စိတ် ကို စိတ် ဖြင့်ဟောသည်။

ခင္ခMay 25, 20121min12914

လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က အဖြစ်အပျက်ကလေးတစ်ခုကို သတိရမိလို့ပါ။

အဲဒီအချိန်တုံးက တက္ကသိုလ်မှာကျောင်းပြီးလို့ အလုပ်တစ်ခုလုပ်ရအောင် နေ့တိုင်းနီးပါး ရန်ကုန်မြို့ ကမ်းနားလမ်းက ခြောက်ထပ်ရုံးကိုရောက်ခဲ့ပြီး အလုပ်ခေါ်တဲ့ ကြော်ငြာကိုလာဖတ်လိုက်၊ သူငယ်ချင်းတွေနဲ့ အဲဒီခြောက်ထပ်ရုံးနားက လ္ဘက်ရည်ဆိုင်ထိုင် လေပစ်လိုက်နဲ့ ပေါ့။

တစ်နေ့သူငယ်ချင်းက ဘယ်ကဘယ်လိုသိလာသလဲတော့မသိဘူး မြို့ထဲ လမ်းတစ်ခု (လမ်းနံပါတ်မမှတ်မိတော့လို့)မှာ အလုပ်ကိစ္စလေးအဆင်ပြေအောင် ဗေဒင်မေးရအောင်တဲ့ တစ်ခါမေးမှ ၂၀ဝ ကျပ်ဆိုပြီး သူငယ်ချင်း နှစ်ယောက်သွားကြတယ်။(အဲဒီအချိန်ကာလက ငွေ ၂၀ဝ ကျပ်ဟာ ဆီချက်တစ်ပွဲနဲ့ အအေး တစ်ပုလင်း ရတယ်။)

အခန်းရှေ့ရောက်တော့ ဆိုင်ဘုတ်တွေ့တယ် စိ်တ် ကို စိတ် ဖြင့်ဟောသည် တဲ့။ ဒါနဲ့ သူငယ်ချင်းနှစ်ယောက် ဝင်သွားပြီးဧည့်ခန်းမှာ ထိုင်လိုက်ရင်ဘဲ၊ လိုက်ကာကာထားတဲ့ အခန်းလေးအတွင်းကနေ တစ်ယောက်ဆီဝင်ခဲ့ပါ ဆိုလို့ဝင်သွားတယ်။ အခန်းလေးထဲမှာ မြတ်စွာဘုရားပုံတော်တစ်ဆူရှိပြီး ရှေ့မှာကန်တော့ပွဲထိုးထားပြီး ဖယောင်းတိုင် နဲ့ အမွှေးတိုင်ထွန်းထားတာတွေ့တယ် ပြီးတော့စားပွဲခုံတစ်ခုံနဲ့ ဗေဒင်ဟောမဲ့ဆရာကထိုင်နေတာနဲ့ သူရဲ့မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့။ဉာဏ်ပူဇော်ခက တစ်ခါမေး ၂၀ဝ ကျပ်ပါလို့ ပြောလို့ ထုတ်ပေးတော့ သူကယူပြီး ခုနဘုရားးရှေ့က ကန်တော့ပွဲမှာထိုးထဲ့လိုက်တယ်။

ပြီးတော့ ပြောတယ် မေးချင်တဲ့မေးခွန် (၃)ခုကို စိတ်ထဲကနေ အထပ်ထပ်ရွတ်ပြီးမေးပါတဲ့၊ အသံထွက် စကားပြောမေးဆရာမလိုဘူး စိတ်နဲ့ဘဲမေးတဲ့ဆိုပြီး ပြောတယ်။

ခဏကြာတော့ မေးချင်တဲ့မေးခွန်း(၃)ခု မေးပြီးပြီလား၊

ပြီးပါပြီပေါ့။

ဒါဆိုခဏလေးဘုရားကို အာရုံစိုက်နေ ဆရာဟောမယ် ဆိုပြီးသူက မျက်စိမှိတ်ပြီးငြိမ်နေတယ်လေ။

ကိုယ်ကလည်း ဘာပြောမလဲ ဘာပြောမလဲ စောင့်ရင်း ဘုရားကြည့်လိုက်၊ သူ့ကြည့်လိုက်ပေါ့။

ခဏနေတော့ ရပြီးတဲ့။

အဲဒီတော့ ဆရာဘာမှ မပြောရသေးဘူး အဖြေပြောအုံးလေဆိုတော့ စိတ်ကိုစိတ်နဲ့ ဟောတာတဲ့၊ ကျွန်တော်ကမေးချင်တဲ့(၃)ခွန်းကို စိတ်ထဲကနေ မေးတာကို သူကအာရုံခံပြီး အခုစိတ်နဲ့ပြန်ဟော ပြီးပြီတဲ့၊ အဲဒါ ကျွန်တော်မေးတာ သူစိတ်မှာသိပြီး သူဖြေတာ ကျွန်တော်မသိတာ စိတ်စွမ်းအား(စရဏ)အားနည်းနေလို့တဲ့ ဘုရားတစ်ခုခုမှာ ပုတီးလေးစိတ်ပြီး စိတ်ငြိမ်အောင်ပြုပြီး သူဘာဖြေခဲ့လည်းဆိုပြီး အာရုံခံကြည့်ရင် ပြန်ပြီးကြား သိ လာပါလိမ့်မယ်တဲ့။ဒါနဲ့ဘဲ အခန်းထဲက ထွက်ခဲ့ရတယ်။

ပြီးတော့ဧည့်ခန်းမှာထိုင်နေတဲ့သူငယ်ချင်းက တားချိန်တောင်မရလိုက်ဘူး အခန်းထဲဝင်သွာလို့ ဧည့်ခန်းထိုင်ခုံမှာစောင့်နေရင်း သူဘာဖြေခဲ့လည်း ပြန်ကြာနိုး မျက်စိမှိတ်နေမိတာ သူငယ်ချင်းက စိတ်တိုတဲ့အမူရာနဲ့ ပုခုံးပုတ်ပြီး သွားရအောင်ပြောတော့မှ လန့်နိုးသွားတယ်။ (မှေးကနည်း အိပ်ပျော်သွားတာကိုး)

ဒါနဲ့ဘဲ လမ်းလျှောက်ရင်း သူငယ်ချင်းက ဘုရားသွားရအောင်ပြောတော့ ကျွန်တော်ကပြောလိုက်တယ် သူမမှားပါဘူး၊ သူရေးထားတာဘဲ စိတ် ကို စိတ် နဲ့ဟောသည် လို့လေ။ဘုရားလည်းသွားမနေနဲ့ ဘာဟောလဲဆိုတာလဲ ကြားလာမှာမဟုတ်ဘူး၊ ပေးလိုက်ရတဲ့ငွေ ကျပ် ၂၀ဝ ကို လှုတယ်လို့တာသဘောထားလိုက်ကွာ အိမ်ပြန်ကြမယ်ဆိုပြီးပြန်လာခဲ့ကြတယ်။

တော်ရှာပါတယ်ဆရာရယ် စိတ် ကို စိတ် နှင့် ဟောနိုင်တယ်လေ။

စာကြွင်း- နောက်တစ်ပါတ်ကြာတော့ အလုပ်လျှောက်ထားတဲ့ အလုပ်တစ်ခုက အလုပ်ခန့်ခဲ့လေရဲ့။

 

 

 

14 comments

  • windtalker

    May 25, 2012 at 1:28 pm

    ပိပိရိရိ နဲ ့လုပ်ကိုင်စားတတ်ကြသူများပေါ့နော် ။
    အဲဒါမျိုးက နေရာတိုင်းမှာ ရှိမယ့်ပုံဘဲဗျ ။ ကိုယ် အလို ့ခံခဲ့ရတာဆိုပြီး … ပြန်မဖွ ပြန်မပြောကြလို ့သာ ၊ အဲ့လို လူစားတွေ အလုပ်ဖြစ်နေကြတာကလား ။

    • ssa

      May 26, 2012 at 11:49 am

      ကို windtalker ဘောပွဲတွေပြန်လာတော့မယ်..
      ဆက်ပီး ခန့်မှန်းအုံးမှာလား…(ကြောက်နေပါပီဗျာ)
      နောက်တာနော်..
      ကျွန်တော်က ခင်ဗျားရဲ့ ဘောခန့်မှန်းချက်တွေ ခဏခဏ ကြည့်ဖြစ်ပါတယ်..
      ကိုယ် ကြည့်လိုက်တဲ့ အပါတ် လွဲတွားပြန်ပီ..ဟီဟီး..တစ်ခါ တစ်ခါတော့မှန်တယ်
      ကျွန်တော်အမြဲအားပေးပါတယ်..ကျေးဇူးပါ..

  • water-melon

    May 25, 2012 at 1:52 pm

    ဟီး တော်လိုက်တဲ့ ဆရာ
    သွားမေးအုန်းမယ်

  • etone

    May 25, 2012 at 1:58 pm

    ဟယ်တော့ … ဒီတိုင်းပြန်လာခဲ့တာလားဟင် … ။ ဘလိုင်းကြီးလိမ်စားတယ်နော်
    စိတ်ကို စိတ်နဲ့ ဟောတယ်ဆိုပဲ … ကိုယ့်စိတ်ကိုယ်တောင် ဖမ်းမရတာ …။ သူများစိတ်ကို ဖမ်းဖို့ဆိုတာကတော့ ဆင်ဖမ်း ၊ ကျားဖမ်းတာထက်ကိုပိုခက်ရောပဲ …

    အစ်ကိုရာ ရုပ်တည်နဲ့ … ဟောခန်းထဲမှာ စားပွဲကို လက်လေးနဲ့ နှစ်ချက်သုံးချက်လောက်ပုတ်ပြီး … မင်းကငါ့ကိုဘာထင်လဲကွ ၊ ငါက အထက်ကခိုင်းလို့လာတာ အမိန်းတော်နာခံစမ်းတွေဘာတွေလျှောက်လုပ်ခဲ့ရမှာ ဟီးဟီး .. ဒါမှ မဟုတ် .. ပွဲမှာ ထိုးထားတဲ့ နှစ်ရာတန်ပြန်ဖြုတ်ယူလာရမှာ ဟီး 😀

    အရင်ခေတ်ကလေ ခိုးဆိုးလိမ်စားသူတွေလည်းပေါ ၊ လူလိမ်ခံရတဲ့လူတွေလည်းပေါတယ် … ။ ဒီခေတ်မှာလည်း ရှိတော့ရှိတုန်းဆိုပေမယ့် .. တစ်ခုခုဆိုလျှင် အွန်လိုင်း/မီဒီယာက လွင့်လိုက်တာနဲ့ ကိုယ်မသိတာလည်း သိပြီး အလိမ်မှန်း ရိပ်မိနိုင်မယ်ထင်တယ် … ။ အွန်လိုင်းက ဟိုးတလောက ပိုက်ဆံတစ်သိန်းအုပ်ကို လျော့ပြီးဘယ်လိုခေါက်သလဲဆိုတာတောင်ဖတ်လိုက်ရတယ် .. ဒါကြောင့် ပိုက်ဆံသွားလဲလျှင် ဖြေပြီးတရွက်ချင်းရေတဲ့အကျင့် …မီဒီယာကျေးဇူးနဲ့ ရလာခဲ့တယ် ။

  • Khin Kha

    May 25, 2012 at 1:59 pm

    water-melon သွားမေးမယ်ဆို ငွေကျပ် ၂၀ဝ ဘဲယူမသွားနဲ့နော်။
    အခုဆို ကျပ် ၂၀၀ဝ လောက်ဖြစ်နေမလားဘဲ။

  • Khin Kha

    May 25, 2012 at 2:05 pm

    ကျောင်းပြီးခါစ လူငယ်ဆိုတော့ ကိုယ့်အလိမ်ခံရပြီဆိုတာသိနေပေမယ့်။
    etone ပြောသလို ပွဲမှာထိုးထားတဲ့ ၂၀ဝ ကိုဘယ်ဖြုတ်ရဲမလဲ။
    အခုအချိန် အခုအရွယ်ဆိုရင်တော့ ပွဲမှာထိုးလိုက်တဲ့ ၂၀ဝ မပြောနဲ့ ပွဲတစ်ခုလုံးတောင် ယူချလာမှာပေါ့။

  • etone

    May 25, 2012 at 2:15 pm

    ဟီး ဟီး ဟုတ်တယ်နော် … အစ်ကိုပြောလဲ … ။ အသက်အရွယ်အလိုက်လုပ်ရဲတာမလုပ်ရဲတာ ကွာသွားသားနော် … ။ ဘာပဲဖြစ်ဖြစ် ဗဟုသုတအနေနဲ့ မှတ်သားရပါတယ် … ဒီလို အလုပ်တွေ ကြာကြာတော့ရပ်တည်နိုင်မယ်မထင်ဘူးနော် …
    လိမ်စားတယ်ဆိုတာ အမြဲလုပ်လို့ရတဲ့အလုပ်တော့မဟုတ်ဘူးလေ .. လူသတင်းလူချင်းဆောင်ပြီး နောက်ပိုင်း … သူ့ဆီ ဗေဒင်လာတွက်တဲ့လူရှိမှာမဟုတ်တော့ဘူး ။ ကျွန်မအရင်သွားတဲ့ ဗေဒင်ဆရာမကတော့ … ဗေဒင်တွက်တာထက် … ရယ်နေရလို့ကို သွားမိတာ … ။

    ပြောရလျှင် ဗေဒင်ဆရာတွေ ၊ ဆရာမတွေ ဟိတ်ဟန်ကောင်းတယ် ၊ မျက်ခုံးမွှေးထူထူဆွဲတယ်(မိန်းမ) ၊အာဘောင်အာရင်းသန်သန်နဲ့ စကားပြောတတ်တယ် ၊ သူ့ပိုင်နက်ထဲရောက်လာလျှင ်လူကိုက အလိုလို ကြောက်သလိုလို လန့်သလိုလို ရှိန်းတိမ်းဖိန်းတိမ်းဖြစ်သလိုပဲ …. ။ တကယ်တော့ သူတို့ ဟောခန်း အပြင်ဆင်ကိုက လူတွေကို .. စိတ်အာရုံထွေပြားစေသလားလို့တောင် မြင်မိပါတယ် … ။အရင်ကဆို … ဗေဒင်မယုံပေမယ့့် .. ဟောခန်းခဏခဏရောက်ဖြစ်တယ်… သူများမေးတာကြည့်ပြီးရယ်ရတာကြောင့်လည်း ပါတယ် 🙂

  • may flowers

    May 25, 2012 at 2:52 pm

    အဟားးးးးးစိတ်ကိုစိတ်နဲ့ဟောတဲ့ ဗေဒင်ခန်းလေးဖွင့်ဦးမှ…ထင်တယ်။ ရွာထဲက မေးလိုသူတွေစာရင်း

    ပေးထားနိုင်တယ်နော်။။ စိတ်ကိုစိတ်နဲ့ဟောသည် တစ်ခါဟော ၂၀ဝ တော့ရဘူးခုက ကုန်ဈေးနှုန်းတွေ

    တက်နေတော့ ၅၀၀ဝ လောက်…………………..ဟီးး။

  • R Ga

    May 25, 2012 at 3:23 pm

    ဂျာနယ်တွေမှာ တော့ တွေ့တယ်။ အဲဒီကြော်ငြာလေ စိတ်ကို စိတ်နဲ့ ဟောတယ်ဆိုတာ နောက်မှ တင်ပေးဦးမယ်။ အစကတည်းက လိမ်မယ်ဆိုတာ သိနေတာ အခုတော့ ရှင်းသွားပြီ..။ကျေးဇူးပဲ။

  • တော်ပြီး ဆိတ်တစ်ကောင်သွားဝယ်မယ်။
    စိတ်ကို ဆိတ်ဖြင့်ဟောသည်လို့ ဗွီနိုင်းကပ်ထားမယ်.။
    လာမေးရင် ဆိတ်ကို ပြန်မေးပြီးဖြေခို်င်းမယ်။
    ဆိတ်ဟောတာကို ဘာသာကိုယ့်ဘာသာကိုယ်ပြန်ဘဲ။
    ကဲ စိတ်ကို ဆိတ်ဖြင့်ဟောသည်……………
    စိတ်ကို ဆိတ်ဖြင့်ဟောသည်……………
    စိတ်ကို ဆိတ်ဖြင့်ဟောသည်……………
    စိတ်ကို ဆိတ်ဖြင့်ဟောသည်……………
    စိတ်ကို ဆိတ်ဖြင့်ဟောသည်……………
    စိတ်ကို ဆိတ်ဖြင့်ဟောသည်……………

  • htet way

    May 25, 2012 at 6:22 pm

    အော်…………..စိတ်ကို စိတ်နဲ့ဟော လိုက်တာ ကိုး
    တကယ် စိတ် ကို ပိုင်နိုင်တဲ့ လူတွေ ပညာရှင်တွေရှိပါတယ်
    သူတို့ကတော့ ဗေဒင်ဟော မစားပါဘူး။

  • မဟာရာဇာ အံစာတုံး

    May 25, 2012 at 9:04 pm

    ” စိတ်ကို စိတ်နဲ့ဟောသည် …”

    ဟောခ – ၁၀၀ဝ (USD)
    မှတ်ချက် ။ ။ မှန်တတ်သည် …။

    ပုံ/
    စိတ်ပညာ ဗေဒင်ဆရာ
    မဟာရာဇာ အံစာတုံး

  • ညလေး

    May 25, 2012 at 10:28 pm

    စိတ်ကိုစိတ်နဲ.ဟောသည်……….
    ပါသွားပြီ……200
    အားပေးသွားပါပြီ….

  • လိမ်စားပါတယ်ပြောရအောင်လဲ ခက်လှပါလားနော်။သူ ့စကားနဲ ့ရေးထားတာ အမှန်လေ။
    အမလေး. တွေ ့ဘဲတွေ ့တတ်ပါ၏ ကိုခင်ခရယ်။

Leave a Reply