´´လိုတာမရလို့၊ ငိုကာချမယ့် ပျိုကညာနှမရေ

အကိုတေတေဇက်က လိုတာရစေမယ်လို့တော့ မဆိုပါဘူး

ဂျိုကာလေးပြလို့ ခဏတာလေးတော့ ပျော်ရွှင်စေမယ်လေ´´

 

ကျွနှ်ပ်တို့မြို့မှာ ဆံပင်ညှပ်ဆိုင် အသစ်ဖွင့်တယ်၊ ပိုင်ရှင်ကတော့ မြို့ခံပေါ့၊ဒါပေမယ့်ညှပ်တဲ့ပညာရှင်ကို ရန်ကုန်မြို့ပေါ် အလှဖန်တီးရှင်တစ်ယောက် ပညာကြေးပေးခေါ်ရတယ်ပေါ့၊ မြို့လေးကလည်းနယ်မြို့လေးဆိုတော့ အသစ်အဆန်းကိုစပ်စုချင်ကြတယ်လေ။ ဆိုင်လေးစဖွင့်တော့ ဆံပင်ညှပ်တဲ.သူ၊ဆံပင်ဖြောင့်တဲ့သူ၊ အလှအပကြိုက်တဲ့သူဆိုတာ ကြိတ်ကြိတ်တိုးနေတာ ဆိုင်နာမည်လေးက ´´ မမတင် ဦးစီးသော အသစ်စတိုင်´´တဲ့ ပုရိသ ယောက်ျား ငနဲသားများကတော့ ဆံပင်ညှပ်ချင်တာ နည်းနည်း ပညာရှင် မိန်းမရှာအပေါင်းသူတော်ကောင်းကို စပ်စုချင်တာများများပေါ့။ ကျွနှ်ပ် တေတေဇက်လည်း အများနည်းတူသိချင်သောကြောင့် သမာဓိမျက်နှာ၊ အိနြေရသော ခြေလှမ်းတို့ဖြင့် လူလစ်သောအချိန်ကို စောင့် လျှက် ဆံပင်ညှပ်ဆိုင်အတွင်းသို့ ၀င်ခဲ့ရာ …အလို…တွေ့ပါပြီ အဆိုတော်နောနော် ရဲ့ ဆံပင်ပုံစံ ၊ မျက်နှာက လေးဖြူ မျက်နှာကျ ၊ နှာခေါင်းက ဂျက်မြသောင်း နှင့် လင်းလင်း ရောစပ်ထားသော နှာခေါင်း ၊ နှုတ်ခမ်းကျတော့ Bambino နှုတ်ခမ်း ဖြူဖြူကျော်သိန်း အသားရောင် ၊ ဆံပင်ညှပ်ရင်းပင်ပန်းတဲ့ ပုံစံနဲ့ Banbino နှုတ်ခမ်းမှ လေမှုတ်ထုတ်၇င်း ပြားခွပ်နေသော  မျက်နှာမှ ချွေးတို့လက်နှင့်သပ်သပ်ထုတ်နေပုံမှာ သူ၏အလှဆုံးစတိုင်ပင်ဖြစ်နိုင်သည်။

နယ်မြို့လေးရောက်နေတဲ့ အလှဖန်တီးရှင်ဆိုတော့ စတိုင်အပြည့်နဲ့ပေါ့ ။ မိုးလင်းမိုးချုပ် ဆိုင်ထဲမှ ဆိုင်အပြင်မထွက်။ ကြည့်ရှုလိုက်ပါက လူတကာညည်းထွားသွားမည့် ရှုညည်းအလှပိုင်ရှင် နှင့် ကျွနှ်ပ် ဇာတ်လမ်း ပက်သက်မိပုံက အနှီးအလှပိုင်ရှင် ကျွနှ်ပ်တို့မြို့ရောက်ဂ်ျ 6လ 7လ အကြာတွင် ရှုညည်းထွားအလှပိုင်ရှင်သည် ကျွနှ်ပ်ထံသို့  ဆိုက်ဆိုက်မြိုက်မြိုက် မဖိတ်ခေါ်ဘဲနှင့် ရောက်လာခဲ့လေသည်။

မတင်။   ။ ဆရာတေတေဇက်နှင့် တွေ့ချင်လို့ပါ၇ှင့်

ကျွနှ်ပ်။   ။ ကျွန်တော်တေတေဇက်ပါ ဘာများအကူအညီပေးရမလဲ

မတင်။   ။ဆရာ ကျမနံမည်  မတင်   ပါ။အပြည့်အစုံက  တင်နိုင်ဦး  ပါ ဆရာ့ဆီ မှာ ဓါတ်ရိုက် ဓါတ်ဆင်  ယတြာ လုပ်ချင်လို့ ပါ။ဖြစ်နိုင်ရင်အဲ့ဒီ့ကောင်ကိုအောက်လမ်းနည်းနဲ့ အသေသတ်လို့ ရရင်သတ်ချင်ပါတယ်ကျမကိုကူညီပါဆရာ

သုံးနှုန်းလိုက်သောအောက်လမ်းနည်းဆိုသောစကားကြောင့်ကျွန်ုပ်မှာစောစောစီးစီးကြက်သီးများပင်ဖြန်းဖြန်းထပြီးနဖူးမှချွေးများပင်ထွက်လာချေပြီ။ဗေဒင် မမေးဘဲနှင့် ယတြာ ဓါတ်ရိုက်ဓါတ်ဆင် တန်းလုပ်ချင်သော၊

ကျွနှ်ပ်ထက်တော်နေ ၊တက်နေသူနှင့်တွေ့နေပြီ။

ကျွနှ်ပ် ။   ။ ကဲပါ နမ အဲ နှမ ခဏ လောက်ထိုင်ပါအုံး ၊ ကျွနှ်ပ် နားလည်အောင် လည်း သေချာရှင်းပြပါအုံး။

တင်။   ။ ဒီလိုပါဆရာ ၊ ရန်ကုန် မှာ ကျွန်မ အမျိုးသား ရှိပါတယ်။ သူ့ အပေါ် ကျွန်မ အစစအရာရာလိုလေသေးမရှိ အောင်ထားပါတယ်။ ကျွန်မအခုနယ်ရောက်နေတုန်း ဒင်းက ဘယ်ကဟာမတွေနဲ့ ဘယ်လိုဂယက်ထနေလဲမသိဘူး ကျွန်မအပေါ် အရင်လိုမကြင်နာတော့ဘူး ၊ ရန်ကုန်ပြန်ရင်လည်း မသိချင်ယောင်ဆောင်နေတယ် မတွေ့အောင်ရှောင်ပုန်းနေတယ် ၊ ဖုန်းဆက်လဲမကိုင် ၊ ဖုန်းလဲမခေါ် ဖြစ်နေတယ်။ သူကျွန်မဆီ ဖုန်းပြန်ဆက်သွယ်လိုက်တာနဲ့ ပြီးပါတယ်ဆရာရယ် အဲဒီအတွက် ကျွန်မကို ကူညီပါဆရာ။

Banbinoနှုတ်ခမ်းကိုမဲ့ ရွဲ့၇်ျ အငိုထူစွာဖြင့် ပြေနေသော သူ၏မျက်နှာ ပြားခွပ်ခွပ်ကြီးအား ကြည့် လိုက်ရာ လုံးလုံး ၊ ကြီးကြီး နှင့် ကောက်နေသော  နှာခေါင်းဝမှ နှာရည်တို့သည် အပြွတ်အခဲလိုက်ဖြင့် ၀င်လိုက်ထွက်လိုက် ရှလွတ်ရှလွတ်ဖြင့် စိတ်မသက်သာစရာ အနေအထားဖြစ်နေသည်။

ကျွနှ်ပ်။    ။ ကဲကဲ မတီ အဲ မတင် ငိုမနေနဲ့ တော့ ၊ ဒီလို ဖြစ်ရပ်မျိုးဆိုတာ အေးအေး ဆေးဆေး လုပ်ရတယ်ကွဲ့ ၊ အလျင်လိုလို့မရဘူး ၊ မတင်အတွက် အကောင်ဆုံးဖြစ်အောင် ကျွနှ်ပ် စီစဉ်ပေးပါ့မယ်၊ အကူအညီ လည်းပေးပါ့မယ် ´´ ဟု ကျေနပ်အောင်ပြော၇်ျ ပြန်လွှတ်လိုက်ရသည်။

အနှီးရှုညည်းစရာ ကိုကိုမမ ပြန်သွားသောအခါ ကျွနှ်ပ်မှာ စိတ်မသက်မသာဖြင့် လက်ဘက်ရည်ဆိုင်သို့ ထွက်ခဲ့လေတော့သည်။

 

ဆက်ရန်………………..

 

About silver hero

silver hero has written 19 post in this Website..