အ ချစ် နှင့် ကံ ကြမ္မာ လ က္ခ ဏာ အ ပိုင်း (၃)

aye.kkMay 24, 20121min8012

ဖူး စာ ဆုံ ခွင့် ၊ ကံ အ ခွင့် မ ရ ရှိ နိုင် ခြင်း ဘဲ ဖြစ် ပါ သည် ဟု …….
ပြော လို ခြင်း ထက် နောက် ဆက် တွဲ ဂ ဏန်း ဗေ ဒင် အ ရ လည်း သူ ၏ ကံ ကြမ္မာ ဂ ဏန်း ဗေ ဒင် အ ရ မွေး ရက် / မွေး လ မှာ Appil 13 ဖြစ် နေ ခြင်း၊ ကျ မ ၏ ကံ ကြမ္မာ ဂ ဏန်း ဗေ ဒင် အ ရ မွေး ရက် / မွေး လ မှာ March 17 ရက် ဖြစ် နေ ခြင်း က လည်း ၊ ကျ မ ၏ လေ့ လာ မှု များ အ ရ တွေ ့ဆုံ ကြုံ ကွဲ ရ မည့် ဂ ဏန်း အ လို သ ဘော အ ရ ဖြစ် နေ ပြန် ပါ သည်။

ကျ မ ၏ ဂ ဏန်း ဗေ ဒင် မွေး ရက် (၈) ရ ရှိ နေ ခြင်း သည် ၊ မွေး ရက် (၄) ဂ ဏန်း နှင့် ချစ် ဖို ့ အ ကြောင်း ကံ တွေ ့ဆုံ ခွင့် ရ ရှိ မည် ဖြစ် သည့် အ ပြင် ၊ ခွဲ ခွါ ရ မည် ကို လည်း ကံ ကြမ္မာ က ဖန် တီး ပြ သ နေ ပြန် ပါ သည် ။
အောက် ဖော် ပြ ပါ လ က္ခ ဏာ အ ရ လည်း ဝါ သ နာ ပါ သူ တို ့လေ့ လာ ကြည့် ရှူ ့ နိုင် ပါ ရန် စေ တ နာ အ ရ ဖော် ပြ လိုက် ပါ သည်။

လ က္ခ ဏာ အ ရ လက် ဖ ဝါး ပြင် တွင် တွေ ့မြင် ရ
သော နှ လုံး လမ်း ကြောင်း (ဝါ) ဟာ ဒ ယ လေ ခ
လမ်း ကြောင်း သည် ကြာ သာ ပ တေး ဂြို လ် ခုံ အ
လယ် မှ စ တင် သ ဖြင့် တ ရား သ ဘော လည်း အ ထူး
ရှိ သည့် အ ပြင် ခိုင် မြဲ ၍ စိတ် ချ ရ သော အ ချစ် မေတ္တာ စိတ် ရှိ သူ များ ဟု ကိုင် ရို လ က္ခ ဏာ က
ဖော် ပြ ထား သည် ကို ငယ် ငယ် က မှတ် သား လေ့ လာ ခဲ့ ရ ဘူး ပါ သည် ။

ဟာ ဒ ယ လေ ခ လမ်း ကြောင်း တ လျှောက်
တ နင်း င်္ဂ နွေ ဂြိုလ် ခုံ အောက် ပြတ် လျှက် ထပ် ရက် ဆက် နေ သည့် အ ကျိုး က ချစ် မေ တ္တာ ရေး တွင် ဂုဏ် ဒြပ် မ ပြည့် စုံ မှု (ဝါ) မ တူ ညီ မှု ငွေ ကြေး အ ရ တား ဆီး ပိတ် ပင် နှောက် ယှက် ခံ ရ မှု တို ့ ကြောင့် ကြေ ကွဲ စွာ အ ဆုံး သတ် ရ မှု ပဲ ဖြစ် ပါ သည်။

တ ရား သ ဘော ရှိ သည့် သ ဘော အ ရ အ မိ အ ဘ တို ့၏ အ လို သ ဘော သက် ဝင် နာ ခံ ရ သ ဖြင့် မိ ဘ တို ့သ ဘော မ လွန် ဆန် နိုင် ခြင်း ၊ တ နင်း င်္ဂ နွေ ဂြိုလ် ခုံ အောက် ၌ ပြတ် နေ သ ဖြင့် အ ဖ ၏ သ ဘော မ တူ မှု အ ပေါ် တား ဆီး ပိတ် ပင် ခံ ရ မှု အ ပေါ် ခေါင်း ငြိမ့် လက် ခံ ရ ကာ အ ချစ် မေတ္တာ ရေး လမ်း ခွဲ ပေး ခဲ့ ရ ခြင်း ပင် ဖြစ် ပါ သည်။

ကျ မ အ ပေါ် ချစ် ရေး ဆို စဉ် ၊ ကျ မ ၏ ဝါ သ နာ အ ရ ၊ သူ ့ လက် ဖ ဝါး ပြင် အား ၊ အ သေ အ ချာ စစ် ဆေး ကြည့် ရှူ ့ခဲ့ မိ ပါ သည် ။ မွေး သချာင်္ အ နေ ဖြင့် လေး ဂ ဏန်း ပိုင် ဆိုင် သူ တစ် ဦး ဖြစ် နေ သည့် အ ပြင် ၊ သူ ၏ လက် ဖ ဝါး ပြင် က လေး ထောင့် လက် ပုံ စံ အ တိ ကျ မ ဟုတ် နေ သော် လည်း ၊ လေး ထောင့် စပ် နေ ခြင်း ၊ ကျ မ ၏ လက် ဖ ဝါး ပြင် ညာ ဘက် လက် တွင် ပါ ရှိ နေ သော အ ချစ် မေတ္တာ လမ်း ကြောင်း အ နေ အ ထား အ ရ ၊ အ ချစ် ဦး နှင့် ဖူး စာ မ ဆုံ နိုင် မှန်း သိ နေ မိ မှု အ ပေါ် ငြင်း ဆို ခဲ့ မိ ခါ သူ ့ အား သေ သေ ချာ ချာ ရှင်း ပြ ပြော ဆို မိ ပါ သည်။

သူ က လုံး ဝ လက် ခံ နိုင် ခြင်း မ ရှိ ခဲ့ ပါ ၊ သူ့ အ နေ ဖြင့် လက် ခံ နိုင် လောက် သည် အ ထိ ကြိုး စား မည် ဟု သာ ပြော ဆို ပြီး ၊ ကျ မ တို ့ နောက် ထပ် မ ဆုံ ဖြစ် ကြ တော့ ပါ ။

သူ ့ အ နေ နှင့် က တော့..
ကျ မ အား တ စိုက် မတ် မတ် သာ မျက် ခြေ အ ပြတ် မ ခံ နိုင် သူ တစ် ဦး တ ယောက် အ နေ ဖြင့် ရှိ နေ ခဲ့ သူ တ ဦး ဘဲ ဖြစ် ပါ သည်။

ဒါ ကြောင့် လည်း …ကျ မ နယ် ပြန် မည့် အ ချိန် ၊ ခဲ အို အစ် ကို ဖြစ် သူ နှင့် အ မ ဖြစ် သူ တို ့လာ ခေါ် မည် ကို သူ သိ နေ ခဲ့ ခြင်း ပဲ ဖြစ် ပါ သည်။

ထို နေ ့က ကျ မ နေ သည့် ကျိုက် ထို မြို ့ အ ပြန် ၊ ရ ထား ပေါ် တက် ပြီး ၊ထိုင် ခုံ နေ ရာ အား ပြူ တင်း ပေါက် ခုံ တွင် နေ ထိုင် နိုင် အောင် စီ မံ ကာ ဝယ် ယူ ပေး သည့် ရ ထား လက် မှတ် ကို သူ ့ အ ကြံ ဖြစ် မှန်း ကျ မ မှ ရိပ် စား မိ ခဲ့ ပါ သည် ။

ကျ မ အား သူ ၏ ဒိုင် ယာ ယီ အား ပေး ဖတ် ရန် ဆုံး ဖြတ် ထား သည့် အ ပြင် ၊ သူ အ လွယ် ပေး နိုင် ပြီး ၊ ကျ မ မှ ပြန် လည် မ ပေး နိုင် ရန် ရ ထား အ ရှိ န် ဖြင့် ခုတ် မောင်း ၍ ထွက် သည့် အ ချိန် ၌ အ ရဲ စွန် ့ခါ ၊ ကျ မ ၏ ပေါင် ပေါ် ပစ် တင် ခဲ့ ကာ ဖတ် ကြည့် ရန် သူ တောင်း ဆို ခဲ့ ခြင်း သာ ဖြစ် ပါ တော့ သည်။

သူ ၏ အ ချစ် ကို ၊ ကျ မ မှ မြင် သိ ခံ စား နိုင် စေ ရန် သူ ရေး သား သည့် ဒိုင် ယာ ယီ မှတ် တမ်း များ အား သက် သေ အ ဖြစ် နှင့် သူ ပေး ဖတ် ခဲ့ ခြင်း ပင် ဖြစ် ပါ တော့ သည်။

ကျ မ ၏ ညာ လက် ဖ ဝါး ပြင် ဉာဏ် လမ်း ကြောင်း က လည်း အ င်္ဂါ ဂြိုလ် ခုံ လွင် ပြင် ၌ အ ဆုံး သတ် သည့် အ ပြင် ဘယ် လက် ဖ ဝါး ပြင် က လက် ဖ ဝါး အ စွန်း ထိ ပင် ပို ၍ ရှည် ကာ အ ဆုံး သတ် ထား သည့် အ တွက် ဘာ မ ဆို
မိ မိ အ လို သ ဘော ကျ ဖြစ် ရ မှ သာ စိတ် တိုင်း ကျ ကြေ နပ် နိုင် သည့် ကျ မ လို လူ စား မျိုး အ ပေါ် တွင် ၊ သူ ့အ ချစ် မေတ္တာ က အံ့ ဩ တုန် လှုပ် နိုင် သည် အ ထိ သူ ရေး သား ထား သည့် ဒိုင် ယာ ယီ မှတ် တမ်း များ အ ရ ၊ ကျ မ ၏ အ ချစ် မေတ္တာ အား ဖမ်း စား ၊ ဖမ်း ဆုပ် နိုင် ခဲ့ ပါ တော့ သည်။

ဖမ်း ဆုပ် နိုင် ရ သည့် အ ကြောင်း များ က လည်း ကျ မ ၏ ဦး ခေါင်း လမ်း ကြောင်း က လက် ခံ နိုင် လောက် သည့် အ ကြောင်း အ ချက် များ စွာ ၊ သူ ပိုင် ဆိုင် ထား ပါ သည်။

သူ ့ လက် ဖ ဝါး ပြင် ပါ ၊ လ က္ခ ဏာ အ နေ ထား အ ရ ၊ မည် သို ့သော အ ချက် များ ကြောင့်..
ကျ မ လက် ခံ ခဲ့ ရ ခြင်း ဖြစ် သည် ကို အ ပိုင်း ( ၄) တွင် ထပ် မံ ဖော် ပြ လို ပါ သည်။။

(ဝေ ဖန် ထင် မြင် မှု လေး များ ပေး နိုင် ပါ သည်)

12 comments

  • windtalker

    May 24, 2012 at 7:10 pm

    ကြားဖူးတာလေးပါ….
    အချစ်ကို ဆယ်ကျော်သက်အရွယ်မှာ တွေ ့တာ အကောင်းဆုံးဘဲတဲ့ ။ မိဘတွေရဲ ့အုပ်ထိန်းမှုအောက်ကနေ ခိုးဝှက်ပြီး လုပ်ကြရတာဆိုတော့ ၊ ရင်ခုန်စရာ ဂိမ်းတစ်မျိုးပေါ့ ။
    အသက် ၂၄ / ၂၅ လောက်ရောက်သွားရင် ၊ စဉ်းစားလွန်းတာနဲ ့ဘဲ ၊ ချစ်ဖို ့၊ ယူဖို ့သိပ်မဖြစ်နိုင်တော့ဘူးတဲ့ ။
    အသက် ၃ဝ လောက်ဆိုရင်တော့ ပိုဆိုးတဲ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 24, 2012 at 10:09 pm

    အချစ်တို့ရဲ့ ဆြာကြီး ချစ်စရာ ဘယ်ရောက်နေပါလိမ့်
    အို
    ကိုချစ်ဆရာကြီးရဲ့ အမြန်လာဘာ 😀
    ဇာတ်ထုပ်ကမဆုံးသေးဘူးဆိုတော့ကာ ပြောရနည်းနည်းကျပ်နေသေးတယ်
    ဇာတ်လမ်းအဆုံးကိုလည်းသိထားပြီးဘီလေ 😀
    ဒီနေရာလောက်မှာဘဲဝေဖန်ရရင်တော့
    ကိုယ်ချစ်ဒဲ့သူဂို…………..ဒဲ့ ချစ်လျှက်နဲ့ စွန့်လွှတ်တာ မချစ်လို့ဖြစ်နိုင်ဘာဒယ်ဒဲ့
    လောလောဆယ်တော့ လက္ခာရှင်ရဲ့ မင်းသားက
    သူချစ်တဲ့သူကို ရအောင်ယူတာလေးတော့ ကန့်လန့်လုပ်ပြီး မှတ်တမ်းတင်ဘာဒယ်ခင်ဗျ

    • pooch

      May 25, 2012 at 12:08 am

      ဆရာ ချစ်စရာက နေပူရှောင်တဲ့အနေနဲ့ ထန်းတောထဲ ခဏဝင်ရင်း အိပ်ပျော်နေလို့ပါတဲ့ ။ ပြီးရင်လာမယ်ဆိုပြီး ရွာထိပ်က ဗိုက်ကလေးနဲ့လူကြုံစကားပါးလိုက်ပါတယ် မာမီပု။ 😀

      ဆက်ပါအုန်း အန်တီအေး ။ ဆက်ရန်တွေ မျှော်နေပါတယ်။

  • သူ ့ လက် ဖ ဝါး ပြင် ပါ ၊ လ က္ခ ဏာ အ နေ ထား အ ရ ၊ မည် သို ့သော အ ချက် များ ကြောင့်..
    ကျ မ လက် ခံ ခဲ့ ရ ခြင်း ဖြစ် သည် ကို အ ပိုင်း ( ၄) တွင် ထပ် မံ ဖော် ပြ လို ပါ သည်။။
    ———–
    အမြန်သိချင်လာပီနော်။

  • htet way

    May 25, 2012 at 9:24 am

    ဟာ ဒ ယ လေ ခ လမ်း ကြောင်း တ လျှောက်
    တ နင်း င်္ဂ နွေ ဂြိုလ် ခုံ အောက် ပြတ် လျှက် ထပ် ရက် ဆက် နေ သည့် အ ကျိုး က ချစ် မေ တ္တာ ရေး တွင် ဂုဏ် ဒြပ် မ ပြည့် စုံ မှု (ဝါ) မ တူ ညီ မှု ငွေ ကြေး အ ရ တား ဆီး ပိတ် ပင် နှောက် ယှက် ခံ ရ မှု တို ့ ကြောင့် ကြေ ကွဲ စွာ အ ဆုံး သတ် ရ မှု ပဲ ဖြစ် ပါ သည်။
    ဆရာမကြီး ………..ကျွန်တော် လက္ခဏာ က ဒီလိုလား မသိဘူး အဲ့ဒီလိုဖြစ်နေတယ်

  • ကြောင်ကြီး

    May 25, 2012 at 9:27 am

    မြန်မာ့လက်ယွေးဇင်ဗောသမား ဂိုးတင်အောင် လက္ခဏာအရ အိမ်ထောင်မမြဲလို့ ဆြာဒိုင်းဂ ဟောပေမဲ့ (သူဂလည်း နာမည်ကြီးဆိုဒေါ့ အပြင်မှာသိပ်ရှုပ်ခဲ့သဒဲ့) ခိုင်မြဲတည်တံ့ဒဲ့ အိမ်ဒေါင် အရှည်တည်ဆောက်နိုင်ဂဲ့ဂျောင်း အင်တာဗျူးတခုမှာ ဖတ်ဖူးဒယ်။ ကြောင်ကြီးဘဝမှာလည်း သိပ်ချစ်ရသူတဦး ရှိဂဲ့ဒယ်.. စနေနံနဲစဒဲ့ နာမည်ကြီး မင်းသမီးတဦး တိုင်းရင်းသားနဲ့ ကြေးမုံဂျီးတို့အမျိုး သွေးနှောထားသူတဦးပါ။ အဂုဒေါ့ သူလည်း တထေးဂျီးတဦးသားနဲ့ အိမ်ဒေါင်ကျသွားဂဲ့ဘာဘီ။

  • aye.kk

    May 26, 2012 at 10:18 pm

    ကွန်မင့်ပေးသူအပေါင်း….
    ကျေးဇူးတင်ပါကြောင်းပြောလိုက်ပါရစေ..။။

  • ကိုရင်စည်သူ

    May 26, 2012 at 10:33 pm

    ဆရာမအေးကေကေ ခင်ဗျာ… လက္ခဏာနဲ့ ပတ်သက်ပြီး ဗဟုသုတတိုးပွားမိပါတယ်…
    သားလည်း ဆရာမ ပြတဲ့ လက္ခဏာ ပုံစံမျိုး ဖြစ်နေတယ်…
    ဒီဘဝတော့ ချစ်တဲ့သူတွေနဲ့ ကွေကွင်းရပြီထင်ပါ့…
    ဒါနဲ့ စကားမစပ် ကျနော်များ သငှေးဖြစ်လို့ ကမ်ပဏီထောင်ဖြစ်ရင်
    အင်တာဗျူးတဲ့ အခါ လက်ခဏာ ကြည့်ပြီး အလုပ်သွင်းရမယ့်
    အချက်တစ်ခု တိုးထားလိုက်ရင်မကောင်းဘူးလား… ဟီးးး 😀 😀

  • aye.kk

    May 26, 2012 at 10:50 pm

    ကိုရင်စည်သူ(ဝါ)သားရေ…
    အရမ်းကောင်းပါတယ်..
    လက္ခဏာအပြင်ရုပ်လက္ခဏာပါပြောပြချင်ပါတယ်..
    တတ်သည့်ပညာမနေသာဆိုသလိုပါဘဲ..
    သားအနေနဲ ့၊ ကမ်ပဏီထောင်ဖြစ်ရင်ပေါ့နော်..
    ခြေနှစ်ချောင်း,နားရွက်တို..
    လက်မပုတိုတို..
    ခံတွင်းအနံ ့မသင်းပြန် ့…
    စင်းပြန် ့နှာရောင်မဖြောင့်ဆို…
    နဖူးမောက်ပို,ထိုသူများ၊ဖယ်ရှားရှောင်စို ့လား..။
    မေတ္တာဖြင့်…
    အန်တီအေးကေကေ။။

  • Foreign Resident

    May 27, 2012 at 4:02 am

    နှလုံးလမ်းကြောင်း က ၊ ငယ်ငယ် က ကိစ္စ တွေပါ ။

    အခု ကံ လမ်းကြောင်း ၊ အောင်မြင်ရေး လမ်းကြောင်း တွေ ကောင်းသားပဲ ။
    အထူးသဖြင့် ၊ အသက်ကြီးပိုင်းမှာ ကောင်းသားပဲ ။
    အသက် လမ်းကြောင်း မှာတော့ အတက်တွေ မတွေ့ရဘူး ။
    Anyway ၊ OK ပါ ။

    လက်ချောင်း လေးတွေလည်းပြည့်သားပဲ ၊
    ဂြိုလ်ခုံတွေပါ ကောင်းရင်တော့ ၊
    တော်တော် ကောင်းတဲ့ လက္ခဏာ လို့ ပြောရမှာပဲ ။

    ကျန်းမာရေး လမ်းကြောင်း က အသက် လမ်းကြောင်း ကို
    လာထိတဲ့ အချိန်ကတော့ နဲနဲလေး စောသလားလို့ ။
    အဲဒီ အချိန်မှာ အရံအသက်လမ်းကြောင်းလဲ
    မကာပေးတော့တာကိုတော့ သိပ်မကြိုက်ဘူး ။

    အသက် လမ်းကြောင်း နှင့် ဉာဏ် လမ်းကြောင်း တော်တော်လေး ပူးတယ် ။
    ဒါကြောင့် မိဘ ဆွေမျိုး စကား နားထောင်တာ ဖြစ်မယ် ။

    နိုင်ငံခြားမှာ နေတာလားဟင် ။
    ကံ လမ်းကြောင်းက တနင်္လာဂြိုလ်ခုံကနေစပြီး ၊
    အသက် လမ်းကြောင်း အဆုံးမှာ အခွဲတွေ တွေ့နေရလို့ ။

    နောက်ပြီး ၊ ရန်ကုန်မှာနေတာ ဆိုရင် ၊ လက္ခဏာ လာမေးမလို့ ။ ဟီဟိ ။

  • aye.kk

    May 27, 2012 at 7:10 am

    Foreign Resident,….
    ကိုင်ရိုလက္ခဏာပညာရပ်ကိုအင်မတန်ကျွမ်းကျင်
    အောင်လေ့လာထားတဲ့သူလို ့မြင်မိပါတယ်…
    လက်ချောင်းလေးတွေကဖောင်းပါတယ်…
    ကျမ္မာရေးလမ်းကြောင်းကအသက်လမ်းကြောင်းကိုစောစွာထိနေတာမှန်ပါတယ်..
    အခုနှလုံးအဆီဖုံးနေပါတယ်….
    ခန် ့မှန်းထားတာကအသက်က(၅၂)ကျော်အထိလောက်ပါဘဲ..
    ်အရံလမ်းကြောင်းမကာပေးထားတော့မကောင်းဘူးဆိုတာ
    သိနေပါတယ်..
    မိဘဆွေမျိုးတွေစကားနားထောင်ခဲ့ပါတယ်..
    အင်္ဂါအဖိုအားပြည့်နေတဲ့ဦးခေါင်းလမ်းကြောင်းကအစပြုပြီး
    အင်္ဂါအမလွင်ပြင်မှာအဆုံးသတ်နေတဲ့ဦးခေါင်းလမ်းကြောင်းက
    ဆိုးရွားပါတယ်မိမိစိတ်ဆန္ဒအလျှောက်ပြုမူဆောင်ရွက်တတ်ပြီး..
    မဟုတ်မခံတတ်တဲ့စိတ်၊ဒေါသအလျောက်စိတ်ကိုချုပ်တည်း
    နိုင်စွမ်းမရှိတဲ့အနေအထားဖြစ်ပါတယ်..
    ကြာသာပတေးဂြိုလ်ခုံပြည့်ပြီးအားကောင်းတဲ့အတွက်
    တရားသဘောရှိနေတဲ့သူမို ့ ့ဒေါသဖြစ်လည်းကဂရုဏာဒေါသမျိုးဖြစ်ရတာဘဲရှိပါတယ်..
    အသက်လမ်းကြောင်းနဲ ့ ့ဉာဏ်လမ်းကြောင်းကအတော်လေးပူးသလိုဖြစ်နေတဲ့အတွက်..
    မိဘစကားအရသည်းခံပါမယ်ဆိုတဲ့ပေးထားတဲ့ဂတိကြောင့်ရယ်
    မွေးကံကြမ္မာ(၈)ဂဏန်းအရစိတ်ကိုသိုသိပ်ထားနိုင်တဲ့သဘော
    တရားတွေစီးဝင်နေခဲ့လို ့စိတ်ဖိစီးမှု၊စိတ်ကိုမထိန်းချုပ်နိုင်လဲ
    ထိန်းချုပ်ထားရတတ်တဲ့အတွက်..
    စိတ်နဲ ့ပတ်သက်တဲ့ခံစားမှု
    ကြောင့်ရတဲ့ရောဂါ(ဝါ)နှလုံးအဆီဖုံးခဲ့တာပါ..
    လက်ဖဝါးပြင်မှာကြာသာပတေးဂြိုလ်ခုံနှစ်ခု
    စလုံးအားကောင်းပါတယ်တနင်းလာဂြိုလ်ခုံနဲ ့သောကြာဂြိုလ်ခုံတွေအားပြည့်ပြီးဗီးနပ်စ်ခါးင်္စီးကဘဝတလျှောက်
    သံယောဇဉ်စိတ်အစွဲအလမ်းကြီးမားမှု၊တေးဂီတ၊အချစ်၊စာတို
    ကဗျာတွေဝါသနာပါတဲ့အပြင်
    နှစ်နှစ်သက်သက်ခံစားတတ်တဲ့သူလည်းဖြစ်ပါတယ်..
    တနင်းင်္ဂနွေနဲ ့ဗုဒ္ဓဟူးဂြိုလ်ခုံသာမာန်မဖြစ်ခဲ့ရင်တော့..
    အတိုင်းထက်အလွန်ပါ…
    တနင်းလာဂြိုလ်ခုံကကံလမ်းကြောင်းတက်ပြီး
    အသက်လမ်းကြောင်းအောက်ခြေက
    အခွဲကြီးခက်ရင်းခွဖြစ်ပေါ်နေတဲ့အတွက်မိမိဇာတိဝေးရပ်ပြဆို
    နေတာမှန်သော်လည်းအင်္ဂါလွင်ပြင်မှာဦးခေါင်းလမ်း
    ကြောင်းကအဆုံးသတ်နေတဲ့အတွက်
    အရှေ့ရပ်ကုန်းတွင်းပိုင်းကိုဘဲညွန်းဆိုနေပါတယ်..
    ဦးခေါင်းလမ်းကြောင်းကတနင်းလာြ့ဂိုလ်ခုံလွင်ပြင်အစမှာအဆုံးသတ်ခဲ့ရင်ပင်လယ်ရပ်ခြားအနောက်
    ဥရောပ၊နိုင်ငံရပ်ခြားတွေကိုပြဆိုပါတယ်..
    ကျမလေ့လာမှုများအရပါ..
    ကျမလက်ရှိနေထိုင်နေတာကမြန်မာနိုင်ငံရဲ ့နယ်စပ်မြို တာချီလိတ်မှာပြောင်းရွေ ့နေထိုင်လာခဲ့တာနှစ်ပေါင်း(၁၈)နှစ်ရှိနေပါပြီ..

    ကျေးဇူးပါ..။။

  • ဆူး

    May 27, 2012 at 1:47 pm

    ဗဟုသုတ များစွာ ရပါတယ်။
    ဆူး ကတော့ လက္ခဏာပိုင်း အကြောင်း ဖတ်ရတာ ဉာဏ်သိပ်မမှီဘူး ဖြစ်နေတယ်။
    သိပ်နားမလည် သလို ဖြစ်နေတယ်။

    အလှမ်းဝေးလွန်းလှလို့များလား မသိဘူး။

Leave a Reply