ကျိုက်ကဆံကျောက်စာတော်ဘုရားမှ မယ်ကုဝံ နှင့် အမျိုးတော်စပ်သော

`မတင်`၏ကိစ္စကိုမည်သို့ဆောင်ရွက်ပေးရမည်ကို လက်ဖက်ရည်ဆိုင်ထိုင်ရင်း စဉ်စားနေစဉ် ဆေးပေါ့လိပ်လေး လက်ကြားညှပ်၍ လက်ဖက်ရည်ဆိုင်ဘက်လာ

နေသော နောင်တော်ကြီး `ဆရာပွ` ကို တွေ့လိုက်သဖြင့် ကျွနှ်ပ်မှာ လူရှင်းတုန်း လေလည်ခွင့် ရသွားသောသူကဲ့သို့ လွန်စွာစိတ်လက်ပေါ့ပါးသွားလေသည်။    ဆရာပွဆိုတာ တခြားသူမဟုတ်  ဂမ္ဘီရပညာရပ်၊ဗေဒင်ပညာရပ်၊တိုင်းရင်းဆေး ပညာရပ် များပါသည့် စာအုပ်များကို မပြတ်တမ်း ဖတ်၍ အရပ်ထဲ၌ ဂမ္ဘီရဆရာပွ ဘွဲ့ ခံထားသူ

ကျွန်ုပ် ။  ။ ဗျို့ ဆရာပွ ခဏလောက် လက်ဖက်ရည် သောက်ကြွပါဗျာ

ပွ       ။  ။ ဆရာလေး မောင်တေ လက်ဖက်ရည် ခေါ်မတိုက်စဖူး ခေါ်တိုက်နေပါ

လား တစ်ခုခုတော့ ထူးခြားတာအမှန်ပဲ ဆိုစမ်းပါဦး

ကျွန်ုပ်မှာ `မတင်` နှင့် ကြုံဆုံတွေ့ခဲ့ရသည်များကို ပြောပြလျှင် ဆရာပွမှာ လက် ဖက်ရည်သောက်လိုက် ဆေးလိပ်ဖွာလိုက်ဖြင့် ခေါင်းတညိတ်ညိတ် နားထောင် ပေး နေသည်။ ကျွန်ုပ် စကားဆုံးသော အခါမှ

ပွ   ။   ။ မောင်တေ မင်းကိုယ့်ကိုခေါ်ပြောတာ ဘာလုပ်စေချင်လို့လဲ

ကျွန်ုပ် ။  ။ဒီလိုပါ ဆရာပွ ကျွန်တော်တို့ ဓါတ်ရိုက်ဓါတ်ဆင် ယတြာပညာဆိုတာ

ဖိုဓါတ် နဲ့ မဓါတ် ပြန်ပေါင်းဆုံသင့်မြတ်အောင် လုပ်ပေးရတာ သဘာ ၀ကျလှတယ်။ အခုဟာက သဘာဝနှင့် ဆန့်ကျင်နေတာကို ပြန်ပေါင်းဆုံပေးဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား ။ ဆရာပွတို့လို ပညာဥာဏ်  ဗဟုသုတ ပြည့်စုံသူတွေ သာ ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်တွေးမိတယ် ဒါကြောင့်ဆရာပွကို  မတင်နဲ့ တွေ့ပေးချင်လို့ပါ။

ကျွန်ုပ်စကားဆုံးသောအခါ ဆရာပွမှာ ပုံမှန်ထက်ပြူးကျယ်သော မျက်လုံးဖြင့် ကျွန်ုပ်အားကြည့်လျှက်

ပွ  ။  ။`ဒီမှာဆရာတေ အချွန်နဲ့မခါနီး ချောက်ထဲတွန်းချခါနီးမှ ပညာဥာဏ် ပြည့်

စုံတာတွေ ဗဟုသုတပြည့်စုံတာတွေ လုပ်မနေနဲ့ ကိုယ်ကဂမ္ဘီရဆရာ မင်း ကဗေဒင်ဆရာ မင်းအလုပ်မင်းလုပ်ပါ၊ ဗေဒင်ဆရာတွေ့ရဲ့ အစဉ်အလာရှိတယ်  မိမိ ပေးတဲ့ ဓါတ်ရိုက်ဓါတ်ဆင် ယတြာနဲ့ မအောင်မြင်ရင် မဖြစ်ဖြစ်အောင် လုပ်ကိုင်ပေးရတယ် ။ ဒီတော့ မင်းကတိပေးထားတဲ့ကိစ္စအတွက် မအောင်မြင်ခဲ့ ရင် သူ့ယောက်ျားနေရာ မင်းအစားဝင်လိုက်` ဟု ခတ်ပြတ်ပြတ်ပြော၍ ထွက် သွားလေတော့သည်။

ကျွန်ုပ်မှာ ကတိစကားကဲ့သို့ ဖြစ်သွားသော မိမိစကားအသုံးအနှုန်းကို ပြန်တွေး လျှက် ကိုယ့်ကိုယ်ကို ဒေါသဖြစ်မိသည်။ အခုမှတော့ မီးစင်ကြည့်ကရတော့ မှာပေါ့ဟုတွေး၍ လေးလံသောခြေလှမ်းများဖြင့် ရှုညည်းအလှပိုင်ရှင်၏ဆံပင်  ညှပ်ဆိုင်သို့ လေးလံသောခြေလှမ်းများဖြင့် ထွက်ခဲ့လေသည်။

`မတင်နဲ့တွေ့ချင်လို့ပါ `

`ဘယ်သူလဲ`

အသံနှင့်အတူ ဆိုင်အ၀ကို ထွက်လာသူမှာ မရှိတဲ့ရင်သားပေါ်အောင် ကြိုးတစ် လုံးတည်း အင်္ကျီ၊ ဂျင်းဘောင်းဘီဖင်ကျပ် ယခုခေတ်အခေါ် SKIN ကို ၀တ်ဆင် ထားသော မတင်ဖြစ်နေသဖြင့် ကျွန်ုပ်မှာမျက်စိအခံရခက်ချေပြီ ။

` အော် ဆရာတေတေဇက်ပါလား ၊ လာအထဲဝင်ထိုင်ပါ ။` ၎င်း၏ဖိတ်ခေါ်ချက် အရ ဆိုင်ထဲဝင်ရန် ခြေလှမ်းလိုက်စဉ် `၊ “မအောင်မြင်ခဲ့ရင် သူ့ယောက်ျားနေ ရာ မင်းအစားဝင်လိုက် “ ဆရာပွ၏စကား နားထဲပြန်ကြားယောင်သဖြင့် လှမ်း လိုက်သောခြေထောက်မှာ နောက်သို့ ပြန်တွန့်သွားခဲ့လေသည်။ “လာပါဆရာ ရဲ့ ဘယ်သူမှမရှိပါဘူး လွတ်လွတ်လပ်လပ်ပေါ့ “ “နှစ်ယောက်တည်းအေး အေးဆေးဆေးပေါ့ ဆရာရယ် “  ကျွန်ုပ်လည်းနဖူးမှ အလိုလိုထွက်လာသော  ချွေးစီးများကိုသုတ်၍ အိနြေ္ဒရသော ခြေလှမ်းဖြင့်  ဆိုင်ထဲဝင်ထိုင်လိုက်သည်။

ကျွန်ုပ် ။    ။ ကဲ မတင်ရေ မှိုင်းခံစက္ကူ ၊ ဖယောင်းတိုင် ၂ ထုပ် ၊ မတင်ဓါတ်ပုံ နဲ့ မတင်အမျိုးသားဓါတ်ပုံပေးကျွန်ုပ်အစီအရင်လုပ်ပေးမယ်၊ကျန်တဲ့အကိုင်းအခက်အရွက်တွေကိုစလုပ်မယ့်နေ့ကျမှကျွန်ုပ်ယူလာခဲ့မယ် တစ်ခုတော့ရှိတယ် ဒီလိုကိစ္စဆိုတာ လုပ်ကိုင်ပေးတဲ့ ဆရာသမားကိုချည်း အားကိုးလို့မရဘူး ကိုယ်ဘက်ကလည်း သူ့အပေါ်မေတ္တာဓါတ်ကျအောင် မေတ္တာပို့ပေးရတယ်။  မေတ္တာပို့တဲ့သူမှာလည်း သီလနဲ့သမာဓိတော့လိုတယ်။ အဲဒီတော့ ယတြာချေ နေစဉ်ကာလအတွင်း အရက်၊ဘီယာရှောင်ရမယ်။ ကျွန်ုပ်က အခကြေးငွေယူတဲ့ ဆရာမဟုတ်ဘူး ၀ါသနာအရ ပညာရပ်လေ့လာလိုက်စားသူသာဖြစ်တယ်။ ယတြာကိစ္စ မအောင်မြင်ရင်လည်း အပြစ်မမြင်နဲ့ အောင်မြင်ခဲ့ရင်လည်း ကျွန်ုပ်က ကူညီတယ်လို့ပဲ သဘောထားမှာပါ။

မတင်။ ။“ကျွန်မကလည်း အဲဒီလိုမျိုးမှ တွေ့ချင်တာ ၊ ကျွန်မဘက်ကလိုက်နာပါ့

မယ်၊အောင်မြင်ခဲ့ရင်လည်း ဆရာကိုထိုက်ထိုက်တန်တန် ကန်တော့ပါ့ မယ်“

၎င်း၏ပြောစကားအရ ကျွန်ုပ်မှာဓါတ်ရိုက်ဓါတ်ဆင် မလုပ်ဘဲနှင့် ၎င်းအမျိုးသားရှိ ရာရန်ကုန်သွား၍ အောင်သွယ်တော်ပင် လုပ်ပေးလိုက်ချင်မိသည်။ ငွေကြေး ကြောင့်မဟုတ်ပါ၊ အစားဝင်ရမှာ ကြောက်သောကြောင့်ဖြစ်သည်။

ကျွန်ုပ်မှာ`မတင်`အတွက် ယတြာပစ္စည်းများအား စီရင်ပြီးသွားသဖြင့် ၎င်း ပစ္စည်းများကိုပေးရန် မတင်၏ဆံပင်ညှပ်ဆိုင်သို့ ထွက်ခဲ့လေသည်။

မတင်။   ။ လာ ဆရာ အထဲဝင်အုံး

ကျွန်ုပ်။   ။ မ၀င်တော့ပါဘူး ရော့ဒီမှာ ခင်ဗျားပစ္စည်းတွေ၊ဓါတ်ပုံနှစ်ပုံကို မျက်နှာ

ချင်းဆိုင်ပူးပြီး ကပ်ထား။ ၎င်းဓါတ်ပုံနှစ်ပုံပေါ်မှာ ပန်းကန်ပြားတင်ပြီး ရင် အင်းစွဲထားတဲ့ ဖယောင်တိုင်ကို မီးထွန်ရမယ်။ မီးထွန်းရမယ့် အချိန်တွေ သေချာလိုက်မှတ်ပါ။ ကျွန်ုပ်ယူလာသောအကိုင်းအခက်အရွက်များအသုံးပြုပုံ ကို လည်းသေချာမှတ်ပါ။

ကျွန်ုပ်မှာကြားသောစကားဆုံးလျှင်

မတင်။   ။ ဆရာကျွန်မကဆိုင်ဖွင့်တာ နံနက် ၉ နာရီလောက်မှဖွင့်တာ၊ဆရာအစီ

အရင်စရင်သီလပြည့်စုံအောင် အရက်၊ဘီယာမသောက်ဖို့ပြောထား တယ် ။ ညဘက်ကို ကျွန်မက ဘီယာလေး ၁ ပုလင်းလောက်သောက်မှ စောစောအိပ်လို့ပျော်တာ၊ ညဘက်ကောင်းကောင်း အိပ်မပျော်ရင် မနက်စော စောမနိုးမှာစိုးလို့ပါ။ ကျွန်မက အအိပ်မက်တယ်ဆရာရဲ့၊ဆရာ့အစီအရင်က မနက် ၆ နာရီထပြီးမီးထွန်းရမှာ ၁ရက်တည်းလည်းမဟုတ်ဘူး ၁၂ရက်တောင် လုပ်ရမှာ`ဟု ပုံမကျသော မျက်နှာကြီးအား တွန့်လိမ်၍ ချွဲပြစ်အောင်ပြောနေရာ

ကျွန်ုပ်။   ။ဈေးမဆစ်နဲ့လေ ကျွန်ုပ်တို့ပညာရပ်တွေက အချိန်အတိအကျနဲ့ လုပ်ရ

တာ၊မလုပ်ချင်ရင်သဘောပဲလေ…

ကျွန်ုပ်ခပ်တင်းတင်း ပြောသောအခါ “ကျွန်မကြိုးစားပြီးလုပ်ပါ့မယ်“ဟုပြော လေသည်။ မှာစရာရှိတာများမှာကြား၍ ပေါ့ပါးသောစိတ်ဖြင့် ကျွန်ုပ်အိမ်ပြန်ခဲ့လေ သည်။

တစ်ပတ်ခန့်အကြာတွင် ဆံပင်ညှပ်ဆိုင်အနီးတွင်ရှိသော လက်ဖက်ရည် ဆိုင်အတွင်းသို့ဝင်ထိုင်၍ ၎င်းဆိုင်အကြောင်း မေးမြန်းစပ်စုရာ ဆံပင်ညှပ်ဆိုင်မှာ အရင်က နံနက် ၉ နာရီမှသာ ဆိုင်ဖွင့်ကြောင်း၊ယခုအခါ နံနက် ၆ နာရီတွင် ဆိုင် ဖွင့်ကြောင်းသိရလေသည်။

“ဒင်း ငါ့စကားတော့ နားထောင်သား“ ဟု တွေးရင်း ကျိတ်ပြုံးရလေသည်။ တစ်ခဏအကြာတွင် ထိုဆံပင်ညှပ်ဆိုင်ဘက်မှ အုန်းဒိုင်းကျဲသော အသံများနှင့် လူများဝိုင်းအုံ၍ ကြည့်နေကြသည်။ ကျွန်ုပ်လည်း မနေသာတော့ဘဲ လူကြားထဲ တိုး၍ လှမ်းကြည့်ရာ လူငယ်တစ်ယောက်မှာ ၎င်း၏ခေါင်းကိုလက်နှစ်ဖက်နှင့် အုပ်ကိုင်၍ ဆံပင်ညှပ်ဆိုင်အတွင်းသို့ လှမ်း၍ အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေ လေသည်။ သောက်××××မကြီး×××လင်××××မကြီး ။ “ငါ့ ဆံပင်တော့ သွားပါပြီ“ မ××××ကြီး ×××××သတ္တိရှိရင် ထွက်ခဲ့ကွ ငါ့လက်နှစ်ဖက် မအားပေမယ့် မင်းလို×××××ခြောက်ကို ခြေထောက်နဲ့ ကန်ပြမယ်။ ထိုလူငယ်မှာ ဆဲဆိုအော်ဟစ်ရင်း ဘေးဘယ်ညာသို့ကြည့်လိုက်ရာ လူများဝိုင်းကြည့်နေသဖြင့် ထိုလူငယ်မှာပို၍ ရှက်လာပြီး ခေါင်းပေါ်လက်အုပ်၍  လူကြားထဲသို့ ၀င်ရောက် ထွက်ပြေးသွားလေသည်။ ကျွန်ုပ်လည်း အဖြစ်စုံသိနိုင်ရန် ဆံပင်ညှပ်ဆိုင်အတွင်းဝင်ကြည့်ရာ မတင်မှာ တရှုံရှုံငိုကြွေးနေလေသည်။ ကျွန်ုပ်ဝင်လာသည်ကိုတွေ့မြင် ၍ `မတင်`မှာ “ဆရာရယ် ကျွန်မလည်းဆရာ့စကားနားထောင်ပြီး နံနက်တိုင်း စောစောထပါတယ်၊ နေ့ခင်းဘက်လူရှင်းရင် ကျွန်မဆိုင်ထဲမှာပဲနားရင်း ပြန်မှေး တယ်ဆရာ၊အခုဟာက ကျွန်မပြန်မှေးမလို့လုပ်တုန်း ကောင်လေးတစ်ယောက် ရောက်လာပြီး ကျွန်တော့်ကို ပန့်ကေညှပ်ပေးပါပြောတယ်ဆရာ၊ကျွန်မသူ့ကို  စက်ကပ်ကြေးကိုင်ပြီးညှပ်နေတုန်း တချက်ငိုက်သွားတယ်၊ကောင်လေးက အမ လေးကုန်ပါပြီထအော်တော့မှ ကျွန်မမျက်လုံးပြူးသွားတယ်။ ကြည့်လိုက်တော့ သူ့ငယ်ထိပ်မှာ ဆံပင်အမြှောင်းလိုက်မရှိတော့ဘူး။ ကောင်လေးစိတ်ဆိုးပြီး ၀ုန်း သွားတယ်ဆရာရယ်… မှန်တွေလည်းကွဲ၊ခုံတွေလည်းကျိုးကုန်ပြီ အဲဒီ ထက်ဆိုးတာက အကုန်လုံးဝိုင်းကြည့်နေကြတယ် ရှက်လိုက်တာ ဆရာရယ်“ ကျွန်ုပ်မှာမိမိပယောဂမကင်းဟုယူဆ၍ ဆိုင်အပြင်သို့ မသိမသာ ထွက်လာခဲ့လေ သည်။ ယခုတွင် ထိုဆိုင်လေးပိတ်ထားသည်မှာ ကြာခဲ့လေပြီ။

ကျွန်ုပ်၏ ဓါတ်ရိုက်ဓါတ်ဆင်စက်ကွင်းမိသော မတင်မှာ သူ၏အမျိုးသား နှင့်ပြန်လည်ပေါင်းဆုံရန်နီးကပ်သော ရန်ကုန်မြို့သို့ ဓါတ်ရိုက်ဓါတ်ဆင်အားဖြင့် အလိုလိုရောက်သွားခဲ့လေသည်။ ၎င်းအသုံးပြုချင်ခဲ့သော အောက်လမ်းနည်းကို သုံးရန်လည်း အခွင့်အရေးရနိုင်သည်။ (ယတြာကောင်းရင် မင်းလောင်းဖြစ်တယ် ကြားဖူးကြတယ် မဟုတ်လား) ၎င်းတို့နှစ်ဦးတမြို့တည်းတွင် အတူရှိနေသော ကြောင့် ကျွန်ုပ်တေတေဇက်၏ယတြာ အလွန်စွမ်းပကားကြီးမားပါလားဟု တွေးမိ ရင်း ကြုံရဆုံရ ဘ၀ခဏတာအတွက် ဟာသသက်သက်ဖြစ်ခဲ့ရချေပြီ။

 

ခဏတာပြုံးရွှင်ရလျှင်…အသက်တစ်ရာကျော်ရှည်၍

လျှပ်စစ်မီး၂၄နာရီရသောခေတ်နှင့်ကြုံရပါစေ။                တေတေဇက်

 

About silver hero

silver hero has written 19 post in this Website..