Facebook (သို့) Internet ပေါ်သို့ ဓါတ်ပုံတင်လိုသူများအတွက်

ကျွန်တော်တို့ ရွာထဲမှာ ဓါတ်ပုံဆရာကြီးတွေအများကြီးရှိတယ်ဆိုတာသိပါတယ် … ဆရာတို့ပြောသလို ကလိဖို့ကလဲ မတတ်တော့ကိုယ့်ဟာကို စမ်းပြီးတော့ ကလိပြီး အတွေ့အကြုံလေးတွေ ကို ဝေမျှလိုက်ရပါတယ် …. တော်တော်များများကတော့ သိပြီးသားဖြစ်မှာပါ …. ဒိပိုစ့်လေးဟာ မသိသေးတဲ့ လူတွေအတွက်ရည်ညွန်းပါတယ်…

Facebook သုံးတဲ့သူတွေတော်တော်များများ ကြုံတွေ့ဘူးမှာပါ …. ဓါတ်ပုံတစ်ပုံ တင်လိုက်ပြီ ဆိုရင် တမေ့တမော စောင့်ခဲ့ရတာတွေ …. တဝက်တပျက်နဲ့ ပြတ်သွားတာတွေ …. ကျွန်တော်ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် …. ကွန်နက်ရှင်ကောင်းရင်တော့ မပြောလိုပါ … သို့သော် ကွန်နက်ရှင် နှေးနေတဲ့ အခါကျရင် တော်တော်ကို စိတ် ရှည်ရပါတယ် ….

အဓိကတရားခံကတော့ ဖိုင်ဆိုဒ်ပါ …. ကျွန်တော်တို့ ကင်မရာကနေ ကော်ပီလုပ်လိုက်တဲ့ ဓါတ်ပုံဖိုင်တစ်ဖိုင်ဟာ အနည်းဆုံး 2 MB ထက်တော့ အသာလေးကျော်ပါတယ် … ဒါကလဲ Quality ကောင်းရင်ကောင်းသလို ဖိုင်ဆိုဒ်တွေက ကြီးနေမှာပဲ …. အဲဒါကို file compress မလုပ်ပဲနဲ့ ဒီအတိုင်း အင်တာနက်အပေါ်တင်ရင် တော့ အချိန်ကုန်မယ် …. လူပင်ပန်းမယ် … ပိုက်ဆံကုန်မယ် ….

အခုပြောပြမှာတော့ File compress နည်းပါပဲ …file compress လုပ်ပြီးရင် ဓါတ်ပုံဖိုင်ဟာ MB အဆင့်ကနေ KB အဆင့်ထိ ကျဆင်းသွားတာမြင်ရမှာပါ … ဒီနည်းဟာ အလွယ်ဆုံးနဲ့ အသုံးများဆုံး နည်းပါပဲ ….

ပထမဦးစွာ ဓါတ်ပုံတစ်ပုံကို right clip ထောက်ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း Microsoft Office 2010 ကို ရွေးပေးရပါမယ် …. Microsoft Office 2010 ရှိတဲ့စက်တွေကတော့ Microsoft Office 2010 လို့ပေါ်ပြီးတော့ Microsoft Office 2003 or 20007 ရှိတဲ့စက်တွေကတော့Microsoft Office Picture Manager လို့ပေါ်ပါလိမ့်မယ် ….

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဖွင့်ပြီးရင်  Edit Pictures  … ပြီးရင် Compress Pictures

 

 

 

 

 

 

 

 

 

 

 

 

ပြီးရင် Document ကို ရွေး ….

 

 

 

 

 

 

 

 

 

 

 

 

 

Document ကိုရွေးလိုက်ရင် အောက်မှာပြထားတဲ့အတိုင်း ဖိုင်ဆိုဒ်ဟာ တော်တော်ကွားခြားပြီးသေးငယ်သွားမှာကို တွေ့ရမှာပါ ….

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပြီးရင် OK ပေးလိုက်တဲ့ အခါမှာတော့ နောက်ဆုံး ဖိုင်ဆိုဒ်ဟာ 189 kb ပဲရှိတော့တာကို တွေ့ရမှာပါ …

 

 

 

 

 

 

 

 

 

 

 

 

 

ကဲ …. ဖိုင်ဆိုဒ်ကဒီလောက်ပဲရှိတော့ အင်တာနက်မှာ Upload လုပ်ရတာ ပိုမို လျှင်မြန်သွားသလို … ကိုယ့်ကွန်ပြူတာရဲ့ hard disk space ကိုလဲ ပိုမိုအသုံးပြုနိုင်မှာဖြစ်ပါတယ် ….

ကဲ …. ဒီ tool လေးကို အသုံးပြုပြီး  အချိန်နဲနဲနဲ့ ဓါတ်ပုံများများ အင်တာနက်ပေါ်တင်ကြရအောင် ….

14 comments

  • water-melon

    May 26, 2012 at 5:26 pm

    အူးလေး ကျေးဇူးနော်
    စမ်းသပ်အုန်းမယ်

  • ဗိုက်ကလေး

    May 26, 2012 at 5:52 pm

    ကျနော်ကတော့ လူပြိန်းနည်း Paint ထဲဝင်ပြီး Resize လုပ်လိုက်တာပဲဗျာ..
    အူးလေးပြောသလို စမ်းကြည့်ဦးမယ်နော..
    အိုကေမှာပါ..
    တင့်ခရု

  • ကိုတတ်ပ

    May 26, 2012 at 6:08 pm

    ကျနော် မသိသေးတဲ့ နည်းအသစ်လေးမို့ ကျေးဇူး ။

  • ချစ်ရင်ထူးနှစ်

    May 26, 2012 at 10:27 pm

    ကျေးဇူး (အထူး) ပါဗျာ .. ဆိုဒ်ချုံ့နည်းတွေ တော်တော်များများ သိပါတယ် .. ဒီနည်း ကတော့ ခုမှ သိတာပါ
    ကျွန်တော် က 2007 ဆိုတော့ Microsoft Office Picture Manager လို့ပေါ်တယ် ..

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 12:32 pm

    ကျေးဇူးဗျာ ..
    ကျုပ်လည်း ဒီနည်းလေး
    စမ်းသုံးကြည့်ရဦးမယ် ..

  • mgwalone

    May 27, 2012 at 7:16 pm

    ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ Photoshop မှာ Image Size ကနေ Resolution ချပြီး တင်လိုက်တာ။ ဒါလေးက ပိုလွယ်ပြီး ပိုအဆင်ပြေမယ် ထင်တယ်။ စမ်းကြည့်ပါဦးမယ်။

  • MaMa

    May 27, 2012 at 7:20 pm

    သေသေချာချာ ရေးပေးထားလို့ ကျေးဇူးတင်ပါတယ် ထားဝယ်သားရေ။

  • windtalker

    May 27, 2012 at 9:50 pm

    ကောင်းပဗျား ။ ကျုပ်လို မသိတဲ့သူအတွက် ကျေးဇူးကြီးလှပါတယ် ။ မောင်မင်းကြီးသား ဘုန်းကြီးပါစေ ၊ အသက်ရှည်စေ

  • mamanoyar

    June 21, 2012 at 9:58 am

    ကျေးကျေးပါ

  • Ei Htwe

    February 19, 2013 at 4:46 pm

    Thank You!!! My Friend………….

Leave a Reply