ကဗျာဆရာ ကလင့်(မန္တလေး)ရေးတဲ့ စိုးအောင်(မန္တလေး)အတွက်အလွမ်းစာ

                ကဗျာဆရာ ကလင့် (မန္တလေး)ရေးထားတဲ့ အလွမ်းစာလေးကို ပြန်မျှဝေပေးတာပါခင်ဗျာ

 

 

 

 

                           ကမာ္ဘရပ်ဝန်းငယ်ရဲ့ မျက်ရည်ပင်လယ်သွန်းမှုထဲမှာ

                         စာရေးဆရာစိုးအောင် (မန ္တလေး) ရှိနေတယ်…

 

ကိုစိုးအောင် …..

ကျွန်တော်ပြန်ခဲ့တဲ့ တောင်တန်းရှည်လျားမှုတွေထဲ

တားဆီးမရအောင်ကျခဲ့တဲ့ မျက်ရည်တွေဟာ

ကမာ္ဘတည်သရွေ့

သက္ကရာဇ်တွေ နောက်ပြန်မသွားသရွေ့

မမေ့ခြင်းပုံရိပ်အသွင် တည်ရှိကျန်ရစ်နေမှာပါ ။       ။

 

ကိုစိုးအောင် …..

ကျွန်တော် စာပေဝိုင်းက အိမ်ပြန်ညတွေတိုင်း

အမြဲတမ်းလိုက်ပို့ခဲ့သူ

အခုတော့ ကိုစိုးအောင်ရေ …

ကျွန်တော်အိမ်ပြန်ညတွေမှာ ရောက်ရာအရပ်ကနေ

လိုက်ပို့နေဦးမှာလား ။       ။

 

ကိုစိုးအောင် …..

အတိတ်က ကျန်ရစ်ခဲ့တဲ့ ရက်စွဲတွေကို သိပ်လွမ်းတာဘဲ ။       ။

 

ကိုစိုးအောင် …..

လာမယ့် ၂၀၁၃ သက္ကရာဇ်အသစ်မှာ

တော်ရိလျော်ရိ သံချပ်အဖွဲ့ကြီးထွက်ရင်

‘‘ တော်ရိလျော်ရိ ဟိုအစ်ကိုကြီးပါလားလို့ မေးလာရင်

ပြည်သူလူထုကို ကျွန်တော်တို့ ဘယ်လိုစကားမျိုးတွေပြောပြီး

ဖြေသိမ့်ရမလဲ ’’ ။       ။

 

ကိုစိုးအောင် …..

ကိုစိုးအောင်ရေ … ကိုစိုးအောင်ပြောတဲ့စကား

‘‘ ကလင့် ဒီတစ်ခါရန်ကုန် မင်းနဲ့ငါနှစ်ယောက် ရန်ကုန်သွားရင်

ငါတို့ ရထားနဲ့ဘဲသွားရအောင် ’’ ။       ။

 

 

 

ကိုစိုးအောင် …..

အခုဘယ်မှာလဲ

စိမ်းဝါ ကဖေးဆိုင်လေးဟာ တော်ရိလျော်ရိ အစ်ကိုကြီးကို

နေ့တိုင်းမျှော်ပုံက သူ့လည်တိုင်တောင် ကျိုးကျခဲ့ပြီ ။       ။

 

ကိုစိုးအောင် …..

စိမ်းဝါဆိုတဲ့ ကဖေးဆိုင်လေးကို ကျွန်တော်တို့

ဘယ်လိုဖြေသိမ့်ပေးရပါ့မလဲ ။       ။

ဆရာစိုးဘားဒိုင် ရေ …

ဆရာခင်အောင်ဝင့် ရေ …

ဆရာမောင်နိုင်လင်း(ကောလင်း) ရေ …

ဆရာတို့ စိမ်းဝါကဖေးဆိုင်မှာ ထိုင်နေတုန်းလား ။       ။

 

……………………

ကလင့်ရေ

မင်း မဟာတံတိုင်းရောက်ရင် ဘယ်ကဗျာတွေရွတ်မှာလဲ

ကိုစိုးအောင် ကျွန်တော် ‘‘ ငါ့မန ္တလေးကို မန ္တလေးလို့ ပီပီသသ

ခေါ်တတ်လာမယ့် သက္ကရာဇ်ကိုလွမ်းတယ် ’’ ဆိုတဲ့ ကဗျာကိုရွတ်မှာ

အေး … ကောင်းတယ် ကောင်းတယ် ။       ။

 

……………………

ဆရာ သားအေးည ကျောင်းမှာ

ဆရာညီစေမင်းရယ်

ဆရာသာဇော်ရယ်

ဆရာမ မဝင့်(မြစ်ငယ်)ရယ်

ဆရာမ မေမောင်ရယ်

အဲဒီတုန်းက ပုံရိပ်တွေကို ပြန်ပြန်မြင်ယောင်မိတယ် ။       ။

 

……………………

ကလင့်ရေ

ဒို့ စာရေးဆရာ ၊ ကဗျာဆရာတွေက

ကိုယ့်ကိုယ်ကို ပညာရှင်လို့ နားထင်သွေးရောက်ရင်

စာရေးဆရာ ၊ ကဗျာဆရာ ကျဆုံးခန်းရောက်တော့တာဘဲ ကလင့် ။       ။

 

ကိုစိုးအောင် …..

တောင်အင်း ၊ မြောက်အင်း ကောင်ကင်မျက်နှာကျက်တစ်ခုလုံး

မီးခိုးအက္ခရာတွေနဲ့ စီကာပတ်ကုံးရေးလိုက်တဲ့

ဘဝသရုပ်ဖေါ်ထဲက ဇာတ်ရုပ်တွေဟာ စိတ်နေစိတ်ထားတစ်ခုစီရဲ့

ညဉ့်ကာလငြီးခြင်းတွေရဲ့ အမှန်တရားတွေလား ။       ။

 

……………………

ကလင့် မင်းတို့ခေတ်ကျတော့ ဆံပင်နောက်ပြန်စည်းပြီး

သပ်သပ်ရပ်ရပ်ဖြီး လက်ကိုင်ဖုန်းကို ခါးမှာချိတ်ပြီး

စာရေးဆရာ ၊ ကဗျာဆရာဆိုတာ အနုပညာငမွဲတွေ မဟုတ်ဘူးဆိုတာ

ပြသနိုင်တဲ့ ခေတ်တစ်ခေတ်လို့လည်း အကြမ်းသဘော ပြောလို့ရတယ် ။       ။

 

……………………

ကလင့်

ငါတို့ မင်းတို့ စာရေးဆရာ ၊ ကဗျာဆရာတွေဟာ

ဘယ်သူစားမူတောင်းတောင်း ငါတို့က စေတနာရှေ့ထားပြီး ပေးရမှာပဲ

ငါတို့ မင်းတို့က မဂ္ဂဇင်းအယ်ဒီတာလည်းမဟုတ်

ဂျာနယ်အယ်ဒီတာလည်းမဟုတ်ဘူး

ဘယ်သူနဲ့ တည့်တည့်မတည့်တည့် ငါတို့ကတည့်အောင် ပေါင်းရမှာပဲ

ကလင့် ငါတို့ မင်းတို့က ဝတ္ထုရေးသူ ကဗျာရေးသူတွေ ။       ။

 

……………………

ဆရာ စိုးဘားဒိုင်ရေ

ဆရာ ခင်အောင်ဝင့်ရေ

ဆရာ စန်းဝင်းရှိန်(သမိုင်း)ရေ

ဆရာ မောင်နိုင်လင်း(ကောလင်း)ရေ

ဆရာ ကိုသာဇော်ရေ

တော်ရိလျော်ရိ သံချပ်အဖွဲ့သားတို့ရေ

သက္ကရာဇ် ၂၀၁၃ သံချပ်အဖွဲ့ကြီးထွက်ခဲ့ရင် ပြည်သူလူထုက

တော်ရိလျော်ရိ အစ်ကိုကြီးတစ်ယောက် ပါမလာဘူးလားလို့မေးကြရင်

ကျွန်တော်တို့ ဘယ်လိုစကားမျိုးနဲ့ ပြန်ပြောရမလဲ ။       ။

 

 

……………………

ကျွန်တော်တို့ ဘယ်လိုဝမ်းနည်းမှုတွေနဲ့ ဖြေသိမ့်ရမလဲ ။       ။

 

ကိုစိုးအောင် …..

လာမယ့်နှစ်သစ်သင်္ကြန်မှာ အစားထိုးမရနိုင်တဲ့ လူသားတစ်ယောက်

ကမာ္ဘမြေပေါ်ကနေ ကျွန်တော်တို့ကို အပြီးအပိုင် လမ်းခွဲသွားပြီလို့ပြောရင်

သက္ကရာဇ်အသစ်က ကျွန်တော်တို့ကို အပြီးအပိုင် လမ်းခွဲသွားပြီလို့ပြောရင်

သက္ကရာဇ်အသစ်က ကျွန်တော်တို့တတွေကို လှောင်ပြောင်ပျက်ရယ် ရယ်သွမ်းနေဦးမှာပါ ။       ။

 

……………………

တော်ရိလျော်ရိ သံချပ်အဖွဲ့နဲ့ တစ်သားတည်း တစ်ထပ်ထဲကျခဲ့တဲ့

ဆရာစိုးအောင်(မန ္တလေး) လာမယ့်နွေဦးသစ်မှာ

သံချပ်အမောတွေနဲ့ ထပ်တူထပ်မျှ ရှိနေဦးမယ်ဆိုတာလည်း

အမှန်တရားက ထာဝရ ပြောပြနေဦးမှာပါ ။       ။

 

……………………

၂၂. ၅. ၂၀၁၂  နံနက် ၅၁ မိနစ် ကျွန်တော့်ဆီ

ကိုစိုးအောင် သုံးကိုယ်ခွဲပြီး အတူတူရောက်လာခဲ့တယ်

ကျွန်တော် နှုတ်ဆက်တော့ အရှေ့ရပ်ဝန်းဆီ ငေးကြည့်ပုံကို အထင်သားမြင်ခဲ့ပုံရိပ် ။       ။

 

……………………

ကျွန်တော်ပြန်လာခဲ့တဲ့ တောမြိုင်တောင်တန်းထဲ

ကျရစ်ခဲ့တဲ့ တားဆီးမရနိုင်တဲ့ မျက်ရည်စက်လက်တွေဟာ

ဘဝသရုပ်ဖေါ် အစစ်အမှန်ရေးသူ စာရေးဆရာစိုးအောင်(မန ္တလေး)

နာမည် ရုပ်ကြွင်းအဖြစ်

စာရေးဆရာစိုးအောင်(မန ္တလေး) ချစ်မြတ်နိုးတဲ့

ဒီမြေ ဒီရေပေါ်မှာ အမှန်တရားဆိုတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်

စွဲစွဲမြဲမြဲ ကျန်ရစ်နေမှာကို စာရေးဆရာစိုးအောင်(မန ္တလေး) မြင်နိုင်ပါစေလို့ ။       ။

 

ကလင့် ( မန​ ္တလေး )

စာရေးဆရာစိုးအောင်(မန​ ္တလေး) ကွယ်လွန်ခြင်း အောက်မေ့ဖွယ်ကဗျာတစ်ပုဒ်

စာရေးဆရာစိုးအောင်(မန​ ္တလေး) ကောင်းရာသုဂတိဘုံသို့ ရောက်ပါစေ ။       ။

၂၃. ၅. ၂၀၁၂

13 comments

  • ဒီစာမူကတော့ သူများရေးတဲ့စာကို တင်ပေးတာပါ.။
    မန်းလေး SHADE ဂျာနယ်မှာ ရေးဖော်ရေးဖက်တွေဖြစ်တဲ့
    စိုးအောင်(မန္တလေး) ကွယ်လွန်သွားတဲ့အမှတ်တရအဖြစ်
    ကဗျာဆရာ ကလင့်(မန္တလေး)က ကိုပေါက်ရေးနေကျဆိုက်တွေမှာတင်ပေးပါဆိုလို့
    ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    ကိုပေါက်ရေးတာမဟုတ်ပါ။
    ကလင့်(မန္တလေး)ရေးထားတာဖြစ်ပါတယ်။

  • water-melon

    May 26, 2012 at 10:26 am

    ဘဝဆိုတာ တွေ့ကြုံဆုံခွဲပါ
    ဖြစ်နိုင်ရင် ဘယ်သူနဲ့မှမခွဲခွာချင်ဘူး
    ဒီအဖေဒီအမေတို့နဲ့ ဘဝဆက်တိုင်းပြန်ဆုံချင်တယ်
    အဲဒီအကြောင်းတွေပြန်တွေးတိုင်း ညတိုင်းငိုခဲ့ရပါတယ်
    လေးပေါက်ရေ ခွဲခွာခြင်းဆိုတဲ့ ဟာကြီးကို အရမ်းမုန်းတယ်
    ဘယ်သူ ဘယ်သူ့နဲ့မှ မခွဲခွာချင်ဘူး

  • water-melon

    May 26, 2012 at 10:27 am

    ကျွန်တော်လည်း သေဖို့ရက်မကျန်တော့ပါဘူး
    လေးပေါက်ရေ 😥

  • htet way

    May 26, 2012 at 11:10 am

    ကျေးဇူးပဲ ဆရာ
    ဆရာစိုးအောင် ရဲ့ သတ္ထုတိုတွေကို ကျွန်တော် ကြိုက်နှစ်သက်ခဲ့ပါတယ်။
    ခု ဒီကဗျာလေး ဖတ်လိုက်ရလို့ …ကြေကွဲမိပါတယ်။

  • marblecommet

    May 26, 2012 at 1:59 pm

    လောကကြီးကနေ
    စောစောထွက်ခွာသွားတဲ့
    ရဲဘော်ရဲဘက်တစ်ယောက်ကို
    လောကကြီးမှာ ကျန်ခဲ့တဲ့
    ရဲဘော်ရဲဘက်တစ်ယောက်က
    အလွမ်းစာ အလွမ်းကဗျာရေးတယ်
    ကျွန်တော်တို့က ဖတ်ရတော့
    ကျွန်တော်တို့လည်း လွမ်းမောနာကျင်ရတာပေါ့
    ကိုပေါက်ရယ်……
    ……….
    ဒါနဲ့ အစ်ကိုရေ့….
    ဆြာစန်းဝင်းရှိန်(သမိုင်း)က
    ရှက် ဆိုင် ဖွင့်ထားတယ်ဆို……
    အနော်လာရင် လိုက်ပို့နော်…..
    ခွိ.ခွိ…..

  • blackchaw

    May 26, 2012 at 4:57 pm

    ကိုပေါက်ရေ…။
    အခုပဲ ဖိုးခွားကြီး ဆုံးသွားလို့ စိတ်မကောင်းဖြစ်နေချိန်မှာ
    ဆရာ စိုးအောင် (မန္တလေး) ကွယ်လွန်သွားလို့
    ရေးထားတဲ့ လွမ်းချင်းကို
    ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ဖတ်သွားပါတယ်ဗျာ။

  • 18-5-201နေ့ညမှာအကောင်း ဗျာ။
    လမ်းမှာဆိုင်ကယ်နဲ့ဖြတ်သွားတာတွေ့လိုက်ရတာ။
    တွေ့နေကျဆိုတော့အထူးတလည်နုတ်မဆက်မိ။
    နောက်နေ့ နေ့လည်ဖေစ်ဘုတ်တက်တော့ ဆုံးပြီတဲ့
    (ဦးနှောက်သွေးကြောပြတာတဲ့)
    လကွယ်နဲ့တိုက်တော့ နေ့ချင်းဘဲချ နောက်နေ့ရက်လည် မရောက်လိုက်ပါဘူး ကျနော်။
    ညနေဆိုရင် ဘုရားကြီး စာတိုက်ကွေ့ နား က စိမ်းဝါလက်ဖက်ရည်ဆိုင်မှာ စိုးဘားဒိုင်နဲ့ခင်အောင်ဝင့်ကို
    စောင့်နေရှာမှာသေချာတယ်ဗျာ။
    15-5-2012နေ့ကမှ ဇူလို်င်လမှာ တရုတ်ပြည်သွားဘို့ ရန်ကုန်သွားပြီး ပါတ်စပို့လုပ်ပြီးပြန်လာပြီးနောက်ရက်
    ………………………………….

  • kyeemite

    May 26, 2012 at 8:31 pm

    စိတ်မကောင်းစရာတွေ တစ်ရက်ထဲ
    ဖတ်လိုက်ရတယ်ဗျာ..
    ကိုပေါက် ကလဲနာရေးသတင်း..
    ရဲဘော်ဘလက်ကလဲ နာရေးသတင်း..တိုက်ဘဲတိုက်ဆိုင်လှပါဘိ..

    “သွားနှင့်အုံးဟေ့…….ဒို့အလှည့်ကမရောက်သေး”…သူတို့နှစ်ယောက်အစား
    လောကကြီးထဲ…ဘယ်လိုလူနှစ်ယောက် အစားထိုးဝင်ရောက်လာမှာပါလိမ့်
    လို့…………..

  • ကိုကြီုးမိုက်က ကိုကျော်သီချင်းနဲ့ဝင်လွမ်းသွားတာကိုးဗျ.
    အင်း သူငယ်ချင်းတွေတစ်ယောက်တလဲ လိုက်ပို့ပေးရတဲ့ ဒို့ခေတ်တော့ နီးလာပြီထင်ပါရဲ့ဗျာ။

  • Diamond Key

    May 27, 2012 at 8:24 am

    ဆရာစိုးအောင်မန္တလေးအတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ဗျာ

  • အခုလို သတိတရနဲ့ရေးပေးကြတာကို သာ ကိုစိုးအောင် သိရင် အတော်ကို ဝမ်းနည်းသွားမယ်ထင်တာဘဲနော်

Leave a Reply