ပြောရင်းကို ရယ်ချင်သဗျား……

ဒေးဗစ်ရယ် … မင်းနှယ့် …. ဘာတွေရယ်ချင်သတုန်းဆိုတော့ကားးးးးးးးးးး……..

ဒီလိုဗျ….ကျွန်တော်တို့ ဒီရွာထဲမှာပဲဖြစ်ဖြစ်၊ အခြားအခြားသော Blog တွေမှာပဲဖြစ်ဖြစ် Post တို့ Comment တို့ရေးလိုက်လို့ ကိုယ်ရေးလိုက်တဲ့အကြောင်းအရာဟာ အခြားသော ဂျာနယ်၊ Website ထဲမှာဖေါ်ပြပြီးသားကို ကူးယူရင် မူရင်းဆိုဒ်ကို Credit ပေးတဲ့အနေနဲ့ ကူးယူဖေါ်ပြတဲ့ ဂျာနယ်၊ Website တို့ရဲ့ နာမည်နဲ့ Link ကိုဖေါ်ပြပေးရပါတယ်။ ဒီလိုမှ မဖေါ်ပြဘဲ မိမိကိုယ်တိုင် Create လုပ်ပြီးရေးသလိုလိုနဲ့ရေးခဲ့ရင် ဘယ်လောက်ရှက်ဖို့ကောင်းသလဲပေါ့နော်…..ရွာသူရွာသားတွေလည်း အဲ့ဒိလိုမျိုးဘယ်သူ့မှလုပ်ခဲ့ကြတာကို မတွေ့ခဲ့ဘူးပါဘူး။

ခုတော့ဗျာ……နိုင်ငံရဲ့စတုတ္ထမဏ္ဍိုင်လို့ကြွေးကြော်ထားတဲ့ အချို့သောဂျာနယ်မှာဗျာ (ဂျာနယ်အားလုံးနှင့် ဂျာနယ်လစ်အားလုံးကို မဆိုလိုပါ) အခြားသော Blog တွေ၊ သတင်းဆိုဒ်တွေက နည်းပညာသတင်း၊ စီးပွားရေးသတင်း၊ ထူးခြားဖြစ်စဉ်သတင်းတွေကို တထပ်တည်းနီးပါးကူးယူပြီး ဂျာနယ်ထဲမှာ ပေါ်ပေါ်ထင်ထင်ကြီးကို ဖေါ်ပြနေကြသဗျာ။ ပြီးတော့ ဒီသတင်းကို ဘယ်ဆိုဒ်မှာတွေ့ရှိလို့ ဖေါ်ပြပါတယ်ဆိုတာ လုံးဝ(လုံးဝ) မရေးထားဘူးဗျာ။ အမယ်….အမယ်….သူကလုပ်လိုက်သေး…သတင်းရဲ့အောက်မှာ ဘယ်ဂျာနယ်လစ် ဆိုပြီးတော့ကို သောက်ရှက်မရှိ ပေါ်ပေါ်ထင်ထင်ကို ဂုဏ်ယူပြီးဖေါ်ပြလိုက်သေး…..ဟေ….ဟေးးးးးးးးးး…..

ယုတ်စွအဆုံး မန်းဂေဇက် ထဲမှာရေးထားခဲ့တဲ့ Post တွေတောင် ပါလိုက်သေးသဗျို့။ ပါတာမှ ပေါ်တင်ကြီးတွေရယ်ဗျာ… သူများ Post တွေကိုခွင့်ပြုချက်မယူဘဲ စာမူခရအောင်ဂျာနယ်ထဲကို ထည့်ချင်သပါ့ဆိုလည်း မသိသာအောင် နည်းနည်းပါးပါးလောက်တော့ ကိုယ့်အိုင်ဒီယာလေးနဲ့ ဖြည့်သင့်တာဖြည့်၊ ဖြတ်သင့်တာဖြတ်၊ ရွှီးသင့်သာရွှီးပေါ့ဗျာ။ ခုတော့ ၉၈% က ဒဲ့ချည့်ဗျို့။ တစ်ချို့ သတင်းတွေဆို ၇၀% လောက်က ဒဲ့ဗျာ။

ဘယ်သတင်းဂျာနယ်တွေမှာ ဘယ်ပိုစ့်ဆိုတာတော့ ဒဲ့ မပြောတော့ပါဘူးနော်။ (ကျွန်တော်ယိုးစွပ်ပြီးရေးတယ်ထင်ရင်တော့ တနင်္လာနံ နဲ့ ကြာသပတေးနံပါတဲ့ ဂျာနယ်တွေကိုဖက်ကြည့်ပါဗျို့) အရင်ကတော့သိဘူးဗျာ….ကိုယ်ကဂျာနယ်မှမဖက်ဘဲကိုး…Facebook တို့မှာတက်လာတဲ့သတင်းတွေကိုသာဖက်တာဂိုး။ Facebook မှာ Like လုပ်ထားတဲ့သတင်းဆိုဒ်ကလည်း နည်းမှမနည်းဘဲဗျ :) ။ ခုတစ်လောက်ဂျာနယ်တွေဝယ်ဖက်ကြည့်တော့မှ …….. အာ ….လာ ….လား …….. နည်းမှနည်းပဲဗျ။ ကျွန်တော်အံ့သြသွားတယ်။ သတင်းတွေအကြောင်းကို ဘလော့ တွေမှာ ဒဲ့ကိုရေးထားတာတွေလေ။

အဓိကကျွန်တော်ဆိုလိုချင်တာက ပြည်သူတွေဟာလူတိုင်းအင်တာနက်နဲ့မထိတွေ့နိုင်ကြသေးပါဘူး။ ဒါကြောင့် စီးပွားရေး၊ နည်းပညာ၊ လူမှုရေး၊ ထူးခြားဖြစ်စဉ်သတင်းတွေကို အွန်လိုင်းသုံးနေတဲ့သူတွေလို Update မသိနိုင်ကြပါဘူး။ ဂျာနယ်လစ်တွေရဲ့ ဖေါ်ပြမှုကြောင့်သိရှိနိုင်ကြတာပါ။

ဒါပေသိပေါ့ဗျာ……….အွန်လိုင်းသုံးပြီးသတင်းရေးသူ၊ Comment ပေးသူတွေတောင် သူများသတင်းကိုယူပြီးဖေါ်ပြရင် မူရင်းသတင်းရေးသားသူ(သို့)သတင်းလင့်ကို လေးစားသမှုနဲ့ဖေါ်ပြကြသော်လည်း အချို့အချို့သော ဂျာနယ်လစ်ကြီးများကတော့………………… :(

 

ချစ်တဲ့

ဗစ်ဗစ်

About Davit

Davit. Chelsea has written 19 post in this Website..

အပျော်တမ်း Show မှာဆိုရင် Drum တီးတယ်၊ One Men မှာဆိုရင် ကီးဘုတ်တီးတယ်၊ အိမ်မှာတစ်ယောက်တည်းပျင်းရင် Guitar တီးတယ်။ တီးလို့ရတာအကုန်တီးသဗျို့....နားထောင်ကောင်း၊ မကောင်းတော့ နားထောင်တဲ့သူသမိုင်း၊ တီးတာကတော့ ကိုယ့်သမိုင်း....ဟေ.....ဟေ့.....မမိုက်လား..... (တစ်ကယ်တော့ ဟုတ်တိပါတ်တိ ဘာမှရဘူးရယ်) :P