နိုဗွီရယ်မြွေရယ်စစ်ကိုင်းရယ်

NovyMay 24, 20121min20221

စစ်ကိုင်းမြို့လို့ကြားလိုက်ရင် ကျမအတွက်တော့ မေ့မရတဲ့ အမှတ်တရလေးတွေ အများကြီး

မွေးဖွားပေးတဲ့နေရာလေ တစ်ခုပါဘဲ

စစ်ကိုင်းမှာ ကျမ ကျောင်းတက်ဖို့လာပြီးနေတဲ့ ခြံကြီးက အကျယ်ကြီးပါပဲ

ပေ200 ပတ်လည်လောက်ရှိမယ် အိမ်လေးကလဲနေချင်စဖွယ် အုတ်ဖိနပ် နဲ့အသစ်သားအိမ်လေးပေါ့

အိမ်အပေါ်မှာ ဘုရားခန်းနဲ့ အိပ်ခန်းပဲရှိပြီ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုခန်းကတော့ အိမ်လေးရဲ့ ပတ်လည် မှာ ဖွဲ့စည်းထားတဲ့ ပုံစံလေးပေါ့

အိမ်ရဲ့ခေါင်းရင်မှာတော့ ကီလိုမာလသီးတွေစိုက်ထားပါတယ် နှင်းဆီပန်းတွေလဲရှိတယ်လေ

ခြံအနောက်နဲ့ ဘေးပတ်လည်မှာတော့ ဇောင်းကားသီးပင် သီးပင် အုံးပင် အစုံပါဘဲ

အုပ်ရေတွင်းကြီးတစ်ခုလဲရှိတယ်

ခြံထဲမှာ အရမ်းကို ပျော်စရာကောင်းပါတယ်

တစ်နေ့မှာတော့….. ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ကျမဆီကို ရောက်လာပါတော့တယ်

 

ဟာ ..ထူးဆန်းလိုက်တာ မြွေဖြူတစ်ကောင်က မြွေအမဲတစ်ကောင်းကို ပွေ့ထားပါလား

ဟင်း …မဖြစ်နိုင်တာ မြွေက လက်မှ မရှိတာမပွေ့နိုင်ပါဘူး

ဒါပေမဲ့ ပွေ့ထားတာတော့ အသေအချာဘဲ အဝေးကမို့မသဲကွဲတာဖြစ်မယ်

သေချာအောင်အနားတိုးပြီကြည့်လိုက်မယ်.

သမီးရေ…. သမီးရေ..   ဟောခေါ်သံကြားတယ်

မြွေကြီးက ကျမကို ခေါ်နေတာလား

သမီးရေ. ထတော့ ကျောင်းသွားရမယ်နော်

အော်.. မေမေ့အသံကို ခုနမြွေတွေက အိမ်မက်ထဲမှာပေါ့

တကယ်များလားလို့ စစ်စုမလို့ဟာကို

တစ်ယောက်ထဲ စိတ်ထဲမှာ ရေရွတ်ပြီး

ကျောင်းသွားဖို့ပြင်ဆင်ပြီး ကျောင်းကိုသွား ခဲ့ပါတယ် အိမ်မတ်အကြောင်းတောင်မေမေ့ကို မပြောပြခဲ့မိဘူး

ကျောင်းကပြန်မှပဲ ပြောပြမယ်လို့ စိတ်ကူးလိုက်တော့တယ်

ကျောင်းကအပြန်ကျူရှင်သွား အိမ်ပြန်ရောက်တော့ 5နာရီကျော်ေလောက်ရှိနေပြီ

လူကလဲဒေါင်းနေပြီလေ အိမ်ရောက်တာနဲ့ ကျောင်းဝတ်စုံတောင်မလဲတော့ဘဲ

ဖေဖေ့ ကုတင်ခြေရင်းမှာရှိတဲ့ ဖျာလေးပေါ်မှာ စောင်ကို ခေါင်းမှီးခြုံပြီး

အညောင်းဖြေနေမိတယ် ဒီအချိန်မှာ အိမ်အပေါ်ထပ်ကို မီးဖွင့်ဖို့ တက်လာတဲ့ အမဆီကနေ

ညီမလေး……. မလှုပ်နဲ့ ငြိမ်ငြိမ်နေ….

ညီမလေးနားမှာ မြွေကြီး…. မြွေကြီး…

ကြောက်လန့်တကြား အော်သံထွက်လာပါတယ်

ကျမဘာလုပ်ရမလဲ…

 

 

 

21 comments

  • ကိုရင်မောင်

    May 24, 2012 at 11:32 am

    ဟာ..ဇာတ်လမ်းကလဲတိုးလို့တန်းလန်းကြီး
    ဆက်ရေပါအုံး နိုဗွီရေ စောင့်ဖတ်နေပါတယ်…

  • ဗိုက်ကလေး

    May 24, 2012 at 11:41 am

    မြွေကြီးကိုမေးလိုက်ပေါ့
    ဘာရာရုပ်ဒါရဲ လို ့

  • ပေစိ

    May 24, 2012 at 11:47 am

    မြွေကလည်း သူ့ကြောက်လို့ ငြိမ်နေတာဖြစ်မယ် း )

  • Ma Ei

    May 24, 2012 at 11:52 am

    နိုဗွီရေ…
    ဘယ်အရွယ် ဘယ်နှစ်တန်းတက်နေတဲ့ အချိန်လဲဟင်…
    မြွေဆိုတော့ ကြောက်လဲကြောက် ဒါပေသိ…
    ဇာတ်လမ်းလေးစိတ်ဝင်စားလို့ စောင့်နေမယ်နော်…

  • Novy

    May 24, 2012 at 11:59 am

    အိရေ.

    လွန်ခဲ့တဲ့ အနှစ်20လောက်ကပေါ့
    10 တန်းတက်နေတဲ့ အချိန်လေ

  • manawphyulay

    May 24, 2012 at 12:30 pm

    သူလည်း လာလည်တာ နေမှာပေါ့။ ကျူရှင်အပြန်တောင် စောင့်နေရှာတာ ကြည့်ပါလား..။

  • may flowers

    May 24, 2012 at 12:32 pm

    စောင့်ပြီးအားပေးပါ့မယ်..နိုဗွီရေ..ကြာနဲ့နော်။

  • Mon Kit

    May 24, 2012 at 2:19 pm

    စိတ်ဝင်စားစွာနဲ့ ဆက်ပြောလာမဲ့ အပိုင်းကို စောင့်မျှော်လျှက်……

  • windtalker

    May 24, 2012 at 2:19 pm

    အနားမှာသာ မောင်ပေရှိခဲ့ လို့ရင် မနို အကြောက်ပြေသွားအောင် ဘယ်လိုကူညီမယ် မှတ်လဲ ။ဟီဟိ
    မြန်၂လေး ဆက်တင်ပေးပါဗျို့ ….

    • ရွာစားကျော်

      May 24, 2012 at 2:36 pm

      ပို့စ် အဆက်လေး မြန်မြန်တင်ပါဗျို့
      ဦးပေက လက်သွက်သွက်နဲ့ ဝင်ကူမလို့ ပြင်နေဘီ..
      မနိုရင်တုန်ခဲ့ရတဲ့ လက်နှစ်ဖက် ဖြစ်သွားမယ်နော် 😆

  • etone

    May 24, 2012 at 2:37 pm

    မနိုရေ ..စိတ်ဝင်စား စရာပါပဲ … ။ ဆက်ရန်ကိုစောင့်ဖတ်ပါမယ် … ။
    ဒါနဲ့ စောင်ခြုံပြီး မှေးနေတဲ့အချိန် အိပ်ပျော်သွားလို့ အိပ်မက်ထပ်မက်ပြန်ပြီ … ထင်တယ်နော် … ။

  • Novy

    May 24, 2012 at 3:45 pm

    ဒီတစ်ခါတော့ အိမ်မက် မဟုတ်တော့ဘူး
    မနို ဘယ်လောက်သတ်တိရှိလဲဆိုတာ
    ဆက်လက် ရေးပါမည်
    မဟုတ်ရင် ကိုပေ ဝင်ကယ်နေမှာစိုးလို့

  • FattyCat

    May 24, 2012 at 3:48 pm

    အခုတလော အခန်းဆက်တွေသိပ်များနေတယ်…

    ဝဋ်လည်ပြီထင့်…

  • Tin Tin

    May 24, 2012 at 5:26 pm

    မနိုရေ..
    ကြောက်စရာကောင်းလိုက်တာနော်…
    စိတ်ဝင်စားစွာနဲ့ ဆက်ရန်ကိုစောင့်မျှော်နေပါ့မယ်…
    ခင်တဲ့.. တင်တင်

  • ဘာများဆက်ဖြစ်မှာပါလိမ့်ဗျာ။အိမ်မက်နဲ ့မြွေ ဆက်စပ်နေတယ်ထင်ပါတယ်။
    စောင့်ဖတ်မယ်နော်။သိချင်လှပီဗျ

  • မနိုရေ
    မယ်ထွေးနဲ့မြွေမင်းသားများလားကွယ်………………………
    ကင်မ်ချီလုပ်တာကောင်းသလို ဇာတ်လမ်းဖြတ်တာလဲကောင်းလိုက်တာ………………………
    ဝဋ်လည်ပြီ

  • pooch

    May 24, 2012 at 11:53 pm

    အီး …..မနို မြွေက အကြီးကြီးလား ။ အိမ်မက်ကလည်း ဆန်းလိုက်တာ။ မြန်မြန်လေး တင်ပါတော့ နောက်တပိုင်း။

  • padonmar

    May 25, 2012 at 1:54 am

    ကောင်းခန်းမှာကွက်တိဖြတ်ထားတယ်။
    မြွေဖြူလေးလာတာလား။

  • Khin Latt

    May 25, 2012 at 3:35 am

    မနိုရေ
    မီးပျက်သွားလို့ အခန်းတွေ ဆက်နေရတာမဟုတ်လား။
    မြွေကြီး ဆိုတော့ သေးသေးလေးတော့ မဟုတ်လောက်ဘူး။
    “မလှုပ်နဲ့၊ ငြိမ်နေ။” 😀

    မြန်မြန်လေး ဆက်ပါဗျို့။

  • ကြောင်ကြီး

    May 25, 2012 at 9:10 am

    နိုဗွီဆယ်တန်း
    ဂယ်လန်းဒဲ့အရွယ်
    ကြောင်ကြီးရှယ်မှန်း
    ငယ်ဖမ်းလှည့်တွယ်..
    ဖောင်စီးဘယ်ကမ်း
    တွယ်လှမ်းပျက်ပြယ်
    လျောင်ကီးသွယ်တန်း
    မယ်လွမ်းပေါ့ကွယ်..။
    ဆယ်ဒန်းကျောင်းသူ နိုဗွီဂလေးနှင့် ချောက်ဗာသာဂုံထူးရှင် ဆယ်တန်းဂိုက် ကြောင်ကြီးတို့၏ လူမသိသူမသိ လွမ်းမောဖွယ် အတိတ်ဖြစ်ယပ်ကလေး… (မှတ်ချက်။ မည်သူမှ ပြန်မပြောရ၊ တိတ်ဆိတ်စွာ ခံစားပါ။ မည်သည့်မေးဂွန်းကိုမျှလည်း ဖြေဆိုမည်မဟုတ်ပါ။ ဤအကြောင်းနှင့် စပ်လျဉ်း၍ အတိတ်ပြီဖုံးဂါး ချလိုပီဖြစ်ပါဂျောင်း….ဂျိမ်း။ ) နိုဗွီဂလေးယေ လွမ်းဒေါ့လွမ်းသေးသကွယ်…။ 😥

  • မောင်မောင်ကြောင် မြွေယောင်ဆောင်ပါလို့
    နိုဗွီဆီအရောက်လှမ်း။
    အလှမ်းမတော် လမ်းပေါ်မှာ
    နွားဖြတ်နင်းခံရပြန်တော့
    မြန်းပေါ့ တမလွန်စခန်း………………….

Leave a Reply