ဂေဇက်ရွာရဲ့စကား… လျှပ်စစ်မီးထက် အရေးကြီးတဲ့အရာ..

ကိုဗိုက်ကလေးက လျှပ်စစ်မီးကိစ္စပြောပါ လျှောက်တင်လာ၏။ အမိန့်တော်ကို နာခံလျှက်ပါ…….
တစ်နေ့ ဂေဇက်ရွာရဲ့ ရွာလည်မန်ကျည်းပင်ကြီးအောက်တွင် ဘကြီးမိုးနှင့် ဂေဇက်ရွာမှ လူငယ်တစ်စု စကားကောင်းနေကြစဉ်…ကိုဗိုက်ကလေး ရောက်လာပြီး…..
ဘကြီးမိုး…ဘကြီးမိုး…မန္တလေးမှာ. လူထုကလျှပ်စီးမီးရရှိရေးတောင်းဆိုဆန္ဒ ပြနေသတဲ့ဗျ….ညမှာ ဖယောင်းတိုင်တွေထွန်းပြီး ပြကြသတဲ့….
ဟေ…ဟုတ်လား..ဒါဆို ရန်ကုန် စတဲ့မြို့တွေပါ ပျံနှံ့လာဦးမှာပဲ ဗိုက်ကလေးရေ……
အဲဒါ ကောင်းပါ့မလား ဘကြီးမိုးရဲ့..တော်ကြာ လွန်ကဲလာပြီး အစကိုပြန်ရောက်မှာစိုးသဗျာ…….
ဟဲ့ဗိုက်ကလေးရဲ့….ဒို့သမ္မတကြီးက ဘယ်တော့မှ အစကိုပြန်မသွားဘူး လို့ပြောထားတာပဲ။ နောက် ဒို့ပြည်သူတွေကလဲ နိုင်ငံရေး အမြင်တွေ ကျယ်လာပါပြီ..လုပ်တတ်ကိုင်တတ်ရှိလာပါပြီ…..သိပ်မစိုးရိမ်ရလောက်ပါဘူး
နေပါဦးဘကြီးမိုးရဲ့…ခုလိုဆန္ဒပြတောင်းဆိုတော့ကော..မီးက ပိုရလာပါ့မ လား….မရှိမှန်းသိရက်နဲ့ တောင်းရင် မကောင်းဘူးထင်ပါတယ်ဗျာ။
ဘကြီးမိုးအထင်ကတော့….တာဝန်ရှိသူတစ်ဦးက ..ကျွန်တော်တို့ နိုင်ငံက လျှပ်စစ်မီးတွေပိုလျှံနေလို့ ရောင်းစားရပါတယ်ဆိုတဲ့..စကားပြောခဲ့ဖူးတယ်။ အဲဒီစကား မှန်…မမှန်…ထောက်ပြလိုက်တာလဲဖြစ်နိုင်တယ်။ အဲဒီလူကြီး အဲဒီလို ပြောလိုက်ကတည်းက ပြည်သူတွေက သိပ်မကျေနပ်ကြဘူး။ အဲဒါကို ခုထောက်ပြချင်လို့လဲ ဖြစ်နိုင်တယ်။ နောက် နိုင်ငံရဲ့သဘာဝ ဓာတ်ငွေ့စတာ တွေကို နိုင်ငံခြားရောင်းစားထားတာကို ပေါ်လွင် လာစေချင်တာလဲဖြစ်နိုင်တယ်။ နောက် ပြည်သူတွေကို မလေးစားပဲ… မီးကိုလွှတ်ချင်တဲ့ အချိန် လွှတ်တာ… အချိန်မမှန်တာတွေကို မှန်စေချင် တာတွေလဲ ပါလိမ့်မယ်ကွဲ့ ဗိုက်လေးရဲ့။
ဟာ…ဘကြီးမိုးရေ…ဟုတ်တယ်ဗျို့..ခု တာဝန်ရှိသူတွေက ပြည်သူတွေကို သတင်းစာထဲကနေ…တောင်ပန်းသတဲ့ဗျ……နောက် ခု နိုင်ငံခြားက မီးစက်ကြီးတွေကိုချက်ချင်းမှာယူပြီး…အချိန်မှန်အောင်လဲ ပေးလာပြီတဲ့ဗျို့။ နောက်လူကြီးတစ်ဦးက..အဆင်ပြေအောင်ကိုလုပ်ပေးမယ်..ဆိုပြီးတာဝန်ခံ သတဲ့ဗျ။ ဒါတွေဟာ ပြည်သူတွေကို လေးစားသင့်တယ်။ လေးစားရမယ်။ လေးစားပါပြီဆိုပြီး ထုတ်ဖော်လာတာတွေပဲ.နော် ဘကြီးမိုး….ကျွန်တော်က တော့ အရင်ကမှားခဲ့တာလဲ မှားခဲ့တာပေါ့။ အခုတော့လဲ မဆိုးဘူးလို့ ထင်တာပါပဲဗျ။ ….
အေး….အဲဒီလို မီးစက်တွေချက်ချင်းမှာ….ပြည်သူတွေ အသိပေးတောင်းပန်။ မီးကိုအချိန်မှန်အောင်ဂရုလဲစိုက်…နောက်ဆုံးတော့ ပြည်သူတွေကို ဂရုစိုက်ပြီလို့ သိလိုက်ရတာကိုက နည်းတဲ့တန်ဖိုးမဟုတ်ပါဘူးကွယ်။ ခုဆို ဒို့နိုင်ငံ ဒီမိုကရေစီပြောင်းလဲဖို့ ဒို့သမ္မတ ဦးသိန်းစိန်ကြီးလဲ မဖြစ်မနေလိုအပ်နေပြီ…. လိုအပ်နေတယ်လို့ ပြည်သူတွေအသိအမှတ်ပြုခံ လာရတာလဲ လူကြီးတွေအတွက်အားရှိစရာ။ လူကြီးတွေအတွက် သင်္ခန်းစာ ယူစရာပဲကွဲ့၊ ဟိုတလောက ဒို့သမ္မတကြီး ကျန်းမာရေးမကောင်းဘူးဆိုတော့ စိတ်ပူတဲ့ပြည်သူတွေ တော်တော်ရှိတယ် နော်…ဒါတွေဟာ အကောင်းဘက်ကိုသွားနေတယ်ဆိုတာရဲ့သက်သေတွေ ပါပဲ။
ကျွန်တော် သတင်းဋ္ဌာနတွေကနေကြားရတာကတော့ ထိုင်းကလူတွေနဲ့လဲ လျှပ်စစ်မီးကိစ္စတိုင်ပင်နေပါပြီတဲ့။ နောက်တရုပ်ကလဲ မြန်မာတွေလျှပ်စစ်မီး ရဖို့ သူတို့လဲ ကူညီချင်ပါတယ်လို့ပြောသံကြားရတယ်။ သူတို့ကတော့ လျှပ်စစ်သုံးနေတဲ့ ပစ္စည်းတွေကိုက ဟောင်းနွမ်းမကောင်းတော့လို့ဆိုပြီး တရုပ်က ထောက်ပြသတဲ့ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ခုလို အသံတွေကြားရတာ..စက်ကြီးတွေနဲ့ကို လုပ်လာတာတွေဟာ လျှပ်စစ်မီးလင်းတာထက် ပြည်သူတွေကိုလေးစားတယ်လို့သိရတာကိုက ဝမ်းသာမဆုံးပါဗျာ….
နောက်လူကြီးတစ်ဦးကလဲ…ကျွန်တော်တို့ကမရှိလို့ မပေးတာပါတဲ့။ ပြည်သူတွေကအပြစ်ပေးရင် ခံယူဖို့ပါပဲတဲ့။ ကျုပ်ကတော့ မီးမလင်းချင် နေဦး…ဒီလိုလေသံတွေ ဒီလိုစကားတွေ ကြားရတာနဲ့ကို ကျွန်တော်ဝမ်းသာ မဆုံးပါဗျာ….နောက်သမ္မတကြီးရဲ့အကြံပေးဆိုသူတွေကလဲ..ပြည်သူတွေကလဲ တတ်အားသမျှ လျှပ်စစ်မီးကိုချွေတာသုံးခြင်းနဲ့ပါဝင်ကြပါဦးတို့…. နောက်ဂျပန်တို့မှာ…ဓာတ်ပေါင်းဖိုတွေ ကသိကအောက်ဖြစ်တော့ ပြည်သူတွေက ချွေတာသုံးခြင်းနဲ့ ပါဝင်ကြောင်းတွေကိုလဲ ပြောတယ်လို့ ဆိုတယ်ဗျ….
အေး…..ဒါလဲဟုတ်တာပဲကွဲ့…ဒါပေမယ့်..သူတို့နိုင်ငံတွေမှာက အုပ်ချုပ်သူတွေကို ပြည်သူတွေက ယုံကြည်နေတယ်ကွဲ့။ ဒို့နိုင်ငံမှာက ပြည်သူတွေက အုပ်ချုပ်သူတွေကို မယုံကြည်ကြသေဘူး။ ခု ဦးသိန်းစိန် တစ်ဦးလောက်ကိုပဲ….ယုံချင်သယောင်ဖြစ်လာကာစပဲရှိသေးတယ်။ တကယ်လို့ ပြည်သူတွေကသာ အစိုးရက ပြည်သူတွေကို ချစ်ပါတယ်။ လေးစားပါတယ်လို့…ယုံကြည်ရင် ပြည်သူတွေလဲ ပါဝင်နိုင်ပါတယ်။ အဲဒီလို ယုံကြည်မှုမျိုးကတော့ ခုနေမှာအပြည့်အဝ ရဖို့မလွယ်သေးဖူးကွဲ့။
ဒို့ဗုဒ္ဓဘာသာမှာ သဒ္ဓီဓ ဝိတ္တံ….ပုရိသဿ သေဋ္ဌံ…ယောကျာ်းတစ်ဦး.. လူတစ်ယောက်အတွက် တန်ဖိုးအရှိဆုံးသောအရာဟာ သဒ္ဒါဆိုတဲ့ ယုံကြည်မှု လို့ ဘုရားက အာဠာဝကကိုပြောခဲ့တယ်။
ဒီနေရာမှာ….သဒ္ဒါ ယုံကြည်မှုဆိုတာ….ဘုရား..တရား..သံဃာ..စတာတွေ ကိုယုံကြည်ဖို့ထက်…ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့…ကိုယ့်မိသားစု…ကိုယ့် ဆွေမျိုး…ကိုယ့်ရပ်ရွာ..ကိုယ့်နိုင်ငံက လူတွေရဲ့ယုံကြည်မှုကိုရဖို့က အဓိကပဲ။
ဥပမာ စီးပွားရေးလောကမှာ…ကိုယ့်ကိုယုံကြည်သွားပြီ….ကိုယ့်ပစ္စည်းကို သုံးစွဲသူတွေက ယုံကြည်သွားပြီဆိုရင်..အဲဒါအောင်မြင်တော့တာပဲ။ ဒါကြောင့် ဘုရားက ယောက်ျားတစ်ဦးအတွက် တန်ဖိုးအရှိဆုံးသော အရာဟာ ယုံကြည်မှုလို့ ပြောခဲ့တာပဲ။
ဒီနေ့ ရွေးကောက်ပွဲမှာ အနိုင်ရတယ်ဆိုတဲ့သူတွေဟာလဲ ပြည်သူတွေက ယုံကြည်သူတွေကို မဲပေးလိုက်တာပဲ။ မယုံကြည်သူတွေကို မဲမပေးဘူး။ ဒါဟာ လဲ ကိုယ့်ကိုပတ်ဝန်းကျင်က ယုံကြည်မှုရှိဖို့ဆိုတာ မလွယ်ကြောင်းနဲ့ ယုံကြည် ပြီဆိုရင်လဲ…အရာရာ အောင်မြင်တော့တာပဲဆိုတာ လက်တွေ့သက်သေပဲ။ ဒါလဲ ဘုရားပြောတဲ့ ယောကျာ်းတစ်ဦးအတွက် တန်ဖိုးအရှိဆုံးအရာဟာ ယုံကြည်မှု ဆိုတဲ့စကားရ ဲ့ သက်သေပဲ။
ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေက ယုံကြည်မှုဆိုတဲ့(သဒ္ဒါ)ကို…ကိုယ့်ကိုယ်ကို ယုံကြည်မှု…ကိုယ့်ကိုပတ်ဝန်းကျင်က ယုံကြည်မှုရဖို့ဆိုတဲ့ယုံကြည်မှုကို မကောက်ယူကြပဲ….ကိုယ်က ဘုရား..တရား..သံဃာကိုယုံကြည်မှုလို့ အဓိပ္ပါယ်ဖွင့်ကြတယ်။ ကိုယ်က သူများကိုယုံတယ်ဆိုတာ လွယ်ပါတယ်။ ကိုယ့်ကိုသူများက ယုံဖို့..ယုံကြည်မှု ရဖို့ဆိုတာကတော့ မလွယ်ဘူးနော်။
လုပ်ချင်ရာလုပ်…ဘုရားကိုယုံရင် ကောင်းကင်ဘုံရောက်မှာ….ကောင်းတာတွေဘာလုပ်လုပ် ဘုရားကို မယုံရင် ဒုက္ခရောက်မှာဆိုတာ ဒို့ဗုဒ္ဓဝါဒ မဟုတ်ဘူးနော်။ ဒါကို သတိပြု။ဘကြီးမိုးကတော့ ဘုရားကိုလဲ မယုံစေချင်းဘူး တရားကိုလဲ မယုံစေချင်ဘူး။ ဘုရားကိုရော..တရားကိုရော..သိစေ မြင်စေချင်တာ။ ယုံတယ်ဆိုတာက မသိ မမြင်ဘူးဆိုတာရဲ အဓိပ္ပါယ်ဘဲ။
ကဲ ရှေနေလိမ့်မယ်…ဘကြီးမိုးနောက်ဆုံးပြောချင်တာကတော့…. အုပ်ချုပ်သူတွေအနေနဲ့ ပြည်သူတွေ ယုံကြည်အောင်လုပ်ပြကြပါ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရအောင်ကျိုးစားကြပါ။ ပြည်သူတွေကို လေးစား ကြပါ။ မီးအပြည့်အဝ မပေးနိုင်သေးရင်တောင်း နေ့စဉ်လို ရအောင်ကျိုးစားနေတဲ့အကြောင်း တင်ပြနေပြီး နေစဉ်သတင်းတွေထုတ်ပြန်ပေးပါ။ မီးမပေးနိုင်သေးရင်တောင် မီးထက်တန်ဖိုးရှိတဲ့ လေးစားမှု..ဆိုတဲ့အရာတွေကို ပေးလိုက်ပါလို့ ဘကြီးမိုးတော့ ပြောချင်တယ်ကွယ်။
ဦးဗိုက်ကလေး ကျေနပ်ပါတယ်နော်……

19 comments

  • windtalker

    May 24, 2012 at 8:45 pm

    ပြောတဲ့စကားတွေအတိုင်းသာ တည်အောင်လုပ်ပြမယ်ဆိုရင် ၊ ပြည်သူားအားလုံး စိတ်ချမ်းသာ ကျေနပ်ကြမှာပါ ဖရာ့ ။ ပြည်သူားတွေအနေနဲ ့လဲ ၊ အချိန်ကာလ “လေး” တစ်ခုလောက်တော့ စောင့်ပေးနိုင်ရင် ပိုကောင်းမှာပေါ့ ဖရာ့ ။ အခုရေတွင်းတူး အခုရေကြည်သောက် ဖို ့ဆိုတာမျိုးကတော့ ၊ ကျုပ်တို ့နိုင်ငံအနေနဲ ့ဘယ်လိုမှ ဖြစ်လာစရာ အကြောင်းမရှိသေးကြောင်းနဲ ့၊ ကျုပ် တို ့ ချစ်ခင်လေးစားတဲ့ အမေစုတောင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တာတောင်မှ ၊ ရည်မှန်းချက်အတိုင်း အပြည့်အဝ မပြည့်စုံနိုင်သေးတာ ကို ကြည့်ရင် သိသာနိုင်ကြောင်း ပါ ဖရာ့ ။

  • Gipsy

    May 24, 2012 at 8:59 pm

    ဟုတ်မှန် နင်းကီးကြောင်းပါ ….
    အရိပ်လိုရင် နေပူကစောင့်ရသတဲ့… စောင့်ကြည့်ကြရအောင်ပါ….။

  • ဇောက် ထိုး

    May 25, 2012 at 6:25 am

    အရိပ်ကိုလိုချင်လို့ နေပူက စောင့်နေရင် သိပ်ကြာနေမယ်..အဆင်ပြေမယ် မထင်ဘူး။ နေပူကိုဖြတ်လျှောက်လိုက်ကြရအောင်..မကောင်းဘူးလား။
    နေပူဖြတ်လျှောက်….
    အရိပ်ရောက်ဖို့…
    ချွေးပေါက်များစွာ ကျရမည်။

    လုံးလမစိုက်
    အပျင်းပိုက်လျှင်
    ယုံမိုက်လိပ်ကို
    ရှုံး လိမ့်မည်။

  • aye.kk

    May 25, 2012 at 7:15 am

    ဇောက်ထိုးရေ..
    ဖယောင်းတိုင်တွေကိုယ့်အိမ်မှာမီးလေးထွန်းပြီးပိတ်ထားပါတဲ့..
    အားလုံးအဆင်ပြေသွားမယ်ဆိုပဲ..။
    သတင်းတပုဒ်ထဲမှာဖတ်လိုက်ရတာပါ..
    အဲဒီစာပိုဒ်ကသူကိုယ်တိုင်မီး(၂၄)နာရီရနေပြီးပြောနေတာဆိုတော့ပြည်သူတွေကို..
    ပြောအားရှိလိုက်တာနော်လို ့ဘဲပြောချင်ပါတာ့တယ်….(ဖွတ်ဦးနှောက်မို ့လေ)။။

  • ahnyartamar

    May 25, 2012 at 9:53 am

    အုပ်ချုပ်သူတွေအနေနဲ့ ပြည်သူတွေ ယုံကြည်အောင်လုပ်ပြကြပါ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရအောင်ကျိုးစားကြပါ။ ပြည်သူတွေကို လေးစား ကြပါ။ မီးအပြည့်အဝ မပေးနိုင်သေးရင်တောင်း နေ့စဉ်လို ရအောင်ကျိုးစားနေတဲ့အကြောင်း တင်ပြနေပြီး နေစဉ်သတင်းတွေထုတ်ပြန်ပေးပါ။ မီးမပေးနိုင်သေးရင်တောင် မီးထက်တန်ဖိုးရှိတဲ့ လေးစားမှု..ဆိုတဲ့အရာတွေကို ပေးလိုက်ပါလို့

    ဇောက်ထိုးရေ…သမ္မတကြီးကတော့ အထက်ပါအတိုင်း ဒီရက်ပိုင်းတွေမှာလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးတွေမှာ သူ့ရဲ့ဝန်ကြီးအဖွဲ့ကိုအဆက်မပြတ်ပြောနေတာတွေကိုတွေ့ရ၊ မြင်ရ၊ ဖတ်ရပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ ထွက်လာတဲ့သတင်းတွေကအရတော့ သမ္မတကြီးလည်းပြောင်ချင်တာပြော၊ ငါတို့လည်း လုပ်ချင်တာလုပ်မယ်ဆိုတဲ့အဘောဖြစ်နေတယ်။ ဒီနေ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ခေါင်းဆောင် (ဦး)ကိုကိုလိူင်ပြောသွားတဲ့လျှပ်စစ်မီးကိစ္စဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လောက်ခံပြင်းစရာကောင်းလဲ။ ပြီးတော့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်ရဲ့ရန်ကုန်သက္ကသိုလ်နှင့် ပတ်သက်သော အိတ်ဖွင့်ပေးစာကျတော့ ပြည်သူတွေ မျှော်လင့်နေတဲ့ကိစ္စမို့ထင်တယ် နိုင်ငံရေးအကြံပေး အဖွဲ့မှ ဦးကိုကိုလှိုင် ဦးဆောင်ပြီး ဒေါက်တာနေဇင်လတ်နှင့် အခြားအကြံပေးပုဂ္ဂိုလ်တို့မှ သတင်းထောက်များ၏ မေးမြန်းချက်တို့အားဒီလို ပြန်လည်ဖြေကြားခဲ့တယ်ဗျာ။

    ယင်း (ဒေါက်တာဦးမြင့်)၏ ပုဂ္ဂလိက ဆန္ဒအလျောက် ရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးအနေဖြင့် ကြိုတင် သိရှိခြင်းလည်းမရှိ၊ နိုင်ငံတော်သမ္မတရုံး၏ သဘောထား တစ်စုံတရာ ထင်ဟပ်ခြင်းလည်း မရှိပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းဖော်ပြထားခဲ့သည်။

    နိုင်ငံတော်သမ္မတရုံးမှာ (ဦး) ကိုကိုလိူင် မောက်မာနေပြီ၊ ပြည်သူတွေကသူ့ကိုဆုံးမဖို့လိုနေပြီ။

  • ဗိုက်ကလေး

    May 25, 2012 at 10:49 am

    ကျေနပ်ပါပြီး အူးဘဇင်းဇောက် ခင်ဗျား
    အဆိုးထဲက အကောင်းလေးတွေ လဲ မြင်မိပါတယ်..ပြည်သူတွေအနေနဲ ့
    အစိုးမရကို ယုံကြည်မှု အတော်ပဲ နဲကြပါတယ်….များစရာဖြစ်အောင်လဲ ရာဇဝင်က မရှိခဲ့ဘူးကိုးဗျ..
    အကုန်ပူးပေါင်းပါဝင်လာအောင် အစိုးမရက ယုံကြည်မှုရအောင် လုပ်ပြစေချင်သပေါ့ နောာ..
    ပိုလို ့ရောင်းတာတွေ ဘာတွေ လျှောက်ပြော..ပြီးတော့ မလောက်…လိုအပ်တဲ့နေရာတွေ မပေး..မလိုတဲ့ လယ်ကွင်းထဲ သွားထွန်းပြတော့ ခံရပိုခက်သပေါ့ဗျား..ဒီကြားထဲ မိုင်းခွဲတဲ့ငချင်ကြောင့် အကြောင်းပြလို ့ပိုကောင်းသွားသပေါ့လေ..

    များတို ့ကတော့ ငမွဲပီပီ မီးမလောက်လဲ အကျင်္ ီချွတ် ပုဆိုးခါင်းတောင်းကျိုက်ပြီး နေနိုင်တယ်(ကာလတိုပေါ့)
    မလောက်တဲ့မီးကို..အဓိကလိုအပ်တဲ့နေရာတွေတော့ အရင် ပေး.ပေါ့….(အဓိကလိုအပ်တဲ့နေရာတွေထဲ များတော့မပါဘူး..လတ်တလော များ..မီးမရလို ့ တိုင်းပြည်ဘာမှ မထိခိုက်သွားဘူး.အေးချေး..)

    တာဝန်ရှိသူတွေ ၊ တာဝန်ယူထားသူတွေ တစ်တိုင်းပြည်လုံး မီးရဖို ့အတွက် အမြန်ကြိုးစားသင့်ပါပြီ.
    မလုပ်နိုင်ရင် နေရာက ဖယ်ပေးလိုက်ပါ..နားလည်သိကျွမ်းတဲ့ ပညာရှင်တွေနဲ ့ရှာပြီး အစားထိုးစေချင်ပါဒယ်
    ကျုပ်အမြင်ကတော့ မိုးနတ်မင်းတွေ..စနစ်ဘလစ်တွေ..တလုပ်ကြီးတွေ..သဘာဝရင်းမြစ်ဒွေ နားမလည်ဘူး
    လျှပ်စစ်မီးမလောက်တာ လျှပ်စစ်ဝန်ဂျီး ချီးပေလို ့ပဲ ဖြစ်တယ်လို ့ပြောပါရစေ..

  • MTY

    May 25, 2012 at 10:52 am

    ဒီPost ကိုထောက်ခံသဗျာ။
    လောကကြီးမှာယုံကြည်အောင်လုပ်ဖို့ဆိုချက်ချင်းမရနိုင်သလို
    ယုံကြည်မှုရှိပြီဆိုလို့ကတော့ဘာမဆိုကောင်းပြီသာမှတ်၊ဒီသဘောတရားတွေ
    လူတိုင်းသိပါတယ်ဗျာ။
    လုံးလမစိုက်လို့ကတော့ဘုရားလဲမကယ်နိုင်ပါ။

  • kai

    May 25, 2012 at 11:30 am

    သတိထားပြိးကြည့်နေတာ..
    နာမယ်ကသာဇောက်ထိုး.. ရေးလိုက်… အတည့်တွေချည်းပဲ..
    သာဓု ၃ကြိမ်ခေါ်ပါ၏..။

    ဆိုတော့..
    ဂြိုလ်တုကကြည့်တာ.. နေပူတော်လည်း ညညမှောင်နေတာတွေရှိတယ်တဲ့..
    နေပူတော်လည်း ခုရက်ပိုင်းတွေ.. မီးဖြတ်ထားပုံရပါတယ်..။ 🙂

    • ဗိုက်ကလေး

      May 25, 2012 at 11:57 am

      အဓိက လမ်းမီးတွေတောင် ဓာတ်တိုင်သုံးတိုင်ကြားမှာ တစ်တိုင်လောက်ပဲ မီးထွန်းထားတယ်ပြောတယ်ခင်ည

      တစ်မီးတဲမီးနေတဲ့လူတွေအတွက် သတင်းကောင်းလေးလို ့ယူဆလို ့..ဧရာဝတီသတင်းကဟာလေး ကူးတင်ပေးပါရစေ

      လျှပ်စစ် ဝန်ကြီးဌာနက မီးရရှိရေး ကြိုးစားလုပ်ဆောင်နေမှုများ
      သတင်းစာ ဓာတ်ပုံ-http://2.bp.blogspot.com/-bVhV7vouTyg/T73hL5Sr26I/AAAAAAAABa4/ibgfRuPeMJw/s1600/EEE.jpg
      အများပြည်သူ လျှပ်စစ်မီးရရှိရေး အတွက် ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကြေငြာချက်ကို ယနေ့ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါတယ်။

      နွေရာသီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေချိန်တွင် အများပြည်သူများ အတွက် ဓာတ်အား ပြတ်တောက်မှုများသည့် နေရာများတွင် သောက်သုံးရေ ရရှိရေးနှင့် ညဘက် မီးရရှိရေးတို့တွက် လက်ရှိ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်များအပြင် ထပ်မံဝယ်ယူ ဖြည့်တင်းပြီး ဖြန့်ဖြူးပေးနေပါတယ်။

      ၎င်းအပြင် အမေရိကန်နိုင်ငံ Caterpillar Co,.ltd မှ 2 mw မီးစက် (၁၀) လုံးကိုလည်း လေယာဉ်ဖြင့် တင်ပို့ရန် စီစဉ်နေပြီး တစ်ပတ်အတွင်း မြန်မာပြည်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

      ရောက်ရှိပါက လျှပ်စစ်ဓာတ်အား လိုအပ်သောနေရာများသို့ ဆက်လက် ပေးပို့နိုင်မှာ ဖြစ်ကြောင်းနှင့်
      ဓာတ်အား ဖြန့်ဖြူးပေးပို့သွားနိုင်မှာဖြစ်ပါတယ်။

      ထပ်မံ၍လည်း ဓာတ်အားပမာဏ 1 MW ထွက်ရှိသော ဒီဇယ် ဓာတ်အားပေးစက် (၆) လုံးကိုလည်း စင်္ကာပူနိုင်ငံမှ မှာယူ၍ တစ်ပတ်အတွင်း မြန်မာပြည်အရောက် ပို့ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း General Electric Co,.ltd မှလည်း ၂၅ မဂ္ဂဝပ် ထုတ်လုပ်နိုင်သော Gas Turbine (၂) လုံးကို ဝယ်ယူရေးဆောင်ရွက်လျှက်ရှိပြီး ၎င်းစက်(၂) လုံးမှာ မြန်မာနိုင်ငံသို့ အမြန်ဆုံးရောက်ရှိရေး အတွက် ဆောင်ရွက်လျှက်ရှိပါကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါတယ်။

      တဖက်မှာလဲ မီးရရှိရေးအတွက် ဆန္ဒ ထုတ်ဖော် တောင်းဆိုသူများကိုလဲ ရိုက်နှက် ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ် လိုလဲ သိရှိရပါတယ်။
      မူရင်းလင့်ခ်-http://www.irrawaddyblog.com/2012/05/blog-post_9920.html

  • manawphyulay

    May 25, 2012 at 12:11 pm

    နာမည်နဲ့ လူနဲ့ မလိုက်သလိုပါပဲလား… ကပြောင်းကပြန်တွေ ပြောနေတယ် အတည့်ပြောပါဟ…

  • ဇောက် ထိုး

    May 25, 2012 at 5:46 pm

    ဦးဗိုက်ကလေးနဲ့ ဂေဇက်ရွာမှ မိတ်ဆွေများခင်ဗျာ…ကျွန်တော်ကို သူကြီးခိုင်က ပြောပါတယ်။ နာမည်ကသာ ဇောက်ထိုး..ရေးလိုက် အတည့်တွေချည်းပဲတဲ့။ ကျွန်တော်ကတော့လဲ အရာရာမှာ ဇောက်ထိုးတွေပဲမြင်နေရပါတယ်။ အကယ်လို့..ကျွန်တော့် အမြင်က အတည့်တွေဖြစ်နေတာဆိုရင်ဖြင့်………………….
    ဦးဦးဗိုက် ခုလိုပြောလို့ သားသားကိုရိုက်နဲ့နော်…..
    သူကြီးခိုင်ကိုလဲ တခါတခါ စိတ်နာတယ်။ သူ့ရွာမှာလဲ ကျောင်းလာ ထိုင်ရသေးတယ်။ အမြဲဆွမ်းမလောင်းချင်ဘူး။ တခါတခါ အားငယ်တယ်။ ဟိုနေ့ကဆို….ဦးဦးဗိုက်က လာငေါက်တာနဲ့…ဦးပေက အားတင်းထားဖို့ လာလျှောက်တယ်….ဒီနှစ်ဦးထဲပို့တဲ့ဆွမ်းကိုဘုန်းရတယ်။

    • windtalker

      May 25, 2012 at 8:13 pm

      နောက်ကို ဦးဘဇင်း ကောင်းကောင်းဘုန်းဖို ့
      မာမီဂျော်နီပု ကို ဆွမ်းချက်တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း ရယ်ပါ ဖရာ့

  • Khin Latt

    May 25, 2012 at 8:35 pm

    ကိုယ်တော် –

    ဒီလောက် တရားတွေ ဟောနေပြီး လက်တွေ့မကျင့်နိုင်ဘူး ထင်ရဲ့။
    ကိုယ်တော် ဟောတာကို လူတွေက တုန့်ပြန်ဖို့ လိုချင်လို့ ဟောတာလား။
    ကိုယ်တော်က လူတွေကို အမှန်မြင်စေချင်တဲ့ စေတနာနဲ့လား။

    Post တွေကို ကြိုးစားပြီး ဖတ်တော့ ဖတ်ပါတယ် ကိုယ်တော်ရေ။
    မန့်ဖို့က အဲဒီ တရုတ် နဲ့ နပမ်းလုံးနေရလို့။ (တရုတ် = အချိန်)

    ဒီတစ်ခါ မှာလဲ သာဓု အခါ တစ်ထောင် ခေါ် သွားပါတယ်။
    နည်းသေးလား ကိုယ်တော်။ 😀

  • ဇောက် ထိုး

    May 25, 2012 at 11:10 pm

    အဲဒီ ဒါယိကာမကြီးက..သူပေါ်လာချင်လာတယ်။ မျှော်နေရင် လာချင်မှ လာတာ။ မလာလို့စိတ်နာပြီး မမျှော်တော့ဘူးဆိုရင်လဲ…ရောက်လာချင် လာတာပဲ။မျှော်လို့သာမျှော်ရတာ…လာရင်လဲ ငေါက်သွား ဟောက်သွား တာနဲ့…တော်ဘီ..
    သူ့ပြောတာတော့ တရုပ်နဲ့ နပန်းလုံးနေရလို့တဲ့။ သူများလဲ တရုပ်နဲ့ ပါပဲ။ဟို ဒကာပေကလဲ…တာဝန်ကျေပြီးရော့ သူများကို တာဝန်ပေးသတဲ့.. သာဟတ္ထိက..ကိုယ်တိုင်ကိုယ်ကျဆိုတာ ခုထိပြောရတုန်း…
    ဦးပေကိုအမှတ်ရလို့ တခါထဲပြောလိုက်မယ်။ သုံးထောင်စား ဝက်သားဆွမ်းကို ကပ်ပြီးတော့ အဲဒီလက်ရာကိုစွဲသွားပြီ..နောင်ကို အဲဒါမျိုး ကပ်နိုင်အောင်လုပ်။ ရွာသာတွေကိုလဲ အဲဒါမျိုးကျွေးနိုင်အောင် ကျိုးစား။ ဒါ ဘဲ …ဟိုဟာ……..

  • ငှက်ကလေး

    May 25, 2012 at 11:33 pm

    ပြည်သူတွေကို လေးစားပါတယ်ဆိုပြီး တတောင်းထဲတောင်း တပန်ထဲပန်နေလို့လည်း မဖြစ်ချေဘူးမှုတ်လား၊ ကတိလေးတော့တည်ပလေ့စေပေါ့၊ ကျုပ်တို့ကတော့ မီးပျက်တာ ယိုးဟိုးဟိုးနေပါပြီဗျာ။ အစိုးရက စကားလုံးချိုချိုလေးတွေသုံးပြီး ကြိုးရှည်ရှည်နဲ့လှန်ထားတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့။ စောင့်တာကတော့ စောင့်နိုင်ပါရဲ့၊ အကောင်းဆုံးကြိုးပမ်းကြစေလိုပါရဲ့၊ ဆန္ဒတွေပြနေတာတော့ ခုရက်ပိုင်းသိပ်သဘောမတွေ့ လှပါဘူး။ ဘာကိုတောင်းနေကြပါလိမ့်လို့….

  • ဗိုက်ကလေး

    May 26, 2012 at 10:48 am

    အူးဇောက်ရယ်
    အားမငယ်ပါနဲ ့
    မာမီပု ယိုုးဒယားက ဖြတ်ဖောက်ချုပ်လုပ်ပြီး ကျန်လာရင် အာလဘွား အခါတစ်ရာ လာပေးပါလိမ့်မယ်

  • amatmin

    May 26, 2012 at 11:44 am

    နောက်ဆုံးမှာ ပြောထားတဲ့ အချက်လေးတွေကို သဘောကျလို့
    လက်မထောင် အားပေးသွားပါတယ် ဗျာ..
    ကျနော်တို့ ပြည်သူတွေအတွက်.တကယ်လုပ်နေကြောင်းမြင်သိလာရင်..
    အစိုးရလုပ်ရပ်များကို ယုံကြည်လာမှာ အသေအချာပါပဲ ..

Leave a Reply