“ ကြွက် ” mouse , Mickey and Hamster

Don Juan RonaldMay 27, 20124min17313

အား လုံး မင်္ဂလာ ပါ ~~~[em:2:][em:2:][em:2:]

 

ကြွက် သေ တ ကောင် အရင်း ပြု ။

လွန် ခဲ့ သော နှစ် ပေါင်း ၅ဝ ကျော် လောက် က ၊ အ များ  ပြည် သူ ၏ ဆန္ဒ မဲ ဖြင့် ရွေးကောက် တင်မြောက် ထား သော ဦးနု အစိုးရ  ခေတ် မှာ ကျနော် တို့ အလယ်တန်း ဗမာ စာ ဖတ်စာ အုပ် ထဲ တွင် “ ကြွက် သေ တ ကောင် အရင်း ပြု ” ဆို သော သင်ခန်းစာ တစ် ပိုဒ် ကို သင် ကြား ရ ပါ သည် ။

 ၎င်း သင်ခန်းစာ ၏ အကြမ်းဖျင်း ဆိုလိုရင်း မှာ လူ တ ယောက် သည် ကြွက် သေ တ ကောင် ကို ယူ ၍ ၊ ကြောင် မွေး ထား သော လူ ကို သွား ရောက်  ရောင်း ချ ပြီး ရ လာ သော ငွေ ဖြင့် တ စ ၊ တ စ ခြင်း ကြိုးစား အား ထုတ် ပြီး အလုပ် လုပ် ခဲ့ ရာ နောက် ဆုံး သူဌေး ဖြစ် သွား သည့် အ ကြောင်း ဖြစ် ပါ သည် ၊ သေချာ အ ပြည့် အ စုံ ကို တော့ မ မှတ်မိ တော့ ပါ ( ဤ သင် ခန်း စာ ကို အပြည့်အစုံ မှတ် မိ သော ပုဂ္ဂိုလ် များ ရှိ ရင် မ စ ပေး ပါ ရန် ၊ ကျေး ဇူး တင် ပါ သည် ) ၊ ထို ဖတ် စာ အုပ် ပြု စု သူ ၏ စေတနာ က တော့ လူ တွေ ကြိုးစား အောင် အား ပေး ထား ချင်း ဖြစ် ပါ သည် ။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နေ့ နောက် ပိုင်း ဗိုလ် ရှုမောင် တို့ အုပ်စု ( ပြည်သူ့ မျိုး ချစ် တပ်မတော် ဆို လား ? ) တိုင်း ပြည် ကို အတင်း အဓမ္မ အုပ်ချုပ် လာ တဲ့ အခါ ၊ ဒီ “ ကြွက် သေ တ ကောင် အရင်း ပြု ” ဆို သော သင်ခန်းစာ သည် ခေါင်း ပုံဖြတ် အရင်းရှင် စနစ် ဆိုး အတွေးအခေါ် ဖြစ် ပြီး ၊ မြန်မာ့နည်းမြန်မာ့ဟန် ဖြင့် ချီ တက် နေ တဲ့ ဆိုရှယ်လစ် စနစ် နဲ့ လုံး ဝ မဟပ်ဆပ်  သည့် အ တွက် ၊ ၎င်း သင်ခန်းစာ ကို လုံး ဝ သင် ကြား ခွင့် မ ပြု တော့ ပါ ။ အ ကြောင်း ရင်း က တော့ ရှင်း ပါ သည် ကြွက် သေ ကို အ ရင်း ပြု သော သူ သည် ဦးဏှောက် ကို အ ခြောက်ခံ ၊ ဉာဏ် ကို အ သုံး ပြု ပြီး အချိန် အ တော် ကြာ ကြိုးစား မှ သူဌေး ဖြစ် လာ နိုင် ခဲ့ ပါ သည် ။ “ ပြည်သူ့ မျိုး ချစ် တပ်မတော် ” တွေ ရဲ့ လုပ် ပုံ က တော့ မ တူ ပါ ၊ ၎င်း တို့ ၏ စွမ်း ရည် သည် အ လွန် ထက်မျက် ပြီး  short to the point ဘဲ လုပ် တတ် သည် ၊ ဥပမာ –

 ပြည်သူ့ မျိုး ချစ် တပ်မတော်  သည် ၎င်း တို့၏ ဗျောက် များ ( ကျ နော် တို့ ခေတ် မှာ ခြောက်လုံးပြူး သေနတ် ကို ဗျောက် ဟု တင်စား ထားသည် ) ကို ခါး မှာ ချိတ် ၍ ၊ သူ တပါး ၏ စတိုးဆိုင် များ ၊ ကုမ္ပဏီ များ ၊ စက်ရုံ များ ၊ ဆေးရုံ များ နှင့် စာ သင် ကျောင်း များ ထဲ သို့ ဝင် ရောက် သွား  ပြီး “ နိုင်ငံတော် ၏ ရှေး ရေး ကို မျှော် ကိုး ၍ အ များ ပြည် သူ ၏ အကျိုး ကို ရှေ့ရှု လျက် ၊ မြန်မာ့ နည်း မြန်မာ့ ဟန် နှင့် အ ညီ ၊ ချီ တက် နေ တဲ့ ဆိုရှယ်လစ် စီးပွား ရေး စနစ် ၏ လို အပ် ချက် အရ ၊ ဒါ တွေ အား လုံး ကို အများ ပြည် သူ အတွက် ပြည်သူ ပိုင် သိမ်း လိုက် ပါ ပြီ ” တဲ့ ။

 ကဲဗျား ~~ ဟို လူ က ကြွက် သေ ကြီး ကို ကိုင် ပြီး ကားယား ကားယား နဲ့ ကြောင်ကြီး ကို လိုက် ရှာ ၊ ဟုတ် ပေါင် ယောင် လို့ ၊ ကြောင် မွေး ထား တဲ့ လူ ကို လိုက် ရှာ နေ တုံး မှာ ၊ သူ များ ပြည်သူ့ မျိုး ချစ် တပ်မတော် ဟာ နေ့ချင်း ညချင်း စတိုးဆိုင် ပိုင် ရှင် များ ၊ ကုမ္ပဏီ ပိုင် ရှင် များ ၊ စက်ရုံ ပိုင် ရှင် များ ၊ ဆေးရုံ ပိုင် ရှင်များ နှင့် စာ သင် ကျောင်း ပိုင် ရှင် များ ဖြစ် ကုန် ကြ ပြီ ၊ တကယ် တော့ ၊ ကိုယ် နဲ့ မဆိုင် တာ ၊ ကိုယ် က မကျွမ်း တာ လျှောက် ဝင် လုပ် ၊ ဝင် ဖက်စွက် တော့ ဒီ လို နဲ့  နောက် ကြောင်း ဘယ် လို ဆက် သွား ဘယ် လို ဖြစ် သွား တယ် ဆို တာ အ များ အ သိ ဘဲ ပေါ့ ။

ထို့ ကြောင့် ယခု ခေတ် ခ လေး တွေ အရင် ခေတ် လူ ကြီး တွေ လို ဘာ မ ဆို အလကား ရ ချင် တဲ့ စိတ် ဓါတ် မ ရှိ စေ ရန် ၊ အဲ လို မျိုး စိတ်ဓါတ် မ မွေး ရန် နှင့် အလုပ် ကို ကြိုးစား စိတ် ရှိ အောင် ၊ ထို “ ကြွက် သေ တ ကောင် အရင်း ပြု ” ဆို သော သင်ခန်းစာ ကို ပြန် လည် ပြဌာန်း သင် ကြား ပေး သင့် ပါ ကြောင်း ။  [em:3:] [em:3:] [em:3:]

 ကြွက် တ ကောင် ရဲ့ တန် ဖိုး (၁) ။

ဗမာ ပြည် မှာ နေ ခဲ့ စဉ် က အ ကယ် ၍ နေ အိမ် တွင် ကြွက် များ သောင်း ကျန်း ရင် များ သော  အား ဖြင့် ကြွက် ထောင်ချောက် အညှပ် မျိုး နဲ့ ထောင် ဖမ်း လေ့ ရှိ ပါ သည် ၊ ထိုင်ဝမ် နိုင်ငံ မှာ တော့ အဲ ဒီ လို ညှပ် တဲ့ ထောင်ချောက် ကို ဝယ် ချင် ရင် ဝယ် လို့ မ ရ ပါ ၊ ရောင်း တဲ့ လူ ကို အစိုးရ က တိရစ္ဆာန် ညှဉ်းပန်း နှိပ်စက် ခြင်း ဥပဒေ နဲ့ အ ရေး ယူ နိုင် ပါ သည် ။  ဒီ အ ကြောင်း မ သိ လို့ ဗမာ ပြည် ပြန် တုံး က ကြွက် ထောင်ချောက် အညှပ် ကို ဝယ် ခဲ့ မလို့ စဉ်း စား မိ သေး တယ် ၊ ကံ ကောင်း လို့ မ ဝယ် ဖြစ် ခဲ့ တာ ၊ နို့ မ ဟုတ် ရင် လေ ဆိပ် မှာ ဒါဏ် ငွေ ကောင်းကောင်း လေး ဆောင် ရ ပါ လိမ့် မယ် ။

ကျနော် တို့ ထိုင်ဝမ် မှာ  ကြွက် ဖမ်း ခြင် ရင် ၊ ကြွပ် ကို ကပ် နိုင် တဲ့ ကော်စေး ချပ်ပြား ကို သုံး ရပါ တယ် ၊ ၎င်း ချပ်ပြား ကို တ ခါ ဝယ် ရင် နှစ် ချပ် တွဲ ထိုင်ဝမ် ဒေါ်လာ ၆ဝ ပေး ရ ညပီး 2 US $  လောက် ပေါ့ ၊ ဒါ ကြောင့် တချပ် ကို ကြွက် တ ကောင် တည်း သာ ဖမ်း မိ မယ် ဆို ရင် အဲ ဒီ ကြွက် ၏ တန် ဖိုး ဟာ တစ်$ ပေါ့ ၊ ဖမ်း မိ သော ကြွက် ဦး ရေ များ သည့် အ မျှ ကြွက် ရဲ့ တန် ဖိုး လည်း လျှော့ ကျ သွား နိုင် ပါ သည် ။ [em:3:] [em:3:] [em:3:]

 

ဘယ်ကြွက်က သွား ချိတ် မှာ လဲ ?

တရံရောအခါ အစား အ သောက် ထုတ် လုပ် သော စက် ရုံ တ ရုံ ၌ ၊ ရာ ဂ ဏန်း နှင့် ချီ သော ကြွက် များ သည် ပျော် ရွှင် စွာ စား သောက် ပြီး နေ ထိုင် ကြ ပါ သည် ၊ စက် ရုံ ပိုင် ရှင် သည် ဂျပန် နိုင်ငံ မှ လွန် စွာ အ စွမ်း ထက် သော ကြောင်ကြီး တ ကောင် ကို ပင့် ခဲ့ ပါ သည် ၊ ကြောင် ကြီး သည် လည်း တာ ဝန် ကျ ရာ သို့  ရောက် ရောက် ချင်း ၊ ကြွက် များ ကို ပါးစပ် တွင် တ ကောင် ၊ ခံ တွင်း တွင် တ ကောင် ၊ အာ ခေါင် မှာ တ ကောင် ၊ အစာ အိမ် မှာ တ ကောင် ၊ အူ မ မှာ တ ကောင် ဆက် တိုက် စား သုံး ပြ လိုက် ပါ သည် ။

( အ ထက် ပါ ကြောင် ကြီး သည် ၊ ကျနော် မျိုး အင် မတန် မှ ရိုသေ လေး စား သော ရွာ ထဲ မှ ဆရာကြီး ကြောင်ကြီး ဖြစ် လိမ့် မည် ဟု ကျနော် မျိုး လုံး ဝ မ ယူ ဆ မိ ပါ ၊ ယူ လည်း မ ယူ ဆ သင့် ပါ ၊ အ ကယ် ၍ ဟုတ် ခဲ့ ရင် လည်း တိုက်ဆိုင် မှု တာ ဖြစ် ပြီး  တောင်း ပန် ပါ သည် )

ကြွက် များ သည် ကြီးမား သော အန္တရာယ် ကို သိ မြင် လာ ကာ ၊ အ ရေး ပေါ် ညီလာခံ ( ဘာ ကြောင့် အစ် ကို ဖြစ် တဲ့ လူ က လာ မ ခံ တာ လည်း စဉ်း စား လို့ မ ရ ပါ ) ခေါ် ယူ လိုက် ပြီး ၊ အောက် ပါ ဆုံးဖြတ် ချက် ကို ကန့် ကွက် မဲ လုံး ဝ မရှိ ဘဲ အ တည် ပြု လိုက် ပါ သည် ။

“ ကြောင် ကြီး ၏ လှုပ်ရှား မှု ကို ကြို တင် သိ ရှိ နိုင် ရန် ၊ ကြောင် ကြီး ၏ လည်ပင်း မှာ Bell တ လုံး သွား ရောက် ချည်နှောင် ထား ပေး သင့် ပါ ကြောင်း ”

အချိန် နှစ် ပါတ် ခန့် ကြာ သွား သော် လည်း Bell သွား ချည် တဲ့ ကောင် ကို ရွေး ချယ် တင် မြောက် နိုင် ခြင်း မ ရှိ ခဲ့ ပါ ။ ထို အ ခါ  ကြွက် အစည်းအရုံး ဥက္ကဌ သည် ၊ တရုတ် ပြည် ကြီး ၏ ဟောင်ကောင် တွင် ရှိ သော Walt Disney မှာ အ လုပ် ဆင်း နေ သည့် Mickey Mouse ကို လှမ်း ပြီး အ ကူအညီ တောင်း လိုက် ပါ သည် ၊ Mickey က ကြွက် အစည်းအရုံး ဥက္ကဌ ထံ သို့ အောက် ပါ အကြံအဉာဏ် ပေး လိုက် ပါ သည် ။

GPS system ပါ သော smart phone တ လုံး ကို ကြောင်ကြီး အား ဆက်သ လိုက် လျှင် ၊ ကြောင်ကြီး ၏ သွား လာ လှုပ်ရှား မှု အား လုံး ကို ဂြိုလ်တု က နေ တ ဆင့် ထပ် ချပ် မ ကွာ သိ ရှိ နိုင် ပါ သည် ဖြစ် ကြောင်း ၊ ယခု အ ခါ ကြောင်ကြီး နဲ့ ပါတ်သက် နေ သော အရာ အား လုံး ကို အ နောက် ပိုင်း သတင်း ရပ် ကွက် မှ အနီးကပ် လေ့လာ သုံးသပ် လျှက် ရှိ နေ ပါ ကြောင်း ။[em:3:] [em:3:] [em:3:]

 

ကြွက် တ ကောင် ရဲ့ တန် ဖိုး (၂ ) ။

လွန် ခဲ့ သော နွေရာသီ ကျောင်း ပိတ် ရက် ၊ ကျနော့ အဘွားကြီး ( မိုင် ဝိုက်F ်) ၏ တူမ ဖြစ်သူ ဗမာ ပြည် မှ ထိုင်ဝမ် သို့ တက္ကသိုလ် လာ တက် သော ကောင်မလေး သည် ၊ သူ မ တက် ရောက် သော ကျောင်း မှ တရုတ် ပြည် ကြီး သို့  summer camp သွား ရန် ရှိ ပါ သ ဖြင့် ၎င်း မွေး ထား သော pet ဖြစ် တဲ့ ကြွက် မျိုး ရင်း ထဲ က Hamster လေး တ ကောင် ၊ အ ဆောင် တွင် ကြည့် ရှု စောင့် ရှောက် ပေး မည့် လူ မ ရှိ သည့် အ တွက်  ၊ သူမ ၏ အဒေါ် ( မိုင် ဝိုက်F ်) ထံ လာ ရောက် အပ် နှံ ထား သွား ပါ သည် ။ သုံး ရက် ခန့် ကြာ တဲ့ အ ခါ ၊ ထို ကြွက် ကလေး ဟာ မစားမသောက် ဘဲ နုံး နေ တော့ သည် ၊ အဘွာ ကြီး လည်း လန့်ဖြတ် ပြီး ၊ သူ များ တကူးတက ကြီး လာ အပ် ထား တာ ၊ တခုခု ဖြစ် သွား ရင် အားနာ စရာ ကောင်း တယ် ဆို ပြီး ၊ ဆိုင်ကယ် နဲ့ ကြွက် ကို မ ၍ pet ဆေးခန်း ကို သွား ပြ တာ ပေါ့ ။

pet ဆေးခန်း တော့ အ များ ကြီး ရှိ ပါ တယ် ၊ သို့ သော် လည်း များ သော အား ဖြင့် ခွေး နှင့် ကြောင်ကြီး ကို သာ ကုသ  ကြ တာ များ တယ် ၊ အဘွား ကြီး လည်း တ ဆိုင် တက် တဆိုင်  ဆင်း နဲ အဲ ကလို လိုက် လှန် စုံစမ်း ရှာဖွေ ရာ ၊ Taipei County မှ Taipei City သို့ ရောက် သွား ပြီး ၊ ဆေး ခန်း ကို တွေ့ လိုက် သော် ငြား လည်း ၊ ဆေး ခန်း က ကောင် မ လေး က ဘွား တော် ကို “ အန်ဒီ ~ booking လုပ် ထား သလား ? မ လုပ် ထား ရင် ဒီ နေ့ လုပ် ထား လိုက် ၊ ပြီး ရင် မနက်ဖြန် မှ လာ ပြ လိုက် ” တဲ့ ။

အဘွား ကြီး လည်း မ နဲ တောင်း ပန် ပြီး “ အန်ဒီ စောင့် နေ မယ် အားလုံး ပြီး လို့  နောက် ဆုံး မှ ကြည့် မယ် ၊ ဒီ နေ့ ကြည့် ဖြစ် အောင် လုပ် ပေး လိုက် ပါ ”

နှစ် နာ ရီ ခန့် ကြာ သော အ ခါ ဘွားတော် အ လှည့် ၊ ဟုတ် ပေါင် ကြွက် အ လှည့် ။

အမယ် ~~~ကြွက် ကို လည်း file တွဲ နဲ့ဗျ ၊ P C ထဲ ကို လည်း ရိုက် သွင်း ရ သေး တယ် ။

နာမည် ၊_ _ _

အသက်၊_ _

မွေးနေ့၊_ _ _ _

အ ထက် ပါ သုံး ခု စလုံး က တော့ မ သိ ဘူး ပေါ့ ၊ ကိုယ် ပိုင် မှ မဟုတ် တာ ။

နေ ရပ် လိပ် စာ နဲ့ ဖုံး နံပါတ် ကို ရေး ပြီး နောက် ၊ ဆရာဝန် က ကြွက် ၏ သွား ကို စစ်ဆေး တယ် ၊ အာ ခေါင် ကို ကြည့် ပေး တဝ် ။ ပြီး ရင် ကြွက် ၏ မဆင် ကို ဓါတ် ခွဲ ကြည့် ပေး တယ် ၊ အား လုံး ပေါင်း ဆေးဖိုးဝါးခ ထိုင်ဝမ် ဒေါ်လာ ၅၀ဝ US 16$ ခန့် ပေး ဆောင် ရ ပြီး  result က တော့ ဘာ မှ မ ဖြစ် ပါ  ၊ ရာသီဥတု ပူ လို့ တဲ့ ၊ ကြွက် အ တွက် အား ဆေး ရည် ပေး ၍ ဘွားတော် ကို ပြန် လွှတ် လိုက် သည် ၊ ပြီး တော့ ကြွက် ကို Air con ဖွင့် ထား ပေး လိုက် ပါ တဲ့ ။

ကျနော် တို့ က သူ များ အိမ် ကို ငှား ပြီး နေ တာ ၊ Air con မ ရှိ ပါ ဘူး ။

ည ကျနော် အလုပ် က နေ ပြန် ရောက် လာ တော့ ( မိုင် ဝိုက်F ်) က ငို၍ရယ်၍ မ ရ သော မျက် နှာ နဲ့ ဒီ အ ကြောင်း စုံ ကို ပြန် ပြော ပြ တော့ ၊ ကျနော် သည် ဘွားတော် ကို သနား ရ မည့် အစား ၊ မပြု လုပ် သင့် မပြု လုပ် ထိုက် သော အ လုပ် တခု ကို လုပ် မိ လိုက် ပါသည် ၊ ၎င်း အလုပ် သည် ကား ဟက်ဟက် ပက်ပက် နဲ့ ပိုက် နာ အောင် ရယ် လိုက် ချင်း ဖြစ် ပါ သည် ၊ “ ဒီ ကြွက် ကို ငါ Air con တခု ဝယ် ပေး ရ မယ့် ပုံ ပေါ် နေ ပြီ ဟု ထပ် နှောက် လိုက် သေး သည် ။

အဘွား ကြီး လည်း ခါ တိုင်း ဆို ကပ်စေး နဲ ပြီး ချွေချွေ တာတာ နဲ့ နေ ထိုင် ခဲ့ တာ ၊ ဒိုင်း က နဲ ကြွက် တ ကောင် အ တွက် ငွေ ၅၀ဝ အလကား သုံး လိုက် ရ သည့် အ တွက် တော့ စိတ် ဘယ် ကောင်း မှာ လည်း ။

ငွေ ၅၀ဝ နဲ့ အတွေ့ အကြုံ တခု နှင့် ဟာသ တ ခု ကို ဝယ် လိုက် ရ တာ ပေါ့ ကွယ် ~~~။[em:3:] [em:3:] [em:3:]

ယ ခု အ ချိန် မှာ ကျ နော် လည်း ထိုင်ဝမ် ငွေ ၄၅ ကျပ် နဲ့ Hamster ကြွက် တ ကောင် ဝယ် မွေး ထား လိုက် ပါ ပြီ ။

ကျနော်မွေးထားသော Hamster ကြွက်ကလေးပါ။

 

 

 

 ကျနော့ အရေး အသား ကို သည်းညည်းခံ ပြီး ဖတ် ပေး သော မိတ်ဆွေ များ အား လုံး ကို နှစ်လုံးသား အ တွင်း မှ အထူး ကျေး ဇူး တင် ပါ သည် ခင်ဗျာ ~~~ [em:2:]  [em:2:]  [em:2:]

မော ပန်း သွား တယ် ဆို ရင် လည်း တောင်း ပန် ပါ တယ် ။

အား လုံး ရွှင် လန်း ချမ်း မြေ့ ကြ ပါ စေ ။[em:23:] [em:23:] [em:23:]

13 comments

  • ဦးဦးပါလေရာ

    May 27, 2012 at 8:15 pm

    တိုင်ဝမ်မှာ Hamster က ဈေးပေါလှချည့်လား
    ဒီမှာ မြန်မာငွေ တော်တော်ပေးရတယ်

    • Don Juan Ronald

      May 27, 2012 at 8:44 pm

      ဗ မာ ငွေထောင့်ငါးရာ လောက် ပေါ့ ဆရာ ရေ ~~~

  • က်ိုကိုအိုဗာ

    May 27, 2012 at 8:21 pm

    အဲဒီး ဆေးဘူးအဖြူထဲ ထဲ့ပိတ်ထားတာလား

    • Don Juan Ronald

      May 27, 2012 at 8:39 pm

      ဆေး ဘူး အောက် ခြေ က ဟောင်း လောင်း ပါ ဖေါက် ထား ပါ တယ် ။
      ဓါတ် ပုံ ရိုက် တဲ့ အ ခါ ငြိမ် အောင် အဲ ဒီ ဆေး ဘူး လေး နဲ့ ချုုပ် ထား ချင်း ဖြစ် ပါ သည် ။
      ခါ တိုင်း တော့ လောင် အိမ် မှာ ထား ပါ တယ် ။

    • Foreign Resident

      May 28, 2012 at 10:39 am

      က်ိုကိုအိုဗာ says:
      ” အဲဒီ ဆေးဘူးအဖြူထဲ ထဲ့ပိတ်ထားတာလား ”

      တွေးရက်ပါပေ့ ဆရာရယ် ။ 😛

  • windtalker

    May 27, 2012 at 8:59 pm

    ဟမ်းစတား
    လမ်းသလား
    အရမ်းထွား
    ကြမ်းကြား ။
    ဦးဒွန်ရေ အားပေးသွားပါအိ

  • htoosan

    May 27, 2012 at 9:16 pm

    ကြွက်ကို ကော်နဲ့ ကပ်ဖမ်းတာက ပို ရက်စက်တာမဟုတ်ဘူးလား .. ညှပ်က တစ်ခါတည်း သေချင်သေသွားတာ ။ ကော်နဲ့ က မသေနိုင် မပြေးနိုင်ဘဲ အော်နေရတာ ။ မြန်မာပြည်မှာဆို သတ်လည်း မသတ်ရက်ကျတော့ သွားလွှတ်ပစ်ထားပြီး ကြွက်ခမျာ အစာရေစာပါငတ်ပြီးသေတာ…

    • kai

      May 28, 2012 at 1:23 am

      ကြွက်က ထောင်ခြောက် ညှပ်မိနေရင်.. မချိမဆန့်လေ..။ ခေါင်းဆိုသွေးတွေထွက်ပြီး.. ကလေးတွေပါ…. အမြင်ရဆိုးတယ်..
      ကော်ကတော့.. လူမသိဘူး..။ အော်ဖို့ပါးစပ်ဟရင်.. ပါးစပ်ကပ်.. ခေါင်းလှုပ်ခေါင်းကပ်နဲ့.. အဲဒီကော်ပြားကို.. ၂ဖက်ပိတ်လိုက်ပြိး အမှိုက်ပုံထဲထည့်လိုက်ရင်.. ပြတ်ကရော..

      လူဦးစားပေးစနစ်ဖြစ်ပါကြောင်း…/
      အဲလိုထင်ကြောင်း… 🙂

  • Don Juan Ronald

    May 27, 2012 at 10:36 pm

    သိပ် မှန် တာ ပေါ့ ဆရာ ထူးဆန်း ရေ ~~~

    ဒါ ပေ သည့် ဒီ က ကောင် တွေ က ဒီ လို မ စဥး စား ဘူး ၊

    အ ခ မသင့် လို့ pet ဖြစ် တဲ့ ကြောင် ကြီး နဲ့ ခွေး က လေး ကို ညှပ် မိ မှာ စိုး လို့ တဲ့ ။

    လော က မှာ ဇောက် ထိုး မိုး မျှော် ကိစ္စ တွေ အ များ ရှိ ပါ တယ် ။

    ပြော လို့ မ ကုန်း ပါ ဘူး ။

    • pooch

      May 27, 2012 at 10:49 pm

      အော် သူတို့ အတွေးကလည်း အဲ့လိုရှိသေးတာကိုး ။ ဒီမှာတော့ တချို့ယင်ကောင်တွေ အပြုံလိုက်ကပ်နေတာမြင်ရင်တောင် တမျိုးကြီး။

      အိမ်က ညီမလည်း ဟမ်းစတားလေး ၂ ကောင်ဝယ်မွေးဖူးတယ်။ တကောင်ကဆိုးတော့ ကိုက်တာလား ကုတ်တာလား မသိဘူး မျက်လုံးပေါက်ပြီး တကောင်သေသွားတယ်။ နောက်မွေးတာတွေလည်း အဲ့လိုပဲ ကိုက်သတ်လို့ တကောင်ထဲပဲ ထားရတော့တယ်။ ခုတော့ သူလည်း သေသွားရှာပြီ။

      အဲ့ဒီကထဲက သူလည်း ထပ်မမွေးတော့ဘူး။

      အဲ့ဒီဘက် က ရာသီဥတုက ဒီမှာလိုတော့ အရမ်းမပူလောက်ဖူးထင်တယ်နော်။

  • Ch@vez

    May 28, 2012 at 8:51 am

    အယ် …
    တီလုပ်ပြီမှာ …ကျောင်းတက်နေတဲ့ တူမဂလေး ရှိတယ်တဲ့ …
    သေချာပေါက် တားတားတို့ အရွယ်ဝတ် ကလေး ဖြစ်မှာဘဲ …
    နာမည်လေး ဘို ခေါ်တုန်း ဟင်င်င်…
    အီးမေးလ်လေး ..စာမျက်ခွက် လိပ်စာလေးများ ပြောပြဂျင်ဝူးလား ဟင်င်င်င်…

    ဟိုအပေါ်က အာပျိုဂျီးတွေလို တစ်ကိုယ်တည်း ဟမ်းမစတားလေးနဲ့
    အရိုးထုတ်ရမှာ ကိုဖြင့်… တွေးရင်း တွေးရင်း
    စိုးတယ် …စိုးမိတယ်… စိုးထိတ်မိပါတော့တယ်ဗျာ…

    ပုံ
    သမိန်ဂီ့

  • ဆူး

    May 28, 2012 at 11:54 am

    ဘဘတရုတ်ဦးပေါ်ဦးက ဟမ်းစတား အကြောင်းပြုပြီး သမိုင်းလေးပါ ပြောပြသွားတာပဲ။
    😀 😉
    ဟမ်းစတားက အိမ်မှာ မွေးထားလို့ လွတ်သွားရင် တွေ့သမျှ အကုန်ကိုက်တတ်တယ် ဆိုလား ကြားဖူးတယ်။ ချစ်စရာ ကောင်းပေမဲ့ အကိုက်သန်လို့ လျှောက်ကိုက်မှာ ကြောက်လို့ မမွေးရဲဘူး။

  • ကြောင်ကြီး

    May 29, 2012 at 9:17 am

    ဟမ်းစတားကြွက်
    ဖမ်းစားငှက်
    ငန်းဖျားဝက်
    ထန်းသမားကြက်၊
    ကမ်းနားသရက်
    ရှမ်းဓါးထက်
    မန်းသားပါးစပ်
    ကွမ်းဝါးလျက်…။

Leave a Reply