ဥဏ္ဏာလုံသဘာဝလှိုဏ်ဂူတော်( မြင်းမထိ.)………………….အဝင် အပိုင်းတစ်

1 မြင်းမထိလှိုဏ်ဂူတော်သို့ အဝင်မုဒ်ဦး
2 ဥက္ကာလုံမွေရှင်တော် သဘာဝလှိုဏ်ဂူ ..............................

 

3 သူများတွေလို ဝိုက်ကြည့်တာ လှမလားလို့

 

4 လှိုဏ်ဂူတော်အရှေ့ မှာ အရင်ဆုံးဖူးရတဲ့ ဘရားပါ

 

 

5 လှိုဏ်ဂူတော်တွင်းသို့အဝင်ဝ........................
6 အဝင်ဝတောင်ဘက်မှာတွေ့ရတဲ့ စေတီတော်..................................

 

 

7 ဒီအုတ်လှေခါးအတိုင်းဆင်းသွားရင် အထဲကိုရောက်သွားပါတယ်
8 ဂူထဲမှာအ တော်လေးကျဉ်းပါတယ်...........ခေါင်းငုံ့ပြီးဝင်မှရတယ်ဗျာ

 

9 အထဲရောက်သွားတော့ ဆင်းတုတော်လေးတွေစတွေ့ရပါတော့တယ်
10 ဒီကနေအောက်ဆင်းသွားရပါသေးတယ်

 

11 အတွင်းထဲမှာ ဖူးမြင်ရတဲ့ဘုရားဆင်းတုလေးတွေ

 

12 အတွင်းထဲက စေတီတော်များ
13 လာလမ်းကကိုပြန်ကြည့်မိခြင်း

 

14 အတွင်းကိုဝင်ရတဲ့လမ်းကလေးတွေမှာ ခေါင်မိုးကအတော်လေးနိမ့်ပါတယ်
15 အတွင်းတစ်ဆစ်ချိုးအကွေ့လေးပါ

 

16 အတွင်းထဲက အခင်းအကျင်း
17 အတွင်းထဲက ကျောက်ပန်းဆွဲတွေပါ သဘာဝအတိုင်းရှိနေတာ

 

18 အတွင်းထဲက သမိုင်းဝင်စေတီတော်

 

19 အတွင်းထဲကလှိူဏ်ဂူလေးတွေ
20 သမိုင်းဝင်စေတီတော်ကြီးရဲ့အမည်နာမတော်

“မြင်းမထိအဝင်…………………..”

 

မြင်းမထိရောက်အောင်အတော်လေးမောင်းရပါတယ်။

သွားကြတာနှစ်ယောက်ပါ ကျနော်ဆရာသားရယ် ကျနော်ရယ်ပါ။

ဘုရားဝင်းထဲရောက်တော့ ရေသောက်ဘို့ရယ် အဆာပြေစားဘို့ရယ် ဆိုင်ရှာရပါတယ်။

ဘုရားအဝင်ဝမှာ ဆိုင်ကလေးတွေတွေ့တော့ ဝင်ထိုင်.။

စကားဝဲဝဲနဲ့တိုင်းရင်းသူလေးတွေရဲ့ဆိုင်ကလေးတွေပါ။

အအေးနှစ်ပုလင်း ရေနှစ်ဘူးမှာ။

အထဲဝင်မယ်ပြောတော့ မီးပျက်နေပါသတဲ့။

ဒုတ်မီးပါမှ ရမယ်ပြောပါတယ်။

နောက်သူကမှာသေးတယ် “အထဲဝင်ရင်ခေါင်းငုံ့ဝင် ခေါင်းအာလူးဖုသွားမယ်နော်”တဲ့/

သူ့ဘာသာသူပြောရင်းသဘောကျပြိးရီနေပါတယ်။

 

သူဆီမှာဒုတ်မီးရှိလားမေးတော့ မရှိတဲ့။

အဲဒီမှာကျနော်တို့လို ဘုရားဘူးလာတဲ့ ပအို်ဝ်တိုင်းရင်းသားကြီးတွေက သူတို့ရဲ့

လက်နှိပ်ဓါတ်မီးကိုယူသွားပြောပါတယ်။

ရောက်တုန်းရောက်ခိုက်အေးဆေးဘုရားဖူး စောင့်ပေးမယ် လို့ပြောပါတယ်။

ကျနော်တို့မြို့မှာသာဆို ဒီလိုငှားလို့ဘယ်ရမလဲ။

ဒါနဲ့ဘုရားထဲဝင်တော့ ဖိနပ်ကိုအဝင်ဝက ပန်းဆိုင်လေးမှာထားခဲ့ပါတယ်။

ကျနော်တို့ဝင်မယ်လုပ်တော့ ဘုရားလူကြီးတစ်ဦးကလှမ်းခေါ်ပြီး

ဖယောင်းတိုင်နဲ့မီးခြစ်ပေးပါတယ်.

ဘယ်လောက်လဲမေးတော့လက်ခါပြပါတယ်။

လှို်ဏ်ဂူတော်အရှည်က ပေ၁၂၅ဝ ကျော်တယ်ပြောပါတယ်။

ဒါနဲဘဲ တစ်ယောက်ကဖယောင်းတိုင် တစ်ယောက်က ဓါတ်မီးနဲ့သွားနေုတုန်းဖျပ်ကနဲမီးတွေလင်းလာတေ့ာ

အတော်လေးဝမ်းသာမိပါတယ်။

ကျနော်နဲ့အဖော်ကဓါတ်ပုံရိုက်လိုက်ဟိုလျှောက်ဒီလျောက်လုပ်လိုက်ပေါ့။

ကျနော်က ဟိုချောင်ကပ်လိုက် ဒီချောင်ကပ်လိုက်နဲ့ဓါတ်ပုံရိုက်ပါတယ်။

ဘယ်လောက်ကြာအောင်ရိုက်နေတယ်မသိဘူး။

စကားလှည့်ပြောလိုက်တာ ပြန်ဖြေသံမကြားတော့ သူဘယ်ရောက်သွားမှန်းမသိ။

အော်လဲမခေါ်ရဲ။

ဖုန်းဆက်တော့လိုင်းမမိ။

ဖယောင်းတိုင်ရော ဓါတ်မီးရောက သူ့အိတ်ထဲပါသွားပါတယ်။

ကျနော်မှာသုံးမရတဲ့ဖုန်းတစ်လုံးနဲ့ ကင်မရာတစ်လုံး။

ဂူကြီးကလဲအရှည်ကြီး တစ်ပါတ်ပါတ်ပြီးထွက်ပေါက်ကို ပြန်သွားရမယ့်ပုံ။

တကယ်ကို မှောင်မဲတိတ်ဆိတ်နေတဲ့ ဂူကြီးထဲမှာ တကယ့်ကိုတစ်ယောက်ထဲ။

ဒီအချိန်များ ငလျင်လှုပ်လိုက်ရင်……………………………..

ဒီအချိန်မှာများမီးပျက်သွားလိုက်ရင် …………………….

ငါတစ်ယောက်ထဲဘဲဆိုတဲ့အတွေးက ဖိစီးလာပြန်ပါတယ်။

နောက်ဒီလိုဂူကြီးထဲမှာ လူတွေဘာသေချင်ရင်လဲသေဘူးမယ်…………….

ဒါမှမဟုတ် ရှေးဟောင်းဘုရားဆိုတော့ အစောင့်တွေ သိုက်တွေရှိရင်လဲရှိနိုင်တယ်……………..

ဆိုတာတွေတွေးမိပြန်တော့ မမြင်ဘူးတဲ့ နာနာဘာဝတွေခေါင်းထဲရောက်လာတာရယ်

ရေစိုုစိုစွတ်စွတ်နဲ့အေးစိမ့်နေတဲ့ ဂူထဲမှာရယ်ပေါင်းလို်ကတော့ လူကကြက်သီးမွေးညှင်းတွေ

တောင်ထလာပါတယ်။

အဲဒါနဲ့ဘဲ ဓါတ်ပုံမြန်မြန်ရိုက်ပြီးရှေ့ဆက်မယ်လို့ စိတ်ဆုံးဖြတ်ပြီးသွားလိုက်တဲ့အခါ

…………………………………………………………………………………………………

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(26-5-2012)

 

17 comments

  • ကိုရင်မောင်

    May 27, 2012 at 9:03 am

    အဲဒါနဲ့ဘဲ ဓါတ်ပုံမြန်မြန်ရိုက်ပြီးရှေ့ဆက်မယ်လို့ စိတ်ဆုံးဖြတ်ပြီးသွားလိုက်တဲ့အခါ …..
    ရှေ့နားမှာအတော်ချောမောလှပတဲ့ကောင်မလေးတယောက်တွေ့လိုက်ပါတော့တယ်
    ဒါပေမဲ့ ထူးခြားတာက နန်းဝတ်နန်းစားတွေဝတ်ထားတာဆိုတော့
    ဥစ္စာစောင့်ဘဲဖြစ်မှာပါဆိုပြီး………..ဟီး
    စိတ်ကူးကြည့်တာပြောပါတယ်…

  • ဗိုက်ကလေး

    May 27, 2012 at 11:40 am

    ကုန်းကုန်းကွကွနဲ ့ ဝင်ရမယ်နော..
    ဒီလိုနေရာတွေ ရောက်ဖူးချင်၏တာ

  • ဦးဦးပါလေရာ

    May 27, 2012 at 12:14 pm

    ဒီနေ့မှ ကွန်လေး နဲနဲကောင်းလို့ ဓါတ်ပုံပိုစ့် ဝင်ကြည့်ရဲပါတယ်…
    စကြည့်မိတဲ့ပိုစ့်က ကိုပေါက်ပိုစ့် ဖြစ်နေတော့တယ်….

    စိတ်ဝင်စားစရာကောင်းလိုက်တာနော်
    တခါလောက်သွားကြည့်ချင်လာတယ်။
    ဂူထဲမှာ လမ်းခင်းပေးထားနိုင်တာကိုလဲ အံ့ဩမိပါတယ်။

  • ဆူး

    May 27, 2012 at 1:43 pm

    မရောက်တာ တော်တော် ကြာခဲ့ပြီ။
    ပုံတွေ ကြည့်ပြီး သဘောကျတယ်။
    ထပ်သွားချင်သေးတယ်။

  • kotun winlatt

    May 27, 2012 at 1:52 pm

    အာလူးသီးးရော မရခဲ့ဘူးလားးးလေးးးပေါက်ရ…
    ဟာဂျာ…ဥစ္စာစောင့်မချောချောလေးနဲ့ တွေ့ရအောင်
    ကြာကြာနေခဲ့ရမှာ…
    လေးပေါက်မရချင်လည်း ကျနော့်ကိုလက်ဆောင်ပေးပေါ့လို့…ဟီးးးးးးးးးး

  • အာလူးသီးက မရခဲ့ဘူး ဟိုက ကြိုပြောလိုက်လို့။
    မပြောရင်တော့ ဟိုငေးဒီငေးနဲ့ ခေါင်းတိုက်မိမှာသေချာတယ်.
    ဒီဂူက အရှည်ကြီး တောင်ကိုကွေ့ဖောက်ထားတာ။
    အဝင်လမ်းနဲ့အထွက်လမ်း တစ်ပေါက်စီ ကိုပါရေ။
    ပင်းတယရော ပိတ်ချင်းမြောင်ရော အဝင်နဲ့အထွက် က တစ်နေရာထဲရယ်။

  • Mလုလင်

    May 27, 2012 at 4:05 pm

    အဲလို ဂူထဲတော့ သိပ် မဝင်ရဲဘူးဗျ .. ကျွန်တော် က အမှောင် နဲ့ နေရာကျဉ်း ရင် .. စိတ်မလုံ ဘူး …

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 4:31 pm

    ဖေဂျီးရေ ..
    ဒီလိုဏ်ဂူတော်ကို မရောက်ဖူးတဲ့အပြင်
    နာမည်ကိုတောင်မှ ခုမှ ကြားဖူးတာ ..
    ဂူထဲမှာ ဘုရားတည်တယ်ဆိုတော့ တော်တော်တော့ ကြိုးစားတည်ခဲ့ရမှာပဲဗျ .. နော့ ..
    အဲဒီ ဘုရားတည်ခဲ့တဲ့ လူတွေကို သာဓု … သာဓု .. သာဓုပါဗျာ …
    ခု ဒီလို ဖူးမြော်ရအောင် တင်ပေးတဲ့ ဖေဂျီးပေါက် ကိုလည်း သာဓု .. သာဓု … သာဓု ပါဗျာ ..
    သာဓု ခေါ်တယ် ဆိုတာ သူများ ကုသိုလ်ကို ကိုယ်လည်း မျှယူတာတဲ့ဗျ ..
    ဒါကြောင့် သားသားလည်း သာဓု ခေါ်ရင်း ကုသိုလ်တွေကို မျှဝေယူသွားပါဂျောင်း …

  • အဲဒီတစ်ခုတော့ရှေးကလူတွေကို တကယ်ချီးမွမ်းပါတယ်။
    အဝေးတောင်ပေါ်တွေမှာ ဘုရားတွေတည်ခဲ့တာကို
    (အသုးံဝင်မူ့သီအိုရီနဲ့တော့ မတွက်နဲ့ပေါ့ဗျာ)
    ဘာပြောပြော ဖူးမြင်ရတာ ကြည်နူးစရာပါဘဲ

    • windtalker

      May 27, 2012 at 7:41 pm

      Right boss !
      ကိုပေါက်အဆိုအား သဘောတူပါအိ ။
      နောက်တစ်ခါသွားရင် မားဂျီးကိုခေါ်သွားပါ ခင်ဗျ။

  • pooch

    May 27, 2012 at 10:12 pm

    တော်သေးတာပေါ့ လေးပေါက် အသက်ရှုမကျပ်တာ။ ပိတ်ချင်းမြှောင်ဆို အသက်ရှုတွေပါ ကျပ်လာတာ။

  • ထုံးဘဲဥ

    May 28, 2012 at 1:08 pm

    အားပေတွားပါဒယ် အန်တီပေါက် 😆

  • Ma Ei

    May 28, 2012 at 2:07 pm

    မြင်းမထိဂူအဝင်ကို ကျမတို့ အဖွဲ့မှာ ဓါတ်မီး၊ဖယောင်းတိုင် မပါခဲ့ဘူးလေ…
    အရင်ကရောက်ဖူးပေမဲ့…
    ဂူ ဒီလောက်မရှည်ဘူးထင်ပြီး အမေ့ကိုခေါ်သွားမိတာ…
    အသက် 82 အမေနဲ့ 8 နှစ်ခွဲ သမီးနဲ့ အထဲရောက်မှ
    တကယ်ကို လန့်သွားတယ် …
    ပြန်ထွက်ရအောင်လဲ ဘယ်ဘက်ကပိုနီးမှန်းမသိ…
    တစ်ကယ်ကို စွန့်စားခန်းဘဲ…
    ပြန်မြင်ယောင်ပြီးရင်မောရပါတယ်…

  • “ဒါဖတ်ပြီးမှ မြင်းမထိဂူထဲဝင်ပါ”
    လို့ခေါင်းစဉ်ပြောင်းလိုက်ရင်ကောင်းမယ်ထင်တယ်မအိရေ။

Leave a Reply