ဆိုင်ရာပိုင်ရာတွေ လပွတ္တာက သူတောင်းစားတွေကိုမပြောတော့ဘူးလား

isequal toMay 23, 20121min1078

ခွက်မရှိဘဲ တောင်းတဲ့ကောင်တွေလပွတ္တာမှာ ငတ်လာပြီဆို ထွက်ထွက်တောင်းတဲ့ လိပ်ကောင်တွေမြင်ဘူးကြလား ယဉ်စည်းကမ်းထိန်းသိန်းရေး ကော်မတီ ဆိုပြီး ၂၀.၅.၁၂နေ့ ညနေ့ပိုင်း လပွတ္တာမြို့အထွက် ရေကန်နား ယဉ်ထိန်းရဲရုံ နားကနေပြီး လာသ မျှ ဆိုင်ကယ်တွေကို လိုင်စင်စစ်တယ် လာသမျှဆိုင်ကယ်ဆိုပေမဲ့ သူတို့နဲ့ရင်းနှီးတဲ့လူ၊ သူတို့ဆီမှာလိုင်းကြေး ပေးစီးတဲ့လူ ဆိုရင် လှမ်းတောင်မခေါ်ဘူး ၊လှမ်းခေါ်တဲ့ဆိုင်ကယ်ထဲမှာ လိုင်းကြေးပေးထားရင် အသာလေးပြန် လွှတ်ပေးလိုက်တယ် လိုင်စင်ရှိတဲ့ဆိုင်ကယ် စစ်နေကျမဟုတ်တော့ လိုင်စင်မယူလာမိတာကြတော့ ယဉ်နှင်အ တူပါမလာလို့ဆိုပြီး ဒဏ်ငွေ(၅၀၀ဝိ/) ရိုက်တယ် လိုင်စင် ပြန်ယူမယ်ဆိုလဲ အယူမခံဘူး နောက်ပြီး without ဘီးတွေဆိုရင် တရုတ်ဘီးဆိုရင်တနှစ်ကို(၃၀၀၀ဝိ/)၊ အဆင်ပြေတဲ့လူဆိုရင်(၁၅၀၀ဝိ/)(၂၀၀၀ဝိ)နှင့်လည်းအ ဆင်ပြေသွားတာပဲ၊ ယိုးဒယားဘီးဆိုရင် မသိတဲ့လူဆိုရင်(၅၀၀၀ဝိ/) နဲနဲပိုင်တဲ့လူဆိုရင်တော့ လျှော့ဈေးပေါ့ အဲ့ဒီနေ့က စစ်တဲ့လူတွေကိုလည်းကြည့်အုံး ယဉ်ထိန်းရဲယူနီဖောင်းမဟုတ်ပဲနဲ့ ရိုးရိုးရဲယူနီဖောင်းနဲ့သုံးယောက် အကီင်္ျ အဖြူဝတ်ထားတဲ့ ရပ်ကွက်ထဲကကောင်သုံးယောက် နောက်စည်ပင်က ကတ္တရာတွေစားတဲ့ကောင်တစ် ကောင် သူကတော့လက်မှတ်ဒိုင်ခံ ထိုးတယ် နောက်ကော်မတီက အကျီင်္ အဖြူ လူကြီးနှစ်ယောက် ဖမ်းချင်တဲ့ လူဖမ်းမယ် မဖမ်းချင်တဲ့လူ လွှတ်ပေးမယ်တဲ့ တော်တော်ကောင်းတဲ့တရားဥပဒေ ဘယ်လိုလူမျိုးကထုတ်ထား တဲ့ဥပဒေလဲ ၊ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကိုဘယ်လောက်တောင်း၊လိုင်စင်ရှိတဲ့ ဆိုင်ကယ်ဆိုရင် ကျန်ဖန်ပြီး ရအောင်တောင်းဆိုပြီး မြန်မာနိုင်ငံမှာ ဥပဒေ တွေထုတ်ထားပြီလား ၊သိတဲ့လူများရှိရင်ပြောကြပါအုံး။ဆိုင်ကယ် ဖမ်းလို့ရတဲ့ ပိုက်ဆံတွေကော ဘယ်နေရာတွေမှာသွား အသုံးချမှာလဲ။ ခင်ဗျားတို့အတွက်ကတော့ ပိုက်ဆံ တစ်သိန်းခွဲနှစ်သိန်းက တစ်နာရီလောက်နဲ့ရှာလို့ရပေမဲ့ ခက်ခက်ခဲခဲရှာရတဲ့လူတွေကြတော့ ပိုက်ဆံ(၅၀၀ဝိ/) သူများပေးလိုက်ရတာ ဆယ်ရက်လောက်အိပ်မပျော်ဘူးဗျ၊စိတ်ထဲထားတတ်တဲ့လူဆိုရင် တသက်လုံးတောင် အခဲကြေမှာမဟုတ်ဘူး။အချောင်ဖမ်း၊ အချောင်ရ၊အချောင်စား ကောင်တွေ မင်းတို့ရဲ့မိသားစုများလည်း (ချောင်)တဲ့သူများမဖြစ်ပါစေနဲ့။

8 comments

  • လစ် သူ

    May 23, 2012 at 10:48 pm

    အခုအစိုးရလက်ထက်ဖြစ်ဖြစ် / နောင်ဘယ်အစိုးရဘဲ တက်တက် ဥပဒေကို ချိုးဖောက်ရင် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကို ခံယူရမှာဘဲ ။ လာဘ်စားတယ်ဆိုတာက မှန်နေရင် ဘယ်သူမှ မစားရဲဘူး ။ စည်းကမ်းမလိုက်နာလို့ဖမ်းခံရတဲ့ အကြောင်းမျိုး နဲ့ ဂေဇက်မှာ မဖွပါနဲ့တော့။

  • ဗိုက်ကလေး

    May 24, 2012 at 12:08 pm

    အင်းလေ.
    ခေါင်းစဉ်တပ်တာ မမှားပါဘူး
    ဂယ်တောင်းလို ့ ဒဒေါင်းစားလို ့ကြောဒါဘဲ..

  • etone

    May 24, 2012 at 3:26 pm

    နောက်တစ်ခါ ဓါတ်ပုံထက် .. ဗွီဒီယိုရိုက်တိယား …ပြီးရင် ဆိုရှယ်နက်ဝေါ့ဒ်တွေမှာ ဖြန့် .. ဟိဟိ …. ။ မိုးဟေကို လိုးရှင်းလူးလို့ နာမည်ကြီးလာသလိုပေါ့ … အဲ့ဗျူဟာသုံး .. ။

    (ဂယ်လုပ်လျှင် တို့ သိဘူးနော် … လစ်ဘီ .. ဒက်ဂလောက် ဒက်ဂလောက် … )

  • ပေစိ

    May 24, 2012 at 6:53 pm

    ဒီကောင်တွေက ရဲတွေဟ ရကောက်တွေမဟုတ်ဘူး နောက်ထဲပစ်တယ်
    အဲဒီတော့ လောက်လေးခွနဲ့ဆော်ကွာ။ လောက်လေးခွ ဂရိတ်တားသန်းအော်အီးကွဲတူ ဘလော့ဂ်ရေး

  • Gipsy

    May 24, 2012 at 8:14 pm

    အားမလျှော့နဲ့ .. ဆက်လုပ်..ဆက်အော်ဗျား…
    စောင့်ကြည့်ပါ.. အဖြေပေါ်မှာပါ…မိုးနတ်မင်းကြီးက ကြည့်မနေပါဘူး….။

Leave a Reply