ချိုပေါ့ကျ လွမ်းချင်း

ချိုပေါ့ကျ လွမ်းချင်း

­အခုအချိန်မှာ မိုးအေးအေးနဲ. လွမ်းနေတာကတော့ ချိုပေါ့ကျဆိုတဲ့ပို.စ်လေးပါပဲ…….

အဲလိုပြောလို. မင်းက ချိုပေါ့ကျကို အကုန်အစင်ဖတ်ပြီး ကောမန်.တွေ ဘယ်လောက်ပေးဘူးလဲမေးရင် ပေးဘူးပါဘူးခင်ဗျ

ဒါပေမယ့် ချိုပေါ့ကျကို စွဲစွဲမြဲမြဲဖတ်ခဲ့ပါတယ်…..

တကယ်လဲကောင်းတဲ့ပို.စ်လေးပါ… ကျွန်တော် ဒီ ဂေဇတ်ကို စဝင်ကတည်းက တွေ.မြင်နေရတဲ့ ပို.စ်တွေပါပဲ.. ရာသီတွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့ ပို.စ်တွေ.ရှိနေပါတယ်…

ဥပမာ… ဦးဘလက်ရဲ… ချိုပေါ့ကျ တို.

လေးပေါက်ရဲ… စနက်ရှော့မဟုတ်တဲ့လက်ဆော့ တို.

           အန်တီပဒုမ္မာရဲ… ပဒုမ္မာရဲ.ပုံပမာ တို.

           ………………. အများအများကြီးပေါ့ဗျာ..

ကျွန်တော် ဖတ်ခဲ့ရတဲ့ ပို.စ်တွေ ကောမန်.တွေ များလှပါပြီ…….. အခုလိုစိတ်ထဲဆွဲနေတဲ့ ပို.စ်တွေကို တစုံတစ်ခုသောအကြောင်းကြောင့် မမြင်ရမတွေ.ရရင် မနေတတ်မထိုင်တတ်ဖြစ်နေတယ်ဗျာ…………..

အခုလဲ ချိုပေါ့ကျ လေး တော်တော်ဝေးနေပြန်ပါပေါ့လားဗျာ…. ဂျာနယ်တွေအပြေးအလွှားဝယ် သတင်းသမားရေးချက်ထက် ကောင်းမွန်တဲ့ အမြင်တွေနဲ. လန်ထွက်နေတဲ့ရေးချက် တီထွင်ထားတဲ့ ပြောပြချက်တွေနဲ..ချိုပေါ့ကျ ကိုလွမ်းတာ လွန်မယ်မထင်ပါဘူး…ပြီးတော့ ပူအိုက်တဲ့ နွေခေါင်ခေါင်မှာတောင် ကော်ဖီချိန်မှာ ဖတ်လို.ကောင်းရင် အခုလို မိုးအေးအေး ရာသီလေးမှာ ဘယ်လောက်များ ကောင်းလိုက်မလဲလို.တွေးမိပြန်ရော….

ဘာတဲ့ အဲဒီပို.စ်ထဲမှာ ကျောင်းဒကာ ကျောင်းဒကာ နဲ. မျက်စိထဲနားထဲတောင် ဆွဲနေတဲ့ ရေးချက်လေးတွေ..

သက်ကြီး၊လူငယ်၊လူရွယ်ပါမကျန် ဖတ်လို.ကောင်းတဲ့ ဖလန်းဖလန်းထ သတင်းလေးတွေ….

ဘယ်နိုင်ငံက ဘယ်သူတွေ ဘာတွေလုပ်နေကြပြီဆိုတဲ့ သတင်းလေးတွေ…

အဲဒီ သတင်းတွေ ကိုအောက်ကနေ အပြန်အလှန်ဆွေးနွေးကြတဲ့ ကောမန်.တွေ…. အားလုံးအားလုံး ကိုလွမ်းနေတာပါ..

ဦးဘလက်ရေ နေကောင်းလား ကျန်းမာရေး၊စီးပွားရေး၊လူမှုရေး အားလုံးကောင်းရဲ.လား…. အားလုံးကောင်းရင် ချိုပေါ့ကျလေး ဖျော်ပေးပါအုံးလို. တောင်းဆိုချင်ပါတယ်ဗျာ…. ဘာအကြောင်းကြောင့်မှ ချိုပေါ့ကျကို အဆုံးအရှုံးမခံနိုင်ပါဘူး…. တောင်းဆိုချင်ပါတယ်…

ရွာသူ၊ရွာသား ချစ်သူငယ်ချင်းများကရော မလွမ်းကြဘူးလားဗျာ… ကဲ ဝိုင်းပြောပေးကြပါအုံး….

တကယ်လို. ကျွန်တော်ကလေးဘဝ ကလို “အမေအမေ ချိုပေါ့ကျ ဝယ်ပေး ဝယ်ပေးဆိုပြီး အဲဒီဆိုင်နားမှာ မဝယ်ပေးမချင်း ခြေထောက်ပွတ်ပြီး ငိုကာတောင်းဆိုလို.ရရင် တောင်းလိုက်ချင်တယ်ဗျာ”……….

27 comments

  • water-melon

    May 25, 2012 at 12:14 pm

    တောင်မရေ
    နင့်ဟာက တန်းလန်းကြီးနော်
    မူးနေတာလားအေ့

    • Shwe Tike Soe

      May 25, 2012 at 12:46 pm

      ပညာ အပြလွန်သွားတာပါအေ… အခုပြင်ပြီးပါပြီ ….. ညည်းနှယ့်အေ့…

  • ဗိုက်ကလေး

    May 25, 2012 at 12:31 pm

    ဟမလေး အဖျော်ဆရာ အူးလေးဗွီလိန်ကျောင်းဒဂါ မကုလားမ ကိုမှောင်ချောရဲ့
    လာကြည့်လှည့်ပါဦး
    ရွာကိုပစ်ပြီး မိန်းမကို ညာပြီး ဘီအီးသောက်ဖို ့ပဲ သိတဲ့လူကြီးရဲ့

    • MaMa

      May 25, 2012 at 3:36 pm

      ဗေးကလိုက်ဗားရှင်းအတိုင်းပဲ ချိုပေါ့ကျကို ဝိုင်းဝန်းအားဖြည့် တောင်းဆိုလိုက်ပါတယ်။ 😆

  • မိတိုက်ရေ ညည်းမန်းလေးလာရင် ညည်းကြိုက်တဲ့ ကိုဘလက်ရဲ့ချိုပေ့ါကျကို
    မန်းလေးက ချိုပေါ့ကျနဲ့ တွဲပြီးတိုက်မယ် တိလား.

    • Shwe Tike Soe

      May 25, 2012 at 1:31 pm

      ပုံစိမ့်လေး တခွက်နဲ. ရောသောက်ချင်တာ……. ပြောရင်သောက်ချင်လာပြီး မင်းသီဟ လက်ဖက်ရည်…

      • windtalker

        May 25, 2012 at 1:54 pm

        ဒီက သူလာရင် ၊ ဘီယာလေးများ သောက်ချင်မရားလို ့…
        မင်းသီဟ လဘက်ရည်ဘဲ ကြိုက်တယ် ဆိုတော့လဲ
        မင်းသီဟ လဘက်ရည်ဘဲ အဝတိုက်တော့မယ်ဗျား ။
        ဟီဟိ

        • Shwe Tike Soe

          May 25, 2012 at 4:40 pm

          ကိုပေ အဲလိုလဲဟုတ်ဘူးလေဂျာ…… ဧည့်ခံမယ်ဆိုတော့လဲ သောက်ပေးရမှာပေါ့…
          ဘီယာလေးဆိုလဲရပါတယ်ဂျာ…… အာဟိ… စကားအခံရှိတယ်နော် လာရင်တော့မတိုက်လို.ကတော့… ဟွင်းဟွင်း ကိုယ်ဟာကိုယ်ဝယ်သောက်ပစ်မှာ ဘာမှတ်လဲ

      • water-melon

        May 25, 2012 at 1:59 pm

        ဟဲ့တောင်မ မင်းသီဟ
        မလာနဲ့
        ညည်းနော်

  • ကြောင် ဝတုတ်

    May 25, 2012 at 1:15 pm

    ကျုပ်တို့ရဲ့ ဦးဘလက်ချော-
    စီးပွားရေးအဆင်ပြေပါတယ်…
    လူမှုရေးမှာ လက်မလည်အောင်တာဝန်တွေပိနေတယ်လို့ သတင်းကြားထားပါတယ်ဗျာ…
    ရွာတာဝန်တွေကို ကျေပြွန်အောင်ထမ်းဆောင်ခဲ့တဲ့ ဦးဘလက်ချော…
    မိသားစုတာဝန်တွေကို ကျေပြွန်အောင်ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း
    ချိုပေါ့ကျကို မျှော်နေပါတယ်ဗျာ…

    ရွာသားငရှုပ်-
    ကြောင်ဝတုတ်

  • kotun winlatt

    May 25, 2012 at 1:33 pm

    ဟုတ်ပါ့..ဟုတ်ပါ့…
    ချိုပေါ့ကျ..မသောက်ရတာကြာပီ…
    ခံတွင်းးးချဉ်နေပီ….
    ဦးးးဦးးးးဘလက်ရေ…
    ချိုပေါ့ကျတစ်ခွက်လောက်ပါဗျို့….။

  • ahnyartamar

    May 25, 2012 at 1:46 pm

    ဟုတ်တယ် ကိုဘလက်ရေ..ရွှေတိုက်ပြောသလိုပါပဲ ဂျာနယ်တွေအပြေးအလွှားဝယ်ပြီး update သတင်းတွေကို လက်မလွှတ်အောင် လိုက်ဖတ်နေရတယ်။ Economy မဖြစ်ဘူး….ဟဲ…ဟဲ…

  • etone

    May 25, 2012 at 1:47 pm

    ကိုချောကလက်ကြီး ကိုယ်ရောင်ပျောက်နေတာ ကြာပြီပေါ့ … ။
    ယောက္ခကြီးက အိမ်ပြင်ပေးမထွက်လို့တဲ့ … သူလှန်းထားတဲ့ ငါးခြောက်ပြားနှစ်ပြား …. ဘယ်ရောက်မှန်းမသိတာ .. ကိုချောကလက်ကြီးစောင့်မကြည့်ထားလို့ပါတဲ့အေ .. ဟိဟိ ။
    အခုတော့ ဖလမ်းဖလမ်းထအောင်မြန်တဲ့ …အွန်လိုင်းကနေ … အကြွေးဈေးဝယ်စနစ်ကိုသုံးပြီး ငါးခြောက်ပြားပြန်ဝယ်နေပါတယ်တဲ့ …. လာမပို့သေးလို့ အပြင်ထွက်မရသေးပါဘူးတဲ့လေ .. ဟိဟိ 😀

  • ဦးဦးပါလေရာ

    May 25, 2012 at 2:14 pm

    အေးဗျာ…
    ကလေးတွေက ကလေးလိုလွမ်းတော့
    ကျုပ်လဲ လူကြီးလိုလွမ်းချင်လာတယ် ကိုဘလက်ချောရေ…။
    ချိုပေါ့ကျလို ပိုစ့်မျိုးဟာ
    တော်ရုံ အချိန်ပေးနိုင်မှု့မျိုး ၊တော်ရုံ အားစိုက်ထုတ်မှု့မျိုးနဲ့ မဖန်တီးနိုင်ပါဘူး..
    ဒါ့ထက်…
    တော်ရုံ စေတနာ၊ တော်ရုံဝါသနာ၊ တော်ရုံ စိတ်အားထက်သန်မှု့မျိုးနဲ့လဲ
    မဖန်တီးနိုင်တာမျိုးပါ။
    အတင်းကြီးမတိုက်တွန်းရက်ပေမယ့်
    အချိန်ကျရင်တော့ ယောင်ရမ်းပြီး မျှော်မိတယ် ကျောင်းဒကာရေ….။

    • Shwe Tike Soe

      May 25, 2012 at 4:44 pm

      ဦးဦးပါလေရာကြီး တားတားက ခရေးဟုတ်တော့ဘူးဂျ လူဂျီးဂျ ……. မိန်းမယူတော့မှာဂျ…ဟင့်
      တော်ကြာအမေကြားရင် နင်ခလေးရှိသေးတာ မယူနဲ.ဆိုလို.ကတော့……ဦးဦးပါလေရာလိုက်တောင်းပေးရမှာနော်… ဟိဟိ 😀

  • R Ga

    May 25, 2012 at 2:55 pm

    ကျွန်တော် လက်ဖက်ရည် မကြိုက်ပါ။
    ကျွန်တော် ကော်ဖီမသောက်ပါ။
    ကျွန်တော် အအေးဆိုင်မထိုင်ဖြစ်ပါ။
    ကျွန်တော် ဘီယာကြိုက်သည်။
    ကျွန်တော် အရက်ကြိုက်သည်။
    ကျွန်တော် ကဗျာကြိုက်သည်။
    ကျွန်တော် ဂိမ်းကြိုက်သည်။
    ကျွန်တော်………………..
    ထိုသို့များထက်…. ချိုပေါ့ကျ ကိုပိုကြိုက်မိသည်။
    ပြောခဲ့ဖူးသလို တစ်ချို့က ချိုသည်
    တစ်ချို့က ပေါ့သည်။
    တစ်ချို့က ကျသည်။
    သို့သော် အားလုံးပေါင်းလိုက်လျင် အရသာအလွန်ရှိသည်။

    ထို့ကြောင့် ကိုဘလက် ရောက်ရအရပ်က အမြန်ပြန်လာပါ။

  • amatmin

    May 25, 2012 at 4:45 pm

    ကိုဘလက်ရေ..
    ရှင်းစရာတွေ ရှင်းခဲ့ပြီးရင် ..ချိုပေါ့ကျ အမြန်ပြန်ရောက်လာဖို့ မျှော်လင့်နေပါတယ်ဗျ..
    လက်မအမြင့်ကြီး မထောင်ရတာ ကြာတော့ မေ့တောင်နေပေါ့ ကျောင်းဒကာရယ်.. 😛

  • kyeemite

    May 25, 2012 at 7:30 pm

    ဘာမှမပြောတော့ပါဘူးဒေါ်ဘလက်လေဘယ်…
    ခင်ပီးရင်းခင်ရင်းနဲ့..

  • padonmar

    May 25, 2012 at 7:54 pm

    လက်မထောင်ချင်ပါတယ်.
    စိတ်ထင်တော့ မိသားစုရေးရာဝန်ကြီး ရာထူးတက်သွားတယ်ထင်ပါရဲ့။
    ကိုပေါက်ပြောဖူးသလို ရွာကိုပြန်လာပါဗျိုး

  • Khin Latt

    May 25, 2012 at 8:25 pm

    အခုတော့ ဂျီတိုက်ပြီး ငိုစရာ မလို တော့ ဘူး ပေါ့ မောင်တိုက်ရေ။
    ဒီလောက် ဂျီတိုက်တတ် မှတော့ နားရွက်ဆွဲလိမ် ခံရတာ မသနားပေါင်တော်။ 😛

    • Shwe Tike Soe

      May 26, 2012 at 9:07 am

      အရီးလတ်နော် အဟင့်……. သများ နားရွက်ပဲ ခလုတ်တိုက်နေတာ……… ဟွန်.

  • kyeemite

    May 26, 2012 at 8:12 am

    ကဲ..ဒါဘယ်ဘလက်ခင်ဗျား…အများကတော့
    တောင်းဆိုနေကြပြီ…ချုိုပေါ့ကျ ကိုလည်းစွဲနေကြပြီ..
    ကိုင်း..ဘယ်လိုလဲ..

    • Shwe Tike Soe

      May 26, 2012 at 9:00 am

      ပရိုကဲ ပေါ့ ဦးမိုက်ရယ်……… ဟဲဟဲဟဲ

  • ဦ ဘလက်ကြီး ဖျေပေးမပေး ဝင်မပြောသေးပါလားဗျ။
    သူ ့မူ သူ ့လက်ရာ မတွေ ့ရတာ ကြာတော့ လွမ်းတဲ့ထဲ
    ကျနော်လဲ ပါသဗျို. ့။
    မနေ ့ကတွေ ့မိပါရဲ. ့ အူးဘလက်ကို ။

  • Rose Minn

    May 26, 2012 at 12:00 pm

    Black label ဆိုတာ ကိုဘလက်ကို ဂုဏ်ပြုထားတာဆို ကိုဖက်က ပြောတယ်။ ဟုတ်လား လာဖြေအုံးနော်။ ချိုပေါ့ကျ မသောက်ရတော့ ရုံးမှာ အိပ်ငို်က်တယ် ခူး ခလောခလော…….. zzzzzz

  • ကျောင်းမတက်တဲ့ ဘလက် အတွက်
    ခေါင်းလောင်းသံနှက်ပေးလိုက်မယ်………………………
    ဂလောင်………………..ဂလောင်…………ဂလောင်
    ဂလောင်………………..ဂလောင်…………ဂလောင်
    ဂလောင်………………..ဂလောင်…………ဂလောင်
    ဂလောင်………………..ဂလောင်…………ဂလောင်

  • awra-cho

    May 26, 2012 at 4:59 pm

    လက်ဖက်ရည် လွမ်းလို့ သူများပို့စ် ထဲတောင်သွား ရေးထားသေးတယ်၊ တကယ်လွမ်းတာပါအေ။ကျဆိမ့် လဲသောက်ချင်ထှာ။ နိုမိတော့မယ်နော်

Leave a Reply