သမိုင်းတွင်မည့် …ဒုတိယ ဆရာတော်ဦးဥတ္တမ၏ ရပ်တည်ချက်….

Ko out of...May 25, 20121min722

– ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် မတရားသဖြင့်
တဖက်သတ် အစွပ်စွဲခံရသောဆရာတော် ဦးဥတ္တမအား အတင်းလူ
ဝတ်လှဲကာ အင်တာနက်မှ တဆင့် သိခွင့်
ရလိုက်ပါသည်။ အသေးစိတ် သိရှိနိုင်အောင် မိတ်ဆွေထံမှ တဆင့်ထပ်မံ မေးမြန်းစုံးစမ်းရာ
ဟုတ်မှန်ကြောင်း သိရှိရပါသည်။…ပိုသေချာအောင် ရုပ်ပုံနှင့်
အသံဖိုင်ကိုလည်း ပို့လာပေးပါသည်..

အသံဖိုင်နှင့် ဓါတ်ပုံကိုတွေ့ရတော့ အမှားအမှန်ကို ဆုံးဖြတ်တာထက် မတရားတာ၊ တဖက်သတ်အစွပ်စွဲခံရတာ၊ အနိုင်ကျင့်တာကိုတွေ့မိတော့
စိတ်မကောင်း ဖြစ်မိပါသည်…ရွံလည်းရွံရှာမိပါသည်…

မိမိသည် အမှန်တရားကို လိုလားသူ ဘယ်ဂိုဏ်းဂဏ အဖွဲ့အစည်းမှ
မဟုတ်သူ တစ်ဦးဖြစ်ပါသည်..
အမှန်တရားနှင့် ပတ်သက်လာလျှင်လည်း ဘယ်လူမျိုး ဘယ်ဘာသာကို ထိခိုက်ထိခိုက် မဟုတ်မမှန် မတရားပါက အမှန်တရား ဘက်ကို
မားမား မတ်မတ်ရပ်တည် သူတစ်ဦး သူဖြစ်ပါသည်….

ယခုအစွပ်စွဲခံရသော ဆရာတော်သည် တဖက်သူကို အနိုင်ယူဖို့ မဟုတ်သလို အရူံးပေး
အညံ့ခံရန်မဟုတ်ဘဲ..အဂတိတရား ကင်းကင်းနှင့် အမှန်တရား အတွက် သူ၏ရပ်တည်ချက် ကိုရဲ့ရဲ့ဝံ့ဝံ့ ရပ်တည်ပေးနေသည့် သာသနာ့
အာဇာနည်ပုဂိ္ဂုလ်တစ်ဦးဖြစ်ကြောင်းနှင့်
သီလ၊သမာဓိ၊ ပညာဟုဆိုသည် ဘုရားတရား အစစ်အမှန်ကို လက်ဆင့်ကမ်းသယ်ဆောင်းပေးနေသည့် ဆရာတော်တပါးဟုမြင်မိပါသည်…

ဆရာတော်သည်…မြန်မာပြည်
အနှံ့ကလေးတရားပွဲများကိုလည်း ကျင်းပပေးလာရာမှ
၂၀၀၉ ခုနှစ်တွင် ကလောမြို့နယ် ဥက္ကဋ္ဌ မြို့မဆရာတော်၏
စီစဉ်ဆောင်ရွှက်ခွင့်ပြုပေးမှုဖြင့်….

ကလောမြို့နယ်၊အောင်ပန်းမြို့နယ်ရှိ အထက်တန်းကျောင်းများတွင်
ကလေးတရားပွဲများကိုလည်း (၁၈) ကြိမ်ထက်မနည်း ကျင်းပခဲ့ပါသည်။ ဆရာတော်သည်
ယခုအကြိမ်မှ ရှမ်းပြည်ကို လာရောက်ခြင်းမဟုတ်ဘဲ ယခင့်ယခင်ကလည်း
အကြိမ်ကြိမ် ကြွရောက်ခဲ့ပြီးဖြစ်ပါသည်။ ဆရာတော်တွင် အမှားအယွင်းရှိပါက
အဲဒီကတည်းက ရဟန်းသံဃာ အချင်းချင်း ဆုံးမသင့်ပါသည်..ဆရာတော်၏တရား
အမှားမရှိလို့သာ ဘာမှ မပြောချင်း ဖြစ်သည်ဟု ယူဆပါသည်။

ဆရာတော်ကို..ယခုလိုငွေအား၊ လူးအား၊ အာဏာပါဝါအား
လူမိုက်အား သုံးပြီး တဖက်သတ် အကွက်ကျကျ စီစဉ်ထားပုံကိုကြည့်
ခြင်းအားဖြင့် တဖက်လူကို ပျက်စီးစေလိုသည်မှာ
ထင်ရှားလှပါသည်..ဒီအတွက်သီလပျက်သလို.. Buddha တရားနှင့်
လုံးဝဆန့်ကျင်နေပါသည်…

Buddha သမိုင်းတွင် မရှိခဲဘူးသော အမည်းစက် တခုကို ဒီလူတစုက သွေးစွန်းသော သူတို့၏လက်ဖြင့် မှတ်ကျောက်တင်ခဲ့ နိုင်တာကို သူတို့၏အောင်ပွဲဟု ထင်ချင်ထင်နေပါမည်….

သို့သော် တဖက်တွင် တောင်မတင်ရေမကျ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တဲ့လူတွေ
အတွက်ကတော့ အမှန်တရားဖက်ရပ် တည်ဖို့ ဆုံးဖြတ်ချက်ချနိုင်ဖို့
အထောက်အပံ့ဖြစ်သွားစေပါတယ်…
လူတွေကို ပိုစိတ်ဝင်စားစေပါတယ်…

ယခုလို တဖက်သတ်အနိုင်ကျင့်တာကို မြင်ရတော့ …တချိန်တုံးက
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ကေအင်ယူစသည့်အဖွဲ့တွေကို သောင်းကျန်းသူအဖြစ်စစ်အစိုးရက တဖက်သတ် စွပ်စွဲရာကနေ နိုင်ငံအနှံ့
အဖျက်လုပ်ငန်းမှန်သမျကိုလက်နက်သောင်းကျန်သူ၊ ကေအင်ယူနှင့် ဆက်နွယ် ပတ်သက်ကြောင့် တဖက်သတ် စွပ်စွဲသည့် ပုံသဏ္ဍာန်နှင့် အလားတူပါသည်…

ဒီလိုတဖက်သတ်စွပ်စွဲယုံနဲ့ အမှန်တကယ်ဘဲ နိုင်ငံတော် အဖျက်လုပ်ငန်းကို
လုပ်သူတရားခံ တကယ်ဖြစ်ပြီလား? တိုင်းရင်းသားတွေလည်း ဒီနိုင်ငံသားဘဲ
ဒီတိုင်းပြည်ကို သူလည်းကောင်းစေချင်၊
တိုးတက်စေချင်တာဘဲ?…တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က
မဟုတ်ပါဘူးလို့ ခုခံပိုင်ခွင့် ဘယ်မှာရခဲ့လဲ?..
ဒီပြဿနာတွေဖြစ်အောင် ဘယ်သူဖန်တီးသလဲ?….ဒါပြုလုပ်တဲ့ သူအသိဆုံးပါ…ဒါရည်ရွှယ်ချက် အမျိုးမျိုးရှိနိုင်တယ်…

အခုလည်း မိုးပြာဂိုဏ်းကို တဖက်သတ် အဓ္ဒမ(Adhamma)
အဖြစ်စွပ်စွဲကြေငြာပြီး…သူတို့နဲ့ အမြင်မတူသူ မှန်သမျ မိုးပြာဂိုဏ်းထဲ
စွဲထဲတာကတော့ အထက်ပါ ဥပမာ နဲ့ အလားသဏ္ဍာန်တူနေပါတယ်…
မိုးပြာဝါဒကရော တကယ်ဘဲ လူတွေကို ဖျက်စီးနေသလား? သေသေချာလေ့လာပြီးပြီလား?သူများပါးစပ်မှာဘဲ လမ်းဆုံးနေကြဦးမလား?…

ဆရာတော်ဦးဥတ္တမက… မိုးပြာဂိုဏ်းဟာ သူနဲ့ မပတ်သက်ကြောင်း
အကြိမ်ကြိမ်ငြင်းဆို ပြီးပြီဘဲ…
ဒါကိုဘယ်ညွှန်ကြားလွာက ဒီလိုဆိုပါတယ်..ညွှန်ကြားလွှာမှာ မိုးပြာထဲ
ထဲ့သွင်းဖို့ စုတိတက အဖြစ် တဖက်လူကို ပျက်းစီးစေလိုတဲ့
လူတစုကလုပ်ဆောင်နေတာပါ… လူတွေကို ဒုက္ခရောက်အောင် အမျိုးမျိုးဖန်တီးယူပြီး
အားထုတ်မယ်ဆိုရင် ရကောင်းရပါမယ်…ဒါပေမဲ့ တဖက်လူကို ပျက်စီးစေလိုတဲ့
စိတ်ကြောင့် တနေ့ကျ မဟုတ်မမှန်တဲ့ ကိုယ့်ရဲ့လုပ်ရပ်တွေ ဘွားခနဲ
အဖြေပေါ်လာရင် ရှက်စရာတွေဖြစ်ကုန်ပါလိ်မ့်မယ်..

ကနေ့နိုင်ငံတော်မှာတောင် တချိန်က သူတို့လုပ်တာ အမှန်လို့ထင်ရာကနေ
သင်ခန်းစာယူပြီး အော်…ငါတို့ဒီလို
ဆက်ပြီး တဖက်သတ်စွပ်စွဲနေရုံနဲ့ နိုင်ငံတော်တကယ် မအေးချမ်းနိုင်ဘူးလို့
သင်ခန်စာယူပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေပါတယ်…ဒါတကယ်စစ်မှန်တဲ့
ငြိမ်းချမ်းလမ်းကြောင်းပါ…

လူပုဂိ္ဂုလ်တွေတောင်မှ ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံနိုင်သေးတာဘဲ?..
တရားဆောင်တဲ့ ရဟန်း အချင်းချင်းဟာ
လူပုဂိ္ဂုလ်တွေထက် ပိုပြီးတော့ တွေ့ဆုံနိုင်တဲ့ အခွင့်
အလမ်းပိုရှိရမှာပေါ့…

နိုင်ငံတော်ပြန်လည်ပြုပြင်တည်ဆောက်ရေးမှာ… ရှေးရိုးစွဲ အမြင်ရှိတဲ့
လူပုဂိ္ဂုလ်တွေကို ချန်ထားခဲ့မယ်လို့ သမ္မတပြော
သလို…

ဒီလို အမြင်မတူတဲ့လူကို ဒို့ရန်သူလို့သတ်မှတ်နေတဲ့ ရှေးရိုးစွဲ အမြင်ရှိတဲ့
ရဟန်းအချို့တွေကိုကိုလည်းဘဲ
ချန်ထားခဲ့ဖို့ လိုအပ်ပါကြောင်း နှင့် တခြားဝန်ကြီးဋ္ဌာနက
လုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲ သလို သာသနာရေးဝန်ကြီး
ဋ္ဌာနကိုလည်း
ထေရဝါဒသာသနာ အတွက်တခုတည်း အတွက်မဟုတ်ဘဲ အခြားဘာသာတွေရဲ့ အခွင့်အရေးတွေကို
လေးစားကာကွယ်ပေးဖို့ စသည့်လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြုပြင်ဖို့ အကြံပြု လိုက်ရပါသည်…

ကနေ့ကမ္ဘာမှာ တခြားသောအရာတွေ ပြောင်းလဲတိုးတက်ပေမဲ့ မပြောင်းလဲတာကတော့ ဘာသာရေးပါဘဲ…
ဘာသာတရား တခုကိုချည်းကပ်တယ်ဆိုတာ ကိုးကွယ်ဖို့လား.. ဘဝမှာ ကျင့်သုံးဖို့လား?…ဒါကြောင့် မိမိခေါင်းပေါ်တွင် တင်ထားသည့် ယနေ့ အစဉ်အလာရိုးရာကို သေချာသုံးသပ်ရန် လိုနေပြီဖြစ်ကြောင်း….မိမိ၏ အမြင်ကို ရိုးသားပွင့်လင်းစွာ တင်ပြလိုက်ရပါသည်…

2 comments

Leave a Reply