နိုဗွီရယ်မြွေရယ်စစ်ကိုင်းရယ် (ဇာတ်သိမ်း)

NovyMay 25, 20121min25417

ဖေဖေ့ ကုတင်ခြေရင်းမှာရှိတဲ့ ဖျာလေးပေါ်မှာ စောင်ကို ခေါင်းမှီးခြုံပြီး

အညောင်းဖြေနေမိတယ် ဒီအချိန်မှာ အိမ်အပေါ်ထပ်ကို မီးဖွင့်ဖို့ တက်လာတဲ့ အမဆီကနေ

ညီမလေး……. မလှုပ်နဲ့ ငြိမ်ငြိမ်နေ….

ညီမလေးနားမှာ မြွေကြီး…. မြွေကြီး…

ကြောက်လန့်တကြား အော်သံထွက်လာပါတယ်

ကျမဘာလုပ်ရမလဲ…

 

ကျမမြွေဆိုတဲ့အသံကြားတာနဲ့ ငြိမ်ငြိမ်နေဖို့နေနေသာသာ ကြမ်းပျဉ် ဖျာမှာအိပ်နေတဲ့ ကျမ ဘယ်က အတွင်းအားတွေနဲ့ ခုန်တက်လိုက်မှန်းမသိဘဲ ခေါင်းရင်းမှာ ရှိနေတဲ့ဖေဖေရဲ့ ကုတင်ပေါ်ကို ရောက်နေလေရဲ့ ကျမကြောက်လန့်ပြီး မြွေကို လှန်ကြည့်လိုက်တော့ လုံးပတ်က 5လက်မပတ်လည် အရှည်က 4ပေ

လောက်ရှိတဲ့ မြွေမဲမဲ တစ်ကောင် တွန့်လိမ်တွန့်လိမ် နဲ့ အခန်းထောင့်ထဲဝင်သွားလေရဲ့

ယောင်းမနဲ့ အမတော့ တုတ်တစ်ချောင်းစီကိုင်ပြီ

မြွေရှာဖွေရေးလုပ်ကျတာပေါ့ ဒါပေမဲ့ လုံးဝကို အစပျောက်ပြီးရှာမတွေ့ွပါဘူး

ကျမ အမ ပြောပြတာကတော့ အဲဒီ့မြွေက ကျမအိပ်နေတဲ့ဖျာစပ်နားမှာ

ကျမနဲ့ယှဉ်ပြီး စင်းစင်းကြီးနေနေတာပါတဲ့ အမကတော့ စမြင်တော့ ကြိုးကြီးလား ပိုက်ချောင်းလားလို့ ဘာလဲဆိုပြီး သေချာကြည့်နေတာတဲ့ အမရဲ့ခြေသံကြားမှ လှုပ်လာတော့မှ မြွေမှန်းသိပြီ အော်တာတဲ့

မေမေနဲ့ ဖေဖေ ပြန်လာတော့ ကျမကို ဘာလို့ ငြိမ်မနေပဲ ကုတင်ပေါ်ကို ခုန်တက်တာလဲပေါ့

ကျမကတော့ သူ ကျမဆီကို လာမှာကြောက်လို့ ကုတင်ပေါ်ကို ဘယ်လိုရောက်သွားမှန်းတောင် မသိပါဘူးလို့

မေမေတို့ကို အိမ်မက်အကြောင်းပါ ပြောပြလိုက်မိတယ်

မေမေကတော့ ဆရာတစ်ယောက်နဲ့ ခေါ်စစ်ပေးမယ်လို့ပြောသလို

ဖေဖေကတော့ တိုက်ဆိုင်တာပါတဲ့ ကျမကို စိတ်အားငယ်အောင် မလုပ်ပါနဲ့လို့လဲ

မေမေ့ကို ပြောလိုက်သေးတယ်

အဲဒီနောက်ပိုင်း မကြာခဏဆိုသလို့ မြွေတွေ ကျမနားကို ရောက်ရောက်လာတက်ပါတယ်

အထူးသဖြင့် တစ်ယောက်ထဲ ရှိနေချိန်တွေ နဲ့ ကျမနေမကောင်းဖြစ်နေချိန်မှာဆို ပိုလာတက်ပါတယ်

ကျမ တစ်ယောက်ထဲ ခြံထဲမှာ စာကျတ်နေချိန်မှာ တစ်ယောက်ယောက်က ကျမကို ကြည့်နေတယ်လို့

ခံစားလာမိလို့ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် ကျမကိုကြည့်နေတဲ့ မြွေတစ်ကောင်းကို တွေ့တော့တာပါပဲ

တွေတာနဲ့ ကျမလဲ စာအုပ်တွေတောင် မယူနိုင်ပဲ ထွက်ပြေးရပေါင်းမနည်းပါဘူး

ခြံထဲဆင်းလို့ မြွေတွေ့တာလို့ ထင်ပြီး ဧည့်ခန်းထဲမှာ ထိုင်ပြန်တော့လဲ အိမ်အောက်ကနေ မြွေသွားတာကို တွေ့ရပြန်တယ်

နောက်ဆုံး ဘုရားတို့ကျောင်းတို့ သွားရင်တောင် မြွေကို အမြဲတွေ့နေရပါတယ်

သွားလေရာမှာ မြွေနဲ့ရင်ဆိုင်နေရတော့ ကျမ အကြောက်လွန် စိတ်ညစ်ပြီး

ဖျားတဲ့ အဆင့်ပါေရောက်သွားတယ်

ညညဆို ကျမနားမှာလဲ ကြောက်မှာစိုးလို့  မေမေကစောင့်ပြီးအိပ်ပေးပါတယ်

နေ့ခင်းပိုင် ကျမအဖျားကျသွားတော့ မေမေက ကျမကို ဆန်ပြုတ်တိုက်ဖို့ အောက်မှာသွားယူနေတယ်

ဖေဖေလဲ ဧည့်ခန်းမှာ စာဖတ်ပြီစောင့်ပေးနေတယ်

အပေါ်မှာ တစ်ယောက်ထဲ ဆိုတော့ မြွေများလာမလားလို့

အိပ်ယာ ဘေးတွေကို လိုက်ကြည့်တော့ ဘာကောင်မှ မတွေ့တော့ တော်သေးတယ်

မြွေမလာဘူးလို့ စိတ်ထဲမှာ ပြောပြီး ပတ်လက်ကလေးအိပ်ပြီး

ခေါင်းမိုးကို မော့ကြည့်လိုက်မိတယ် စစ်ကိုင်းမှာက ခေါင်းမိုးတွေကို ဝါးကဒ်တွေနဲ့

သက်ကယ်လို လုပ်ပြီးအိမ်မိုးကျတယ်လေ ကျမ အပေါ်တဲ့တဲ့က ဝါးကဒ်ကြားထဲမှာ

မြွေဖြူဖြူသေးသေးလေး တစ်ကောင် ကျမပေါ်ကို ပြုတ်ကျတော့မဲ့ အတိုင်း တဝက်ကလေထဲမှာ တဝက်က ဝါးကဒ်ကြားထဲမှာ

ကျမလဲ ဖေဖေရေလာပါအုံးဆိုပြီး ဧည့်ခန်းကို ဆင်းပြေတာပေါ့

ဘယ်မလဲ ဒီမြွေဆိုပြီး ဒုတ်တစ်ချောင်းနဲအိမ်ပေါ်ကို ပြေးတက်လာတာပြီး လိုက်ရိုက်တော့တာပေါ့

ကျမကတော့ မေမေ့ကို ဖတ်ပြီးငိုတော့တာပဲပေါ့

ခဏနေကျတော့ ဖေဖေက မြွေကို သတ်လိုက်ပြီ မရှိတော့ဘူး မကြောက်နဲ့တော့လို့ ပြောပါတယ်

တစ်ကယ်သတ်လိုက်တာလား ချော့တာလားဆိုတာတော့ ဖေဖေပဲ သိမှာပါ

ဒီနောက်ပိုင်းမှာတော့ မေမေက ဖေဖေ ခရီးသွားနေတုံး ကျမကို ဘုရားနည်း တရားနည်း အစုံ

ဒါ့အပြင် ဆေးဂိုင်းတစ်ခုရဲ့ ဆရာ အကူအညီ စုပေါင်းပြီး ကျမကို ကုပါတော့တယ်

အဲဒီ့ နောက်ပိုင်းမှာတော့ ကျမ မြွေတွေကို အိမ်မတ်ထဲမှာက လွဲရင် အပြင်မှာ

အရင်ကလောက် မတွေ့တော့ပါဘူး

ကျမလည်း စာမေးပွဲပြီးတော့ ရန်ကုန်ကို ပြောင်းလာခဲ့လို့လဲဖြစ်မှာပါ၊

ဒီအဖြစ်အပျက်ကလေးက စစ်ကိုင်းမှာ နေတုံးကကြုံတွေ့ခဲ့ရတဲ့

ကျမမေ့မရတဲ့ အဖြစ်အပျက်လေးတစ်ခုပါဘဲ။

17 comments

  • may flowers

    May 25, 2012 at 2:46 pm

    အားပေးသွားပါတယ် မနိုဗွီရေ။ တကယ့်ကို သဲထိတ်ရင်ဖိုပါပဲလား။

  • etone

    May 25, 2012 at 2:54 pm

    မွေတွေတွေ့ပေမယ့် …အန္တရာယ်မပြုတာတော်သေးတယ် … ။ စစ်ကိုင်းမှာမို့လို့ မြွေတွေ ခဏခဏမြင်ရတာလည်းဖြစ်နိုင်သလို … ကံစပ်လို့တွေ့တာလည်း ဖြစ်နိုင်တယ်လေ ..ဖြစ်လေ့ဖြစ်ထထက် အကြိမ်ကြိမ်ဖြစ်နေလျှင်တော့ … ထူးခြားတဲ့ ပတ်သတ်မျုမျိုးပဲ … ။ .မြွေတွေက သာမန်အားဖြင့် … သူ့တို့ဘာသာသူတို့ စိတ်ငြိမ်တဲ့နေရာနေကြတာပါပဲ .. ။လူသံကြားလျှင် ထွက်ပြေးပြီး .. မလွှဲသာ မရှောင်သာမှရန်မူတတ်တယ်လို့ကြားဖူးတာပါပဲ … 🙂

  • Mon Kit

    May 25, 2012 at 3:00 pm

    မနိုဗွီ ရဲ့ ဘဝလေးက အဆန်းတကြယ်လေးနော်…
    ယုံကြည်ပါတယ်… တချို့သောသူများလည်း အဲလို ဖြစ်အင်လေးတွေ ရှိတတ်ကြတယ်…
    ထူးခြားမှုလေးတွေရှိရင် ဆက်ရေးပေးအုံးမယ်…
    ထူးခြား ဆန်းကြယ်တဲ့ အဖြစ်လေးတွေဆို မွန်ကစ် စိတ်ဝင်စားလို့ပါ…

  • Mon Kit

    May 25, 2012 at 3:03 pm

    ဟီး… “ဆက်ရေးပေးအုံးမယ်” ကို ဆက်ရေးပေးပါအုံးလို့ ဖတ်ရှုပေးပါနော်…..

  • Ma Ei

    May 25, 2012 at 3:08 pm

    နိုဗွီရေ…
    အိမ်မက်ထဲမှာ မြွေတွေ့ရင်
    ပိုက်ဆံဝင်(ငွေဝင်)တတ်တယ်…

  • ကြောင် ဝတုတ်

    May 25, 2012 at 3:12 pm

    အစ်မရေ မြွေကြောက်တတ်သူခြင်းဆိုတော့ ကိုယ်ချင်းစာပါတယ်…
    အစ်မဇာတ်သိမ်းကတော့ ရန်ကုန်ကိုတောင်ပြောင်းလာရတယ်နော်…ဟိ

    အားပေးလျက်-
    ကြောင်ဝတုတ်

  • Novy

    May 25, 2012 at 4:18 pm

    may flowers @
    မနို ဘဝမှာ ဒီလိုသဲထိပ်ရင်ဖိုတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်ကွယ်

    အိတုံ@
    ရှေးရေဆက် လား ရေစက် လားတော့ မသိပါဘူး
    မြွေနဲ့တော့ အကျိုးပေးတယ် ရန်မူတာတော့ မခံခဲ့ရပါဘူး

    Mon Kit @
    အချိန်ရရင်တော့ ရေးပါအုံးမယ်ကွယ်

    Ma Ei@
    ငွေတွေကတော့ ဝင်လာမစဲ တသဲသဲပေါ့ 🙂

    ကြောင် ဝတုတ် @
    ရန်ကုန်ပြောင်းလာတာက မြွေကြောင့်ကြီးပဲတော့ မဟုတ်ပါဘူး
    ကိုယ့်ရဲ့မွေးရပ်မြေလဲဖြစ် ၊ ကျောင်းတက် ၊ အလုပ်လုပ်ရအောင်လဲပါ ပါတယ်

  • ဗိုက်ကလေး

    May 25, 2012 at 4:20 pm

    အဲတာ အရင်ဘဝက အမျိုးတွေဗျ
    လွမ်းလို ့ လာတွေ ့ကြတာ..

  • သေချာပြီ မနိုဗွီ အရင်ဘဝက နဂါးသိုက်ကလာတာနေမှာ
    မြွေမင်းသမီးလေးလဲဖြစ်နိုင်တယ်.။
    မနိုဗွီကကြောက်လို့သာ သူတို့ကသူတို့အမတော်ကို လာစောင့်ရှောက်တာနေမှာရယ်။
    နောက်ခါကြရင် သူတို့ဆီက မြေပုံတောင်းလိုက်နော်။.
    ရတနာသိုက်ရှာရအောင်။.

  • ကိုရင်မောင်

    May 25, 2012 at 5:23 pm

    ဟုတ်ပ…ကိုပေါက်ရေ
    အယင်ဘဝကမြွေမင်းသမီးလေးဖြစ်နိုင်တယ်..နော် ။။

  • Khin Latt

    May 25, 2012 at 8:28 pm

    မနို ရေ
    အားပေးသွားတယ်။
    တော်သေးတယ်။ ဘာမှ အန္တရာယ်မဖြစ်တာ။
    တစ်ချို့ပြောတယ်။
    အမျှလိုချင်လို့ လာတာလဲ ရှိသတဲ့။
    အဲဒီ နောက်ပိုင်း မှာရော မြွေ တွေ ထပ်တွေ့သေးလား။

  • minn zaw

    May 25, 2012 at 8:44 pm

    ကျွန်တော် စစ်ကိုင်းသားပါ။ မနိုဗီ ရဲ့ စိတ်ကြောင့်ပဲ ဖြစ်မှာပါ။

    ကျွန်တော်တို့ မြို့မှာ အဲဒီလောက် မြွေမပေါပါဘူး။

    စစ်ကို်င်းမြို့ က အေချမ်းတဲ့ လောင်းရိပ်မိ မြို့ကြီးပါ။

  • windtalker

    May 25, 2012 at 8:45 pm

    မနိုရေ
    အဲ့ချိန်တုန်းကသာ မနိုဘေးမှာ မောင်ပေ ရှိခဲ့လို ့ရှိရင်…
    မနိုထက် အရင် မနို ဖေဖေ့ ကုတင်ပေါ်ကို အရင်ရောက်မိမှာ အမှန်ပါဘဲ… ဟီဟိ

  • pooch

    May 25, 2012 at 9:14 pm

    တော်သေးတာပေါ့ ဘာမှ ထပ်မတွေ့တော့တာ။တခါတုန်းကတော့ ခေါင်းပေါ်က ပန်ကာဖွင့်လိုက်တာ မြွေက ဘုတ်ဆို ပြုတ်ကျလာလို့ ငယ်သံပါအောင် အော်ရဖူးတယ်။ အဲ့ဒီ အသဲတယားယားနဲ့ ကြက်သီးထနေအောင်ကို ဖြစ်ခဲ့တဲ့ ခံစားချက်ကိုတော့ မမေ့သေးဘူး။

  • kyeemite

    May 26, 2012 at 9:01 am

    စိတ်ဝင်စားစရာ အဖြစ်အပျက်ကလေးပါဘဲ…
    မြွေကိုတော့ ကျုပ်လဲကြောက်တယ်..

  • MaMa

    May 26, 2012 at 10:05 am

    မြွေနဲ့ ပတ်သက်လို့ ပုလိပ်မြွေဘုရားရောက်တုန်းက……..
    အဲဒီက မြွေကြီးကိုကိုင်ပြီး စိတ်ထဲက အန္တရာယ် အငွေ့အသက်ကို လုံးဝမခံစားရလို့ အကြောက်အလန့်မရှိ ကိုယ်မှာပတ်ပြီး ဓာတ်ပုံရိုက်ခဲ့ဖူးတယ်။

  • Moe Z

    May 26, 2012 at 1:57 pm

    အမယ်လေး လေး မနိုရယ် မြွေက ဘေးမှာလာအိပ်သွားတယ်လား
    မိုးစက်ကတော့ တီကောင်တောင်ကြောက်တယ်
    လေးပေါက်ပြောသလို အရင်ဘဝက မြွေမင်းသမီးများလား 😀

Leave a Reply