စစ်ကိုင်းမြို့လို့ကြားလိုက်ရင် ကျမအတွက်တော့ မေ့မရတဲ့ အမှတ်တရလေးတွေ အများကြီး

မွေးဖွားပေးတဲ့နေရာလေ တစ်ခုပါဘဲ

စစ်ကိုင်းမှာ ကျမ ကျောင်းတက်ဖို့လာပြီးနေတဲ့ ခြံကြီးက အကျယ်ကြီးပါပဲ

ပေ200 ပတ်လည်လောက်ရှိမယ် အိမ်လေးကလဲနေချင်စဖွယ် အုတ်ဖိနပ် နဲ့အသစ်သားအိမ်လေးပေါ့

အိမ်အပေါ်မှာ ဘုရားခန်းနဲ့ အိပ်ခန်းပဲရှိပြီ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုခန်းကတော့ အိမ်လေးရဲ့ ပတ်လည် မှာ ဖွဲ့စည်းထားတဲ့ ပုံစံလေးပေါ့

အိမ်ရဲ့ခေါင်းရင်မှာတော့ ကီလိုမာလသီးတွေစိုက်ထားပါတယ် နှင်းဆီပန်းတွေလဲရှိတယ်လေ

ခြံအနောက်နဲ့ ဘေးပတ်လည်မှာတော့ ဇောင်းကားသီးပင် သီးပင် အုံးပင် အစုံပါဘဲ

အုပ်ရေတွင်းကြီးတစ်ခုလဲရှိတယ်

ခြံထဲမှာ အရမ်းကို ပျော်စရာကောင်းပါတယ်

တစ်နေ့မှာတော့….. ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ကျမဆီကို ရောက်လာပါတော့တယ်

 

ဟာ ..ထူးဆန်းလိုက်တာ မြွေဖြူတစ်ကောင်က မြွေအမဲတစ်ကောင်းကို ပွေ့ထားပါလား

ဟင်း …မဖြစ်နိုင်တာ မြွေက လက်မှ မရှိတာမပွေ့နိုင်ပါဘူး

ဒါပေမဲ့ ပွေ့ထားတာတော့ အသေအချာဘဲ အဝေးကမို့မသဲကွဲတာဖြစ်မယ်

သေချာအောင်အနားတိုးပြီကြည့်လိုက်မယ်.

သမီးရေ…. သမီးရေ..   ဟောခေါ်သံကြားတယ်

မြွေကြီးက ကျမကို ခေါ်နေတာလား

သမီးရေ. ထတော့ ကျောင်းသွားရမယ်နော်

အော်.. မေမေ့အသံကို ခုနမြွေတွေက အိမ်မက်ထဲမှာပေါ့

တကယ်များလားလို့ စစ်စုမလို့ဟာကို

တစ်ယောက်ထဲ စိတ်ထဲမှာ ရေရွတ်ပြီး

ကျောင်းသွားဖို့ပြင်ဆင်ပြီး ကျောင်းကိုသွား ခဲ့ပါတယ် အိမ်မတ်အကြောင်းတောင်မေမေ့ကို မပြောပြခဲ့မိဘူး

ကျောင်းကပြန်မှပဲ ပြောပြမယ်လို့ စိတ်ကူးလိုက်တော့တယ်

ကျောင်းကအပြန်ကျူရှင်သွား အိမ်ပြန်ရောက်တော့ 5နာရီကျော်လောက်ရှိနေပြီ

လူကလဲဒေါင်းနေပြီလေ အိမ်ရောက်တာနဲ့ ကျောင်းဝတ်စုံတောင်မလဲတော့ဘဲ

ဖေဖေ့ ကုတင်ခြေရင်းမှာရှိတဲ့ ဖျာလေးပေါ်မှာ စောင်ကို ခေါင်းမှီးခြုံပြီး

အညောင်းဖြေနေမိတယ် ဒီအချိန်မှာ အိမ်အပေါ်ထပ်ကို မီးဖွင့်ဖို့ တက်လာတဲ့ အမဆီကနေ

ညီမလေး……. မလှုပ်နဲ့ ငြိမ်ငြိမ်နေ….

ညီမလေးနားမှာ မြွေကြီး…. မြွေကြီး…

ကြောက်လန့်တကြား အော်သံထွက်လာပါတယ်

ကျမဘာလုပ်ရမလဲ…

 

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011