ချိုပေါ့ကျ လွမ်းချင်း

­အခုအချိန်မှာ မိုးအေးအေးနဲ. လွမ်းနေတာကတော့ ချိုပေါ့ကျဆိုတဲ့ပို.စ်လေးပါပဲ…….

အဲလိုပြောလို. မင်းက ချိုပေါ့ကျကို အကုန်အစင်ဖတ်ပြီး ကောမန်.တွေ ဘယ်လောက်ပေးဘူးလဲမေးရင် ပေးဘူးပါဘူးခင်ဗျ

ဒါပေမယ့် ချိုပေါ့ကျကို စွဲစွဲမြဲမြဲဖတ်ခဲ့ပါတယ်…..

တကယ်လဲကောင်းတဲ့ပို.စ်လေးပါ… ကျွန်တော် ဒီ ဂေဇတ်ကို စ၀င်ကတည်းက တွေ.မြင်နေရတဲ့ ပို.စ်တွေပါပဲ.. ရာသီတွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့ ပို.စ်တွေ.ရှိနေပါတယ်…

ဥပမာ… ဦးဘလက်ရဲ… ချိုပေါ့ကျ တို.

လေးပေါက်ရဲ… စနက်ရှော့မဟုတ်တဲ့လက်ဆော့ တို.

           အန်တီပဒုမ္မာရဲ… ပဒုမ္မာရဲ.ပုံပမာ တို.

           ………………. အများအများကြီးပေါ့ဗျာ..

ကျွန်တော် ဖတ်ခဲ့ရတဲ့ ပို.စ်တွေ ကောမန်.တွေ များလှပါပြီ…….. အခုလိုစိတ်ထဲဆွဲနေတဲ့ ပို.စ်တွေကို တစုံတစ်ခုသောအကြောင်းကြောင့် မမြင်ရမတွေ.ရရင် မနေတတ်မထိုင်တတ်ဖြစ်နေတယ်ဗျာ…………..

အခုလဲ ချိုပေါ့ကျ လေး တော်တော်ဝေးနေပြန်ပါပေါ့လားဗျာ…. ဂျာနယ်တွေအပြေးအလွှားဝယ် သတင်းသမားရေးချက်ထက် ကောင်းမွန်တဲ့ အမြင်တွေနဲ. လန်ထွက်နေတဲ့ရေးချက် တီထွင်ထားတဲ့ ပြောပြချက်တွေနဲ..ချိုပေါ့ကျ ကိုလွမ်းတာ လွန်မယ်မထင်ပါဘူး…ပြီးတော့ ပူအိုက်တဲ့ နွေခေါင်ခေါင်မှာတောင် ကော်ဖီချိန်မှာ ဖတ်လို.ကောင်းရင် အခုလို မိုးအေးအေး ရာသီလေးမှာ ဘယ်လောက်များ ကောင်းလိုက်မလဲလို.တွေးမိပြန်ရော….

ဘာတဲ့ အဲဒီပို.စ်ထဲမှာ ကျောင်းဒကာ ကျောင်းဒကာ နဲ. မျက်စိထဲနားထဲတောင် ဆွဲနေတဲ့ ရေးချက်လေးတွေ..

သက်ကြီး၊လူငယ်၊လူရွယ်ပါမကျန် ဖတ်လို.ကောင်းတဲ့ ဖလန်းဖလန်းထ သတင်းလေးတွေ….

ဘယ်နိုင်ငံက ဘယ်သူတွေ ဘာတွေလုပ်နေကြပြီဆိုတဲ့ သတင်းလေးတွေ…

အဲဒီ သတင်းတွေ ကိုအောက်ကနေ အပြန်အလှန်ဆွေးနွေးကြတဲ့ ကောမန်.တွေ…. အားလုံးအားလုံး ကိုလွမ်းနေတာပါ..

ဦးဘလက်ရေ နေကောင်းလား ကျန်းမာရေး၊စီးပွားရေး၊လူမှုရေး အားလုံးကောင်းရဲ.လား…. အားလုံးကောင်းရင် ချိုပေါ့ကျလေး ဖျော်ပေးပါအုံးလို. တောင်းဆိုချင်ပါတယ်ဗျာ…. ဘာအကြောင်းကြောင့်မှ ချိုပေါ့ကျကို အဆုံးအရှုံးမခံနိုင်ပါဘူး…. တောင်းဆိုချင်ပါတယ်…

ရွာသူ၊ရွာသား ချစ်သူငယ်ချင်းများကရော မလွမ်းကြဘူးလားဗျာ… ကဲ ၀ိုင်းပြောပေးကြပါအုံး….

တကယ်လို. ကျွန်တော်ကလေးဘ၀ ကလို “အမေအမေ ချိုပေါ့ကျ ၀ယ်ပေး ၀ယ်ပေးဆိုပြီး အဲဒီဆိုင်နားမှာ မ၀ယ်ပေးမချင်း ခြေထောက်ပွတ်ပြီး ငိုကာတောင်းဆိုလို.ရရင် တောင်းလိုက်ချင်တယ်ဗျာ”……….

About ရွှေတိုက်စိုး

has written 79 post in this Website..