“နှလုံးသားလက်ဆောင်” အပိုင်း(2)- မိုးရိပ်

aung nainglinMay 23, 20121min934

7.12.2006     ရက်နေ ့က   မင်းကို ့ကို     အထီးကျန်စွာတစ်ယောက်တည်းထားခဲ ့တာ  ဒီနေ ့ဆိုရင်(1)နှစ်တိတိပြည် ့ခဲ ့ပြီနော်ချစ်သူ……။အဲ ့ဒီနေ ့က  ငါ ့အတွက်  ပျှော်ရွှင်စရာတွေပျောက်ဆုံးတော့မဲ ့နေ ့ တစ်နေ ့ဆိုတာ   ကြိုများသိခွင် ့ရခဲ ့မယ်ဆိုရင်     ငါဆုတောင်းမိမှာပါ    “အသိစိတ်”  မရှိပါစေနဲ ့လို ့ပေါ့……။

“ကျွန်တော်က  အရမ်းချစ်တက်တယ်

ကျွန်တော့်ရင်ထဲမှာအချစ်ကလွဲပြီး  အမုန်းဆိုတာမရှိခဲ ့ပါဘူး

ဘာ ့ကြောင် ့လဲဆိုတော့    စစ်မှန်တဲ ့အချစ်တွေနဲ ့သူ ့ကိုချစ်ခဲ ့တာကြောင် ့

သူကျွန်တော် ့အပေါ် ရက်စက်ခဲ ့သမျှ   ချစ်စိတ်တွေနဲ ့  ခွင် ့လွှတ်နိုင်ခဲ ့တယ်လေ”

မင်းဇော်ထွန်း

“ဟာ………….ရှင်ဘယ်လိုလုပ်လိုက်တာလဲ

ကျမ    ဖိနပ်ပျက်သွားပြီ     ရှင် ့မျက်စီမမြင်ဘူးလား

လူတစ်ယောက်လုံးလမ်းရှောက်လာတာမတွေ ့ရအောင်   ရှင်မျက်စီက  ကန်းနေလို ့လား……….”

ဟုတ်သည်လေ  လူပုံအလယ်မှာ   ဖိနပ်ပျက်သွားတာဆိုတော့   ရှက်စိတ်ကြောင် ့  မျက်နှာနုနုလေးက   နီမြန်းပြီး     ကျွန်တော့်ကိုပြောတာပေါ့။  ဒါပေမဲ ့ကျွန်တော်သူ ့ကို  စိတ်မဆိုးခဲ ့ပါဘူး      သူ ့အတွက်စာနာမိခဲ ့လို ့ပေါ့        သူ ့နေရာမှာဆိုလဲ ကျွန်တော်   ပြောမိမှာပဲလေ။အခုတော့ကျွန်တော်တောင်းပန်ရချေပြီပေါ့။

“ကို ………… တောင်းပန်ပါတယ်ကွာ

အလုပ်ကိစ္စတစ်ခုကြောင် ့     စိတ်လောပြီးထွက်လာခဲ ့တာမို ့

မင်းရဲ ့ဖိနပ်လေးကို      မတော်တဆ    တက်နင်းမိသွားတယ်ကွာ

ပျက်သွားတဲ ့ဖိနပ်လေးအစား      ကို  ပြန်ဝယ်ပေးပါရစေနော်…..

ကျွန်တော်တောင်းပန်လိုက်တော့   ကောင်မလေးရဲ ့မျက်နှာက    တစ်မျိုးတစ်မည်  ပြောင်လွဲသွားတာ   ကျွန်တော်သတိ  ထားမိလိုက်တယ်လေ     ဘာ ့ကြောင့်ရယ်တော့ကျွန်တော်မသိပါလေ။

“ဪ…………….ရှင်တို ့က  မတော်တဆကို   အကြောင်းပြပြီး……

ခင်မင်ချင်တယ်……..ပြီးရင်အဆင် ့ကျော်ပြီး     ဇာတ်လမ်းလေးတွေဆင်မယ်ပေါ့လေ……..

ဒါပဲမလား…….ကျမတို ့က     သိပြီးသားပါ ……..ရိုးနေပါပြီ…………….ဒီမှာ

သူပြောသမျှတွေက  ကျွန်တော်ရဲ ့မာနကို       စိန်ခေါ်နေသလိုဖြစ်နေတာကို      သူမကတော့   မသိရှာဘူလေ။       သူပြောသမျှကို  ကျွန်တော်  ဘာတစ်ခွန်းမှပြန်မပြောပဲနားထောင်နေခဲ ့ပါတယ်။     ပြီးတော့သူက  ဆက်ပြောတယ်လေ………..

“  ရှင်သိအောင်  ကျမပြောမယ်နော်……..

ဇာတ်လမ်းထွင်ဖို ့မပြေနဲ ့       ခင်မင်ချင်ပါတယ်ဆိုရင်တောင် …….

ကျမက     Sorry  ပဲနော်…….ကြိုပြောထားတာ………

ဒီတစ်ခါတော့      ကျွန်တော်  ပြန်ပြောဖို ့ဆုံးဖြတ်လိုက်လေသည်။     ယောက်ျားတစ်ယောက်ရဲ ့မာနကို      ထုပ်မပြလို ့မရတော့တဲ ့အချေအနေရောက်နေပြီလေ။

ရှေ ့သို ့ဆက်ပါအုံးမည်။………………………..

 

 

4 comments

  • ဗိုက်ကလေး

    May 24, 2012 at 12:41 pm

    တစ်ကော နှစ်ကော ဖတ်ပြီးဘီ
    ဘားမှတောင်ရေးရသေးဘူး..ခဏခဏပဲ ဆက်ခိုင်းနေဒါဘဲ..
    ယောက်ျားတစ်ယောက်ရဲ့ မာနကို ဘယ်လိုထုတ်ပြမလဲ ချောင်းကြည့်ပါဦးမယ်.အဲ….ဆက်ဖတ်ကြည့်ပါဦးမယ်

  • shwe kyi

    May 24, 2012 at 2:01 pm

    ဆက်ပါဦးနော် စောင့်ဖတ်ပါမည်။

  • aung nainglin

    May 24, 2012 at 7:17 pm

    အစ်ကို ဗိုက်ကလေးရေ….
    ကျေးဇူးတင်ပါတယ်နော်
    ယောက်ကျားတစ်ယောက်ရဲ ့မာနက ဘယ်လိုလဲဆိုတာကို
    ကျွန်တော်ပြောပြမှာပါ
    ဆက်ပြီးအားပေးပါအုံးနော်
    မှားတာလေးတွေ ရှိရင် ဆုံးမပေးပါအုံးနော်
    အစ်ကို ဗိုက်ကလေး ကျန်းမာပါစေဗျာ………………….

  • windtalker

    May 24, 2012 at 8:07 pm

    အနောက်ကဟာတွေကို ပြန်တွေးပြီး အရှေ ့ကိုဆက်
    တစ်နေ ့ကို တစ်ရက် ၊ မြေးကိုဖက် ၊ ပြေးကြိုလျှက်
    အရေးကိုသွက် ပါ ကိုယ့်လူ ။ အားပေးသွားပါတယ် ။

Leave a Reply