မနေ့က

(((((မနက်နိုးတာနဲ့

ပေကျံမနေတဲ့ မျက်နှာကို

သစ်ဖို့ကြိုးစားတယ်။

မလန်းဆန်းတဲ့ စိတ်ကို

သစ်ဖို့ ကျွန်တော်နေ့တိုင်းမေ့နေတယ်။)))

 

ကဲ….

ကောင်းကြသေးရဲ့လားဆိုပြိးးးး

လမ်းထိပ်က အသည်တစ်သည်ကအော်တယ်

(ဘာအသည်လဲ… )

ခံစားဖို့အတွက် မွေးဖွားလာကြတာ

မဟုတ်ပေမယ့်

ဒီခန္ဓာ ရလာမှတော့

ထုလည်းခံ ထောင်းလည်း ခံမယ်ဆိုတဲ့

စိတ်မျိုးနဲ့….

ထုသားပေသားကို ကျလို့

(…)

ကဗျာရေးတိုင်းသာ တစ်ခါ

အသဲကွဲကြေးဆိုရင်

ကဗျာမရေးဘဲ..

အရက်ဘဲ လှိမ့်သောက်နေဖို့

ကြိုးစားကြည့်ရမယ်။

(…)

မနက်ခင်းမှာ နှင်းဝေတာ

ကြည့်ချင်စိတ်တော့ ရှိတယ်။

အသဲကွဲနေလို့ မထ ပရစေနဲ့အုံးဆိုပြီး

လှိမ့်ပိတ် အိပ်တတ်အောင် ကြိုးစားရမယ်။

(…)

တစ်ေနေ့တစ်နေ့

ခင်ဗျား လူဘယ်နှစ်ယောက်နဲ့များ ဆုံမိတယ်ဆိုတာ

ခင်ဗျား ရေတွက်ထားဘူးသလား။

နေ့လည်ဆိုရင်

ဘာရယ် ညာရယ် မဟုတ်ပေမယ့်

လူတွေကို ထိုင်ကြည့်ပြီး

ဘယ်သူတွေက ဘယ်လိုဆိုတာကို

တစ်ယောက်တည်း

သက်ပြင်းတွေချ

တစ်ယောက်တည်းနဲ့

အင်းး

နောက်ဆုံး တစ်ယောက်တည်းနဲ့

(…..)

ကဲ…

ကျွန်တော် အိပ်ပျော်ဖို့ အိပ်ဆေးတစ်လုံးကို

မျိုချ..

တစ်လုံးပြီးတော့ နောက်တစ်လုံးမျိုချ

တစ်လုံးပြီး တစ်လုံး

တစ်လုံးပြီး တစ်လုံး

နောက်ဆုံးးးးး

ဟော

မိုးတောင် လင်းလာရော့ပေါ့။။

ကိုထွန်းထွန်းဝင်း  ၏ လက်ရာမွန်လေးပါ

 

24 comments

  • Khaing Khaing

    May 25, 2012 at 5:07 pm

    ရင့်ရေ …… နောက်နေ့မှမန့်မယ်ကွယ် ……. အခိုင်ပြန်တော့မယ် ရင့်ကဗျာတွေကိုအားပေးနေတယ်နော် …..

    • အရင့်ရောင်

      May 25, 2012 at 5:16 pm

      အားပေးတာ ကျေးဇူးပါ အခိုင် ရေ

  • Gipsy

    May 25, 2012 at 5:11 pm

    ရင့် တွေ အခိုင်တွေပါလား…မက်ကျိတောင်လည်သွားတယ်…
    အော် …ဒါနဲ့…. နောက်ဆုံးတော့ တစ်ယောက်ထဲပါ ဆိုတာသေချာပါတယ် အရင့်ရောင်…။

    • အရင့်ရောင်

      May 25, 2012 at 5:17 pm

      တစ်ယောက်တည်း မဟုတ်ပါဘူး
      တစ်ယောက်စီပါ
      မှားတော့နေပီနော်
      အရင့်ရောင်ကတစ်ယောက်
      ခိုင် ဆိုတာက တစ်ယောက်ပါဗျာ
      အိုကေတယ်နော်
      သင့်ခ်ယူ……..

      • jujuma

        May 26, 2012 at 12:52 pm

        အခိုင်တွေရင့်နေပါပေါ့လား… ခူးရောင်းတော့မယ်ကွ … 😀

        • အရင့်ရောင်

          May 26, 2012 at 1:00 pm

          ♥JUJUMA ♥@♥
          အကြံကလည်း ကြီးပါ့ အေ………..
          ခူးရောင်းမယ်တဲ့
          အလုအယက်ဝယ်မှာနော်
          များများခူးထားတော်…….
          ဟီးးးးးးးးးးးးး

        • Khaing Khaing

          May 28, 2012 at 2:05 pm

          ဂျူဂျူးရေ ……… ခူးရောင်းရင်ရင့်နေတဲ့နေရာပဲခူးနော် အခိုင့်ကိုတော့ချန်းထားပေးပါ …… နောက်ထပ် အသီးလေးတွေ အပွင့်လေးတွေပွင့်ချင်သေးတယ်ကွယ် ……..

          အမလေး ရင့် ကလည်း ဂျူးနံမည်ကို “♥” အသဲလေးတွေလုပ်ထားတယ်တော့ …… ခစ်ခစ်ခစ်

  • ကိုအရင့်ရောင် ရေ အရက်ဖိမသောက်ပါနဲ ့ဗျာ။ဖြေးဖြေးသောက်ရတာ မဟုတ်လား။
    ဒါနဲ ့အကိုရေးထားတာလေး“ကဲ….
    ကောင်းကြသေးရဲ့လားဆိုပြိးးးး
    လမ်းထိပ်က အသည်တစ်သည်ကအော်တယ်
    (ဘာအသည်လဲ… )
    ခံစားဖို့အတွက် မွေးဖွားလာကြတာ”
    အဖြေ။။အပူသည်လားဗျာ။

    • အရင့်ရောင်

      May 26, 2012 at 12:34 pm

      အတိသဉ္ဖာ နာဂရချစ်သူ@
      အရက်ကို လူကနိုင်နေတုန်း ဖိသောက်မှလေ
      တော်ကြာနေ အရက်က လူကိုဖိသွားမှာ…..
      ကောင်းကြသေးရဲ့လားဆိုပီး
      လမ်းထိပ်က အသည်တစ်သည်အော်တာက
      ကျွန်တော်လည်း မသိလို့
      (ဘာအသည်လဲ)လို့ မေးထားတယ်လေဗျာ……

    • အရင့်ရောင်

      May 26, 2012 at 12:36 pm

      ကိုပေါက်(မန္တလေး)@
      ဦးပေါက် က အဲဒီလိုလားနော်………..
      စကား…စကား ဟြေဖန်များက
      စကားထဲက ဇာတိ ပြတဲ့……..ဟီးးးးးးးးးးး
      မှန်၏………..
      မမှန်၏ ……..
      ဥူးပေါက် ရေ……

  • windtalker

    May 25, 2012 at 7:31 pm

    မနေ ့က
    သူရို ့တွေ အထင်ကြီးနေခဲ့တာပေါ့
    ဒီနေ ့
    ခပ်တည်တည်နဲ ့ပိုက်ဆံဘယ်တော့မှ မပါတဲ့ လူတစ်ယောက် နဲ ့တွေ ့ကြတယ်
    မနက်ဖန်
    သူငယ်ချင်းတစ်ယောက် ကားသွားတယ်
    သဘက်ခါ
    သူငယ်ချင်းတစ်ယောက် ချောဆွဲခံလိုက်ရတယ်
    အဲဒါပြီးတော့
    ဘယ်သူမှ မရှိကြတော့ဘူး ၊ လစ်ဘီဆြာ တဲ့ ။
    ……………………………………………………..
    အရင့်ရောင် ရဲ ့ကဗျာဖတ်အပြီး ဖီးလ်ဖြစ်လို ့၊ အထက်ပါအတိုင်း ကွန်မင့်ခဲ့ပါသည်။

    • အရင့်ရောင်

      May 26, 2012 at 12:39 pm

      ဒီကဗျာလေး ဖတ်လိုက်ရလို့
      အဲဒီလောက် ဖီးလ် ဖြစ်တယ်ဆိုရင်ပဲ
      အတိုင်းမသိ ပီတိ ဖြာရပါတယ်
      ရင်ထဲရှိတဲ့အတိုင်း မန့်သွားတာကို လေးစားပါတယ်……
      ခင်မင်လျှက်
      အရင့်ရောင်

  • shwe kyi

    May 25, 2012 at 9:11 pm

    မလန်းဆန်းတဲ့စိတ်ရှိနေသေးတာ
    အသက်ရှင်နေသေးတယ်ဆိုတာရဲ့သက်သေပါပဲ။
    ကြိုးစားနိုးထကြနိုင်ကြဖို့ အားတင်းရင်း
    ဖြစ်ခြင်း ပျက်ခြင်းတွေနဲ့ နပမ်းလုံး
    ပျက်သုန်းရပေဦးမယ့် အလွမ်းတွေ………။

    အားပေးလျှက်

    • အရင့်ရောင်

      May 26, 2012 at 12:45 pm

      အလွမ်း ဆိုတာကို
      ပျက်သုဉ်းသွားစေဖို့
      ချေဖျက်ထားပါတယ်
      အသည်းတစ်ခြမ်းကိုတောင်
      လွမ်းဖို့သိမ်းမထားပဲ
      ချစ်လျှက်နေပါတယ်
      ဖြစ်ခြင်း.ဖြစ်ခြင်းတွေနဲ့ပဲ နပန်းလုံးနေပါတယ်
      ဟီဟိ

  • မဟာရာဇာ အံစာတုံး

    May 25, 2012 at 9:26 pm

    အိပ်ဆေးတွေ တစ်လုံးပြီးတစ်လုံး သောက်တာတောင် …
    အိပ်မပျော်ဘူးဆိုတော့ကာ …
    အင်း … ဆရာဝန်နဲ့ ပြဖို့တော့ သင့်ပြီထင်တယ် .. 😀
    နောက်တာနော် ..

    အားပေးတွားပါဒယ် ..
    ကဗျာလေးက ကောင်းကြောင်းပါ ..
    အဲဒီထဲက အဓိပ္ပါယ်တွေကိုတော့ နောက်မှ တွေးကြည့်လိုက်ဦးမယ်ဗျ ..

    • အရင့်ရောင်

      May 26, 2012 at 12:50 pm

      မဟာရာဇာ အံစာတုံး@
      အိပ်ဆေးတစ်လုံးသောက်တိုင်း
      ရင်ထဲမှာ အတွေးတစ်မျိုး ရောက်လာတယ်
      ကုသမယ် ဆရာဝန် မရှိလောက်ပါဘူးနော်
      ကိုယ့်ရောဂါ ကိုကိုယ်တိုင် ကုသမှရမယ်လေ
      မဟာရာဇာ အံစာတုံး……..ကိုတိုင်ကြုံမှ သိလိမ့်မည်ထင်ပါ၏………
      တကယ်ချစ်ပြီး
      တကယ်တွေးကြည့်ပါ…….
      စေ့စေ့တွေး………
      ရေးရေးတော့ပေါ်လာမှာ အသေချာပါပဲ
      ခင်မင်လျှက်
      အရင့်ရောင်

  • ညလေး

    May 25, 2012 at 10:31 pm

    ကျွန်တော် အိပ်ပျော်ဖို့ အိပ်ဆေးတစ်လုံးကို
    မျိုချ..
    တစ်လုံးပြီးတော့ နောက်တစ်လုံးမျိုချ
    တစ်လုံးပြီး တစ်လုံး
    တစ်လုံးပြီး တစ်လုံး
    နောက်ဆုံးးးးး
    ဟော
    မိုးတောင် လင်းလာရော………ကျွန်တော်လဲအိပ်ပျော်ရောပေါ့…
    အားပေးရင်းလက်မကြီးကြီးထောင်သွားပါတယ်…..ဦးဦးအရင့်ရောင်……..

    • အရင့်ရောင်

      May 26, 2012 at 12:53 pm

      ညလေး@
      အိပ်မပျော်လေတိုင်း
      ရှေးဖြစ်နောက်ကြောင်းများရယ်
      တွေးတော မိတယ်
      သူ့အတွက်သာတကယ်
      အဲဒီလိုပါပဲ
      ဘယ်လိုမှ အိပ်၍မရတဲ့ ညတွေ
      အသချေင်္ပါ

  • အိပ်မပျော်သောညများပျောက်အောင်အရင့်ရောင် တနင်္လာနံကိုဆောင်ပါ။
    ဥပမာ ဂျူးမြစ် ဂျင်ဆင်မြစ် အသီးဆိုရင်တော့ အင်း………………………………….

    • အရင့်ရောင်

      May 28, 2012 at 1:30 pm

      အဲဒီအသီးတာ့ ဆောင်ချင်ဘူးနော် ဥူးပေါက်
      အမြစ်ပဲဆောင်ပါ့မယ်နော်
      ဟီးးးးး

  • ဗိုက်ကလေး

    May 26, 2012 at 7:23 pm

    ဘလက်လေဘယ်တွေကစ်လိုက်..
    ကဗျာတွေ စပ်လိုက်နဲ ့
    ဒီအူလေးကြီးဘဝကလဲ တယ်သာယာသဗျား..
    အားကျလိုက်တာ..ဗျား..

    • အရင့်ရောင်

      May 28, 2012 at 1:32 pm

      ဘလက်လေဘယ် ကစ်လိုက်
      ကဗျာ ရေးလိုက်
      အဲလိုနေတာ သာယာတယ် မထင်နဲ့ဗျို့………
      ရင်မောရတယ်ဗျ…………..
      ဟားဟားဟား

  • snow white

    July 9, 2012 at 3:59 pm

    (((((မနက်နိုးတာနဲ့

    ပေကျံမနေတဲ့ မျက်နှာကို

    သစ်ဖို့ကြိုးစားတယ်။

    မလန်းဆန်းတဲ့ စိတ်ကို

    သစ်ဖို့ ကျွန်တော်နေ့တိုင်းမေ့နေတယ်။))) စဖတ်တဲ့ကထိတယ် ရှင့် ….

Leave a Reply