ကျွန်တော်တို့မြန်မာနိုင်ငံရှိသူများသည် အလိုလောဘ အလွန်ကြီးကြသည် … အကုန်လုံးကိုတော့ မဆိုလိုပါ … ရတာလေး ရှိတာလေးနဲ့ ရောင့်ရဲ တင်းတိမ် အောင် မနေထိုင်ကြဘူး … ဗုဒ်ဓရဲ့တရားတော်ကို မလိုက်နာရာ ဆန့်ကျင်ရာလည်း ကျတယ် ….. သူများမကောင်းတာကိုပဲ မြင်ပြီး မိမိ မကောင်းတာကိုကျတော့ မမြင်တက်တဲ့ တစ်ဖက်ကန်းတွေပဲဖြစ်ပါတယ် …. မန်းလေး ရန်ကုန်မှာ မီးမလာတဲ့ကိစ္စနဲ့ ဆန္ဒပြတယ် တစ်ခြားမြို့တွေတော့ မသိပါဘူး …. အားလုံးကိုတော့ အကောင်းဆုံးဖြစ်စေချင်တာပေါ့ … တစ်နိုင်ငံလုံးကို အလင်းရောင်တွေပေးချင်တာပါပဲ ….. မဖြစ်နိုင်လို့ မပေးနိုင်လို့ မရှိလို့ မရလို့ မီးမလင်းတာကို ဆန္ဒပြကြတယ် … တော်တော်လည်း စိတ်ပျက်စရာကောင်းတဲ့သူတွေ ထမင်းစားပြီး ဗုဒ်ဓဘာသာနိုင်ငံမှာနေပြီးတော့ အသိတရားမရှိတဲ့သူတွေဖြစ်နေကြတယ် …. ဒီမိုကရေစီကျလိုချင်တယ် မီးကျ၂၄နာရီလိုချင်တယ် လောဘတွေကတော့ ထိပ်ရောက်နေကြတယ် … မိမိကိုယ်ကိုတော့ ဒီမိုကရေစီ ပြည်သူတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုတယ် ဘာတွေပြင်ရမယ်ဆိုတာကို မစဉ်းစားကြဘူး … မပြုပြင်ကြဘူး ….အရင်ဆိုရင်တော့ အဖမ်းခံရပြီ … အခုလည်း လျှပ်စစ်မီး ဌာနကလူတွေ ပြည်သူတွေနဲ့ မီဒီယာတွေနဲ့ တိုက်ရိုက်စကားပြောတယ် ရှင်းပြတယ် အရင်ကရှိခဲ့လား … အကောင်းဘက်ကိုပဲဦးတည်နေတာပါ … အားလုံးနားလည်ကြစေလိုပါတယ် … ရွှေလီ-မန်စံ ဓာက်အားလိုက်းတွေ ဗုံးခွဲခံရတယ် …. ရဲရွှာမှာ ရေအားနည်းနေတယ် … အဓိကတွေကိုတော့မေ့နေတယ် … တကယ်ဆို သောင်းကျန်သူတွေ ဗုံးခွဲတဲ့သူတွေကို ဆန္ဒသွားပြရမှာ …

ငြိမ်းချမ်းစွာ ဆန္ဒပြတာလည်း ပြည်သူတွေနဲ့နိုင်ငံတော်ကို အနှောက်အယှက်ဖြစ်အောင်လုပ်တာပဲ …. နိုင်ငံတော်သမ္မတကြီးက တက်နိုင်တဲ့ဘက်ကနေ မြန်မာပြည်ကောင်းစားအောင် ပြည်သူတွေ တိုးတက်အောင် ကြိုးစားနေတာကို ဦးနှောက်ရှိတဲ့သူတိုင်းက သိကြပါတယ် … တစ်ချို့က အမေကျော် ဒွေးတော်လွမ်းနေကြတာပါ …. ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ဖို့ ငါတို့ဘာတွေပြင်ရမယ် ဘာတွေလိုက်နာရမယ် ကျင့်သုံးရမယ်ဆိုတာကိုလည်း သုံးသပ်ကြပါ …. ကောင်းအောင်မပြင်ကြပဲ မကောင်းတာအရင်လုပ်တယ်… အရင်ကတော့ မလှုပ်ရဲကြဘူး …. သူများနောက်ကလိုက်တော့ နောက်လိုက်ပဲ ဖြစ်တော့မပေါ့ … သူများနိုင်ငံလို သတ္တိရှိရင် မိမိကိုယ်ကို မီးရှို.ပြီး ဆန္ဒပြကြပါလား … ဒါဆိုတော်တော်နာမည်ကြီးသွားမှာ ပြည်သူတွေလည်းအကုန်ပါလာမှာ သမ္မတကြီးလည်း နေနိုင်မှာ မဟုတ်ဘူး …နိုင်ငံတကာကပါ စိတ်ဝင်စားကြပါသေချာတယ် … ပြောချင်တာက အားလုံးကောင်းအောင်နေကြဖို့ပါ …. ဒီမိုကရေစီ ပြည်သူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားကြဖို့ပါ …

ကျွန်တော်သည် နိုင်ငံရေးသမားလည်း မဟုတ်ပါ ….. လျှပ်စစ်ဝန်ထမ်းလည်း မဟုတ်ပါ … ၀န်ထမ်းမိသားစုကလည်း မဟုတ်ပါ ….မြင်သမျှ လေးတွေကို စိတ်တိုင်းမကျသောကြောင့် ဝေဖန်ခြင်းသာဖြစ်သည် … မှားတာလေးတွေရှိရင် ခွင့်လွှက်ပေးကြပါ …

About thihayarzar

thiha yarzar has written 76 post in this Website..