USB Stick ထဲက Data တွေလုံခြုံစေဖို့

wailynnooJune 18, 20101min753

ကျွန်တော်တို့ USB Stick ကို သုံးကြတဲ့အခါ သူများစက်မှာဖြစ်ဖြစ် ကိုယ့်စက်မှာဖြစ်ဖြစ် Stick ကို USB Port မှာ ထိုးတော့မယ်ဆိုရင် Left Shift Key ကိုဖိထားပြီးမှ ထိုးဖို့အကြံ ပြုလိုပါတယ်။ Left Shift key ကိုအရင်ဖိထားပြီး Stick ကိုထိုးပါ ပြီးတော့ Stick ကမီးငြိမ်သွားတဲ့အထိ စောင့်ပြီးမှ Left Shift key ကို လွတ်လိုက်ပါ။ ဘာဖြစ်လို့လည်းဆို ကျွန်တော်က အဲဒီလိုသုံးနေကြပါ။ တစ်နေ့မေ့ပြီး ဒီတိုင်းထိုးလိုက်တာ Stick ထဲက Data တွေတစ်ခုမှ မရှိတော့ပါဘူး အဲဒီစက်ကအရင် Shift key နှိပ်ပြီးထိုးတာဘာမှ မဖြစ်ပါဘူး။
နောက်ပြီး Stick ထဲမှာ အတက်နိုင်ဆုံး folder မဆောက်ပါနဲ့။ folder.exe ကြောင့် ကျွန်တော့ folder ထဲက file တွေဆုံးရှုံးလိုက်ရပါတယ်။ ဒီအတိုင်းသိမ်းထားတဲ့ file တွေကဘာမှ မဖြစ်ပါ။
ကိုယ်မသိတဲ့ file တွေရောက်နေရင် ဖွင့်မကြည့်ပါနဲ့။ Shift Delete နဲ့အကုန်ဖြတ်ပစ်ပါ။
Stick ကို double ckick နှိပ်ပြီးမဖွင့်ပါနဲ့။ Window Explorer ရဲ့ Address bar ကနေဖွင့်ပါ။

3 comments

  • etone

    June 18, 2010 at 9:59 am

    အင်း မှတ်သားစရာပဲနော် ။ တစ်ခါက stick error ဖြစ်လို့ အကုန်လုံးပျောက်သွားခဲ့ဖူးတယ် ။ ပြန်မရတော့ဘူးလေ 🙁

  • intro

    June 18, 2010 at 12:47 pm

    Useful Tips.., Thanks Bro!

  • snique

    October 26, 2010 at 6:05 am

    ကျွန်တော်တစ်ခု ထပ်ဖြည့်ချင်ပါတယ် Stick တွေ သုံးမယ် တစ်ခြား external data carrier တွေ ကို ကို ့စက်ထဲ ထိုးလိုက်ပြီဆိုရင် ဘယ်တော့ မှ AutoRUN နဲ ့မဖွင့်ပါနဲ ့။ Autorun ဆိုတာ က device အသစ်တစ်ခု စက်ကို ထိုးလိုက်တိုင်း ပေါ်လာတဲ့ box လေးပါ။ window explorer နဲ ့ဖွင့်မလား ဘာညာ သရကာပေါ့ အဲဒီမှာ patching ရေးတဲ့လူတွေက win explorer ယောင်ဆောင်ပြီး သူတို ့ရဲ ့ program ကို active ဖြစ်အောင်လုပ်ထားပါတယ်အဲဒါကြောင့် အဲဒီ autorun က ဖွင့်တာ တို ့ device drive ကို Double click နှိပ်ပြီး ဖွင့်တာ တို ့ right click open ကို ရွေးဖွင့်တာ တို ့တွေကို အတတ်နိုင်ဆုံး ရှောင်ပါ။ စက်မှာ Stick ထိုးလိုက်ပြီး ဆိုရင် အဲဒီ Stick ရဲ ့ Drive letter က ပေါ်ပြီးသား ပါ ဥပမာ E:, J: ဘာညာပေါ့ဗျာ။ အဲဒါလေးကို မှတ်ထားပြီး ။ Window key + R ကို နှိပ်ခါ Run command box ကို ခေါ်ပါ။ အဲဒီထဲက text box မှာ မိမိ stick ရဲ ့ Drive letter ကို ရိုက်ထည့်ပြီး ဝင်ရင် အန္တရယ် အကင်းဆုံးပါပဲ။ ကျွန်တော်ဆို အဲဒီနည်းနဲ ့ပဲ သုံးတာ ကျွန်တော့်စက်တွေ မှာ antivirus တောင်မရှိဘူး း) အော် ပြီးတော့ Folder တည်ဆောက်တာ ပြဿနာ မဟုတ်ပါဘူး အဲဒီလို Folder .exe ဝင်တယ်လို ့သံသယ ရှိရင် Stick ကို ဖွင့် ပြီးတော့ explorer ပေါ်မှာ Tools menu ထဲက Folder Option ကို နှိပ် အဲဒီ က View Tab ရဲ ့အောက်မှာ Show Hidden Files and Folders ဆိုတဲ ့Option box လေးကို choose လုပ်ပြီး OK နှိပ်လိုက်ရင် အဲဒီ Folder.exe ရဲ ့လက်ချက် ကို ့Original Folder တွေက Hidden ဖြစ်နေတာ တွေ ့ရပါလိမ့်မယ်။ အဲဒီကျမှ အဲဒီ ကောင်တွေကို ပြန်ဖော်။ ပြီးတော့ ဟို အတု ဖိုလ် ဒါတွေကို ဖျက်ပစ်လိုက်ပါ။ ကျွန်တော်သိသမျှ ပြန်ဝေမျှပေးတာ ပါ ဆရာ ဝင်လုပ်တာ မဟုတ်ပါဘူး အမှား ပါရင်လဲ တောင်းပန်ပါတယ်။

Leave a Reply