ခုလိုမိုးအေးအေးနဲ့ မိုးရာသီမှာ မိုးတွေရွှာနေတဲ့နေ့တွေမှာ အိမ်ထဲမှာပဲ ဘာလုပ်ရမှန်းမသိဘူး ပျင်းလိုက်တာ၊ ဘာစားရမှန်းမသိဘူး တစ်ခုခုစားချင်လိုက်တာဆိုတဲ့ မိန်းမသားတွေအတွက် သည် ပို့စ်လေးကိုတင်လိုက်တာပါ။ မိုးရွှာလို့ ဈေးသွားပျင်းသူတွေအတွက်တော့ သိပ်ပြီး အဆင်ပြေမယ်လို့တော့ မထင်ဘူး။ ကဲ မိန်းမသားတွေ နဲ့အတူ ကိုကိုကာလသား၊ ပုရိသယောက်ျားများလည်း ပျင်းလည်းပြေ စားလို့လည်း မြိန်မြိန်လေးဖြစ်သွားအောင် စမ်းလုပ်စားကြည့်ကြစို့လား…။

ပြောပြဦးမယ်ဆိုရင်…အိမ်ရှင်မတွေရော…အဆောင်နေကျောင်းသူတွေအတွက် ရော အဆင်ပြေစေမယ့် စားစရာနည်းလေးတစ်ခုပေါ့..။ လုပ်ရတာလည်း အလုပ်မရှုပ်သလို ရှာရမယ့် အမျိုးအမည်တွေ ကလည်း မိမိပတ်ဝန်းကျင်ဈေးတွေမှာ အလွယ်တကူရှာရလွယ်ပါတယ်..။ စားစရာရဲ့ အမည်က မြန်မာလိုတော့အမည်မရှိသေးဘူး လို့ထင်ပါတယ်။ အလွယ်တကူပဲ ယိုးဒယားမုန့်တီထုပ်လို့ပဲ ခေါ်ရမယ်ထင်ပါတယ်..။ ကဲ…စလိုက်ကြရအောင်..။
လိုအပ်မယ့်  အမယ်တွေကတော့…
ဆလပ်ရွက်(ခပ်ကြီးကြီး)………………………အနည်းငယ်
နံနံပင်……………………………..အနည်းငယ်
မုန့်တီ(အခြောက်(သို့)အစို)…….(၁)ပိဿာ
ယိုးဒယားငံပြာရည်(ပုဇွန်တံဆိပ်)..(၁)ပုလင်း
သကြား…………………………….အနည်းငယ်
ငါး( ကြိုက်နှစ်သက်ရာ)……………(၅၀)သား
သံပုရာသီး…………………………..(၃)လုံး
ငရုပ်သီး…………………………….အနည်းငယ်

တို့ပဲဖြစ်ပါတယ်….
ပြုလုပ်နည်းကတော့..
ငါးတွေကို အနေတော်တုံးပြီး…ကြော်ထားပါ..။ ဆလပ်ရွက်နှင့် နံနံပင်တွေကို ရေစင်အောင် ဆေးထားလိုက်ပါ..။ ပြီးရင်တော့ ပန်းကန်လုံးတစ်လုံးထဲကို ငံပြာရည်ကို အနေတော်လေး ထည့်ပါ။ သံပုရာသီးကို အရည်ညှစ်ထည့်ပါ..။သကြားလက်ဖက်ရည်ဇွန်းနှင့် (၃)ဇွန်းထည့်ပါ.။ ကျန်ရှိနေတဲ့ နံနံပင်အနည်းငယ် ညပ်ထည့်နိုင်ပါတယ်..။ ငရုပ်သီးတောင့်တွေကို ထောင်းပြီး ငံပြာရည်၊ သံပုရာသီး၊ နံနံတို့နဲ့ သမအောင် အချဉ်စပ်ပါ။အားလုံးပြီးသွားပြီးဆိုရင် တော့ သမအောင်မွှေပေးပါ.။
ဒါဆိုရင်တော့ အားလုံးပြီးသလောက်ရှိနေပါပြီ.။ မုန့်တီကအခြောက်ဆိုရင်တော့ ရေနွေးဆူဆူထဲ ထည့်ဖြောလိုက်ပါ..။
ပြီးရင် လင်ပန်းဖြစ်ဖြစ် ပန်းကန်ဖြစ်ဖြစ် တစ်ခုခုထဲကို ဆလပ်ရွက်ရယ် နံနံပင်တွေရယ်..မုန့်တီဖတ်တွေကို လှပအောင်ထည့်လိုက်ပါ..။
ဖျော်ထားတဲ့..အချဉ်ရည်ရယ် ငါးကြော်တွေကို ပန်းကန်တစ်လုံးစီခွဲပြီးထည့်ပါ..။
ကဲ အားလုံးပြီးသွားပြီဆိုရင်ေ တာ့ စတင်သုံးဆောင်နိုင်ပါတယ်..။
စားသုံးပုံကတော့ ဆလပ်ရွက်တစ်ရွက်ကို ခပ်ဖြန့်ဖြန့်ထားပြီး ဆလပ်ရွက်အပေါ်မှာ မုန့်တီကို အနေတော်လေးပုံလိုက်ပါ.။ မုန့်တီအပေါ်မှာ ငါးကြော်အနည်းငယ်ရယ် နံနံပင်လေးရယ်……. အချဉ်ရည်လေး ဆမ်းပြီးတော့ ဖက်ထုပ်ပုံစံ ထုပ်ပြီး သုံးဆောင်နိုင်ပါပြီ…။
ကဲ အပျင်းပြေ အားလပ်ရက်ဖြစ်ဖြစ် အပျော်ပဲဖြစ်ဖြစ်  မိုးရာသီမှာပဲ ဖြစ်ဖြစ် လုပ်စားနိုင်ပါပြီ..။.
သြော် ဆလပ်ရွက်ကတော့ ခပ်ကြီးကြီးဖြစ်ဖို့လိုတယ် နော်…။
အဆင်ပြေကြပါစေ…။

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 191 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား