ကျွန်တော် ဘာကောင်လဲ …..?

ကဗျာဆိုလည်း ရေးတတ်တယ်
စာ (ဝတ္ထု) တွေကိုလည်း ရေးတတ်သေးတယ်
ဒါဖြင့် ကျွန်တော်ဟာ စာရေးဆရာ၊ ကဗျာဆရာ တစ်ယောက်လား ….
မဟုတ်ပါဘူး ….

ကွန်ပျူတာ ခလုတ်တွေပေါ်မှာ ကျင်လည်တယ်
ဟိုကလိ ဒီကလိ လျှောက်ပြီး ကလိတယ်
အကောင့်လား …
ဆောက်တတ်တယ်၊ ဆောက်ခဲ့တယ်
အများကြီးပဲ (သူများတောင် ပေးလိုက်ရတဲ့အထိ) …..
ဘလော့ဂ်လား ဖရီးလား
ရတယ်၊ လုပ်တတ်တယ် (ကြည့်ကောင်းရုံပေါ့)
ဒါဖြင့် မင်းက နည်းပညာဘက်မှာ ကျွမ်းကျင်တာလား
မဟုတ်ပါဘူး …

အင်တာနက် စာမျက်နှာတွေပေါ်မှာ
ရွှတ်နောက်နောက် စတိုင်နဲ့ နေတတ်တယ် ..
အပြင်မှာတော့ ခပ်တည်တည်ပဲ
ဒီလို မျက်နှာထားနဲ့ဆို
မင်း ရုပ်ရှင်မင်းသား လုပ်မလား … မေး ..
နိုး .. မလုပ်ချင်ပါဘူး …

ဟုတ်ကဲ့ … မိုးပေါ်ထိလည်း တက်ခဲ့တယ်
မြေအောက်လည်း လျှိုးပြီး ဝင်ခဲ့ဖူးတယ်
ဒါဖြင့် မင်းက တန်ခိုးရှင်လား ..
မဟုတ်ပါဘူး ..
ကျွန်တော် စိတ်ကူးယဉ်ခဲ့တာပါ ..
တကယ့် လက်တွေ့မှာတော့
အင်း … ဒုံရင်းက ဒုံရင်းပါပဲ …

ငုပ်မိ သဲတိုင်၊ တက်နိုင် ဖျားရောက်
ကျွန်တော် အပေါ်ဆုံးထိ
မရောက်ခဲ့ဖူးဘူး
အောက်ဆုံးထိလည်း မရောက်ခဲ့ဖူးဘူး
အလယ်က ဟိုမရောက်ဒီမရောက် လူသားတစ်ယောက် …

အဖေကတော့ ပြောခဲ့ဖူးတယ်
ထူးမှ ……. တဲ့
ကျွန်တော် မထူးခဲ့ပါဘူး
သေမထူး နေမထူးလည်း မဟုတ်ပြန်ဘူး
ထူးတာတော့ မသိ
ချွန်တောတော့ သိတယ်
အဲဒါ .. ခဲတံ …… ပဲ …

မိုးပေါ်က လမင်းကို ကြည့်ရင်း
လွမ်းဆွေးတဲ့ ဓာတ်ခံနဲ့
ခံစားတတ်တယ် …
ဒီအချိန်မှာ ကျွန်တော် ကဗျာဆရာ ဖြစ်ချင်တယ် …

ဗုဒ္ဓဝင်စာပေတွေ ဖတ်ဖြစ်တယ်
ဘုရားလောင်းရဲ့ စိတ်ဓာတ်ကို မြင်တယ်
ပြီးတော့ အပါယ်ကိုလည်း ကြောက်သွားတယ်
စက်ဝိုင်းကြီးထဲ လှည့်ပတ်နေကြတဲ့
သတ္တဝါတွေကိုလည်း သနားသွားတယ်
ဒီအချိန်မှာ ကျွန်တော် ဘုရားဆုကို ပန်မိတယ် …

ဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေကို ဖတ်တယ်
ဆရာကြီး မင်းသိင်္ခရဲ့ စာတွေကိုလည်း ဖတ်တယ်
ဒီအချိန်မှာ ကျွန်တော်ဟာ
သူတို့ဇာတ်ကောင် ဖြစ်ချင်သလို
သူတို့လို စာရေးဆရာတစ်ယောက်လည်း ဖြစ်ချင်မိတယ် …

သမိုင်းစာမျက်နှာတွေကို လှန်မိတယ်
ဖိနှိပ်မှုကို မုန်းတီးတယ်
လွတ်လပ်ခွင့်ကို မြတ်နိုးတယ်
ဒီအချိန်မှာ ကျွန်တော်ဟာ
တိုင်းပြည်အတွက် အသက်နဲ့ ကာကွယ်ပေးချင်တယ် …

အခု … မိုးလေးက မသည်းမမဲ ရွာလာတယ်
အအေးဓာတ်လေးက အခန်းထဲ ဝင်လာတယ်
ခံတွင်းကလည်း ချဉ်လာတယ် ..
ဒီအချိန်မှာ စိတ်ကူးယဉ်လိုက်ပြန်တယ်
ဘေးနားမှာ ကော်ဖီပူပူလေး တစ်ခွက်ရယ်
စီးကရက်လေး တစ်လိပ်ရယ် …
ချစ်သူ ခပ်ချောချောလေးရယ်သာ …
ရှိလိုက်မယ်ဆိုရင်ဖြင့် ……………………….. ။

ဟိုမရောက် ဒီမရောက် ခပ်ညံ့ညံ့ကောင်
အံစာတုံး

31 comments

  • windtalker

    May 25, 2012 at 9:17 pm

    “ရွှတ်နောက်နောက် စတိုင်နဲ့ နေတတ်တယ် ..
    အပြင်မှာတော့ ခပ်တည်တည်ပဲ”
    အဲဒီလောက်ဆိုရင် ၊ အကြွေးယူပြီး မသိချင်ဟန်ဆောင်နေလို ့ရပြီ ။ ဟီဟိ

    • မဟာရာဇာ အံစာတုံး

      May 25, 2012 at 9:20 pm

      ကိုပေ ပြောမှပဲ စဉ်းစားမိတော့ဒယ် ..
      ဟီဟိ .. ဟုတ်သားနော့ ..
      နောက်အခါ ဒီစနစ် ကျင့်သုံးကြည့်ရမယ်ဗျို့ .. 😀

      • မြန်မာ့ သမိုင်းဖတ်တော့လဲ မကောင်းဘူးနော်။စိတ်ညစ်စရာတွေချည်းဘဲဗျ။

        “”” သမိုင်းစာမျက်နှာတွေကို လှန်မိတယ်
        ဖိနှိပ်မှုကို မုန်းတီးတယ်
        လွတ်လပ်ခွင့်ကို မြတ်နိုးတယ်
        ဒီအချိန်မှာ ကျွန်တော်ဟာ
        တိုင်းပြည်အတွက် အသက်နဲ့ ကာကွယ်ပေးချင်တယ် …””

  • pooch

    May 25, 2012 at 9:44 pm

    မိုးရွာနေပြီလား ။ ဒီဘက်မှာတော့ မိုးက မျှော်ရလွန်းလို့ သစ်ကုလားအုတ်ဖြစ်နေပြီ။
    မိုးအေးနေရင် ကျမတော့ အခန်းထဲမှာ စာအုပ်တအုပ်နဲ့ နားအေး ပါးအေးနေတော့တာပဲ။ တခါတခါ သီချင်းနားထောင်ရင်းပေါ့။

    ဒါနဲ့ ဘုရားဆုက တကယ်ပန်ခဲ့တာလား ။ ဒါဆိုရင်တော့ ဘုရားဖြစ်မယ့် အုတ်နီခဲကြီးပေါ့။ :mrgreen:
    စတာနော်။ ဟီး။

    ဒါနဲ့ ဒီစာလေး မဂ္ဂဇင်းတခုခု ပို့ကြည့်ပါ့လား။

    • မဟာရာဇာ အံစာတုံး

      May 25, 2012 at 9:58 pm

      အမရေ ..
      ရန်ကုန်မှာတော့ မိုးက ရွာနေပြီဗျ ..
      မလိုတဲ့ နေရာမှာ အကဲပိုတတ်တာ ဖြစ်နေကျပဲဥစ္စာ … ခုခေတ်ကြီးမှာပေါ့ ..

      ဘုရားဆု တကယ်ပန်ခဲ့တာလား ဆိုတော့ .. ဘုရားရဲ့ အကြောင်းအရာတွေ ဖတ်တိုင်းပေါ့ဗျာ .. စိတ်ပန် ပန်ခဲ့တာပေါ့ .. 😀
      ပို့ကြည့်ပါလားဆိုတော့ … အင်း … အင်း … ဂါထာတွေရွတ်ပြီး သွားပို့ကြည့်ရဦးမယ်ဗျ ..

      ကျေးဇူးပါဗျာ …..

  • TTNU

    May 25, 2012 at 10:08 pm

    မောင်အံစာရေ…
    ရေးထားပုံလေးက a compelling writing တစ်ခုပါပဲ။
    အတွေးလေးတွေကလည်း a dazzling display of composition skill ပါပဲ။

    ကဲ ဘာလိုသေးလဲ။

    မေတ္တာဖြင့်
    တီချာနု

  • ညလေး

    May 25, 2012 at 10:21 pm

    ဟိုမရောက် ဒီမရောက်..အဟိဟိ.
    …..ဒီလိုလူတွေဒို.နိုင်ငံမှာပေါသားနော်……
    ကိုယ်လဲပါမယ်ထင့်….
    အားပေးသွားပါ၏…….
    မှတ်ချက် ဒီပိုစ့်ဖတ်ရတာ“မှန်ကြည့်နေရသလိုပဲ”ဒါပေမယ့်နောက်ဆုံးပိုဒ်လေးကတော့…..
    “အခု … မိုးလေးက မသည်းမမဲ ရွာလာတယ်
    အအေးဓာတ်လေးက အခန်းထဲ ဝင်လာတယ်
    ခံတွင်းကလည်း ချဉ်လာတယ် ..
    ဒီအချိန်မှာ စိတ်ကူးယဉ်လိုက်ပြန်တယ်
    ဘေးနားမှာ ကော်ဖီပူပူလေး တစ်ခွက်ရယ်”ဒီအထိဆိုရပြီလောဘမကြီးတတ်လို….

  • မှော်ဆရာ

    May 25, 2012 at 10:56 pm

    ခင်ဗျားဟာက
    လက်တဖက်မှာ ကော်ဖီခွက်။။ နောက်တစ်ဖက်မှာ မီးခြစ်
    ပါးစပ်မှာက ဆေးလိပ်ကြီးနဲ့ ဆိုတော့
    ကောင်မလေး အနားလာပါပြီတဲ့
    ဘာလုပ်လို့ ရဦးမှာတုန်း …. 😛

  • ကိုရင်စည်သူ

    May 25, 2012 at 11:10 pm

    ကိုရင် အံစာတုံးရေ.. အစကတော့ ခင်ဗျား ဘာလဲ ဘယ်လို စိတ်ဓါတ်လဲဆိုတာ
    ကျနော် မသိရိုးခဲ့ပါဘူး… ခုက ခင်ဗျားရဲ့ ဒီပို့စ်ကို ဖတ်ရတော့မှ ခင်ဗျားကို
    ဘယ်သူမှန်း မသိပေမယ့်လည်း အရမ်း လေးစားသွားမိတယ်ဗျာ…
    ကျနော်က တခြားသူဖန်တီးတဲ့ စာပေကို ဖတ်ရာမှာ စံသုံးခုထားပြီး ဖတ်ရှူ့လေ့ရှိတယ်ဗျ..
    ၁။ စာရေးသူရဲ့ ရိုးသားပွင့်လင်းစွာ တင်ပြမှု
    ၂။ စာရေးသူရဲ့ အတွေးအခေါ်ရင့်ကျက်မှု
    ၃။ စာရေးသူရဲ့ စိတ်သဘောထား မျှတစွာနဲ့ အသိတရား စာဖတ်သူအပေါ် စေတနာထားမှု
    အဲ့ဒီအချက်မှ မပြည့်စုံရင် အဲ့လို စာပေမျိုးအပေါ် ကျနော် လုံးဝအထင်ကြီးမှု မရှိဘူးဗျာ..
    ခင်ဗျား ပို့စ်လေးက မရှည်လျား မသွယ်ဝိုက်သောလည်း အဲ့ဒီ အချက် သုံးချက်နဲ့
    ကိုက်ညီတယ်လို့ ကျနော် ခံစားရတယ်ဗျာ.. ယုံလားတော့ မသိဘူး
    အနုပညာမှာ ခံစားမှု တစ်ဝက်နဲ့ ဖန်တီးမှု တစ်ဝက်ပါတယ်ဆိုတာ…
    ခင်ဗျား နဲ့ ကျနော်ဟာ သိပ်မကွာတဲ့ အံစာတုံးရဲ့ တစ်နဲ့ ခြောက်တစ်ဖက်ဆီမှာ
    ကပ်လျက်ရှိနေလျက်ပါဗျာ… 🙂 🙂
    ကိုရင် အံစာတုံးရေ.. အားပေးလျက်ပါခင်ဗျာ..

    • MaMa

      May 26, 2012 at 9:54 am

      ဒီလို စာမျိုးတွေဖတ်ပြီး စာရေးဖို့ လက်တွန့်တွန့်သွားတယ်။ 🙂

      • Gipsy

        May 26, 2012 at 6:47 pm

        ဟုတ်ပဗျာ.. ကျုပ်တော့ တွန့်တာတင်မကတော့ဘူး..
        ရေးကိုမရေးတတ်တော့တာ….။

        • ဗိုက်ကလေး

          May 26, 2012 at 7:03 pm

          ကျနော်ဆို အတွန် ့လွန်ပြီး အပူမိထားတဲ့ ဖယောင်းတိုင်လို လိမ်ထွက်သွားပါပကောဗျာ

  • ငါဘာကောင်လဲ
    ငါဘာကောင်လဲ
    ငါဘာကောင်လဲလို့ သိချင်တော့ မှန်ရှေ့ရပ်ကြည့်ပြီး
    မေးမိပါတယ်

    နင်နဲ့ငါအတူတူ ဘဲလို့
    မှန်ထဲက ငအူကပြန်ဖြေတယ်ဗျာ။

  • aye.kk

    May 25, 2012 at 11:23 pm

    တဂိုးကဗျာကို..
    သတိရမိပါသည်..
    ဟိုတုံးကပါ..
    ခုတော့ စာသားလေးက..
    ရင်တွင်းဖြစ်ကလေးဆိုတော့..
    ထပ်တူခံစားလိုက်ရပါ၏..။။

  • ahnyartamar

    May 26, 2012 at 9:20 am

    မပာာရာဇာ ခြောက်မျက်နှာရေ…တကယ်ကောင်းတဲ့ရေးအသားပါ။ အတွေးကောင်းဖို့ အပြင်မှာ ခပ်တည်တည်နေတာလား?။ မှတ်မိသေးတယ် ပန်းတနော်သွားတုန်းက ကားရဲ့နောက်ဆုံးခုံ ထောင့်ထဲမှာ အသွားအပြန်နေရာယူပြီး (ခပ်တည်တည်ပဲ) ဒီလိုဘာကောင်မှမဟုတ်တဲ့ ကိုယ့်အကြောင်းကိုတွေးနေတာလားဆရာရေ……………

  • ုဟုတ်ဘူး အဲဒီတုန်းက ကိုပေါက်ကို ပေးစရာရှိတဲ့အကြွေး ဘယ်လိုပေးရမလဲဆိုတာ
    စဉ်းစားနေတာပါတဲ့ဗျာ။.

  • amatmin

    May 26, 2012 at 11:05 am

    ဘိုအံရေ..
    မိုးအေးအေးလေးမှာ ခံစားချက်လှတဲ့ ခင်ဗျားစာလေးဖတ်ပြီး..
    ကိုယ့်ဒူးကို ချွန်နေရုံနဲ့ မရလို့ ဓါးနဲ့လှီးနေရတဲ့ ဘဝကို ပြန်တွေးရင်း… 🙁
    ဟိုမရောက်ဒီမရောက်ချင်း တူတူမို့ လက်ကလေးထောင်ပြီး အားပေးသွားပါတယ်ဗျာ..

    • amatmin

      May 26, 2012 at 11:30 am

      ခုနင်က ထောင်ဖို့မေ့ခဲ့လို့ ပြန်လာထောင်သွားပါတယ်ဗျ.. 🙂
      လာထား နောက်တစ်ဆယ်.. 😛

  • ဗိုက်ကလေး

    May 26, 2012 at 11:07 am

    နင်ဟာ ဘာကောင်လဲ နာပြောပြမယ်
    တစ်ခုခုရရင် မျောက်လို ကလိတတ်တယ်..
    ဘောလုံးလိုမဟုတ်ပဲ အံဇာတုံးလို ဒေါင့်ကြိးတွေနဲ ့မို ခပ်တည်တည်ဆိုတာ ဖြစ်နိုင်တယ်..
    ဒါပေမဲ့ ကန်မလေးချောချောလေးလာရင် ကွန်ပျူတာလို ဝဘ်ပေ့ချ်တွေလို အိတ်ချ် ထီ အမ်မ် အယ်လ် တွေလို လျှောက်တော့ မကလိနဲ ့ပျက်သွားရင် ဘက်ခ်ကပ် ပြန်လုပ်လို ့မရဘူး ကွဲ ့

  • Shwe Tike Soe

    May 26, 2012 at 11:34 am

    အော်ကိုကိုတုံးရယ်….
    မိုးအေးအေးနဲ. ကော်ဖီတခွက်
    ဆေးလိပ်တလိပ်
    ခပ်ချောချောကောင်းမလေး နဲ. တဲ့ ပြောတတ်လိုက်တာ……… အဟိ ကြိုက်တယ်.. မျက်နှာများတဲ့မောင် 😛 😀

    သများတို.ကတော့…
    ထီးကလေးတစ်ချောင်း
    ချစ်သုအုပ်လေး နဲ.
    လက်ပကျွတ်လေး တစ်လုံးနဲ. နားရွက်ကလေးဆွဲ……အဲအဲ လက်ကလေးဆွဲ လျောက်လည်မယ်……

    • အုပ်ကလေးဘေးမှာရှိနေမှတော့ လက်ပကျွတ်က ဘာလုပ်မှာတုန်းဟဲ့
      ပိန်း လိုက်တာအေ…………………….

  • ssa

    May 26, 2012 at 11:54 am

    ဦးမဟာရာ ဖာ အံဇာတုံး ကတော်တော်လေး ရေးတတ်တာပဲနော်..
    လေးစားပါတယ်…
    ရေးထားတာကြိုက်တယ်ဗျာ.

  • shwe kyi

    May 26, 2012 at 1:03 pm

    ကိုအံစာရေကောင်းလွန်းလို့ဘာပြောရမှန်းမသိအောင်ပါပဲ။
    ၃ ခေါက်တောင်ပြန်ဖတ်မိပါတယ်။

  • kotun winlatt

    May 26, 2012 at 1:45 pm

    ကျနော် ဘာကောင်လဲ..
    ကိုယ့်ကိုကိုယ်ပြန်မေးးး
    တရေးရေးတော့ ပေါ်သားးး
    ဘာမဟုတ်တာတွေနဲ့ အလုပ်ရှုပ်..
    တစ်ခါတစ်ခါတော့ အရှုပ်လုပ်…
    ဘာမဟုတ်ညာမဟုတ်…
    ခပ်ညံ့ညံ့မဟုတ်ပေမယ့်..
    ခပ်တုံးတုံးမဟုတ်ပေမယ့်…
    လမ်းတွေကတော့ မှောင်နေတုန်းပါ…
    ကိုအံစာရေ….

  • marblecommet

    May 26, 2012 at 2:16 pm

    ကိုယ့်ဆြာကမှ
    ကျနော့်ထက် အပုံကြီးသာသေးတယ်
    ကိုယ့်ဆြာက ဟိုမရောက်ဒီမရောက်လို့ပြောဒယ်
    ကျနော်က ဟိုတစ်တို့ ဒီတစ်တို့ဗျ…..
    အင်း……
    ခင်ဗျားနဲ့ ကျနော်နဲ့ အခြားသော စိတ်ပိုင်းဆိုင်ရာ
    ဝေယျာဝစ္စများမှာလည်း တော်တော်တူတယ်
    ………..
    မိုးကလေး အေးနေ
    ခံတွင်းကလေး ချဉ်နေရင်တော့
    ကော်ဖီအငွေ့တစ်ထောင်းထောင်းနေရာမှာ
    ရေခဲ အငွေ့တစ်ထောင်းထောင်းဆိုရင်တော့
    ကိုယ့်ဆြာနဲ့ တူချင်မှ တူမယ်…..
    ငှဲငှဲ…..

  • awra-cho

    May 26, 2012 at 4:01 pm

    ကော်ဖီတွေပြောနေလို့ သောက်ချင်သွားပြီဗျို့၊ စာရေးတာ ကြိုက်သဗျာ၊ စု တု ပြု တဲ့ ၊ ကိုယ့်မှာတော့ စု တဲ့ နေရာကကို မတက်သေးဘူး၊ အားငယ်ထှာ အေ။ စကားမစပ် တီးတိုက် တိုက်နေတဲ့ ဆရာလည်း မတွေ့ ပါလား၊ လွမ်းထှာ

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 10:42 am

    မနေ့က တစ်နေ့လုံး အလုပ်ရှုပ်နေလို့ Reply မပြန်နိုင်ခဲ့ပါဘူး …
    ကွန်မန့်တွေကို မြင်နေရပေမယ့်လို့ မြင်သာမြင် မကြင်ရတဲ့ဘဝရယ်ပါ … 🙁
    ဂနေ့ဒေါ့ ….

    @တီချယ်ကြီး ခင်ဗျာ ..
    ကျနော်လည်း ရေးသာ ရေးလိုက်တာ ဘယ်လို အရေးအသားမျိုးမှန်း မသိဘူးဗျ ..
    ခု တီချယ်ကြီး ပြောမှပဲ သိသွားတော့မယ် ..
    ကျေးကျေးနော် တီချယ်ကြီး ..

    @ညလေး
    ဂျီးဒေါ်ဂ လောဘ မကြီးတတ်ဘူးဆိုတော့ ..
    ကျုပ်ကိုတော့ … ကြီးတတ်တယ်လို့ ပြောတာပေါ့လေ .. 😀
    နောက်တာပါ ..
    ခုလို လာရောက် အားပေးသွားတာ ကျေးကျေး ..

    @မှော်ဆရာ
    ကော်ဖီကို တစ်ကျိုက်လောက်မော့ပြီး ချထားလိုက်မယ်ဗျာ ..
    မီးညှိပြီး မီးခြစ်ကိုလည်း ချထားလိုက်မယ်ဗျာ ..
    စီးကရက်ကိုလည်း အာသာပြေရုံလေးပဲ .. ပြီးတော့ ဆေးခံထဲ ထိုးထားလိုက်မယ် ..
    အင်း .. ပြီးရင်တော့ …. 😀
    မိုးအေးအေးမှာ ဘေးနားက တောင်မရေးဂို ထွေးဖက်ထားလိုက်တော့မယ်ဗျာ …
    အဟိ … မိုက်တယ် မဟုတ်လား .. 😀

    _______________

    အားလုံး အားလုံးပဲ .. ကျေးကျေးပါ ..
    ခင်တဲ့ … အံစာတုံး

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 11:17 am

    @ကိုရင်စည်သူ
    ကိုရင်ရေ ..
    ကိုရင်ပြောတဲ့ထဲက ” အနုပညာမှာ ခံစားမှု တစ်ဝက်နဲ့ ဖန်တီးမှု တစ်ဝက်ပါတယ်ဆိုတာ… “ ဆိုတဲ့ စကားကို ကျနော် သိပ်ကြိုက်သွားတယ်ဗျာ …
    ကျနော် ဒါကို စဉ်းစားနေတာ …
    ကျနော်က ကဗျာတွေ ဝါသနာပါတော့ တစ်ခါတစ်လေ ဖီလင်အပြည့်နဲ့ ကဗျာတွေ ထိုင်ရေးတတ်တယ်ဗျာ ..
    အဲဒီအခါ ကဗျာကို ဖတ်လို့ကောင်းဖို့ ကာရန်ရှာဖို့ တွေးရတာလည်း ရှိတယ်ဗျ ..
    ဒီလိုနဲ့ ကဗျာတစ်ပုဒ်လည်း ပြီးသွားရော …
    ကျနော်က ဒါကို ခံစားမှုနဲ့ပဲ ရေးလိုက်တာလား စကားလုံးတွေနဲ့ ဖန်တီးလိုက်တာလား .. သိပ်ပြီး မရှင်းခဲ့ဘူးဗျ ..
    ခု ကိုရင် ပြောလိုက်မှပဲ အော် .. တစ်ဝက်စီပါလား ဆိုတာ တွေးမိသွားတယ်ဗျာ ..
    ခုလို လာရောက်အားပေးတာ ကျေးကျေးပါ …

    စကားမစပ် ကိုရင်အောက်မှာ တွန့်တဲ့လိမ်တဲ့ ဇာတ်လမ်းလေးတွေပါလား .. အဟိ .. 😀
    အန်တီမမ က တွန့်သွားတယ်တဲ့ ..
    ဂစ်စပီကတော့ တွန့်တာထက် ပိုသွားတယ်တဲ့ …
    ဗိုက်ကလေးကတော့ ဖယောင်းတိုင် ကိုင်ပြီး ဆန္ဒပြ .. အဲ .. ဟုတ်ပါဘူး .. လိမ်ထွက်သွားတယ် ဆိုနေပါကော … 😀
    _______________

    @ဖေဂျီး
    ဖေဂျီး .. ဖေဂျီး ..
    သားသား မေးချရာ ချိရို့ …
    မှန်ထဲက ငအူဆိုတာ ဘူ့ကို ကြောဒါလဲဟင် .. 😀
    _______________
    @အမအေး ခင်ဗျာ
    ခုလို ထပ်တူ ခံစားပေးတာ ကျေးကျေးပါ
    ဒါနဲ့ တဂိုးကဗျာလေးကို
    ကျနော် သိချင်မိသား ..
    ဖြစ်နိုင်ရင် ပြောပြပေးပါလား … ဗျာ ..
    _______________
    @အညာတမာ
    ဦးညာရေ .. အောက်မှာ အနော့ဖေဂျီးပေါက် က ကြောထားတာ တွေ့လားဂျ ..
    အဲဒီတုန်းက စဉ်းစားနေတာက သူ့ အကြွေးပေးဖို့ စဉ်းစားနေတာတဲ့ …
    အဲဒါ ယုံနဲ့နော် .. 😀
    ခုလို လာရောက် အားပေးသွားတာ ကျေးကျေးပါ ဦးညာရေ ..
    _______________
    @အမတ်မင်း
    အော် .. ဒီအမတ်ကြီးနှယ် ..
    လွှတ်တော်က လခ အပြည့်မရဘူးထင့် ..
    တစ်ဆယ်ကို အလူးအလဲ ယူနေပါပေါ့လားကွယ်တို့ … 😀
    ကျနော်နဲ့ အမတ်မင်း ဟိုမရောက် ဒီမရောက်ချင်း တူတယ်ဆို
    လက်တွဲပြီး လွှတ်တော် တက်လို့ ရပြီပေါ့နော့ .. 😀
    _______________
    @ဗိုက်လေး
    နင် လုပ်လိုက်မှဖြင့် အရမ်းချီးပဲ ..
    နာကလိတာ လူဒွေ သိကုန်ပြီ ..
    နင်ပြောသလို နာဂ ကန်းမလေးတွေကိုဒေါ့ ကလိပါဘူးကွယ် …
    နာက အလှကြည့်ရုံ သက်သက်ပါ .. အဟီးးးးးး
    😀 😀

    ____________________

    လာရောက် အားပေးကြကုန်သော
    အရပ်ကတို့အား ကျေးဇူး အထူးတင်ရှိပါကြောင်း ..

    ခင်တဲ့ …
    အံစာတုံး

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 11:29 am

    @ရွှေတိုက်စိုး
    ကတိုက်စိုးနှယ် …
    စိတ်ကူးယဉ်တာပဲ ဈေးဆစ် မနေတာ ကောင်းပါတယ်
    လွှတ်ပြီး ယဉ်ချပစ်လိုက်တာပဲ …
    စာထဲမို့ ဂလောက်ပါဒါ .. ဟင်းဟင်း … 😀

    @ssa
    ကျုပ်က လေးစားလောက်တဲ့လူ မဟုတ်ပါဘူးဗျာ …
    ခပ်ညံ့ညံ့ လူတစ်ယောက်ပါ ..
    ခုလို လာရောက် အားပေးတာ ကျေးကျေးပါနော့ ..

    @ရွှေကြည်
    အပျိုကြီး .. အဟိ .. 😀
    နောက်တာနော့ .. စိတ်ဆိုးကြေး ..
    အားပေးတာ ကျေးကျေးပါ ..

    @ကိုထွန်းဝင်းလတ်
    ကျနော်တို့ရဲ့ လမ်းတွေ
    အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ပါပဲလေ …
    ချောက်ထဲ မပြုတ်ကျဖို့ပဲ သတိထားရမယ်ဗျ ..

    @ကိုကမ်းကြီး
    ကိုကမ်း ကလည်း
    အခြားနေရာတွေမှာ တော်တော်တူတယ်ပြောပြီးမှ
    ကော်ဖီအငွေ့နဲ့ ရေခဲအငွေ့ကျမှပဲ
    လွဲပဲ လွဲတတ်ပါလေ့ဗျာ .. 😀

    @awra-cho
    တီးတိုက်တဲ့ ဆြာဘလက်က ရွာထဲမှာ ရှိပါတယ်ဗျာ ..
    သူက အကုန်အကျများလို့ မတိုက်ချင်တော့ဘူးတဲ့ ..
    နောက်တာပါ ..
    အဲဒီလို ရေးဖို့က မလွယ်ဘူးဗျ ..
    ဦးဘလက်ကြီးမို့ ရေးပေးနေတာ ..
    သူ့ကို ချိုပေါ့ကျ ပြန်ဖျော်ပေးဖို့ တောင်းဆိုထားကြတယ်ဗျ …
    အဲဒါ ………

    @ကိုအလင်းဆက်
    လူက မချွန်ပါဘူးဗျာ ..
    ခဲတံတောင် ငယ်ငယ်ကပဲ ချွန်ခဲ့တာပါ ..
    😀

    _________________

    အားလုံး အားလုံးကို ကျေးကျေးပါ ..
    ခင်တဲ့
    အံစာတုံး

  • ကြောင်ကြီး

    May 29, 2012 at 9:39 am

    ငါဘာကောင်လဲ
    ရွာမှာထောင်ကဲ
    ဇာတာမောင်မဲ
    ညာတာယောင်ဆဲ…။

Leave a Reply