လူ့အလို နတ်မလိုက်နိူင်

naung naungMay 26, 20121min659

ရှေးလူကြီးသူမတွေထားခဲ့တဲ့ စကားပုံလေး တစ်ခုပါ။ ကျွန်တော်တို့ မြန်မာလူမျိုးအားလုံးနီးပါးကြားဖူးကျမယ်ထင်ပါတယ်။ ခုလဲ အကြောင်းသင့်လို့ဒီစာလေးရေးပြီးတင်လိုက်ရတာပါ။ အကြောင်းအရာကိုမရေးခင်ကြိုတင်ပြီးတခုလောက်တော့ အသိပေးပါရစေဗျာ ။ ကျွန်တော်က အစိုးရဝန်ထမ်းမဟုတ်သလို ဘယ်အစိုးရဝန်ထမ်းမှလဲ ကြည့်လို့ရသူတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ခုဖြစ်နေတာက ဘယ်လိုပြောရမလဲဆိုတော့ မိုးပေါ်မှာရှိတဲ့ လမင်းကြီးဆီက ယုန်ရုပ်ကိုဖမ်းပေးပါလို့ ကလေးငယ်တွေပူစာသလို ကျွန်တော်တို့လူမျိုးအတော်များများက မီးပေးပါမီးပေးပါနဲ့ အော်နေကြတယ်။ ဟုတ်ပါပြီ မီးမရလို့ ရေမရှိဘူး ပြသနာက ကြီးပါတယ်။ ဒါပေမဲ့ ပေးစရာမီးက မရှိဘူး ။ ဘယ်လိုလုပ်ကြမလဲ ။ အစိုးရဝန်ထမ်းတွေကိုလဲ ဒီတစ်ခါတော့ကျွန်တော်သနားမိသွားပါတယ်။ ဆည်ဆောက်ပြီးရေအားလျှပ်စစ်တွေထုတ်ဖို့လုပ်တော့ သဘာဝပတ်ဝန်းကျဉ်ထိခိုက်တယ် ။မြစ်ကြီးတွေပျက်ဆီးတယ်။မဆောက်ပါနဲ့တဲ့။ တစ်ခါ ကျောက်မီးသွေးနဲ့ထုတ်မယ်ဆိုပြန်တော့ လေထုညဉ့်ငြမ်းတယ်ကျန်းမာရေးထိခိုက်တယ် ဘာညာဆိုပြီးအော်ကြပြန်ရော။ နောက်ပြီးတော့လဲ မီးရလာပြန်တော့လဲ ချိုးခြံချွေတာခြင်းမရှိဘဲသုံးကျပြန်တယ် ။ သုံးကျမှာပေါ့ မီတာခက အရမ်းသက်သာတယ်လေ။ သူများနိူင်ငံတွေမှာ မီးးကို 24 နာရီအပြည့်ပေးထားပါတယ်။ ဒါပေမဲ့ လူတို်င်း aircon  အမြဲဖွင့်ထားနိူင်သလား။လူတိုင်းမဟုတ်တောင် aircon ရှိတဲ့သူတိုင်းဖွင့်ထားနိူင်ပါသလား ။အထူးသဖြင့် ဖွံ့ဖြိုးလှပါတယ်ဆိုတဲ့ စင်္ကာပူလို နိူင်ငံမျိုးကိုရောက်ရှိနေသူတွေ ရောက်ဖူးသူတွေသိကြပါတယ်။ သူတို့တွေလျှပ်စစ်မီးကို စိတ်ကြိုက်မသုံးစွဲနိူင်ပါဘူး။ ဘာကြောင့်လဲ ?? အဖြေကရှင်းပါတယ် မီတာခ ဈေးကြီးလို့ပါ။ အဲတော့သူတို့အများကြီးမသုံးဘူး ချွေတာတယ် ချွေတာတော့ ရှိတာလျှပ်စစ်မီးက သူတို့နိူင်ငံအတွက်လုံလောက်တယ်လေ။ ကျွန်တော်တို့လူမျိုးတွေလဲ သူတို့ဆီမှာလို မီတာခများ တစ်ယူနစ် 100 ကျပ်လောက်ကောက်လိုက်ရင် အတိုင်းတာတခုထိတော့ လျှပ်စစ်မီးလုံလောက်သွားနိူင်မယ်လို့ထင်ပါတယ်။ အဲကျရင်တော့ လျှပ်စစ်မီးကိုချွေတာ သုံးစွဲသွားတတ်ကြမယ်ထင်ပါတယ်။ မေးစရာရှိပါတယ် သဘာဝဓာတ်ငွေ့တွေဒီလောက်ထွက်နေတာ ကို်ယ့်နိူင်ငံအတွက် အဘက်ဘက်ကအစဉ်ပြေတဲ့ သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်မီးထုတ်လို့မရဘူးလား။ ရပါတယ် သဘာဓာတ်ငွေ့သုံးလျှပ်စစ်မီးထုတ်လုပ်တဲ့စက်ကြီးတွေရှိရင်ပေါ့ ။ ဒါပေမဲ့ ဒါတွေက အလွယ်တကူဝယ်လို့မရခဲ့ဘူး ဘာကြောင့်လဲ ။ အနောက်နိူင်ငံတွေက ပိတ်ဆို့မူ့တွေလုပ်နေတဲ့ အချိန်မှာဒါတွေဝယ်လို့အစဉ်မပြေတာတွေရှိခဲ့ဘူးတယ်လို့ကြားဖူးပါတယ်။ နောက်တခုက ဟိုနားက ဓာတ်တိုင် ခွဲလိုက် ဒီနားက တာဝါတိုင်ဖြိုလိုက်နဲ့ဆိုတော့ မီးအပြည့်အဝမရတာကို သည်းခံစိတ်လေးမွေးစေခြင်ပါတယ်။ ဧရာဝတီကို အထိမခံနိူင်ပါဘူး ဒါမှန်တဲ့ကိစ္စပါ ။ ဒါပေမဲ့ ဧရာဝတီပြီးတော့ ဟိုမြစ်မပိတ်ပါနဲ့ ဒီချောင်းမကာပါနဲ့ ဆိုရင် လျှပ်စစ်မီးက မိုးပေါ်က ကျမလာနိူင်ဘူးဗျာ။အဲတော့ မီတာခလဲ တိုးသင့်သလောက်တိုးကောက်သင့်သလား ဒါမှမဟုတ်ကျွန်တော်တို့အားလုံးကဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကို လျှပ်စစ်မီးကိုချွေတာသုံးမလား။ အဖျက်သမားတွေကိုဘဲ ဒါလေးတွေတော့ ချမ်းသာပေးပါလို့ဘဲ တောင်းဆိုရမလား သေခြာတာတခုကတော့ လောလောဆယ်မှာ ဘယ်လိုမှ မီးမမှန်နိူင်သေးတာဘဲဗျာ။မောင်ဇော်မင်းပြောတဲ့ ပိုလျှံနေလို့ရောင်းစားရတာပါဆိုတာကြီးကတော့ ဗြောင်လိမ်ဗြောင်စားလုပ်တယ်ဆိုတာ အသေချာဆုံးပေါ့။ ဘာကြောင့်ဆို မြန်မာနိူင်ငံက နယ်စွန်နယ်ဖျားတွေ ကျေးလက်တောရွာတွေ လျှပ်စစ်မီး မရှိခဲ့ဘူးတာ မရှိသေးတာက သက်သေခံနေလို့။  အဲတော့ ကျွန်တော်တခုဘဲပြောပါတော့မယ်ဗျာ မီးအိမ်ရှင်တို့ရေ  လောလောဆယ်မှာတော့ ဖယောင်းတိုင်ထုတ်လုပ်သူတွေအလုပ်ဖြစ်သွားတာကလွဲရင် နတ်မင်းကြီးတောင် မတတ်နိူ်င်သေးပါဘူးဗျာ လို့……….

9 comments

  • Khin Kha

    May 26, 2012 at 4:00 pm

    တကယ်တွေးကြည့်တော့မှ ကျွန်တော်အဖြေသိလာတယ်။
    ခံစားရတာမခံနိုင်လို့ ဆန္ဒပြတဲ့ ပြည်သူတွေလည်း မမှားဘူး။
    အခက်အခဲတွေရှိရှာတဲ့ အစိုးရလည်း မမှားဘူး။
    တကယ်မှားတာက မြန်မာပြည်မှာ နေထိုင်မိတဲ့ ကျွန်တော်တို့ပါ။

  • ဖယောင်းတွေအလုပ်ဖြစ်တော ့ အားလုံးဝိုင်းဆဲနေတဲ့ တရုပ်ကြီးဘဲကောင်းစားသွားတာပေါ့။
    ဖယောင်းတိုင်လုပ်တဲ့ကုန်ကြမ်းက တရုပ်ပြည်ကနေလာတာလေဗျာ။

  • နောင်နောင်ရေ—-ကျောက်ဖြူ၊စစ်တွေ၊သံတွဲမြို ့တွေမှာလို မီတာ တစ်ယူနစ်(၄၈၀)ကျပ်ကောက်ခံမယ်
    ဆိုရင် ဘယ်လိုတွေဖြစ်ကုန်မှာပါလိမ့်။အခြေအနေပိုဆိုးသွားလိမ့်မယ်ထင်မိပါတယ်။

  • Gipsy

    May 26, 2012 at 6:58 pm

    တနိုင်ငံလုံး ဟုန်းဟုန်း ထကုန်ကြမှာပေါ့ ကိုနာဂရရယ် …
    ကျုပ်တို့ တောသားတွေသာ တောင်းသလောက် ပေးနေကြရတာ..
    ဗဟုသုတ နည်းလွန်းလို့များလား မသိပေါင်ဗျာ….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 27, 2012 at 12:18 am

    နားနဲ့မနာ ဖဝါးနဲ့နာပါဗျာ 😀 😀 😀
    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရှေးရှေ့ဒုန်းဂဘော့
    လူတစ်ယောက် အတိဒုက္ခရောက်နေပါသတဲ့
    အဲ့သည်အခါ တစ်ကောင်သော နတ်တစ်ကောင်ဟာ လူအရှေ့မှာ ဘွားကနဲ့ ပေါ်လာပါသတဲ့
    သနားတတ်တာဂိုး
    လူအရှေ့လည်းရောက်ရော အဲ့သည်နတ်က ( သဂျားလား ဗျဟ္မာလား မသိ ) ( သေချာတာ နတ်ဖြစ်လေသတတ် )
    အလို !!!!!!!!!!!!! အသင်လူသား ( ဇာတ်မင်းသားအသံဖြင့်အော်လေ )
    သင့် ထရပ်ဘဲ ( ဒုက္ခ ) ကို ငါမမြင်ရက်ပလေ လိုရာကိုတောင်းလော လို့ဆိုပြီး
    ခပ်ရှင်းရှင်းပြောရရင် ဟရောင် ငါက တိုင်းမှူးကွ မင်းဘာလုပ်ခြင်သလဲပြောကွာ ( လို့မည်ပေမပေါ့ )
    အဲ့သည်လူကလည်း မခေဘူးဗျို့ ( မောင်တေဇသာသာဘဲ 😀 )
    လိုရာဆုတွေတောင်းသပေါ့ ( စား၊ ဝတ်၊ နေရေး )
    မကြာပါဘူး ပရိတ်သတ် သူလည်းလေလောကီသားပေမို့ ကိလေသာလေးထသပေါ့ဗျာ
    နတ်သမီးလေး ဘာလေးတောင့်တတော့ ရသပေါ့ ( နတ်မင်းကြီးမယားနဲ့ သမီးတောင် ပါလိုက်သေး)
    နတ်ကြီးသဘောကောင်းလိုက်ပုံ ( သူ့မယားနဲ့ သူ့သမီးတောင်ပေးလိုက်သေး )
    မကြာပါဘူး ………အကြင်လူသား မတင်းတိမ်ပုံ
    နတ်.. ရဲ့ မယားနဲ့ သမီးကို ရိုးသွားတာလားဘာလား မသိ
    တစ်ခု ထပ်ပြီးတောင်းဆိုပါလေသတဲ့
    အဲ့သည်လူ ဘာပြောသလဲမသိ အဆိုပါ နတ် ပြောလိုက်တာကတော့
    ငါ့ဖင်ကို စောင့်ရှောက်ရန် ငါ့မှာ တာဝန်ရှိတယ်
    ( ထိုအကြောင်းကို ပြောနေသော နတ်သည် သူ့ဖင်ကို သူ့လက်ဖြင့် ပိတ်ထားသှ်ဟူလေသော )

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 27, 2012 at 12:22 am

      မိုက်ရိုင်းတယ် ဖြစ်သွားရင်လည်း
      ခွင့်လွှတ်ကြပေါ့ဗျာ ( ခွင့်လွှတ်ခိုင်းနေတာမဟုတ်ပါဘူး )
      မလွှတ်နိုင်ရင်လည်း မလွှတ်ကြနဲ့ပေါ့ဗျာ 😀
      ခင်ဗျားတို့ သဂျီးဘဲပြောဒါ 😀
      သူများနဲ့မတူအောင်ပြောရမယ်ဆိုလို့ဘာ

  • kai

    May 27, 2012 at 12:41 am

    စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်..။
    ငါးပါးသီလကို ရှေးစွန်းစွဲတွေဖွင့်ဆို လိုက်နာတဲ့အထဲတင်.. အပြန်အလှန်ချေဖျက်တဲ့.. ရှေ့နောက်မညီမှုတွေဖြစ်နေတာပါ…

    ဒီအကျင့်ဆိုးက.. နေရာတကာ..လုပ်ဆောင်မှုတိုင်းမှာ.. ဝင်အမြစ်တွယ်တော့တာပါပဲ..

    ဆိုတော့…
    လူတွေရဲ့အတွေးအခေါ်တွေ.. ဓလေ့တွေ.. ဘာသာရေးအယူအဆတွေမြှင့်တင်ပေးဖို့.. ခေါင်းဆောင်တွေမှာ..တာဝန်ရှိပါတယ်..

    ခေါင်းဆောင်ဆိုတာ.. ရှေ့ကဦးဆောင်.. ရှင်းပြရတာပါ..။
    လူချစ်အောင်.. အလိုက်သင့်နေရတာမဟုတ်..

    ဗိုလ်ချုပ်အောင်ဆန်းလို..လူထုကို.. ထိထိရောက်ရောက်..ပြော(ရဲ)တဲ့ခေါင်းဆောင် လိုနေပြီဖြစ်ပါကြောင်း.. 🙂

  • ဦးဦးပါလေရာ

    May 27, 2012 at 1:37 am

    အပေါ်ကသူကြီးကိုတော့ လိုက်လို့ကိုမမီဘူး….
    ဘယ့်နှယ် မီးမလောက်တာနဲ့ ငါးပါးသီလနဲ့ ဆွဲစိရပြန်တာပါလိမ့်…. 😛

    ဒီပိုစ့်မှာတော့ နှစ်ချက်ဝင်ပြောချင်ပါတယ်။
    (စီဂျေဆိုတာ လူချစ်အောင် အလိုက်သင့်နေရတာမဟုတ်.. 😀 )

    လျှပ်စစ်မီးဆိုတာ မိုးကိုအကြောင်းပြလိုက် မြေကိုအကြောင်းပြလိုက်နဲ့ ကံလဲကောင်း ဘာမှလဲမဖြစ်မှ လာရမယ့်ဟာမျိုးမဟုတ်ပါ။ နောက်ကို လုပ်မယ့်စီမံကိန်းတွေမှာ အဲဒါထည့်စဉ်းစားသင့်တယ်။

    တကယ်တော့ အခြေခံ မီးထွန်း ရေတင် တီဗွီကြည့် ထမင်းချက်ရုံ- တအိမ်ထောင် တစ်လ ယူနစ်၂၀ဝလောက်ထက်ပိုသုံးတဲ့ ယူနစ်တွေကို တစ်ယူနစ် ၂၀ဝကျပ်လောက်နဲ့ကောက်မှ လျှပ်စစ်ထုတ်လို့ အဆင်ပြေပါလိမ့်မယ်။

  • ကိုရင်မောင်

    May 27, 2012 at 11:08 pm

    နောင်နောင်ရေ…သဘာဝဓါတ်ငွေ့တွေကတော့ရှိပါတယ်
    သူ့ကို လည်ဘို့စက်တွေကစီပွားရေးပိတ်ထားလို့အနောက်နိုင်ငံကစက်တွေ
    ဝယ်လို့မရဘူးဆိုတာ အကြောင်းပြချက်ကယုံနိုင်စရာမှမရှိတာ
    တရုတ်ပြည်မှာဘာလိုချင်သလဲ အားလုံးရနိုင်ပါတယ်..
    ဦနေဝင်းလက်ထက်ကစလို့ကိုယ်အုပ်တဲ့နိုင်ငံအပေါ်စေတနာမထားခဲ့တာ
    ၈၈နောက်ပိုင်းစစ်ခေါင်းဆောင်တွေပိုလို့တောင်ဆိုးပါသေးတယ်
    တိုင်းပြည်သယံဇာတတွေကို ကိုယ်ပိုင်အမှတ်နဲ့ယူနေကြတာ
    အာဏာမြဲဘို့တရုတ်ကိုဖားပြီးပြည်တွင်းကသယံဇာတတွေကိုအောက်ဈေ းနဲ့ပေး
    တရုတ်ကလဲ အလကားလိုရတော့ ကျနော်တို့ပြည်သူ့တွေဒုက္ခရောက်နေတာကိုမကြည့်ဘဲ
    စစ်အစိုးရသက်ဆိုးရှည်ဘို့ ကမာ္ဘ့အလည်မှာသိက္ခာမဲ့စွာအရှက်မရှိအကာအကွယ်ပေးခဲ့တယ်
    တကယ်သာတရုတ်အစိုးရက မြန်မာပြည်ကိုစေတနာကောင်းထားခဲ့ယင်
    နှောင်ကြိုးမဲ့အကူအညီပေးသင့်တာပေါ့…
    ခုတော့ဒီလိုမှမဟုတ်ဘဲ မြစ်ဆုံဆည်ဆောက်လို့ထွက်လာမဲ့လျှပ်စစ်ဓါတ်အားကိုသူ့နိုင်ငံအတွက်
    ယူထားတဲ့ရာခိုင်နှုန်းကိုလည်းကြည့်ပါအုံးကျုပ်တို့ဝန်ကြီးကိုလဲဘယ်လောက်တောင်ကြွေးထားလဲမသိ
    ဒီဆည်ကြီးမဖြစ် ဖြစ်အောင်ဆောက်မယ်လို့ကိုကြွေးကျော်နေတယ်မဟုတ်လား
    ပိုနေလို့ရောင်းတယ်ဆိုတာကရှိသေး…
    အမှန်က ၈၈နောက်ပိုင်းစစ်ခေါင်ဆောင်တွေ ကိုယ်ကျိုးမရှာတိုင်းပြည်ကောင်းအောင်စေတနာထားခဲ့ယင်
    ခုလိုပြည်သူပြည်သားတွေ အတိဒုက္ခရာက်ကြမှာမဟုတ်ပါဘူး…
    အနှစ်၃ဝအတွင်းတရုတ်ပြည်ကြီးတိုးတက်သွားတာ စနစ်ကောင်းလို့မဟုတ်ဘူး လူကောင်းလို့တိုးတက်သွားတာပါ
    ရေးပြချင်တာအများကြီး လူ့အလိုနတ်မလိုက်နိုင်လို့ပြောမဲ့အစား…
    (အားဏာရူးအလိုနတ်မလိုက်နိုင်)လို့ရေးသင့်ပါတယ်………

Leave a Reply