ကမာ္ဘ့ဖလား ကျေးဇူးကြောင့် လျှပ်စစ်မီး ပုံမှန်လာနေ

introJune 18, 20101min420

ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ စတင် ကျင်းပသည့် နေ့မှစ၍ ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပုံမှန် ပြန်လာ နေကြောင်း မြို့ခံများက ပြောသည်။

“စီးပွားရေး လုပ်ငန်းရှင်တွေက ဘောလုံးပွဲကို ကမကထ လုပ်ထားပြီး
မီးမလာရင် ရင်းထားတာတွေ ရှုံးမှာလေ။ ဒီအတွက် ပိုက်ဆံ ပေးပြီး မီးမှန်ဖို့
မြို့နယ် တော်တော်များများနဲ့ ချိတ်ထားတယ်” ဟု ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဘောလုံးပွဲ ထုတ်လွှင့်ပြသခွင့် ရထားသော မိုးဆမ်းပန်း မီဒီယာသည် စစ်အစိုးရနှင့်
နီးစပ်ပြီး လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများနှင့်
ညှိနှိုင်းမှုများရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြသည်။

ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တလတိတိ ကျင်းပမည့် ကမာ္ဘ့ဖလား
ဘောလုံးပွဲကို ဗိုလ်ချုပ်ကြီး တင်အေး၏ သား ပိုင်ဆိုင်သော မိုးဆမ်းပန်း
မီဒီယာမှ ထုတ်လွှင့်ခွင့်ရရှိထားပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီ
ရုပ်မြင်သံကြားတို့မှ ပြသနေသည်။

ကရဝိတ် ဥယျာဉ်ကမာ္ဘနှင့် မိုးဆမ်းပန်း မီဒီယာ ပူးပေါင်းတင်ဆက်မှု အစီအစဉ်အဖြစ် ကရဝိတ်
ဥယျာဉ်ကမာ္ဘအတွင်းရှိ စားသောက်ဆိုင်များတွင် ကမာ္ဘ့ဖလား
ဘောလုံးပွဲစဉ်များကို ပရိုဂျက်တာဖြင့် တိုက်ရိုက် ပြသမည်ဖြစ်ပြီး
မိတ်ဆွေအပေါင်း အသင်းများနှင့် အတူတကွ လွတ်လပ်စွာအော်ဟစ် အားပေး
နိုင်ကြောင်း ယခင်တပတ်က မြန်မာ့ အလင်းသတင်းစာတွင် ကြော်ငြာ
ထည့်သွင်းထားသည်။

ကမာ္ဘ့ဖလားကို ရုပ်သံများမှ ပြသမည်ဆိုသော်လည်း လျှပ်စစ်မီး မမှန်သဖြင့် ပွဲစဉ်များကို ပုံမှန်ကြည့်ရှုခွင့် ရရေးအတွက်
ဘောလုံးပရိသတ်များက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။

ရန်ကုန်မြို့မှ အငြိမ်စား ပါမောက္ခ တဦးက“ကမာ္ဘ့ဖလား ပြိုင်ပွဲကျေးဇူးကြောင့်
လျှပ်စစ်မီးတော့ ပုံမှန် ပြန်ရနေပြီ။ သူတို့က ကမာ္ဘ့ ဖလား
ပြိုင်ပွဲအတွင်းမှာ လျှပ်စစ်မီးပုံမှန် မပေးနိုင်ရင် ဆူဆူပူပူ
ဖြစ်လာမှာစိုးလို့ ပုံမှန်ပြန်ပေးထားတယ်လို့ ပြောတာပဲ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ နှစ်ခုပေါင်းမှ လျှပ်စစ်ဓာတ်အား
ထုတ်လုပ်နိုင်မှုမှာ စုစုပေါင်း ၆၆ဝ မီဂါဝပ် ရှိကြောင်း၊ ထိုမှ ၅၀
ရာခိုင်နှုန်းကို ရန်ကုန်မြို့တွင်းအတွက် သုံးစွဲနေခြင်းဖြစ်ကြောင်း၊
သို့သော် ရန်ကုန်မြို့၏ အမှန် တကယ် လိုအပ်ချက်မှာ မီဂါဝပ် ၆၀ဝ ကျော်
ဖြစ်ကြောင်း ပြည်တွင်း သတင်းဂျာနယ်တစောင်က ဖော်ပြသည်။

ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် အစိုးရက အလှည့်ကျ လျှပ်စစ် ဓာတ်အားပေး စနစ်ဖြင့်
လျှပ်စစ် ဓာတ်အားများကို ဖြန့်ဖြူး ပေးခဲ့သော်လည်း မီးပေးသည့်
အချိန်အတွင်း အကြိမ်ကြိမ် ပြတ်တောက်ခြင်း၊ သတ်မှတ်ချိန်အတိုင်း မရခြင်း၊
မီးအား အလွန် နည်းခြင်းများကို ကြုံတွေ့ရသည်။

ရန်ကုန် အခြေစိုက် ဂျာနယ် သတင်းထောက်တဦးက ကမာ္ဘ့ဖလား ပြိုင်ပွဲ ကျင်းပနေစဉ် ယခု
ရက်ပိုင်းအတွင်း နေ့ဘက်တွင် သာ လျှပ်စစ်မီး ပြတ်တောက်မှုများရှိပြီး
ညဘက်တွင် လျှပ်စစ်မီးကို ပုံမှန်ပေးထားကြောင်း ပြောသည်။

ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အား အဓိက ပေးပို့နေသော လောပိတ ဓာတ်အားပေး စက်ရုံသို့
စီးဆင်းသည့် အင်းလေးကန်၏ ပင်မ ရေဝင်ချောင်း ဖြစ်သော ဘီလူးချောင်းတွင်
ရေနည်းနေသောကြောင့် မတ်လမှ မေလအတွင်း လျှပ်စစ် ဓာတ်အား ဖြန့်ဝေ မှုကို
ကန့်သတ်ထားခဲ့သည်။

Copied from ayeyarwaddy.com