NLD ဥပဒေပြု ဦးအောင်သိန်း မိုးပြာဂိုဏ်းနှင့်ပါတ်သက်၍ ကလောမြို့နယ်ရဲစခန်းသို့ရောက်

djmanMay 26, 20121min9611

NLD ကဥပဒေပြု ဦးအောင်သိန်း မိုးပြာဂိုဏ်းကိစ္စဖြင့် ၂၀.၅.၂၀၁၂ နံနက်တွင် ကလောမြို့ ပါရမီမိုတယ်သို့ရှေ့နေတစ်ဦးနှင့်အတူရောက်ရှိလာခဲ့ပြီး နံနက် ၁ဝ နာရီခန့်မှ နေ့လည် ၁၂ နာရီခန့်အထိ မိုးပြာဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဥတ္တမနှင့် တွေ့ဆုံခဲ့သည်ဟု သိရှိရပါသည်။ ပါရမီမိုတယ် ဖုန်းနံပါတ်က ဝ၈၁-၅၀၀၂ရ ဖြစ်ပြီးတော့ ကလောမြို့ ပြည်သူ့ရဲစခန်းဖုန်းနံပါတ်က ဝ၈၁-၅၀၁၄၂ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီသတင်းကို အတည်တော့မပြုရသေးပါဘူး။ နောက်တစ်ခုက မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဉာဏ အမှုဖြစ်တော့ ရှေ့နေလိုက်ပေးတာဘယ်သူဖြစ်မလဲလို့ စဉ်းစားကြည့်မိပါတယ်။ စာဖတ်သူကောဘယ်သူလို့ ထင်ကြပါသလဲ။ အစွမ်းရှိသူများ စိတ်ဝင်စားရင်ကိုယ်တိုင်စုံစမ်းလေ့လာ ကြည့်စေလိုပါသည်။ ကျွန်တော်ကတော့ သိသလိုလိုရှိပေမယ့် ဘယ်သူလဲလို့တော့ မသေချာသေးပါဘူးခင်ဗျာ။

11 comments

  • ကိုရင်မောင်

    May 26, 2012 at 7:22 pm

    မိုးပြာဂိုဏ်းနဲပါတ်သက်ပြီးပြောရယင်တော့
    ဘုရားလက်ထက် ထဲကဝတ်ရုံလာခဲ့တဲ့
    အညိုရောင်သင်္ကန်းက ဆရာမိုးပြာလုပ်လိုက်မှ
    အပြာရောင်ဖြစ်သွားရတယ်လို့…

  • shwemyintin

    May 28, 2012 at 6:32 pm

    ကိုရင်မောင်ရေ ဆရာမိုးပြာက အညိုရောင်သင်္ကန်းကို အပြာရောင်ဖြစ်အောင်လုပ်တာမဟုတ်ပါဘူး။ အညိုရောင်ဝတ်သူတွေနဲ့ ဗုဒ္ဓတရား အယူအဆလက်ခံကျင့်သုံးတာမတူလို့ အညိုရောင်ဝတ်အဖွဲ့မှ နုတ်ထွက်ပြီး အပြာရောင်ကို ဝတ်ဆင်တာပါ၊ တစ်ခုပြောလိုပါတယ် ကမ္ဘာမှာ ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်ဆရာတော်များ အားလုံး အညိုဝတ်တာမဟုတ်ပါဘူး။ အညိုရောင်ဝတ်မှလည်း ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်လို့ ပြောလို့ မရပါဘူး။ အနည်းငယ် ချဲ့ပြီး နားလည်နိုင်ပါစေ။

    • ကိုရင်မောင်

      May 28, 2012 at 11:45 pm

      ဗုဒ္ဓဘုရားလက်ထက်ကဘုရားနဲ့တကွ
      သံဃာအားလုံးအညိုရောင်သင်္ကန်းဘဲဝတ်ကြတယ်
      ထေရဝါဒနဲ့မဟာယာနကွဲသွားတော့မှ
      ထေရဝါဒကအညိုရောင်သင်္ကန်းဝတ်ကြပြီး
      မဟာယာနက အဖြူရောင်အပြာဖျော့ရောင်တွေဝတ်ကြတယ်လို့
      ထင်ပါတယ်…ဗုဒ္ဓဘာသာမှာအနှစ်၂၅၀ဝကျော်ရှိလာပြီဖြစ်လို့
      ခေတ်အဆက်ဆက်ဖြတ်သန်းလာရတဲ့အတွက်
      ဗုဒ္ဓစာပေတွေမှာချို့ယွင်းချက် အားနည်းချက်တွေရှိနှိင်ပါတယ်
      ထေရဝါဒထွန်းကားနေတဲ့မြန်မာနိုင်ငံအနေနဲ့သံဃာမှန်ယင်
      အညိုရောင် အဝါရောင် သင်္ကန်းသာဖြစ်သင့်တယ်လို့ထင်ပါတယ်….

  • shwemyintin

    May 28, 2012 at 6:35 pm

    အညိုရောင်ဝတ် ထေရဝါဒသံဃာတော်တစ်ပါးမှ ပစ္စုပ္ပန်ကမ္မဝါဒသာသနာအတွင်း မရှိပါ။ ထေရဝါဒီများမှ ခေါ်ဆိုသော မိုးပြာဂိုဏ်းတွင် မိရိုးဖလာဝတ်သံဃာတော်များ မရှိပါ။

  • kai

    May 29, 2012 at 3:51 pm

    ဂေါတမမြတ်စွာဘုရားကတော့.. သင်္ကန်းနဲ့ပါတ်သက်ပြီး.. ဝိနည်းပညတ်ထားပါတယ်..။
    ဆိုတော့..
    သစ်ခေါက်..သစ်ဥတွေ..အကုန်ရောပြုတ်ပြီး.. လမ်းဘေးစွန့်..။ သင်္ချိုင်းကျ.. အဝတ်စတွေ.. ပြန်သီချုပ်ပြီး.. ရောပြုတ်.. ဆေးဆိုးဝတ်ခိုင်းတာပါ..
    လုပ်ကြည့်ပါလား..
    အပြာကနေ.. အဝါ.. အညို..အထိ.. အရောင်စုံထွက်လာတာပေါ့..

    ဆိုတော့..
    မိုးပြာ..အညိုနု..အညိုမှောင်.. အဝါ.. စတဲ့အရောင်တွေ အကုန်.. ဝိနည်းညီပါကြောင်း… 😆

    • ဆူး

      May 29, 2012 at 5:06 pm

      မသိပဲ လျှောက်ပြောပြန်ပြီ။ သင်္ကန်း အတွက် အရောင်အနေနဲ့ အသုံးပြုဖို့ သစ်ခေါက်က ခွင့်ပြုတဲ့ သစ်ခေါက်က သီးသန့် ရှိတယ်။

      • မှော်ဆရာ

        May 30, 2012 at 9:09 am

        ထပ်ပြောလိုက်ပါဦးအမ … အရောင်လှနေရင် သူများခိုးမှာ လုမှာစိုးလို့ …
        အရောင်မလှတာကိုပဲ ခွင့်ပြုပါတယ်ဆိုတဲ့ အကြောင်းလေးပါ ..

    • ကြောင်ကြီး

      May 30, 2012 at 8:44 am

      ဘုရားရှင်လက်ထက် အစောပိုင်းကာလ သူများစွန့်ပစ်ထားတဲ့ အဝတ်စတွေနဲ့ သင်္ကန်းဝတ်ရုံ လုပ်ရတယ်။ နောက်ပိုင်းတချိန်မှာ ညီတော်အာနန္ဒာလား မိထွေးတော် ဂေါတမီလားမသိဘူး နောင်တချိန် သဂျီးတို့လို သာသနာဖျက်များ ကဲ့ရဲ့စရာ ဖြစ်မှာစိုးလို့ ဘုရားကို သင်္ကန်းလှူခွင့်ပြုဖို့ တောင်းပန်ခဲ့တယ်။ ဘုရားရှင်ကလည်း အဲဒီအချက်အပြင် ရှေးကပြုခဲ့တဲ့ကံကို ပိတ်ပင်တားမြစ်ဖို့မသင့် ဆိုတာပါ ငှဲ့ကွက်ပြီး လက်ခံခဲ့တယ်လို့ မှတ်သားဖူး၏။ ဒါနဲ့ပဲ သင်္ကန်းသုံးထည် သပိတ်တလုံးဆိုတဲ့ ဘုရားဩဝါဒလည်း လူဝတ်ကြောင်တွေ ငါးပါးသီလ အထူးတလည်တောင်း စောင့်ရဒဲ့အဖြစ်ကို ရောက်သွားပါရော…။ သဂျီးကိုဘေးနွားကင် စားသလိုပေါ့ဗျာ…။ အမဲသားတောင် ဂျပန်ဘီယာတိုက်ထားတဲ့ ကိုဘေးနွားကင်မှဒဲ့….. 🙄

  • mg mg

    May 31, 2012 at 10:36 am

    ဝိသာခါကျောင်းအမကြီးလို့ထင်ပါတယ် ကိုကြောင်ကြီးရေ၊
    မိုးပြာ သူဟာသူ ဖြူဖြူ ပြာပြာ ပြဿနာမဟုတ်ပါ၊
    ပြဿနာက ထေရဝါဒပိဋကတ်လာ စာများကို ဟိုဖြတ်ဒီဖြတ်နဲ့ ကိုယ်လိုသလို
    ပြောဆိုရေးသားနေတာကသာ အဓိကပြဿနာဖြစ်နေတာပါ။
    ကိုယ်စွမ်းနိုင်တယ်ဆိုလျင် ယေရှုလို မိုဟာမက်လို ဘာသာတစ်ရပ်သီးသန့်
    ထူထောင်ပါ၊ ထေရဝါဒဘာသာထဲဝင်လာပြီးမှ ဟိုဟာကဘုရားဟောမဟုတ်
    ဒီဟာသာဘုရားဟော-စသည်ဖြင့် ရှေးထေရဝါဒဘာသာစဉ်ဆက်လက်ခံလာတဲ့
    အရာများကို ကိုယ်လိုသလို ပြင်ချင်သလိုပြင်နေတာတွေကို ထေရဝါဒဘာသာဝင်တွေအနေနဲ့
    ဘယ်လိုမှလက်ခံလို့မဖြစ်နိုင်တာကြောင့် ပြဿနာဖြစ်နေရတာပါ။

Leave a Reply