အဲဒါကိုကောက်သောက်ပြီး မှတ်ချက်ချသတဲ့။
    “‘ဒါများကောင်းကောင်းကန်းကန်းလုပ်နေတယ် ရေနွေးထဲကို အချဉ်ဖတ်ထဲ့တာများ”လို့
    တစ်ယောက်ထဲပြောနေပါသတဲ့။

    ဖရဲမ အဲဒါ ဟိုးရှေးရှေးက
    အခုတော့ ခေတ်ပြောင်းသွားပြီ။
    မင်းတောင်ပြန်ရောင်းစားလို့ရတယ်။
    ငါတို့တောသားတွေမအတော့ဘူးကွာ.
    ငါတို့ရွာမှာ စလောင်းရှိတယ် စကိုင်းနက်ရှိတယ်။
    ဘောလုံးပွဲပေါက်ဈေးသိတယ်။
    ဘာမှတ်နေဒုံး……………………………………………..
    ဒါဗြဲ……………………………………..

Leave a Reply