အပြင်သို့အထွက်လမ်း…………..မြင်းမထိ

21 အမိုးပေါ်မော့်အကြည့် မြင်ရတဲ့ ဂူ မြင်ကွင်းပါ
22 သဘာဝကျောက်ဆောင်အပေါ်နဲ့အောက်ဆက်နေတာလေ

 

23 လမ်းကျဉ်းကျဉ်းလေး ကနေအထဲဝင်ရတာ ခေါင်းငုံ့မဝင်လို့ကတော့ အာလူးသီးဘဲ

 

 

24 ဒီနေရာရောက်တော့ ခေါင်းမလွတ်တော့ အတော်လေးငုံ့ပြီးမှဝင်ရပါတယ်
25 ဒီနေရာလေးမှာတော့ အလင်းရောင်နည်းနည်းလေးရတယ် လမ်းကကျဥ်းပြီး စိုစွတ်လို့နေပါတယ်

 

26 အတွင်းက အတော်နိမ့်တဲ့နေရာ မီးထွန်းထားတော့ ့ တော်သေးတယ်
27ေ အးစိမ့်စွတ်စိုသော ဂူအတွင်းမြင်ကွင်း

 

28 ကျောက်ဆင်မိသားစုလို့ စာကပ်ထားပါတယ်

 

 

29 ကျောက်ဆင်.............နှာမောင်းတွေကို မြင်နေရာတာလေ

 

30 ကျောက်ဆိုင်ကျောက်ခက် ကျောက်ပန်းဆွဲ

 

31 ကျောက်ပန်းဆွဲအောက်က ဆင်းတုတော်လေးများ

 

32 က အဝင်လမ်းကျဉ်းကျှုဉ်းကောက်ကောက်

 

32 ခ အမှောင်ထဲက အလင်း
33 ကွေ့ကောက်သော လမ်းကျဉ်းလေးပါ

 

34 အလည်ခေါင်မှာကျောက်တိုင်ကြီး သဘာဝအတိုင်းရှိတာပါ

 

35 ကျောက်မောင်းလို့ခေါ်ပါသတဲ့

 

36 ကျောက်ခရုသင်း
37 ကျောက်စိန်ကလပ်

 

38 နတ်သမိးနို့သီးသုံးလုံးပါတဲ့
39 အတက်လမ်းကလေး

 

40 အတွင်းထဲက သမိုင်းဝင်စေတေီတော်
41 ဒီနေရာရောက်တော့ ထွက်ပေါက်ကို မြင်နေရပါတယ် အလင်းရောင်တွေ့လို့ပါ
 

42 ကျနော်အကြိုက်ဆုံးရိုက်ချက်လေးပါ
43 ကျနော်တို့ထွက်လာခဲ့တဲ့ ဂူအထွက်လမ်းကလေး
 

 

 

43  ဂူကနေထွက်ပြီးတော့ ပြန်လာတဲ့လမ်းမှာေ တွ့ရတဲ့ ကျောက်ဆောင်

44 အပြန်လမ်းမှာမြင်ရတဲ့ မြင်းမထိကျောက်တောင်

45 အဝင်ဝကိုပြန်လည် လှည့်ကြည့်ခြင်း
“အပြင်သို့အထွက်….မြင်းမထိမှ”

 

ကျနော် ဟိုရောက်ဒီရောက်ပေါက်ကရတွေးနေတုံး ကျောထဲမှာစိမ့်ကနဲ့ဖြစ်သွားပါတယ်။

ဖြစ်မှာပေါ့ အပေါ်က ကျလာတဲ့ကျောက်စက်ရေက အောက်မှာရှိတဲ့ ကျောက်ဆောင်ကိုထိပြီး

ကျနော့်ကိုလာမှန်တော့အေးစိမ့်သွားတာပေါ့။

အဲဒါနဲ့ဓါတ်ပုံဆက်ရိုက်လာတော့ အလည်ခေါင်မှာကျောင်တိုင်ကြီးတစ်ခု။

ဆင်ချည်တိုင်ဆိုလားဘဲ။

ကျောက်ဆင် ကျောက်စိန်ကလပ်ကျောက်မောင်း ကျောက်ခရုသင်း နတ်သမီးနို့သီးသုံးလုံးဆိုပြီး စာလေးတွေ

ကပ်ထားတာကိုတွေ့ရပါတယ်။

အဲဒါလေးတွေတွေ့ပြန်တော့ ဓါတ်ပုံတွေ တဖျပ်ဖျပ်ရိုက်။

အရေးထဲဓါတ်ခဲအားကုန်တော့ နောက်တစ်ခဲလဲ။

အလုပ်တွေရှုပ်နေလိုက်တာ တစ်ယောက်ထဲဆိုတဲ့အသိတောင်မေ့သွားပြန်ပါတယ်။.

နောက်တော့ အတက်လမ်းလေးကို ထပ်တွေ့ပြန်ပါတယ်။

လှေခါးလေးအတိုင်းဆက်သွားတော့ သမိုင်းဝင်စေတီအသေးလေးတစ်ဆူကို ဖူးမြင်ရပါတယ်။

စေတီလေးကို ဖူးမျော်နေတုန်းမှာဘဲ ကျနာ်နဲ့အတူလာတဲ့အဖော်ရောက်လာပါတယ်။

လမ်းဆက်လျှောက်ပြီးလှေကားလေးအတိုင်းတက်လိုက်တော့ အထွက်ပေါက်ပြန်ရောက်ပါရော။

မော့ကြည့်လိုက်တော့ အပေါ်ခေါင်မိုးက အလင်းရောင်တွေတိုးဝင်နေပုံကလှပါ။

ဒါနဲ့ဘဲ အထွက်လမ်းကနေလမ်းလျှောက်ပြီးပြန်လာကြပါတယ်။

ထွက်လာခဲ့တဲ့ဂူကိုမော့ကြည့်မိတော့ ကျောက်ဆောင်တွေသစ်ပင်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်း။

အဝေးလှမ်းကြည့်ပြန်တော့လဲ အပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းနဲ့လှပ။

လမ်းဘေးမှာတော့ အမှတ်တရပစ္စည်းအရောင်းဆိုင်လေးတစ်ဆို်င် ဝယ်သူမဲ့။

နောက်တော့ အဝင်ဝမှာရှိတဲ့ဂေါပကရုံးခန်းကို ဝင်ပြီး ဖယောင်းတိုင်တွေပြန်ပေး။

အလှူငွေထည့်။

ဓါတ်မီးငှားလိုက်တဲ့ဆိုင်လေးကိုပြန်သွားပြီး ငှားလာတဲ့ဓါတ်မီးပေး။

နှံ့ခဲ့ရဲ့လားလို့ ပြုံးပြုံးရွှင်ရွှင်နဲ့ဝိုင်းလို့မေးကြပါတယ်။

အဲဒီကနေနုတ်ဆက်ပြီးထွက်လာတော့ နေ့လည်တစ်နာရီ

ဗိုက်ကတော့ တဂွီဂွီမြန်နေပါပြီ.

ဒါနဲ့ဘဲ ဆိုင်ကယ်ကို အပြင်းနှင်လို့ အောင်ပန်းကို ပြန်ခဲ့ကြပါတယ်။

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်ကအလှတရားများ

(28-5-2012)

 

 

15 comments

  • ဒါကတော့ မြင်းမထိဂူအတွင်းပိုင်းကပုံတွေပါ ။
    ရိုက်ထားတာအများကြီးပေးမယ့်နှစ်သက်တာလေးရွေးတင်လိုက်ပါတယ်။
    ဒါကြောင့် မစုံဘူးလို့တော့ပြောလို့ရနိုင်ပါတယ်။

  • windtalker

    May 29, 2012 at 8:51 am

    ကိုပေါက်ရာ…..နတ်သမီးနို့သီးသုံးလုံး တွေ့ခဲ့လို့ ဗိုက်ဆာသွားတာများလား ဟင်
    ဟီဟိ

  • Ma Ei

    May 29, 2012 at 8:56 am

    ရောက်ခဲ့တုံးက အမေအတွက်စိတ်ပူပြီး
    ပြန်ထွက်ချင်နေလို့ မကြည့်ခဲ့ရတဲ့ ဂူအတွင်းပိုင်းအလှကို
    အေးအေးဆေးဆေး ကြည့်ရလို့ ကျေးဇူးပါ ကိုပေါက်ရေ…

  • kotun winlatt

    May 29, 2012 at 2:15 pm

    ဟုတ်….လေးပေါက်ရေ…ပုံလေးတွေမြင်ရတော့
    ရောက်တော့ ရောက်ဖူးချင်သားးဗျ…
    တစ်ခေါက်တော့ ရောက်အောင်သွားနိုင်ဖို့
    ကြိုးစားမယ်ဗျို့…

  • sugar sugar

    May 29, 2012 at 2:43 pm

    ဟုတ်တယ်ဗျို့ တစ်ခါလောက်တော့ရောက်ဖူးချင်သား
    ဦးပေါက် အားပေးသွားပါတယ်ဗျို့

  • etone

    May 29, 2012 at 4:54 pm

    လေးပေါက်ရေ ..အဲ့နေရာတွေ တစ်ခါမှကို မရောက်ဖူးဘူး
    MRTV 4မှာတော့ တွေ့ဖူးတယ် … ဒါပေမယ့် ခဏလေးပြတာဆိုတော့လေ … သိပ်မမှတ်မိဘူး … ။
    ဓါတ်ပုံတွေထဲက လည်ခွင့်ရတဲ့အတွက်ကျေးဇူးပါ ။

  • တေးကလုံ စိတ်ကူးမလွဲနဲ့
    ဟန်းနီးမွန်းထွက်ရင် တောင်ပိုင်းရှမ်းပြည်ကိုသွား။
    နွေမှာဆိုတကယ်သာယာတာအေ………………………

  • အလင်းဆက်

    May 29, 2012 at 7:57 pm

    ကျွန်တော်တို ့ မရောက်ဖူးတဲ ့နေရာ ထူးလေးလေးတွေကို ပြသပေးနေလို ့ ကေိးဇူးတင်ပါတယ်ဗျာ။
    နောက်များမှာလည်း… ပြ ပေးပါဦး.။
    ပုံတွေ ပြောတာ။

  • မဟာရာဇာ အံစာတုံး

    May 29, 2012 at 8:32 pm

    ဖေဂျီးရေ ..
    အဲဒီ ဂူလမ်းမှာ
    တစ်ယောက်တည်းဆို
    ကြောက်ချရာဂျီး နေမှာနော့ …
    ဒါနဲ့ ကျောက်ခရုသင်းက ဘာသုံးလို့ ရတုန်းဂျ ..

  • Gipsy

    May 30, 2012 at 10:09 am

    ငယ်ငယ်တုန်းကတော့ ဂူဆိုရင် ပြေးဝင်ကြည့်တတ်တာ….
    အသက်က နည်းနည်းထောက်လာတော့ ဝင်ရဲတော့ဘူး…
    အာရုံကြော အားနည်းလာလို့ ထင်မိတာပါပဲဗျာ….
    ကိုပေါက်တင်ပြတဲ့ ဂူပေါက်ကိုကြည့်ပြီးတော့ ကြောက်သလိုလိုဖြစ်မိတယ်….။

  • ဆူး

    May 30, 2012 at 10:47 am

    ဆိုင်းဘုတ်လေးတွေ ချိတ်ထားတော့ လိုက်ရှင်းပြတဲ့ ကလေးတွေ ဝင်ငွေ နည်းသွားမယ် ထင်တယ်။

    ဆူး ရောက်ခဲ့တုန်းက အဲဒီ လမ်းတွေ မခင်းရသေးဘူး။ လမ်းလျှောက်ရင် အောက်ကြည့်လျှောက်ရတယ်။

    တော်တော် ပြောင်းလဲ နေပြီပဲ။

  • ဟုတ်တယ်ဗျ တွေးကြည့်ရင်ကြောက်စရာ။
    ကျနော်တို့သွားတဲ့ရက်က ဘုရားဖူးနည်းတော့ ကျနော်တို့ ဝင်ကြည့်တဲ့အချိန်နှစ်ယောက်ထဲရယ်။
    ဘုရားသမိုင်းပြောပြမယ့်ကလေးတွေလဲ မတွေ့ခဲ့ရပါဘူး။
    လမ်းကတော့ အခုတော်တော်လေးကောင်းပါတယ်။
    ဂူနိမ့်တော့တိုက်မိမှာစိုးရတာ တစ်ခုပါဘဲ။

Leave a Reply