သုံးထောင်စား

မောင် ပေMay 24, 20121min44645

သိခြင်း မသိခြင်းများနဲ ့…
ရှိခြင်း မရှိခြင်းများကြားမှာ…
ရောင့်ရဲ တင်းတိမ်နေခဲ့တယ် ဆိုပေမယ့်
ရွှေတိဂုံ နဲ ့ကျိုက်ထီးရိုးမှာ ဦးခိုက်ချင်သလို
ယူအက်စ်အေ ကို လဲ ဂိုးချင်ခဲ့
ခါကာဘိုရာဇီထိပ်မှာလဲ ဓါတ်ပုံရိုက်ချင်ရဲ ့
ငစိန်ထမင်းဟာ အစားခံပေမယ့်
ပေါ်ဆန်းမွှေးကို တမ်းတအမြဲ…
အလုပ်မောချွေးဟာ ချိုမမွှေးပေမယ့်
အပျိုလေးရဲ ့ရေမွှေးကို နမ်းချင်ခဲ့…
ဖောရှောမှန်းသိပေမယ့်လဲ ရှိတာလေးနဲ ့ဘဲ မူးနေခဲ့
မီးလာတော့လဲ ပျော်ရသလို မီးပျက်တော့လဲ အော်ကာဆဲ
အဲကွန်းမရှိပေမယ့် ကြမ်းပြတင်းလေလေးဟာ အေးနေခဲ့
ဝါဒတွေမသိပေမယ့် သဘာဝတွေကြည့်ရင်း အမောဖြေခဲ့
ငွေယားပေါမှ ဟိုနားသွားဖို ့တေးထားခဲ့
မနက်ဖန် ဘယ်လိုစားမလဲ မစဉ်းစားဘဲနဲ ့အိပ်ရာဝင်ခဲ့
ညတိုင်းကိုက်တဲ့ ခြင်ကို သွေးလှူမြဲ…။
…………………
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

45 comments

  • ပေစိ

    May 24, 2012 at 10:30 pm

    ရသမြောက်လွန်းအားကြီးပါတယ်ဗျာ အားပေးသွားပါတယ် ဖောရှောမှန်းသိပေမယ့်လည်း ပြေးလိုက်ဦးမယ်ဗျို့

  • may flowers

    May 24, 2012 at 10:33 pm

    ငွေယားပေါရင် ဘယ်နားသွားဖို့ တေးထားပါလိမ့်။ သိချင်လိုက်တာ…ဟီးးး။

    • Shwe Tike Soe

      May 25, 2012 at 1:35 pm

      ကိုပေ ပြောလိုက်ရမလား တိုပေ တွားချင်တဲ့နေရာ……… တားတားတိဒယ်… ခိခိခိ 😀

      • windtalker

        May 25, 2012 at 2:14 pm

        ပြောလိုက်ပေါ့ ၊ ကိုအိမ်ပိုင်စိုး ရယ်
        တော်ကြာ မဒမ်ရွှေ သိသွားမှ
        မောင်ပေ့ ကြောင့်တော့ လုပ်ရဝူးနော် ။ ဒါဗျဲ

  • Mလုလင်

    May 24, 2012 at 10:36 pm

    ကွက်တိ နီးပါး ခံစားလို့ရပါတယ်။

  • marblecommet

    May 24, 2012 at 10:42 pm

    ဒဂဲ့ ရီးယလဈင် ဂုရု
    ကိုပေပါလား …..
    လေးဇားဘာသီ ဗြား….
    တို့များလည်း သုံးထောင်ဇား
    ဘာပဲ ဆြာရယ်….

  • aye.kk

    May 24, 2012 at 11:05 pm

    သုံးထောင်စား..
    ရေးထားတာလေး
    ကောင်းတယ်ဗျား..။။

  • သုံးထောင်စားဆိုလို ့တော်ပါသေးတယ်. ကိုးတောင်ကျားဆိုရင်ဖြင့်—ဟူးးးးး
    ကိုပေက ချူးပြားလေးတွေ ယားလာရင် အငြိမ်မနေတတ်ဘူးထင်ပါတယ်။
    ဒါနဲ ့ဟိုနားသွား ခေါ်ပါအုံးဗျ။ဘယ်နားမှန်းလဲ မသိဘဲပြောမိပီ။မမဆူး ပို ့စ်က
    လို ငရဲပြည်တော့ မသွားပါဘူးနော်။

  • ဦးဦးပါလေရာ

    May 24, 2012 at 11:31 pm

    မောင်ပေရဲ့ ကဗျာခါးခါးလေးကို
    ကော်ဖီခါးခါးလေးသောက်ရင်း ဖတ်လိုက်တယ်…။

  • pooch

    May 24, 2012 at 11:33 pm

    “Hold your head high,
    Stick your chest out.
    You can make it.
    It gets dark sometimes but morning comes
    keep hope alive. ”

    ( Jesse Jackson , b. 1948 )

    ” ခေါင်းကို မြှင့်တင်
    ရင်ကို ဖွင့်ထား။
    ဒါကိုယ်လုပ်ရင် ဖြစ်တယ်
    မှောင်တဲ့ အခါတွေရှိပေမယ့်
    မနက်ခင်းကတော့ ရောက်လာမှာပဲ
    မျှော်လင့်ချက်သာ အသက်ဝင်နေပါစေ တဲ့ ”
    ( ဂျက်ဆီ ဂျက်ဆင် )

  • surmi

    May 24, 2012 at 11:58 pm

    စောင်းပြောလိုက်သလားအောက်မေ.ရတယ် …
    တည်.တည်.ကိုထိသွားတာဘဲ ။

  • Sonny

    May 25, 2012 at 12:24 am

    Nyi Windtalker,
    How inspiring and attractive to me your compose is!
    Your post-modern ideas and mix-up of lyrics show that
    you must be very well-read and intelligent.
    Besides, Life is in a whirlpool of ups and
    downs as well as in a maze of greed and giving-up.
    Anyway I like yours truly.
    Everyone lives on in hope of something better.
    With love,
    Ko Sonny

  • ကိုရင်မောင်

    May 25, 2012 at 4:31 am

    ကိုပေ ဒေါ်လာသုံးထောင်စားရဲ့
    စိတ်ကူးလေးပေါ့..နော်

  • Khin Latt

    May 25, 2012 at 4:39 am

    ငစိန်ဟာ မာလွန်းပေမယ့် ကျန်းမာရေးနဲ့ညီညွတ် သတဲ့ ကိုပေရဲ့။
    ဝါးသာဝါး။ 😀

  • ဇောက် ထိုး

    May 25, 2012 at 6:35 am

    နီးလွန်းအားကြီးရင် မမြင်ရတော့ဘူးတဲ့။
    ကောင်းလွန်အားကြီးရင်လဲ…ဘာပြောရမှန်းကို
    မသိတော့ဘူး။
    မကြိုက်တဲ့စကားလုံးလေးတစ်လုံးလောက်လိုက်ရှာတာကို
    မတွေ့ရဘူး။ ဖတ်လို့ကလဲ ကောင်း။
    အဓိပ္ပါယ်ကိုလဲကြိုက်
    စကားလုံးကလဲလှ…(ဦးပေအတိုင်းပဲ)
    စာသားကလဲ ပြောင်..(ဦးပေအတိုင်း)
    တကယ်ပါဗျာ…ဘယ်နှစ်ခေါက်မှန်းတော်မသိတော့ဘူး။

  • အလှူခံလာတဲ့ ခြင်ကလေးရယ်
    ပူနေတဲလေကလေးရယ် အေးသွားအောင်
    ယပ်ခပ်ရင်းအိပ်ပျော်သွားတော့
    အိပ်မက်ထဲမှာ…………………
    ……………………………………………
    …………………………………………………………
    ……………………………………………………………………

  • htet way

    May 25, 2012 at 9:22 am

    ကောင်းတယ်ဗျာ
    ကြိုက်တယ်
    ဆက်ရေး

  • Davit

    May 25, 2012 at 9:30 am

    မိုက်လှချည်လား ကိုပေရဲ့…..သိပါဘူး…..ကိုပေဆိုရင် “ဘော” ပဲပြေးပြေးမြင်နေတော့…… တယ်မိုက်ဗျာ….good good…. 🙂

    • ဗိုက်ကလေး

      May 25, 2012 at 11:43 am

      ဘောပေ
      ကျောက်ပေ
      မော်ဒန်ပေ
      လက်တန်းပေ
      ဘီအီးပေ
      ကေတီဗွီပေ
      မာဆတ်ပေ
      ဪ..
      ကြာဘာဒယ်..
      ဘာလာလာပေ

  • Mon Kit

    May 25, 2012 at 9:31 am

    ကြိုက်သွားပီ….. တကယ်ဘဲ ရသ မြောက်ပါပေတယ်…

  • windtalker

    May 25, 2012 at 9:37 am

    သုံးထောင်စား အုန်းမောင်ဖား
    ပြုံးသယောင်နား ရှုံးပေါင်ထား
    ကုန်းဘောင်သွား မြုံးထောင်မလား
    ……………………….
    ဖတ်ရှုအားပေးသွားသော စာဖတ်သူများအားလုံးနဲ့
    ကွန်မင့်များ အားပေးခဲ့သော ချစ်မိတ်ဆွေဘော်ဒါများအားလုံး ကို
    လေးစားကျေးဇူး တင်ရှိပါကြောင်း ရယ်ပါခင်ဗျား ။

  • Ma Ei

    May 25, 2012 at 9:42 am

    Comment ကဗျာ တွေကနေ
    Post ကဗျာ ရောက်သွားပြီ…

    သိခြင်း မသိခြင်းများနဲ ့…
    ရှိခြင်း မရှိခြင်းများကြားမှာ…
    ရောင့်ရဲ တင်းတိမ်နေခဲ့တယ် ဆိုပေမယ့်… တဲ့

    မထင်ရဘူးနော်… … ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 25, 2012 at 10:00 am

    ကြည့်ဇမ်းကြည့်ဇမ်း
    မီးကြောင့် မီကြောင့် ( သူ ) သံဝေဂတွေရသွားတာ
    မီးမမှန်တာကိုကျေးဇူးတင်ရမယ် မီးမှန်နေရင် ( သူ ) ဒီလိုသံဝေဂတွေရမှာမဟုတ်ဘူး
    အဲ့သည် မီးဝံဂျီး ကျမ္မာဘာဇေ ချမ်းသာဘာဇေတော်

  • ဗိုက်ကလေး

    May 25, 2012 at 10:08 am

    ငွေယားပေါမှ ဟိုနားသွား
    ဘောသမား အူးပေ့စကား..
    ငွေမပေါလဲ အကြွေးသွား.
    မသိတာ မှတ်နေသလား
    ညှား.ညှား….ညှား…

    • windtalker

      May 25, 2012 at 10:38 am

      ဗိုက်ကလေးကို လူမိုက်ငှား
      အကြွေးယူစားမယ်ဗျား
      ဗိုက်ပြည့်တဲ့အခါ ဟိုဒီသွား
      အုပ်ထုပ် မပါရင်နား
      အ..ဟား အ..ဟား

  • ကြောင်ကြီး

    May 25, 2012 at 10:15 am

    ခြင်ကိုသွေးလှူ
    ဆင်လိုကြွေးယူ
    ဖင်ဆိုငေးရှု
    ယဉ်သဂိုရွေးသူ..။

    • windtalker

      May 25, 2012 at 10:42 am

      ဖင်ကိုမငေးဘူ
      ရင်ချိုအေးဆူ
      ကင်ကြောင်ဝှေးပူ
      တင်မောင်ပြေးယူ
      🙂

  • kyeemite

    May 25, 2012 at 10:29 am

    သုံးထောင်စားကပေ ရဲ့ လက်ရာမြောက်
    မော်ဒန်စါသားလေးတွေကို ခိုက်သွားမိပါဂျောင်း..

  • ahnyartamar

    May 25, 2012 at 10:35 am

    Rap လိုလုပ်ဆိုရင် ပိုဆိုလို့ကောင်းသလိုပဲ………

  • Thel Nu Aye

    May 25, 2012 at 11:35 am

    Hip Hop သံစဉ်လေးထဲ့ပြီး သီဆိုဖတ်ရှု့သွားပါကြောင်း။ နောင်လဲအားပေးနေပါမည့်အကြောင်းပါ။

  • မဟာရာဇာ အံစာတုံး

    May 25, 2012 at 11:40 am

    ” ငွေယားပေါမှ ဟိုနားသွားဖို ့တေးထားခဲ့ ”
    ဆိုတော့ …
    ဘယ်နားတုန်း ကိုပေရဲ့ …. 😀
    ကိုပေရဲ့ အရေးအသားက သောက်ရမ်း လန်းတယ်ဗျာ ..
    ချယ်ပဲ …

  • mocho

    May 25, 2012 at 11:52 am

    Hip Hop အဆိုတော်တွေ ဖတ်မိလို့ သီချင်း လုပ်ဆိုနေအုံးမယ်။ တော်တော် ထိမိတဲ့ စာသားတွပဲ။

  • etone

    May 25, 2012 at 1:01 pm

    ငွေယားပေါမှ ဟိုနားသွားဖို ့တေးထားခဲ့ ဆိုတာ .. ဘယ်နေရာကိုသွားမလို့လဲကိုပေ ….
    မိုးတွင်းရောက်ပြီ …အပြင်စာတွေသိပ်မစားနဲ့ … ယင်နားလို့ဝမ်းလျောနေဦးမယ် … ဟိဟိ 😀

  • windtalker

    May 25, 2012 at 1:10 pm

    မအိရေ အခုတော့ သိသွားပြီပေါ့နော် ။ မောင်ပေ ဟာ နှလုံးသားနုနယ်သူ တစ်ယောက်ပါကွယ် ဟီဟိ
    ကိုကြီးမိုက်ရေ… အဲ့လိုဘဝတွေထဲကို ရောက်နေရပါတယ်ခင်ဗျ ။
    အညာတမာ… သဲလေး… နဲ ့မိုချို …. တို ့ခင်ဗျား ။ ခင်ဗျားတို ့သုံးယောက်ဟာဖြင့် ဟစ်ဟော့သီချင်းကြိုက်သူများ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် လို ့ကောက်ချက် ချခွင့်ပြုပါ ခင်ဗျား ။
    အရင်းခင်မင်တတ်သူ
    ဝါတော်ကင်း (ကိုပေါက်ပေးသောနာမည်)

  • မြုံးထောင်ရင် ကုန်းဘောင်ဝင်သွားတော့…………………….
    တလွဲမတွေးပါနဲ့
    ရေထဲကို ပြုတ်ကျသွားတာပေါ့
    ဗွမ်း………………………………………………………..

    • windtalker

      May 25, 2012 at 1:50 pm

      ရေထဲပြုတ်ကျ
      လေထဲလုပ်မရ
      ငွေဆွဲထုတ်ပြ
      ရွှေဘဲ မမြုပ်ကွ ။

  • လင်းဝေ

    May 25, 2012 at 3:45 pm

    မောင်ပေ ဆိုရင် ဘော ပဲပြောမယ် မှတ်နေတာ။
    တကယ်ကောင်းတဲ့ ၃၀၀ဝစားပဲ။ တစ်နေ့ ၃၀၀ဝစား အလုပ်သမားအကြောင်းလား။

    မောင်ပေတို့ကတော့ ဖောရှော မတွယ်ဘူး။ ဖော်တန် မြုံ့တာ ဆိုတော့။

    ဘရာဗို… ဒီလိုလေးတွေ များများဖွဲ့ပေးပါ။

    • windtalker

      May 25, 2012 at 7:40 pm

      ဆရာလင်းဝေ တစ်ယောက်
      ဂေဇက်မှာ အမြဲရှိနေမယ် ဆိုရင်
      မောင်ပေတစ်ယောက်
      စာရေးဖို ့အိုင်ဒီယာ များစွာထွက်ရှိမှာ ဖြစ်တဲ့အကြောင်းပါ ခင်ဗျား

  • MaMa

    May 25, 2012 at 4:04 pm

    ခါကာဘိုရာဇီထိပ်မှာလဲ ဓါတ်ပုံရိုက်ချင်ရဲ ့….
    ဘယ်သူ့ကိုများ စောင်းပြောနေသလဲ မသိဘူးနော်။
    အင်းးးးးးးး မောင်ပေပြောသလို အခွင့်ရရင် ကိုယ်လည်း မြန်မာပြည်က တိုးရစ်လည်း လုပ်ချင်မိပါရဲ့ 😀

    • windtalker

      May 25, 2012 at 7:42 pm

      မမ ရေ ၊ ဒီကဗျာမှာတော့ အငှားခံစားထားတဲ့ စာသားတွေကိုဘဲ ကောင်းမယ်ထင်သလောက် ရေးဖွဲ ့ထားပါတယ် ခင်ဗျား ။
      လူတစ်ယောက်ဟာ ဖြစ်နိုင်ချေ ရှိရင်လဲ ရှိမယ်
      မရှိရင်လဲ မရှိဘူး
      စားချင် သွားချင် လာချင် လည်ချင် / ချင်တဲ့ စိတ်ဆန္ဒများတော့ ရှိကြကြောင်းပါ။

  • nozomi

    May 25, 2012 at 4:20 pm

    ကိုပေ(သုံးထောင်) အား အမှန်အကန် အားပေးသွားပါတယ်

    ကိုပေ(သုံးထောင်) ကနေ ကာလကြာရှည်လာတော့ ကိုပေ(သုံးတောင်) ဆိုပြီး ဖြစ်သွားရင်တော့ အင်းးးးးးးးးးးးးးး

  • kotun winlatt

    May 25, 2012 at 4:30 pm

    သုံးထောင်စား ဖုန်းမောင်တစ်ပါး..
    အမုန်းရှောင်ထားးး
    ကုန်းဘောင်ပြားးး
    နုံးအောင်စားးးးး
    အာ..ဟိ….

  • ညလေး

    May 25, 2012 at 10:07 pm

    စားသွားပြီသုံးထောင်…….
    အားပေးသွားပါတယ်……
    ခေါင်းကုတ်ရင်း……

  • TTNU

    May 25, 2012 at 10:23 pm

    မောင်ပေရေ..
    အစွမ်းပြပြီလားလူကလေး။
    ဒါမှပေါ့။
    ကြိုက်တယ်။
    ကွမ်းပိုစ့်၊ ဘောလုံး၊ ဒါတွေအပြင်ဒါလည်းရေးတတ်တယ်
    ဆိုတာ ဘွားကနဲ ပါပဲ။

    မေတ္တာဖြင့်
    တီချာTTNU

  • blackchaw

    May 26, 2012 at 5:39 pm

    မြှောက်ရေးသွားတာမဟုတ်ပါ။
    ဒီလိုအရေးအဖွဲ့လေးတွေကို
    ကြိုက်တတ် ခံစားတတ်တဲ့အကြောင်း
    နည်းနည်းလေး ဝင်ပွားဦးမယ်ဗျာ။

Leave a Reply