ဖေဖေ့ ကုတင်ခြေရင်းမှာရှိတဲ့ ဖျာလေးပေါ်မှာ စောင်ကို ခေါင်းမှီးခြုံပြီး

အညောင်းဖြေနေမိတယ် ဒီအချိန်မှာ အိမ်အပေါ်ထပ်ကို မီးဖွင့်ဖို့ တက်လာတဲ့ အမဆီကနေ

ညီမလေး……. မလှုပ်နဲ့ ငြိမ်ငြိမ်နေ….

ညီမလေးနားမှာ မြွေကြီး…. မြွေကြီး…

ကြောက်လန့်တကြား အော်သံထွက်လာပါတယ်

ကျမဘာလုပ်ရမလဲ…

 

ကျမမြွေဆိုတဲ့အသံကြားတာနဲ့ ငြိမ်ငြိမ်နေဖို့နေနေသာသာ ကြမ်းပျဉ် ဖျာမှာအိပ်နေတဲ့ ကျမ ဘယ်က အတွင်းအားတွေနဲ့ ခုန်တက်လိုက်မှန်းမသိဘဲ ခေါင်းရင်းမှာ ရှိနေတဲ့ဖေဖေရဲ့ ကုတင်ပေါ်ကို ရောက်နေလေရဲ့ ကျမကြောက်လန့်ပြီး မြွေကို လှန်ကြည့်လိုက်တော့ လုံးပတ်က 5လက်မပတ်လည် အရှည်က 4ပေ

လောက်ရှိတဲ့ မြွေမဲမဲ တစ်ကောင် တွန့်လိမ်တွန့်လိမ် နဲ့ အခန်းထောင့်ထဲဝင်သွားလေရဲ့

ယောင်းမနဲ့ အမတော့ တုတ်တစ်ချောင်းစီကိုင်ပြီ

မြွေရှာဖွေရေးလုပ်ကျတာပေါ့ ဒါပေမဲ့ လုံးဝကို အစပျောက်ပြီးရှာမတွေ့ပါဘူး

ကျမ အမ ပြောပြတာကတော့ အဲဒီ့မြွေက ကျမအိပ်နေတဲ့ဖျာစပ်နားမှာ

ကျမနဲ့ယှဉ်ပြီး စင်းစင်းကြီးနေနေတာပါတဲ့ အမကတော့ စမြင်တော့ ကြိုးကြီးလား ပိုက်ချောင်းလားလို့ ဘာလဲဆိုပြီး သေချာကြည့်နေတာတဲ့ အမရဲ့ခြေသံကြားမှ လှုပ်လာတော့မှ မြွေမှန်းသိပြီ အော်တာတဲ့

မေမေနဲ့ ဖေဖေ ပြန်လာတော့ ကျမကို ဘာလို့ ငြိမ်မနေပဲ ကုတင်ပေါ်ကို ခုန်တက်တာလဲပေါ့

ကျမကတော့ သူ ကျမဆီကို လာမှာကြောက်လို့ ကုတင်ပေါ်ကို ဘယ်လိုရောက်သွားမှန်းတောင် မသိပါဘူးလို့

မေမေတို့ကို အိမ်မက်အကြောင်းပါ ပြောပြလိုက်မိတယ်

မေမေကတော့ ဆရာတစ်ယောက်နဲ့ ခေါ်စစ်ပေးမယ်လို့ပြောသလို

ဖေဖေကတော့ တိုက်ဆိုင်တာပါတဲ့ ကျမကို စိတ်အားငယ်အောင် မလုပ်ပါနဲ့လို့လဲ

မေမေ့ကို ပြောလိုက်သေးတယ်

အဲဒီနောက်ပိုင်း မကြာခဏဆိုသလို့ မြွေတွေ ကျမနားကို ရောက်ရောက်လာတက်ပါတယ်

အထူးသဖြင့် တစ်ယောက်ထဲ ရှိနေချိန်တွေ နဲ့ ကျမနေမကောင်းဖြစ်နေချိန်မှာဆို ပိုလာတက်ပါတယ်

ကျမ တစ်ယောက်ထဲ ခြံထဲမှာ စာကျတ်နေချိန်မှာ တစ်ယောက်ယောက်က ကျမကို ကြည့်နေတယ်လို့

ခံစားလာမိလို့ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် ကျမကိုကြည့်နေတဲ့ မြွေတစ်ကောင်းကို တွေ့တော့တာပါပဲ

တွေတာနဲ့ ကျမလဲ စာအုပ်တွေတောင် မယူနိုင်ပဲ ထွက်ပြေးရပေါင်းမနည်းပါဘူး

ခြံထဲဆင်းလို့ မြွေတွေ့တာလို့ ထင်ပြီး ဧည့်ခန်းထဲမှာ ထိုင်ပြန်တော့လဲ အိမ်အောက်ကနေ မြွေသွားတာကို တွေ့ရပြန်တယ်

နောက်ဆုံး ဘုရားတို့ကျောင်းတို့ သွားရင်တောင် မြွေကို အမြဲတွေ့နေရပါတယ်

သွားလေရာမှာ မြွေနဲ့ရင်ဆိုင်နေရတော့ ကျမ အကြောက်လွန် စိတ်ညစ်ပြီး

ဖျားတဲ့ အဆင့်ပါရောက်သွားတယ်

ညညဆို ကျမနားမှာလဲ ကြောက်မှာစိုးလို့  မေမေကစောင့်ပြီးအိပ်ပေးပါတယ်

နေ့ခင်းပိုင် ကျမအဖျားကျသွားတော့ မေမေက ကျမကို ဆန်ပြုတ်တိုက်ဖို့ အောက်မှာသွားယူနေတယ်

ဖေဖေလဲ ဧည့်ခန်းမှာ စာဖတ်ပြီစောင့်ပေးနေတယ်

အပေါ်မှာ တစ်ယောက်ထဲ ဆိုတော့ မြွေများလာမလားလို့

အိပ်ယာ ဘေးတွေကို လိုက်ကြည့်တော့ ဘာကောင်မှ မတွေ့တော့ တော်သေးတယ်

မြွေမလာဘူးလို့ စိတ်ထဲမှာ ပြောပြီး ပတ်လက်ကလေးအိပ်ပြီး

ခေါင်းမိုးကို မော့ကြည့်လိုက်မိတယ် စစ်ကိုင်းမှာက ခေါင်းမိုးတွေကို ၀ါးကဒ်တွေနဲ့

သက်ကယ်လို လုပ်ပြီးအိမ်မိုးကျတယ်လေ ကျမ အပေါ်တဲ့တဲ့က ၀ါးကဒ်ကြားထဲမှာ

မြွေဖြူဖြူသေးသေးလေး တစ်ကောင် ကျမပေါ်ကို ပြုတ်ကျတော့မဲ့ အတိုင်း တ၀က်ကလေထဲမှာ တ၀က်က ၀ါးကဒ်ကြားထဲမှာ

ကျမလဲ ဖေဖေရေလာပါအုံးဆိုပြီး ဧည့်ခန်းကို ဆင်းပြေတာပေါ့

ဘယ်မလဲ ဒီမြွေဆိုပြီး ဒုတ်တစ်ချောင်းနဲအိမ်ပေါ်ကို ပြေးတက်လာတာပြီး လိုက်ရိုက်တော့တာပေါ့

ကျမကတော့ မေမေ့ကို ဖတ်ပြီးငိုတော့တာပဲပေါ့

ခဏနေကျတော့ ဖေဖေက မြွေကို သတ်လိုက်ပြီ မရှိတော့ဘူး မကြောက်နဲ့တော့လို့ ပြောပါတယ်

တစ်ကယ်သတ်လိုက်တာလား ချော့တာလားဆိုတာတော့ ဖေဖေပဲ သိမှာပါ

ဒီနောက်ပိုင်းမှာတော့ မေမေက ဖေဖေ ခရီးသွားနေတုံး ကျမကို ဘုရားနည်း တရားနည်း အစုံ

ဒါ့အပြင် ဆေးဂိုင်းတစ်ခုရဲ့ ဆရာ အကူအညီ စုပေါင်းပြီး ကျမကို ကုပါတော့တယ်

အဲဒီ့ နောက်ပိုင်းမှာတော့ ကျမ မြွေတွေကို အိမ်မတ်ထဲမှာက လွဲရင် အပြင်မှာ

အရင်ကလောက် မတွေ့တော့ပါဘူး

ကျမလည်း စာမေးပွဲပြီးတော့ ရန်ကုန်ကို ပြောင်းလာခဲ့လို့လဲဖြစ်မှာပါ၊

ဒီအဖြစ်အပျက်ကလေးက စစ်ကိုင်းမှာ နေတုံးကကြုံတွေ့ခဲ့ရတဲ့

ကျမမေ့မရတဲ့ အဖြစ်အပျက်လေးတစ်ခုပါဘဲ။

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011