ယတြာကောင်းသော ဂေဇက်ရွာ ဗေဒင်ဆရာ တေတေဇက်(၁)

silver heroMay 23, 20121min19018

´´လိုတာမရလို့၊ ငိုကာချမယ့် ပျိုကညာနှမရေ

အကိုတေတေဇက်က လိုတာရစေမယ်လို့တော့ မဆိုပါဘူး

ဂျိုကာလေးပြလို့ ခဏတာလေးတော့ ပျော်ရွှင်စေမယ်လေ´´

 

ကျွနှ်ပ်တို့မြို့မှာ ဆံပင်ညှပ်ဆိုင် အသစ်ဖွင့်တယ်၊ ပို်င်ရှင်ကတော့ မြို့ခံပေါ့၊ဒါပေမယ့်ညှပ်တဲ့ပညာရှင်ကို ရန်ကုန်မြို့ပေါ် အလှဖန်တီးရှင်တစ်ယောက် ပညာကြေးပေးခေါ်ရတယ်ပေါ့၊ မြို့လေးကလည်းနယ်မြို့လေးဆိုတော့ အသစ်အဆန်းကိုစပ်စုချင်ကြတယ်လေ။ ဆိုင်လေးစဖွင့်တော့ ဆံပင်ညှပ်တဲ.သူ၊ဆံပင်ဖြောင့်တဲ့သူ၊ အလှအပကြိုက်တဲ့သူဆိုတာ ကြိတ်ကြိတ်တိုးနေတာ ဆိုင်နာမည်လေးက ´´ မမတင် ဦးစီးသော အသစ်စတိုင်´´တဲ့ ပုရိသ ယောက်ျား ငနဲသားများကတော့ ဆံပင်ညှပ်ချင်တာ နည်းနည်း ပညာရှင် မိန်းမရှာအပေါင်းသူတော်ကောင်းကို စပ်စုချင်တာများများပေါ့။ ကျွနှ်ပ် တေတေဇက်လည်း အများနည်းတူသိချင်သောကြောင့် သမာဓိမျက်နှာ၊ အိနြေရသော ခြေလှမ်းတို့ဖြင့် လူလစ်သောအချိန်ကို စောင့် လျှက် ဆံပင်ညှပ်ဆိုင်အတွင်းသို့ ဝင်ခဲ့ရာ …အလို…တွေ့ပါပြီ အဆိုတော်နောနော် ရဲ့ ဆံပင်ပုံစံ ၊ မျက်နှာက လေးဖြူ မျက်နှာကျ ၊ နှာခေါင်းက ဂျက်မြသောင်း နှင့် လင်းလင်း ရောစပ်ထားသော နှာခေါင်း ၊ နှုတ်ခမ်းကျတော့ Bambino နှုတ်ခမ်း ဖြူဖြူကျော်သိန်း အသားရောင် ၊ ဆံပင်ညှပ်ရင်းပင်ပန်းတဲ့ ပုံစံနဲ့ Banbino နှုတ်ခမ်းမှ လေမှုတ်ထုတ်ရင်း ပြားခွပ်နေသော  မျက်နှာမှ ချွေးတို့လက်နှင့်သပ်သပ်ထုတ်နေပုံမှာ သူ၏အလှဆုံးစတိုင်ပင်ဖြစ်နိုင်သည်။

နယ်မြို့လေးရောက်နေတဲ့ အလှဖန်တီးရှင်ဆိုတော့ စတိုင်အပြည့်နဲ့ပေါ့ ။ မိုးလင်းမိုးချုပ် ဆို်င်ထဲမှ ဆိုင်အပြင်မထွက်။ ကြည့်ရှုလိုက်ပါက လူတကာညည်းထွားသွားမည့် ရှုညည်းအလှပိုင်ရှင် နှင့် ကျွနှ်ပ် ဇာတ်လမ်း ပက်သက်မိပုံက အနှီးအလှပိုင်ရှင် ကျွနှ်ပ်တို့မြို့ရောက်ဂျ် 6လ 7လ အကြာတွင် ရှုညည်းထွားအလှပိုင်ရှင်သည် ကျွနှ်ပ်ထံသို့  ဆိုက်ဆိုက်မြိုက်မြိုက် မဖိတ်ခေါ်ဘဲနှင့် ရောက်လာခဲ့လေသည်။

မတင်။   ။ ဆရာတေတေဇက်နှင့် တွေ့ချင်လို့ပါရှင့်

ကျွနှ်ပ်။   ။ ကျွန်တော်တေတေဇက်ပါ ဘာများအကူအညီပေးရမလဲ

မတင်။   ။ဆရာ ကျမနံမည်  မတင်   ပါ။အပြည့်အစုံက  တင်နိုင်ဦး  ပါ ဆရာ့ဆီ မှာ ဓါတ်ရိုက် ဓါတ်ဆင်  ယတြာ လုပ်ချင်လို ့ပါ။ဖြစ်နိုင်ရင်အဲ့ဒီ့ကောင်ကိုအောက်လမ်းနည်းနဲ ့အသေသတ်လို ့ရရင်သတ်ချင်ပါတယ်ကျမကိုကူညီပါဆရာ

သုံးနှုန်းလိုက်သောအောက်လမ်းနည်းဆိုသောစကားကြောင့်ကျွန်ုပ်မှာစောစောစီးစီးကြက်သီးများပင်ဖြန်းဖြန်းထပြီးနဖူးမှချွေးများပင်ထွက်လာချေပြီ။ဗေဒင် မမေးဘဲနှင့် ယတြာ ဓါတ်ရိုက်ဓါတ်ဆင် တန်းလုပ်ချင်သော၊

ကျွနှ်ပ်ထက်တော်နေ ၊တက်နေသူနှင့်တွေ့နေပြီ။

ကျွနှ်ပ် ။   ။ ကဲပါ နမ အဲ နှမ ခဏ လောက်ထိုင်ပါအုံး ၊ ကျွနှ်ပ် နားလည်အောင် လည်း သေချာရှင်းပြပါအုံး။

တင်။   ။ ဒီလိုပါဆရာ ၊ ရန်ကုန် မှာ ကျွန်မ အမျိုးသား ရှိပါတယ်။ သူ့ အပေါ် ကျွန်မ အစစအရာရာလိုလေသေးမရှိ အောင်ထားပါတယ်။ ကျွန်မအခုနယ်ရောက်နေတုန်း ဒင်းက ဘယ်ကဟာမတွေနဲ့ ဘယ်လိုဂယက်ထနေလဲမသိဘူး ကျွန်မအပေါ် အရင်လိုမကြင်နာတော့ဘူး ၊ ရန်ကုန်ပြန်ရင်လည်း မသိချင်ယောင်ဆောင်နေတယ် မတွေ့အောင်ရှောင်ပုန်းနေတယ် ၊ ဖုန်းဆက်လဲမကိုင် ၊ ဖုန်းလဲမခေါ် ဖြစ်နေတယ်။ သူကျွန်မဆီ ဖုန်းပြန်ဆက်သွယ်လိုက်တာနဲ့ ပြီးပါတယ်ဆရာရယ် အဲဒီအတွက် ကျွန်မကို ကူညီပါဆရာ။

Banbinoနှုတ်ခမ်းကိုမဲ့ ရွဲ့ရျ် အငိုထူစွာဖြင့် ပြေနေသော သူ၏မျက်နှာ ပြားခွပ်ခွပ်ကြီးအား ကြည့် လိုက်ရာ လုံးလုံး ၊ ကြီးကြီး နှင့် ကောက်နေသော  နှာခေါင်းဝမှ နှာရည်တို့သည် အပြွတ်အခဲလိုက်ဖြင့် ဝင်လိုက်ထွက်လိုက် ရှလွတ်ရှလွတ်ဖြင့် စိတ်မသက်သာစရာ အနေအထားဖြစ်နေသည်။

ကျွနှ်ပ်။    ။ ကဲကဲ မတီ အဲ မတင် ငိုမနေနဲ့ တော့ ၊ ဒီလို ဖြစ်ရပ်မျိုးဆိုတာ အေးအေး ဆေးဆေး လုပ်ရတယ်ကွဲ့ ၊ အလျင်လိုလို့မရဘူး ၊ မတင်အတွက် အကောင်ဆုံးဖြစ်အောင် ကျွနှ်ပ် စီစဉ်ပေးပါ့မယ်၊ အကူအညီ လည်းပေးပါ့မယ် ´´ ဟု ကျေနပ်အောင်ပြောရျ် ပြန်လွှတ်လိုက်ရသည်။

အနှီးရှုညည်းစရာ ကိုကိုမမ ပြန်သွားသောအခါ ကျွနှ်ပ်မှာ စိတ်မသက်မသာဖြင့် လက်ဘက်ရည်ဆို်င်သို့ ထွက်ခဲ့လေတော့သည်။

 

ဆက်ရန်………………..

 

18 comments

  • aung nainglin

    May 23, 2012 at 9:31 pm

    ကျွန်ပ် လည်း ယဒြာ လုပ်ချင်နေပါသည်။
    ဆရာ ကမ်းဝေး မြန်မြန် အိမ်ထောင်ကျရန်
    ဆရာ ဘလက်ချော မြန် မြန် စီးရီးထုတ်နိုင်အောင် ( သူက အဆိုကောင်းမို့ )
    စသဖြင့်………………………………
    ကျွန်ပ် ဆရာနှင့်တွေ့မည်။ တုံကင်ယူရန် လိုမလို။
    အားပေးပါတယ် ဆက်ပါ

  • aye.kk

    May 23, 2012 at 9:43 pm

    သူ ့ကိုနိုင်လို,ဆကိုခို..
    နံဂြိုလ်သတ်ကအနိုင်ရတဲ့…
    ဆရာတော်ပေးတာကအထက်လမ်း..
    ငွေလိုချင်လို ့လုပ်တဲ့သူတွေကြောင့်အောက်လမ်းဆရာဘဝရောက်ရသည်..
    အဟမ်း(ချောင်းဟွတ်သံ)..
    လုပ်ရဲသူတွေကတော့..
    မဟာအောက်အဝီစိကြွမြန်း..။။။

    • silver hero

      May 24, 2012 at 2:18 pm

      အခုလိုပြောပြတဲ့အတွက်ကျေးဇူပါ။ဇာတ်လမ်းဆုံးတဲ့အခါကျရင် စာဖတ်ပရိတ်သတ်ကကျနော်ကိုကောင်းကင်ဘုံပို ့ပေးမှာပါ။

  • windtalker

    May 23, 2012 at 10:13 pm

    မတင်အတွက် ချစ်သူအစားထိုးပေးမယ်လို ့စိတ်ကူးရင်တော့
    ဂေဇက်က လူပျိုကြီးအူးဗိုက် နဲ ့၊ လူပျိုကြီးနီဂမိ တို ့က လဲ ကူညီပေးနိုင်တဲ့အကြောင်း သတင်းကောင်းလေး ပေးခဲ့ပါတယ်ဗျား ။

    • silver hero

      May 24, 2012 at 2:10 pm

      စိတ်ချပါခင်ဗျ။အရံမင်းသားနေရာကထည့်ပေးထားမှာပါ။
      မတင်အတွက် အဆာပြေလေးတွေပေါ့။

    • ဗိုက်ကလေး

      May 24, 2012 at 12:06 pm

      အလယ်
      မပါဘူးဆိုတာ ပါပါရစေလို ့ပြောတာမှတ်လား..
      တိနေဒယ်..တိနေဒယ်..
      ပါချင်ရင်တော့ အူးပေနဲ ့ အရင်ဖိုက်ရမယ်ဗျ..

      • အာ. ဘာလို ့ပါချင်ရမှာတုန်းဗျ အူးဗိုက်ရ။
        နေပါအုံး. ဒါနဲ ့အူးဗိုက်က ဘာများသိနေလို ့လဲ။
        ဖိန် ့ပြမနေပါနဲ ့ဗျာ။

        • မဟာရာဇာ အံစာတုံး

          May 24, 2012 at 9:27 pm

          အော် ..
          ကြည့်ကောင်းမယ့် ပွဲပဲ ..
          နာရို့ကတော့ သူရို့ လင်လု .. အဲ .. မယားလု .. အဲ ဒါလည်း ဟုတ်သေးပါဘူး ..
          ဟိုဟာလုတာ (ဒါပဲ ကောင်းတယ်) ဘေးနားက ထိုင်ကြည့်ရဦးမယ် ..
          ရွာထဲက လူပျိုကြီးများ … ဟိုင်း … ယား …
          ချကြကွ … 😀

  • Shwe Tike Soe

    May 24, 2012 at 12:39 pm

    ဒီဗေဒင်ဆြာ တော့ မတင် ကို ယောင်္ကျားနဲ.ပြန်ပေါင်းအောင် လုပ်ပေးနိုင်လို.ကတော့ နာမည်ကျော်ပြီဗျို….
    ဟေဟေ…
    ဆက်ပြီးစောင့်ဖက်နေတယ်….ယတြာဘယ်လိုခြေမလဲဆိုတာ… ဟေဟေ..
    မတင်မျက်နှာလေးကို အမွှန်းတင်ထားတာ ပီပြင်ပ မျက်စိထဲကို ဘယ်လိုပုံဖော်ရမယ့် အလှပဂေး လေးဖြစ်သွားတယ်…
    အားပေးနေတယ်…..

  • etone

    May 24, 2012 at 1:56 pm

    စာအရေးသားက အရမ်းညက်ပြီး ဖတ်လို့ အရမ်းကောင်းပါတယ်ဗျို့ … ။
    အခြောက်မပုံစံကိုလည်း မျက်စိထဲပုံဖော်ကြည့်မိပါတယ် .. နှာရည်တွေ ရှလွတ်ရှလွတ်ဖြစ်နေတယ်ဆိုလို့ .. ဘယ်တော့ … ဗေဒင်ဆြာဆီ စင်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ … ရင်တမမဖြင့် .. ဖတ်သွားပါတယ်နော် … ။

    • silver hero

      May 24, 2012 at 2:06 pm

      ခုလိုအားပေးတာကျေးဇူးပါ။ အခြောက်မကအပြင်မှာအဲဒီထက်ပိုလှတယ်ခင်ဗျ။

      • windtalker

        May 24, 2012 at 2:34 pm

        သည် ကွန်မင့်သာ အူးဗိုက်မြင်ရင် ။ စာရေးသူတို့မြို့ နာမည် ဇွတ်မေးတော့မှာ အသေချာဘဲ။

  • Phaung Phaung

    May 24, 2012 at 3:43 pm

    အရေးအသားကောင်းလိုက်တာ။ ခောတ်သစ်ဗေဒင် စာရေးဆရာပါလားဗျို့။ နောက်ထပ်အပိုင်းတွေ ဖတ်ဖို့ စောင့်နေပါတယ်ဗျို့။

  • Gipsy

    May 24, 2012 at 8:12 pm

    ဗဒင်.. အဲလေ .. ဗေဒင်ဆရာဂျီး ရဲ့ ပညာခန်းတွေ လာတော့မှာပေါ့နော်…
    ဆက်ရန် ဆိုထားသမို့…ဆန့်ငံ့ငံ့ဂျီးဗျာ… အမြန်တင်ဆက်တော်မူပါ…။

  • ညလေး

    May 24, 2012 at 10:13 pm

    အားပေးသွားပါတယ်ဗျို………
    သမာဓိမျက်နှာ၊ အိနြေရသော ခြေလှမ်းတို့ဖြင့်……….အဟိဟိမျက်စိထဲမြင်လိုက်တာက……….
    ရုပ်ရှင်မင်းသားကြီး“………..”များလားနော်…
    အရေးအသားကတော့.ဂယ့်ဆြာရီးပဲ….

    • silver hero

      May 24, 2012 at 10:56 pm

      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
      ကောလိပ်ဂျင်နေဝင်းကို ကျနော် တော်တော်သဘောကျသလို၊ မင်းသားကြီးတော်တော်များများရဲ ့ သမာဓိ နောက်ပိုး
      ပိုးတာတွေကိုလေ့လာထားပါ တယ်ခင်ဗျ။

  • aye.kk

    May 24, 2012 at 11:16 pm

    တနေ ့လုံးညီးညူနေမိတာ..
    ဇေဂက်က sliver ရေ..
    ဇတ်လမ်းနဲ ့ကွန်မင့်ဖတ်ရတာစိတ်ရွှင်လန်းသွားလို ့
    ကျေးဇူးတင်မိရပါ၏..။။

Leave a Reply