ရှိတာလေးနဲ့ လင်းအောင်ပေး

 

 

 

မီးအကြောင်းကတော့  လူတကာပြောလို့  စုံတကာစေ့နေပါပြီ..။

ဒါကြောင့်  ဘယ်နားကဝင်ပါရကောင်းမလဲလို့  အကွက်ခြောင်းနေတဲ့  ဦးပါလေရာတယောက်  အသာလေးဘေးကပ်နေပါ့မယ်..။

ဒါပေသိ-

မီးအကြောင်းမပြောရရင်လဲ

မီးလူကြီးတွေအကြောင်းတော့  နဲနဲပြောပါရစေ..။

သတင်းတွေထဲမှာဖတ်ရတာ  မီးလူကြီးတွေက  မီးအပြည့်မပေးနိုင်တာကို  တောင်းပန်သတဲ့  မေတ္တာရပ်ခံသတဲ့  ဖြောင့်ဖျသတဲ့  ဖယောင်းတိုင်လေးတွေ  ကိုယ့်အိမ်ကိုယ်ထွန်းဘို့  အကြံပေးသတဲ့…။

ကျုပ်လဲမီးလူကြီးတယောက် ခါတော်မီဖြစ်လိုက်ရရင်ကောင်းမှာ…

အဲတာဆို  ကျုပ်က  ဖယောင်းတိုင်လေးတွေကုန်ရင်  ကညင်ဆီလေးတွေ  ဆက်ထွန်းဘို့

ကညင်ဆီလေးတွေကုန်ရင်  ကြက်ဆူဆီလေးတွေ  ဆက်ထွန်းဘို့  အကြံတွေကို ပေးပစ်လိုက်ဦးမှာ..။

 

ကို်င်း… ကိုင်း…  စိတ်ကူးယဉ်တာရပ်တော့ ပါလေရာ…။

မင်းကိုလဲ  ဘယ်သူမှ မီးလူကြီးမခန့်ပါဘူး..။

အဲဒီတော့  ဒီလောက်တောင် ဆရာလုပ်ချင်မှဖြင့်  ပြည်သူကိုတော့ ဆရာလုပ်ဘို့ မစဉ်းစားနဲ့တော့..

အဲဒီ  မီးလူကြီးတွေကိုသာ  အာသာပြေအောင် ဆရာလုပ်ပေတော့…..။

ဒန်တန့်တန်…….

 

××××××××

 

ဒီမယ် မီးလူကြီးတို့ရေ-

ခင်ဗျားတို့က  လျှပ်စစ်မီးလေးမလောက်တာကို  မိုးနတ်မင်းကြီးကိုသာဆုတောင်းပါတို့ ၊ မရှိလို့မပေးနိုင်တာ အပြစ်ပေးရင်ခံပါမယ်တို့  လျှောက်မျက်ရည်ခံထိုးနေတော့

နေပါဦး – ခင်ဗျားတို့က  ဘယ်ဘုံက ယူအက်ဖ်အိုစီးပြီး  ဆင်းလာတာမို့လို့  မလောက်တာလေးကို  အဆင်ပြေအောင် မဝေနိုင်ရတာလဲ..။

ခင်ဗျားတို့ ကျုပ်တို့  တသက်လုံးနေလာတဲ့ ဒီနိုင်ငံမှာ  ဘာများ  လောက်လောက်ငှငှ ပြည့်ပြည့်စုံစုံ ပိုပိုလျှံလျှံရှိဘူးလို့လဲ..။

မလောက်ရင်လဲ  အဝေတဲ့အောင်  မျှသုံးကြရမှာမဟုတ်လား..။

မျှတတ်ဘို့တော့  လိုတယ်ပေါ့နော..

 

ဥပမာလေး တခုထဲ  တိုရေရှားရေ ပေးကြည့်ပါရစေ

(တခြားနည်းလမ်းတွေတော့ စိတ်ဝင်စားသူတွေ ဆက်ပြောပါလိမ့်မယ်)

မီးမလောက်ပါဘူးဆိုပြီး ခြောက်နာရီ ဆက်တိုက်ဖြတ်ပစ်တာနဲ့စာရင်-

နှစ်နာရီဖြတ် ခြောက်နာရီပေး  လုပ်ရင်-

မီးလာရမယ့်အချိန်မှာမီးလာဘို့  တိတိကျကျ အာမခံနိုင်ရင်

ဘယ်လောက်ပိုအဆင်ပြေသွားမယ်ထင်သလဲ …. ????

 

 

 

42 comments

  • pooch

    May 25, 2012 at 12:18 am

    ဦးပါ မီးအကြောင်းတော့ မောလို့ မပြောတော့ဘူး။ မန်းလေးမှာ အခု လာချိန်ကို အပြည့်လာနေပြီး ပျက်ချိန်လည်း အတိအကျပျက်တယ်။ ရေလည်း မရတဲ့နေရာတွေမှာ ရေပေးရေက လာနေတယ်လို့ ပြောတယ်။ တချို့ ပြောတာကတော့ အမှန်ရေကို မီးစက်နဲ့ တင်ပေးရမှာ အထက်က ဆီပေးပြီးသား အောက်က ရောင်းစားပြီး မီးစက်မနှိုးလို့ ဒီလောက်ကသီကုန်တာလို့ ပြောတယ်။ ခုလိုပေးတော့လည်း ရေက လာပါတယ်။ ပေးလို့လည်း ရသားပဲ။ ဘာပဲ ဖြစ်ဖြစ် နည်းနည်းတော့ နေသာ အသက်ရှုချောင်သွားတာပေါ့။ လေးပေါက်တို့ တိုက်ခန်းတွေ ဘက်တော့ မပြောတတ်ဖူး။

    • ဦးဦးပါလေရာ

      May 25, 2012 at 2:17 pm

      သူတို့ကလဲ သူတို့ pooch ရဲ့..
      လမ်းပေါ်ထွက်ပြမှ လူရာသွင်းစဉ်းစားတယ်လေ။
      မီးမလောက်တာကနဲနဲ မသမာမှု့ကများများပါ
      ဖရောင်းတိုင်တွေ ဆက်ထွန်းမယ့်အစား အဲဒီမသမာမှု့တွေ တယောက်တပေါက်ဖေါ်ထုတ်ကြရင် ပိုကောင်းမယ်ထင်တယ်..။

  • surmi

    May 25, 2012 at 12:23 am

    နေပူတော်ကိုလည်း နည်းနည်းလျော.ရင်ကောင်းမယ် ။

    • ဦးဦးပါလေရာ

      May 25, 2012 at 2:19 pm

      အခုတော့ စလျှော့တယ်လို့ ပျဉ်းမနားဘက်က မိတ်ဆွေကပြောတယ်။
      အမှန်သိရအောင် ရွာစားကျော်ကို မေးကြည့်မှပဲ..။

  • padonmar

    May 25, 2012 at 12:43 am

    အရေးကြီးတာ ဇယားအတိုင်းမှန်ဖို့ပါပဲ။
    ၂နာရီ ပျက် ၆နာရီ လာ ဆိုရင်တော့ အလုပ်လုပ်ရတာ ပိုအဆင်ပြေပါလိမ့်မယ်။
    ၂နာရီစောင့်နိုင်ရင် လုပ်ချင်တဲ့အလုပ်ကို လျှပ်စစ်နဲ့ ဆက်လုပ်ခွင့်ရမှာပေါ့ ၊
    ကြား၂နာရီလောက်ကတော့ တစ်ခုခု လုပ်ရင်းစောင့်နိုင်ပါတယ်။

    • ဦးဦးပါလေရာ

      May 25, 2012 at 2:20 pm

      ကျွန်တော်ပြောချင်တာ အဲဒါပါ မပဒုမ္မာရေ
      ဝေသုံးရမယ်ဆိုလဲ ပိုကောင်းအောင်ဝေလို့ ရပါတယ်။

  • windtalker

    May 25, 2012 at 1:07 am

    ဦးပါ
    ပညာတတ်လို့ယူဆရမယ့် အုပ်ချုပ်သူဟာ စဉ်းစားဆင်ခြင်မဲ့ မိုးနတ်မင်း ကို ဆုတောင်းခိုင်းတာဟာ ရိုင်းလွန်းပါတယ်နော။ နောက်များဆိုရင် ဆရာဝန်မလောက်လို့ သားဖွားကိတ်စမျိုး ပြည်သူက အော်ခဲ့ရင် အင်္ဂလိသုတ် ရွတ်ခိုင်းမယ့်ပုံဘဲဗျို့။

    • ဦးဦးပါလေရာ

      May 25, 2012 at 2:22 pm

      ကိုပေရဲ့…
      လွန်ခဲ့တဲ့ နှစ်ငါးဆယ် စစ်သားတွေ တိုင်းပြည် အုပ်ချုပ်ကတည်းက ပြောနေကျစကားကတော့-
      မရှိဘူး
      ကုန်ပြီ
      မတတ်နိုင်ဘူး ဆိုတာတွေပဲ..။ 😀

  • Khin Latt

    May 25, 2012 at 3:39 am

    တစ်ချို့ကို စိတ်မှန်းနဲ့ ထင်ရာတွေးပြီး အတော်လေး ဓာတ်ကျသွားလို့ စိတ်ငြိမ်ဆေးသွင်းလိုက်ဦးမယ် ကိုပါရေ။
    အရှုံးပေး နှလုံးအေး တဲ့ဆေး ဆိုတာ တကယ်တော့ ပြောတော့သာလွယ်တာကလား။

    • ဦးဦးပါလေရာ

      May 27, 2012 at 1:12 am

      ပေါ့ဆတုန်းက ပေါ့ဆခဲ့ကြပြီး
      အခုတော့ ဒီအထုပ်ကြီးက မနိုင်နိုင်အောင်ကြီးလာတာပေါ့ မခင်လတ်ရယ်..။
      ပိုဆိုးတာက အဲဒီအထုပ်ကြီးကို ခုတုံးလုပ်ဘို့အကွက်မြင်သူတွေလဲ ရှိသပေါ့…
      သိပ်မတို့ရဲလို့ ပါးပါးလေးပဲ…. 😛

  • kai

    May 25, 2012 at 3:46 am

    မြစ်ဆုံရေကာတာစီမံကိန်းကို.. ပြန်စဉ်းစားဖို့ကောင်းတယ်..

    ကေအိုင်အိုက.. မြစ်ဆုံရေကာတာစီမံကိန်းဆောက်မဲ့ဖက်က ရပ်တည်နေတာဖြစ်ဖို့များပါတယ်..။
    ချိုင်းနားက.. သူလိုချင်တာမရလို့.. ကေအိုင်အိုကို.. မြှောက်ပေးနေတာဖြစ်မယ်ထင်မိတယ်..
    ကုန်းတွင်းပိတ်ပြည်နယ်ထဲက..စစ်တပ်တခုက..ဖယ်ဒရယ်စစ်တပ်ကိုချဖို့.. ငွေနဲ့.လက်နက်ဘယ်ကရမှာလည်း..။
    ကချင်-ဖယ်ဒရယ်အစိုးရပြည်တွင်းစစ်က.. အဲဒီရေကာတာကြောင့်ဖြစ်တာလို့.. Timeline အချိန်ဇယားကြည့်ရင်.. သိသာတယ်..။

    ဖယ်ဒရယ်အစိုးရက… နို်င်ငံတကာ လေ့လာရေးတွေ ဖွင့်ပေးပြီး.. ဆာဗေးတရားဝင်လုပ်စေသင့်တယ်..
    လုပ်နိုင်တယ်ရလဒ်ထွက်ရင်… .. အဲဒီနေရာကို.. တင်ဒါခေါ်ပြီး.. တိုင်းပြည်ကို… အကျိုးအမြတ်အများဆုံးပေးနိုင်တဲ့ နိုင်ငံအငှားချပေါ့…
    ကြည့်ရတာ.. ယူအက်စ်က..အင်မတန်စိတ်ဝင်စားနေတာပဲ..
    သူတို့..တည့်တည့် အကူအညီတောင်းကြည့်ပေါ့..။

    ဟိမဝန္တာတောင်တန်းကရေခဲတွေ.. ပျော်ကျနေတာ.. ဒီနှစ်ပိုင်းတော်တော်ဆိုးလာတယ်လို့.. သတင်းတွေထဲဖတ်ရတယ်..
    အမိဧရာဝတီရဲ့..ရေအရင်းအမြစ်က. အဲဒီကလာတာပဲ..
    ဆိုင်ရာရေဝေရေလဲသစ်တောတွေလည်း..သစ်ခုတ်တာရော.. ကျောက်စိမ်း၊ရွှေဖေါ်တာရောနဲ့.. ပြုတ်ပြုတ်ပြုန်းနေပြီ..

    ဒါဟာ.. အဖမြန်မာပြည်ရဲ့.. ရေချိုအရင်းအမြစ်တွေ.. လျှော့လာနေတာပဲ..။
    ပြန်ရဖို့.. သိပ်မမြင်မိတော့ပါ..။
    ဆိုတော့..
    လူတွေစွမ်းအားနဲ့. ဝင်ရောက်ထိန်းချုပ်တာ.. မှားတယ်လို့.. မထင်မိဘူး..
    ဒါကသာ..ဧရာဝတီကိုကယ်တင်တာ.. စစ်စစ်ဖြစ်မယ်.. တွေးနေမိတယ်..
    နောင်.. အနှစ်၅၀-၁၀ဝ မျှော်ကြည့်ပြောတာပါ…

    ကျုပ်လည်း…ပွဲခမရပါကြောင်း…
    ဆဲနိုင်ကြောင်း.. :mrgreen:

    ==
    Photos show dramatic shrinking of Mount Everest glaciers – Telegraph
    http://www.telegraph.co.uk › Earth › Earth News
    Jul 18, 2010 – The 2007 photograph taken by David Breashears of the Rongbuk Glacier with Mount Everest in the. Image 1 of 2. The 2007 photograph taken …
    ==
    Mount Everest Update: Dangerous Conditions, Cancelled …

    About – News & Issues – May 13, 2012
    Over the past few years, climbers on Mount Everest have noted that the mountain is changing as snow and glacial ices melts. More rock is …
    =

    • ကြောင်ကြီး

      May 25, 2012 at 9:55 am

      ဧရာဝတီမြစ်သည် တရုတ်ပြည်ဖက်ကနေ ဆင်းလာမှဒေါ့ အခြားနိုင်ငံဂ ဝင်လုပ်လို့ ရပါ့မလား သဂျီးယဲ့..။ ဒီကိစ္စဂ စီးဗွားယေးသက်သက်တင်မက မဟာဗျူဟာမြောက် စွမ်းအင်ထုတ်လုပ်ယေးနဲ့ဘာဆိုင်လို့ ပြတ်ပြတ်သားသား စုန်းဖြတ်ချက် ချဖို့ဘဲရှိဒယ်။ လုပ်ရင် ကြေးမုံဂျီးအမျိုး ငါ့ဖို့ဒဂိုဂေါင်းသမား တရုတ်ကြီးလက် ဝကွက်အပ်၊ မလုပ်ဖူးဆိုယင် တိုင်းပြည်လုံခြုံရေး မဟာဗျူဟာမြောက် အရင်းအမြစ်ကို အကြောင်းပြ လုံးဝငြင်း..။ နို့မို့ရင် တရုတ်ကြီး မြစ်ညှာကနေ သေးပေါက်ချလို့ တဒိုင်းဒပြည်လုံး ရေဘေးကပ်ဆိုက်ကုန်မည်။

      • shwe kyi

        May 25, 2012 at 4:38 pm

        တခြားအကြောင်းအရာတွေတော့များများမသိပါဘူး။ မြစ်ဆုံကိုချစ်တာပဲသိတယ်။ အတုဆိုတာ
        အစစ်လောက်မကောင်နိုင်ပါဘူး။ အခုလောက်ဆုံးရှုံးလိုက်ရတာကိုတောင်ရင်ထုမနာပဲ။
        ပိုက်ဆံရှိရင်မြစ်ဆုံကိုအလည်သွားမယ်လို့အားခဲထားတာနှမြောထှာ…။

      • ဦးဦးပါလေရာ

        May 27, 2012 at 1:16 am

        မြစ်ဆုံကတော့ ပြန်လုပ်ဘို့မလွယ်တော့ပါဘူး.. လွန်ကုန် ကျွံကုန်ပါပြီ..။
        ပြီးတော့ သူက ဧရာဝတီလေ…။
        ပြီးတော့ အဲဒီမှာလုပ်လို့ရလဲ ထွက်တဲ့လျှပ်စစ်က ပြည်တွင်းသုံးရမှာမှမဟုတ်တာ…။

        ဒါပေမယ့် မြစ်ဆုံကို မလုပ်ရတိုင်း ကျန်တဲ့နေရာတွေမှာပါ မလုပ်ရလို့တော့မဖြစ်ဘူး…။

    • သူကြီးတို ့များ ပွဲခလဲမရ။ဆဲလဲ အဆံခံဖို ့ရယ်ဒီလုပ်ထားတဲ့ပုံပါလား။
      အင်း. သူကြီးပြောပုံဆိုရင်တော့ KIA ကိုကြောက်လို ့မြစ်ဆုံပြန်စ ရမယ့်
      ပုံပါလားကွယ်ရို. ့။
      လုပ်လာလိုက်တဲ့ ရေအားတွေက လဲခုထိကို မပြီးနိုင်တော့ဘူး။မယုံတော့
      တာ လက်တွေ ့ပါဗျ။ဆယ်နှစ် စီမံကိန်းနဲ ့၂၀၀၃လောက်က ဘဲ စလုပ်နေ
      တာ ခုလက်ရှိချိန်ထိ (၂၀)ရာခိုင်နှုန်းတောင် မပြီးတဲ့ သူဌေးချောင်း စီမံကိန်း
      ပါဗျို. ့။

    • yannaingech

      May 25, 2012 at 3:40 pm

      မြစ်ဆုံဆက်လုပ်ဖို့က လောလောဆယ်မှာတော့ မလွယ်လှပါဘူး။ နောက်အစိုးရသက်တမ်း တစ်ခုမှာတော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ မြစ်ဆုံမလုပ်ခိုင်းမချင်း ပြည်သူတွေကို မီးအပြည့် မပေးဖို့ မဟာဗျူဟာချထားသလားဆိုတာ မသိနိုင်ဘူး။ သူတို့တွေ ပြောတဲ့အာဘော်က မီးအသုံးပြုမှုတိုးတက်လာပေမယ့် မီးထုတ်လုပ်မှု တိုးမလာလို့ မီးအလုံအလောက် မပေးနိုင်တာ လို့ နှပ်ကြောင်းလေး ပေးထားတာကိုးဗျ…။

  • Ch@vez

    May 25, 2012 at 7:36 am

    ဂလိုဘယ်လိုက်ဇ် မီဒီယာ အဝဲယားနက်ဇ်တော့ ရလာဘီ…
    ခွီးတဲ့မှ … လူမရှိတဲ့ ၈လမ်းသွားမှာ မီးထိန်ထိန်ငြီးနေပီး
    လူသန်းချီတဲ့မြို့တွေ ကို ဖျောင်းတိုင်ထွန်းထား ကောင်းသွားမှာပါ တဲ့
    ပြောလည်း ပြောထွက် ပြောရက်ပါပေ့…..

    ညည်းတို့ သဒင်းစာမှာ သာ အလျှံပါယ်ထွက်တာပါအေ…
    သူများတိုင်းပြည်က မြို့တော်ခန်းမ ရှေ့မှာ
    လူတွေ ဖတ်ဖို့ အလကား ကပ်ပေးထားတဲ့ သဒင်းစာတွေမှာတော့
    လူတွေ လမ်းပေါ်မှာ ဖျောင်းတိုင်ထွန်းတဲ့ ပုံတွေချည်း တင်ထားတော့တာပဲ..

    ကောင်းကွာ …

    ဟိုကောင်မလေး ရေးသလို ရေးလိုက်ပါဦးမယ်…
    မီး လေ …မီး …
    သွေးပူနေတုန်းမို့ …..
    ဇော့်ကို ရွေး ရမလား ကိုကို့ကို ရွေးရမလား …
    မသိတော့ပါဘူးကွယ်…….

    ချဉ်ထှာ…

    • ဦးဦးပါလေရာ

      May 27, 2012 at 1:06 am

      လမ်းလောက် ထွန်းတာထားတော့ ဂီဂီရေ
      အလှဆင်မီးတွေကို မနည်းမနော…
      အခုမှပဲ ကမ္ဘာသိ အရှက်ကွဲတော့တာပဲ…

  • လောလောဆယ်တော့ မီးရေ လာသင့်တဲ့အချိန်လာနေပါတယ်။
    ဒီလောက်ဆိုရင် မဆိုးသေးဘူးလို့ပြောရင်ရပါတယ်။
    မီးနဲ့ရေက ကျနော်တို့က တစ်လကြီးများတောင်အကြွေးပေးထားလို့ပါ.

    • ဦးဦးပါလေရာ

      May 27, 2012 at 1:18 am

      ရန်ကုန်မှာလဲ လာရမယ့်အချိန်လေး မှန်သွားတယ် ကိုပေါက်ရဲ့..
      နဲနဲတော့ နေသာသွားပါတယ်။

  • Khin Kha

    May 25, 2012 at 9:49 am

    သတင်းတွေထဲမှာဖတ်ရတာ မီးလူကြီးတွေက မီးအပြည့်မပေးနိုင်တာကို တောင်းပန်သတဲ့ မေတ္တာရပ်ခံသတဲ့ ဖြောင့်ဖျသတဲ့ ဖယောင်းတိုင်လေးတွေ ကိုယ့်အိမ်ကိုယ်ထွန်းဘို့ အကြံပေးသတဲ့…။

    အဲဒီလိုဆို မီးလူကြီးက နှစ်တိုင်း နှစ်တိုင်း တောင်းပန်နေရမှာကို တွေးပူမိတယ် ဦးပါရယ်။
    ဘာလို့လဲဆိုတော့ မီးကတစ်နှစ်လာလည်း ဒီပုံစံ မပြောင်းလဲဘူး၊ နောက်တစ်နှစ်လာလည်းဒီပုံစံ မပြောင်းလဲဘူး၊ ပြတ်တစ်လှည့် မလာတလှည့်ပါဘဲ မီးရယ်။

    • ဦးဦးပါလေရာ

      May 27, 2012 at 1:09 am

      နောက်နှစ်မှာ အပြီးသတ်မယ့် (လျှပ်စစ်ထုတ်လို့ရမယ့်) စီမံကိန်းလဲ လုံးဝမရှိဘူးနော်…
      အခုတော့ မီးစက်တွေနဲ့ လက်ပူတိုက်နေပြန်တယ်။
      ဘယ်လောက်အဆင်ပြေမလဲ စောင့်ကြည့်ရမယ်။

  • Ma Ei

    May 25, 2012 at 10:02 am

    တစ်ယောက်အမှားအကြောင်းမှ ပြောမပြီးခင်
    နောက်တစ်ယောက် လာပြန်ပြီ…

    ဟိုပုံပြင်လေးလို ဖြစ်နေပြီ…
    ဘုန်းဘုန်းကျောင်း မှာ
    သမီးလုပ်သူက တပည့်တော်မ ပြန်ကြွပါဦးမယ်…
    ဆိုလို့ မအေကိုတိုင်တော့ အမေလုပ်သူက…
    ဒီကလေးမ အမိန့်ရှိလိုက်ရင် ဒီလိုချည်းဘဲ ပြောသတဲ့…
    ဒါနဲ့ ဘုန်းဘုန်းလဲ ဒကာကြီးကိုတိုင်သတဲ့…ဒကာကြီးက
    အဲ့ဒီသားအမိကို ကျောင်းဝင်းထဲ ခြေတော်ရာ မချစေနဲ့တဲ့လေ…

    အဲ့လိုဘဲ နောက်ထပ်ဘယ်သူတွေက
    ဘယ်လို ပြောကြဦးမှာလဲ…

    • ဦးဦးပါလေရာ

      May 27, 2012 at 1:20 am

      နောက်ထပ်တော့ နောင်ကျဉ်သွားလောက်ပြီထင်ပါတယ် မအိရယ်
      နောက်ဆို လူကြီးတွေ လူရှေ့ထွက်ရင် ပါးစပ်လေးတွေတင်းတင်းစေ့ထားကြမှာ မြင်ယောင်သေး….:D

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 25, 2012 at 10:14 am

    အဲ့လိုဘဲ ရိုးရိုးရှင်းရှင်းလေးတွေးတော့ကောင်းတာပေါ့နော
    တစ်ချက်တည်း ဘယ်သူမှလည်း ဟို…
    သူများနိုင်ငံတွေလို နေ့ညမကွဲအောင်မီးလင်းဘို့မဆိုသေးပါဘူး
    လက်ရှိမြန်မာပြည်မှာလည်း သက်ဆိုင်ရာဌာနတွေမှာ ခွဲတမ်းတွေရှိနေဦးမှာပါ ( အထင် )
    အခြေနေကိုအသုံးချပြီး ခွဲတမ်းတွေကို ဝါးနေတဲ့ကောင်တွေအကြောင်းပေါ်သွားတာပေါ့ဟုတ်ဘူးလား
    ဒါအမြတ်ဘဲ အချို့ဝန်ထမ်းတွေဝါးလို့
    ပြည်သူတွေ ဆုံးရှုံးမှု့ရင်ဆိုင်နေရတယ် ဆိုတာဖြစ်နေတယ်ဆိုတာလေးမြင်သာလာသပေါ့
    ကြုံလို့ပြောရရင်တော့ ငါးထောင်တန်းဖုံးဆိုတာက
    ဆိုခဲ့ပြီးသလို သူများနိုင်ငံတွေနဲ့တွက်ပြီး စက်ကရိယာတွေမပြည့်စုံပါဘူးဘာညာပြောပြီး
    မဖြစ်နိုင်တာကိုပြောလို့ဘယ်ရမလဲ
    ကိုယ့်နိုင်ငံအခြေနေနဲ့ တကယ်လုပ်ပေးရင် တစ်အိမ်ထောင်ဖုံးတစ်လိုင်းကတော့
    အေးအေးဆေးဆေးရပါတယ် ဆြာ့ဆြာဂျီးဒို့ရယ်
    ခင်ဗျားတို့က လုပ်ချလိုက်ရင် အကြီးကြီးတွေချီးဘဲ
    ဆိုတော့ကာ
    သဂျီးပြောတဲ့ နတ်ပြည်နဲ့မြှောက် ငရဲနဲ့ခြောက်ဆိုသလို
    ဒီလိုဖယောင်းတိုင်တွေထွန်းလိုက်လို့ ယူအက်ကဘာညာလက်တွန့်တယ်ဆိုတာကတော့
    ဘယ်လိုလုပ်ဖြစ်နိုင်မှာတုံး
    ကမ္ဘာစစ်ကြီးကို အဆုံးဖြတ်ပေးခဲ့တဲ့ကောင်တွေ စက္ကူတွေနဲ့လုပ်စားနေတဲ့ကောင်တွေဘဲ
    စောက်ချဉ်တွေမှမဟုတ်တာ
    ပြောရရင်လည်းအောလပုံပေါ့

    • ဦးဦးပါလေရာ

      May 27, 2012 at 12:52 am

      ကျုပ်မှာ လက်တွေ့ ပြစရာနမူနာတခုကို ရှိတယ် ကိုအောင်ပုရေ….
      လူတယောက်ကို မီတာနှေးအောင်လုပ်ပေးပြီး ရံပုံငွေရှာသွားတယ်။
      ပြီးတော့ ဘာပြောသွားလဲဆိုတော့ မီတာအရမ်းမနည်းစေနဲ့- များများသုံးပေး….တဲ့
      သူ့ခမျာ လိုလိုမလိုလို များများသုံးနေရရှာတယ်။
      အင်း… ခင်ဗျားပြောသလို အောလပုံပဲ…….

  • kyeemite

    May 25, 2012 at 10:30 am

    ဦးပါရှင့်…
    မီး နေမကောင်းဖစ်နေပါသဖြင့်
    ခွင့်တလလောက် ပေးပါရန်
    ရိုသေစွာ တိုင်ကြားအပ်ပါသည်ရှင့်..
    လေးစားစွာဖြင့်…
    ဦးရဲ့..မီး။

    • ဦးဦးပါလေရာ

      May 27, 2012 at 12:39 am

      မီး..ရေ
      မီး တိုင်ထားတဲ့ခွင့်တလဆိုတာကို
      မီး ရဲ့အုပ်ထိန်းသူတွေက extension တောင်းထားတယ်….
      ဂျူလိုင်လထဲမှသေချာမတဲ့ကွယ်…
      မီး ရဲ့ ….. ဦး ..။
      😀 😀

  • ဗိုက်ကလေး

    May 25, 2012 at 11:17 am

    အဲဒီ မီးလူကြီးသာ ရွာထဲဝင်လာမိရင် ရူးသွားနိုင်တယ်..
    ဘာလို ့လဲ ဆိုတော့ သူ ့ထက်နားလည်တဲ့ မီးလူကြီးတွေ ရွာထဲမှာ အတော်များလို ့ ဟိုဟာလုပ်ရမလိုလို..ဒီဟာလိုက်လုပ်ရမလိုလိုနဲ ့
    နောက်ဆုံး မီးမှောင်မှောင်မဲမဲမှာ မောင်မောင်မီး မူးဟူးဟူးလို ့..တွားရှာပါဘီလကွယ်..
    ဘာရယ်ဟုတ်ဘူး.. မီးလူကြီးတွေရဲ့ အဖြစ်ကို တွေးကြည့်ဒါဘာ တိုတိုပါရဲ့

    • ဦးဦးပါလေရာ

      May 27, 2012 at 12:54 am

      အဲဒီမီးလူကြီး ဒီရွာထဲမလာလောက်တော့ဘူး ဗိုက်ကလေးရဲ့
      ဆိုက်တိုင်းမှာ သူ့ပုံသူ့အကြောင်းတွေချည်းတင်ထားလို့
      စူပါ့စူပါစတားဖြစ်သွားပြီ…. 😀

  • manawphyulay

    May 25, 2012 at 12:48 pm

    မီးမလာလို့ ရေမရှိတာလား… ရေမရှိလို့များ မီးမလာတာလားဟင်… ရှိတုန်းက ချွေတာ သုံးကြပါလို့ ပြောသားပဲ…

    • ဦးဦးပါလေရာ

      May 27, 2012 at 12:45 am

      သူတို့က သူများကိုသာ ချွေတာခို်င်းတာ မနောရဲ့..
      မနောလဲ နေပူတော် ခဏခဏရောက်နေတော့ လက်တွေ့ပဲမဟုတ်လား..။

  • ahnyartamar

    May 25, 2012 at 3:15 pm

    ဦးဦးပါလေရာကလဲဇွတ်ပဲ…အဲဒီရှိတာလေးက…နေပြည်တော်အတွက် အရံထားထားတာ..သူတို့အစဉ်အဆက်ကိုးကွယ်ခဲ့တဲ့..အဘတွေက နေပြည်တော်မှာရှိနေသေးတယ်လေ..မီးလူကြီးတွေအိမ်မှာ ဘုရားစင်တောင်မရှိဘူး၊ အဘစင်ပဲရှိတယ်။

    • ဦးဦးပါလေရာ

      May 27, 2012 at 12:43 am

      လက်သံပြောင်လှချည့်လားကိုယ့်ဆရာရယ်….. 😀
      မသိယောင်ဆောင်တဲ့သူတွေကိုတော့
      တခါတလေ ဇွတ်ကိုပြောမှဗျို့…

  • blackchaw

    May 26, 2012 at 5:34 pm

    ကိုပါလေရာကြီးရေ။
    မိုးတွေစရွာနေပြီဆိုတော့
    မီး ပြန် မှန်တော့မယ့်သဘောပေါ့ခင်ဗျာ…။
    အရင် စစ်အစိုးရလက်ထက်ကတည်းက
    မိုးတွင်းမီးမှန်ခဲ့တာလေးတစ်ခုတော့ အစဉ်အလာရှိခဲ့ဘူးပါတယ်။
    ဒီအစိုးရလက်ထက်ကျမှ
    မိုးတွင်းတောင် မီးမမှန်ဘူးဆိုခဲ့ရင်
    ဖယောင်းတိုင် မီးရှို့စရာမလိုတော့ပါဘူး
    ဒုတ်ကိုသာ မီးရှို့ပြီး
    မီးဒုတ် မီးဒုတ် ရှို့ရှို့လို့ အော်ရုံသာ ရှိတော့တာပေါ့ခင်ဗျာ။ :mrgreen:

    • ဦးဦးပါလေရာ

      May 27, 2012 at 1:02 am

      ကိုဘလက်ရေ
      အခုကြားရတာတော့ ဂျူလိုင်မှ တဲ့
      စောင့်ကြတာပေါ့ဗျာ…
      စောင့်ရတာ အသားကိုကျနေတော့တာပဲ…. 😛

  • padonmar

    May 26, 2012 at 8:09 pm

    မီးပေးတာမပေးတာကတစ်ပိုင်းပေါ့နော်။
    ပြည်သူတွေဖက်ကလည်း ချွေတာလို့ရတဲ့နေရာမှာ ချွေတာသုုံးပေးကြစေချင်ပါတယ်။
    ဥပမာ နေ့လည်တွေမှာ မလိုအပ်တဲ့မီးချောင်းတွေ ပိတ်ပေးပါ။
    ရုံးဆင်းရင် ပန်ကာ၊မီးချောင်းတွေ ပိတ်သွားကြပါ။
    သဘာဝလေနဲ့နေလို့ရတဲ့အခါ ပန်ကာ၊အဲကွန်းတွေ ပိတ်ပေးကြပါ။
    အိမ်သာကထွက်ရင် အိမ်သာမီးတွေ ပိတ်သွားကြပါ။
    ငါတို့မီတာခပေးထားတာပဲ သုံးမှာပေါ့ဆိုတာမျိုး၊ ဒီမီးလေးသုံးတာ၊ဒီ တစ်အိမ်သုံးတာ ဘယ်လောက်မှ
    ကုန်သွားတာမဟုတိပဲဆိုတဲ့ အတွေးတွေ ဖျောက်သင့်ပါတယ်။
    ကိုယ် မီးတွေထိန်အောင်သုံးနေတဲ့ အချိန် ဟိုဖက်ရပ်ကွက်က ကလေးက ဖယောင်းတိုင်နဲ့ စာဖတ်နေရတယ်ဆိုတာ သတိထားကြစေချင်ပါတယ်။

    • ဦးဦးပါလေရာ

      May 27, 2012 at 1:00 am

      လေးစားပါတယ် မပဒုမ္မာရေ…
      အင်မတန်ကောင်းတဲ့ ထောက်ပြချက်လေးပါ။
      ဒီအချိန်ဟာ ကိုယ့်အသိတရားရေချိန်ကို စမ်းစစ်ခွင့်ရတဲ့အချိန်ပါ…။
      တမျိုးသားလုံးမလောက်မငှဖြစ်နေချိန်မှာ
      မီတာခ ပေးနိုင်တိုင်း သုံးလို့မဖြစ်ပါဘူး…။

  • ကိုရင်စည်သူ

    May 26, 2012 at 10:26 pm

    ခင်ဗျားတို့ ကျုပ်တို့ တသက်လုံးနေလာတဲ့ ဒီနိုင်ငံမှာ ဘာများ လောက်လောက်ငှငှ ပြည့်ပြည့်စုံစုံ ပိုပိုလျှံလျှံရှိဘူးလို့လဲ..။
    ………………………………………
    ဦးပလာယာရဲ့ အဲ့ဒီတော်ကီကိုတော့ ရေလည်ခိုက်သွားပြီ…
    ပိုပိုလျှံလျှံလေးတွေ မဖြစ်သွားအောင် အစိုးရက စေတနာနဲ့ ကုန်ဈေနှုန်းရယ်.. မီတာခရယ်… ဖုန်းဖိုးတွေရယ်…
    အားလုံးကို ဘက်ညီပြီး ပြည်သူ့ ဝင်ငွေ မိုင်းနက်ပြအောင် လေ့ကျင့်ပေးထားပါတယ်…
    ပြန်ရင် တရုတ်ဘက်က ဝင်တဲ့ LED လက်နှိပ်ဓါတ်မီးလေး ပြေးဝယ်လိုက်ဦးမယ်ဗျာ…

    ခင်တဲ့
    မိုးတိမ်

  • ဦးဦးပါလေရာ

    May 26, 2012 at 11:56 pm

    ဒီပိုစ့်မှာ ကွန်မင့်ပေးသူများကို တဦးချင်း ပြန်လှန်ဆွေးနွေးရင်းနဲ့ ထပ်ပြောချင်တာလေးတွေ ထည့်ထည့်ပြောသွားဘို့ ရည်ရွယ်ခဲ့ပါတယ်။

    တကယ်လက်တွေ့မှာတော့ ကွန်ပျူတာရှေ့ရောက်နိုင်တဲ့အချိန် မီးပျက်နေလို့ ကွန်မင့်တွေကို laptop နဲ့ဖတ်ရုံပဲ ဖတ်နိုင်ပါတော့တယ်။ (အဲဒါကြီးနဲ့တော့ ကျုပ်က စာမရိုက်တတ်တာအမှန်)

    အခုမှတော့ ကြာသွားပြီမို့ ကွန်မင့်ရေးဆွေးနွေးကြသူတွေကို ကျေးဇူးတင်ကြောင်းပြောရင်း လိုရင်းလေးပဲနဲနဲချုပ်ပြောပါရစေတော့-

    ၁-လောလောဆယ်မီးမလောက်ဘူးဆိုတာ အရမ်းကြီးမလောက်တာမဟုတ်သေးပါဘူး။ ၂၀-၂၅% လောက် လျော့တာပါ။ အခုထက်ပိုပြီး စံနစ်ကျအောင် မျှအောင်ဝေရင် အားလုံးခံသာပါသေးတယ်..။

    ၂-၂၄နာရီမီးပေးဘို့တကယ်လိုတဲ့နေရာတွေကို ပေးရမှာဖြစ်ပေမယ့်- တကယ်မလိုတဲ့ VIPအစစ်မဟုတ်တော့တဲ့ VIPအတုတွေကို လူ့စည်းဘီလူးစည်းတားဖို့ အချိန်တန်ပါပြီ။

    ၃-မီးလိုင်းပိုသွယ်ထားတာတွေ၊ မီးခိုးသုံးထားတာတွေ၊ အပါအဝင် မသမာမှု့တွေကိုလဲ ရပ်တန်းက (အချိန်မီ) ရပ်ကြဖို့လိုပါပြီ။ (မရှိဘူးလို့လာငြင်းရင်တော့ ကျုပ်က စာရင်းနဲ့ကို တင်လိုက်ဦးမှာ)

    ၄-ဒီလိုမီးမလောက်တဲ့ကာလမျိုးမှာ မပဒုမ္မာပြောသလို ကိုယ့်အသိတရားလေးနဲ့ကိုယ် မီးလေးချွေတာသုံးကြသင့်ပါပြီ။ အဲဒါထက် အလှဆင်မီးတွေ ဆိုင်းဘုတ်မီးတွေလိုမျိုး အပိုအလျှံသုံးထားတာလေးတွေလဲ ရပ်ထားသင့်ပါပြီ။ နေ့ခင်းကြောင်တောင်ကြီး မီးထွန်းထားတဲ့ ဆိုင်းဘုတ်တွေ ဓါတ်ပုံလိုက်ရိုက်ပြချင်တယ်..။

    ၅- ကျုပ်တို့နိုင်ငံရဲ့ လျှပ်စစ်ထုတ်တဲ့စံနစ်တွေ ၊ လျှပ်စစ်ဖြန့်ဖြူးတဲ့စံနစ်တွေကို အသေအချာ ပြန်သုံးသပ်သင့်ပါပြီ။
    အဲလိုသုံးသပ်ရာမှာလဲ နိုင်ငံရဲ့ ပထဝီအနေအထားတွေ နိုင်ငံရေးလူမျိုးရေး အနေအထားတွေပါ ထည့်တွက်သုံးသပ်သင့်တာပါ။ ဗုံးခွဲခံရတိုင်း မီးပြတ်ရရင် အဲဒီနိုင်ငံ ဘာသွားလုပ်လို့ရတော့မှာလဲ။ မီးလူကြီးတွေက မသုံးသပ်ရင်လဲ ပြည်သူက သုံးသပ်ဖို့ပါပဲ။ သူတို့ကို ပြည်သူကချည်း အသိပညာပြန်ပေးနေရတာ မဆန်းတော့ပါဘူးနော..။

    ၆-ကျုပ်တို့နိုင်ငံ လူတန်းစေ့ချင်ရင် လိုအပ်တဲ့လျှပ်စစ်က သတင်းစာထဲမှာပါတဲ့ မဂ္ဂါဝပ် ၁၈၅ဝ မဟုတ်ပါဘူး လုံးဝမဟုတ်ပါဘူးနော.. အနဲဆုံး အဲဒါရဲ့လေးငါးဆပါ။ နောက်မျိုးဆက် လူနဲ့တူချင်ရင် အဲဒါကို မဖြစ်မနေရအောင်လုပ်ရမှာပါ။ ဘယ်နည်းနဲ့ဖြစ်ဖြစ်ပါ..။

    ဖတ်သူမန့်သူအားလုံးကို ကျေးဇူးပါဗျာ…..

  • awra-cho

    May 27, 2012 at 9:25 am

    စနစ်တကျ လုပ်ရင် ဖြစ်ပါတယ်၊ အခုတောင် နည်းနည်း အဆင်ပြေလာပြီတဲ့။ အစောကတည်းက အဲလိုဘာလို့ မလုပ်လဲမသိ၊ အလကား တိုင်းပြည်နံမယ် ပျက်အောင်လုပ်တယ်၊ ပြောမှသိ ထိမှနာ ဆိုတာလို ဖြစ်နေပြီကော။

Leave a Reply