ခံခဲ့ရပုံက

may flowersMay 26, 20121min19713

ကျွန်မအသိတစ်ယောက်ပြောပြတဲ့ အကြောင်းလေးကိုပြန်လည်ဖောက်သည်ချပြတာပါ။

 

ဒီလိုပါ  အဲဒီကျွန်မရဲ့အသိဟာသရက်ဇာတိသားပါ။ သရက်မှာ ဘုရားစေတီတွေတော်

တော်များပါတယ်တဲ့။ အဲဒီဘုရားစေတီတော်တွေထဲက သတ္တဌာနဘုရားပွဲဆိုတာ သုံးနှစ်

မှာတစ်ကြိမ်ကျင်းပတဲ့ ဘုရားပွဲတော်ကြီးဖြစ်ပြီးတော်တော်ကြီးကို စည်ကားဆိုပဲ။

အနယ်နယ်အရပ်ရပ်က ဈေးရောင်းသူတွေ၊ ရွာနီးချုပ်စပ်က ရွာသူရွာသားတွေနဲ့ ဘုရား

ပွဲအချိန်ဆို ကြက်ပျံမကျလောက်အောင်စည်ကားပါတယ်တဲ့။

အဲဒီဘုရားပွဲဆိုရင် မျက်လှည့်ပွဲတွေ၊ ဆပ်ကပ်ပွဲတွေကလည်း ရုံသေးသေးလေးတွေ

ဆောက်ပြီး ဘုရားပွဲကဇာတ်ရုံတွေနဲ့အပြိုင်  အခကျေးငွေနဲ့ ပြသကြပါသေးတယ်။

ဒီအဖြစ်လေးဟာ ကျွန်မရဲ့အသိဟာ ၅ တန်းကျောင်းသားအရွယ်ခန့်သာရှိပါသေးတယ်။

လွန်ခဲ့တဲ့ နှစ်၂ဝ ကျော် ၃ဝ နီးပါးလောက်ကဆိုပါတော့။ အဲဒီနေ့က

သူဟာဘုရားပွဲရှိတာ

ကြောင့်  ကျောင်းမှာကတည်းကသူ့သူငယ်ချင်းတွေနဲ့ ဘုရားပွဲကိုသွားဖို့အဖော်စပ်ပြီး

ချိန်းထားကြတာပါတဲ့ ။ ဒီလိုနဲ့ကျောင်းကပြန်လာပြီး ရေမိုးမြန်မြန်ချိုးလို့ ညနေစာကိုစော

စောစားကာ ညနဲနဲအမှောင်သမ်းလာတဲ့ အချိန်မှာသူ့သူငယ်ချင်းတစ်သိုက်နဲ့တူတူဘု

ရားပွဲရှိရာဘက်ဆီကို သွားခဲ့ကြပါတယ်။ သူတို့နေတဲ့ အိမ်ကလည်းထိုဘုရားပွဲနဲ့ သိပ်

လည်းမဝေးလှတာကြောင့်ကော ၊ သူကိုယ်တိုင်ကလည်းသရက်မှာမွေးပြီးသရက်မြို့မှာ

ကြီးလာခဲ့တဲ့သူမို့ ဒီနေရာတွေကသွားနေကြ လာနေကြနေရာတွေ ဖြစ်တာကြောင့်ကော

သူ့အမေက သိပ်စိတ်မပူလှပဲ စောစောပြန်လာကြဆိုပြီး မုန့်ဖိုး တစ်ကျပ်ပေးကာ

လွှတ်လိုက်ပါတယ်တဲ့ ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော် ၃ဝ နီးပါးလောက်ဆီက သူတို့

နယ်တွေဘက်ဆီမှာ မုန့်ဖိုးတစ်ကျပ်ဆိုတာတော်တော်ဝယ်စားလို့ရပါတယ်တဲ့။ တစ်နေ့

ကျောင်းမုန့်ဖိုးမှ ပြား၅ဝ သာရတာမို့မုန့်ဖိုးတစ်ကျပ်ဟာ သူ့အတွက်အများကြီးမဟုတ်ပေ

မဲ့ ပွဲဈေးလှည့်ပြီး မုန့်တစ်ခုခုဝယ်စားနိုင်လောက်အောင်တော့အဆင်ပြေပါတယ်တဲ့။

အဲဒါနဲ့ သူတို့သူငယ်ချင်း ၅ ယောက်သားပွဲဈေးတန်းထဲကိုလှည့်ကြည့်ကြပါတယ်။ သုံး

နှစ်မှ တစ်ခါသာပြုလုပ်ကျင်းပတဲ့ ဘုရားပွဲပေမဲ့ ဈေးတန်းကြီးကတော်တော်ကိုစည်ကား

ပြီး ဇာတ်ပွဲတွေကလည်း ရုံသုံးရုံနဲ့အပြိုင်ကကြတာမို့ အထူးစည်ကားမြိုင်ဆိုင်နေပါတယ်

ဒီလိုနဲ့ လှည့်ပါတ်ကြည့်လာလိုက်တာ တစ်နေရာရောက်တော့လူတွေစုရုံးစုရုံးဖြစ်နေတဲ့

အတွက် သူတို့သူငယ်ချင်းတွေလည်း ဘာများပါလိမ့်ဆိုပြီး  အပြေးသွားကြည့်ကြပါ

တယ်။ အနားရောက်တော့ ဝါးတိုင်လေးတွေထောင်ပြီး ဘေးကမိုးကာသားတွေ ကာရံ

ထားတဲ့ အဖြစ်သဘောသာသာဆောက်လုပ်ထားတဲ့ ရုံလေးသေးသေးလေးရှေ့မှာ

လူကြီးတစ်ယောက်က အော်ခေါ်နေတာပါ။

” လာကြနော်…လာကြ..ထူးထူးဆန်းဆန်းလေးတွေ..မမြင်ဘူးလိုက်မရှိရလေအောင်..

လာကြည့်ကနော်…ဝင်ကြေးက..တစ်ယောက်မှ…တစ်မတ်( ၂၅ ပြား) ရယ်” လို့အော်

ကာ ကြော်ငြာနေပါတယ်။  ထိုရုံလေး ရှေ့ဘက်မှာလည်း ကျောက်သင်ပုန်းကြီးပေါ်မှာ

ရေးထားကလည်း  မြန်မာငါးနဲ့အင်္ဂလိပ်ငါး  လို့မြေဖြူကြီးနဲ့ထင်းနေအောင်ရေးထားပါ

တယ်တဲ့။ အဲဒါနဲ့ သူတို့သူငယ်ချင်းတစ်သိုက်လည်း ဈေးနှုန်းသက်သာတာကြောင့်ကော

အင်္ဂလိပ်ငါးကိုမြင်ဖူးချင်တာကြောင့်ကော ဝင်ကြည့်ကြမယ်လို့ဆုံးဖြတ်ပြီး အဝလေးမှာ

စောင့်နေကြပါတယ်။ ရုံပေါက်ဝမှာ စောင့်နေတဲ့လူုကြီးကလည်းဝင်ချင်တိုင်း ၊ငွေပေး

တိုင်း ဝင်ခွင့်မပေးပါဘူး။ တစ်ခါဝင်လူဆယ်ယောက်သတ်မှတ်ပြီး အလှည့်ကျစနစ်နဲ့

သာ ဝင်စေတာမို့ သူတို့သူငယ်ချင်းတွေလည်း အလှည့်ရောက်အောင်အပြင်ကစောင့်

နေကြပါတယ်။ ရုံအတွင်းကိုဝင်သွားတဲ့ လူတွေလည်းအပြင်ကိုပြန်ထွက်လာရင် ပြုံးစိ

စိဖြစ်နေတဲ့လူတွေကဖြစ်နေပြီး  မအီမသာပုံစံမျိုးနဲ့ရှုံ့မဲ့နေတဲ့ လူကလည်းရှုံ့မဲ့လို့ထွက်

လာကြပါတယ်တဲ့။ အဲဒါနဲ့သူတို့အလှည့်ရောက်လာချိန်မှာတော့ ရုံထဲကိုဝင်ခဲ့ကြပါ

တယ်။ ရုံထဲရောက်ရောက်ချင်း ငါးအကောင်မျိုးစုံကိုပြထားမယ်ထင်ပြီး ဝင်ခဲ့ကြပေမဲ့

ဘာငါးကိုမှ မမြင်ရပဲ ကန့်လန့်ကာမဲမဲကြီးကာထားတဲ့ အရာတစ်ခုကိုသာမြင်ကြပါတယ်

တဲ့။ အတွင်းထဲကိုရောက်ပေတော့  သူတို့ဆယ်ယောက်ပြည့်မပြည့်ရေပြီး  ဆယ်

ယောက်ပြည့်အောင် နှစ်ယောက်လိုသေးတာကြောင့်အတန်ငယ်စောင့်ရပါသေးတယ်။

နောက်ဆယ်ယောက်ပြည့်မှသာ   ကန့်လန့်ကာကြီးကိုဆွဲဖယ်လိုက်ချိန်မှာတော့ ကဒ်ထူ

စက္ကူပြားကြီးပေါ်တွင် အပြည့်ရေးထားသော………

 

       မြန်မာငါး                                         အင်္ဂလိပ်ငါး

                                                                 5

 

တဲ့။ သူတိူ့သူငယ်ချင်းတစ်သိုက်လည်း ပထမတော့ကြောင်သွားပါတယ် ။နောက်ဘာ

များ ထပ်ပြအုံးမလည်းလို့  ခဏလို့လောက်စောင့်ကြည့်နေပါသေးတယ်တဲ့။ ဒါပေမဲ့

ကဲ အင်္ဂလိပ်ငါးနဲ့မြန်မာငါးကိုကြည့်ပြီးကြရင်လည်းပြန်တော့ပြန်တော့လို့  ပြောတာ

ကြောင့်  ငါတို့တော့အလိမ်ခံထိပြီ ဆိုတာသိကြပြီးမအီမသာနဲ့ ပြန်ထွက်လာခဲ့ကြရ

ပါတယ်တဲ့။ ဒါပေမဲ့အဲလိုလိမ်စားတဲ့ လူတွေကလည်းတစ်နေရာထဲမှာ ကြာကြာမနေ

ကြပါဘူး။ ပထမတစ်ညသာ ပြကြပြီးနောက်နေ့မှာတော့ ချက်ချင်းဘယ်ကိုရောက်

မှန်းမသိအောင် ထွက်ခွါပျောက်ကွယ်သွားကြပါတယ်တဲ့။

ဒီလိုလိမ်နည်းမျိုးနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ လောက်က သရက်မြို့မှာတကယ်ပဲ  လိမ်

စားခဲ့တဲ့လူတွေရှိခဲ့ဖူးပါတယ်။

13 comments

  • windtalker

    May 26, 2012 at 11:34 pm

    မေလေးရေ တိုက်ဆိုင်လိုက်တာများကွယ်
    ကိုပေလဲ မြန်မာဖား နဲ့အင်္ဂလိပ်ဖား ဆိုပြီး လေ့လာခဲ့ဖူးသကွဲ့…..

  • ကိုရင်မောင်

    May 27, 2012 at 3:32 am

    အောင်မလေး…တို့ငယ်ငယ်တုန်းကလဲ
    တွေဘူးပါ့..ဘုရားပွဲမှာဒီလိုဘဲအခန်းလေးဖွဲ့ပြီးပြတာ
    သူကတမျိုး ကျားပျံ တဲ့ ….ဟီ…..
    ကျားပျံဆိုတာကြံ ပြား ကြံရည်ညှစ်ပြီးပိုတဲ့ကြံအဖတ်အပြား
    ကိုပြသွားတာပါ….

  • awra-cho

    May 27, 2012 at 8:25 am

    သူကိုယ်တိုင် ခံခဲ့ရတာကို လုူလွှဲရေးတာပါ ဟေ့

  • may flowers

    May 27, 2012 at 8:52 am

    ထင်ချင်သလို ထင်လို့ရပါတယ်ကွယ်…..လွတ်လပ်စွာတွေးထင်ခွင့်ရှိပါသည်..။

  • ဗိုက်ကလေး

    May 27, 2012 at 11:19 am

    ူထူးဆန်းတယ်နော်..
    အဲတာကြောင့် ဝင်ကြေး ဈေးကြီးတာနေမှာ

  • kotun winlatt

    May 27, 2012 at 1:05 pm

    ဪ….ရိုးသားသူတွေကို…
    လိမ်တဲ့လူကလည်း လိမ်ရက်ပါ့…
    ဒါပေမယ့်ပေါ့လေ…
    အကောင်းဘက်ကတွေးရမှာပေါ့နော်…
    လူဆိုတာ အဘူးပြီးမှ လည်တာလို့ကြားဘူးတာပဲဗျာ…

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 1:16 pm

    ဒီထဲက လူဂျီးတွေလို ကျုပ်လည်း လုပ်ခဲ့ဖူးတယ်ဗျ ..
    လိမ်တာလည်း မဟုတ်ပါဘူး ..
    ဝင်ကြေးလည်း မယူခဲ့ဘူး ..
    အခမဲ့ ဖရီးစနစ်နဲ့ အပျော်သဘော လုပ်ခဲ့တာပါ ..
    ကျုပ် လုပ်ခဲ့တာကတော့ ..
    မြန်မာဗိုက်နဲ့ အင်္ဂလိပ်ဗိုက်
    မြန်မာ ဖရဲသီးနဲ့ အင်္ဂလိပ် ဖရဲသီး
    မြန်မာပေနဲ့ အင်္ဂလိပ်ပေ

    ဆိုပြီးတော့လေ ……. 😀

  • Thit Sar Lin

    May 27, 2012 at 3:31 pm

    ဟီးဟီး
    အဲလိုလိမ်တာမျိုးတော့ မကြုံဖူးဘူးခင်ဗျ……..
    ဈေးထဲမှာ ကြွက်ပြေးတဲ့ အသီးဆိုပြီးတော့ လာရောင်းဖူးတယ်….မဲမဲလေး
    အသိတယောက်ကအဲဒီရောင်းတဲ့ လူရဲ့သူငယ်ချင်းတဲ့ …
    သူကိုယ်တိုင်တောင်ကြွက်ပြေးမပြေးမသိဘူးတဲ့ မမြင်ဖူးတဲ့ ဟာဆိုလူတွေကယုံတာများတယ်တဲ့
    အဲဒါကြောင့် ဈေးမှာခပ်ပေါပေါဝယ်ပြီး ဆေးပြန်သုတ်တယ်လေ ပြန်ရောင်းတော့ နှစ်ရာဖိုး သုံးလုံးတဲ့ …
    အစကတော့အဟုတ်မှတ်ပြီ း ဝယ်လိုက်ကြတာ တခါတည်းကိုကုန်ရော နောက်တော့ လဲမပြေးပါဘူးတဲ့ ..
    ဝယ်လာတဲ့ သူတွေကပြောကြတာ …အဲဒါ့နဲ့ လူတွေမေ့လောက်ပြီဆိုမှပြန်လာရောင်းတာ..
    ဗဟုသုတရပါတယ်ဗျို့……..အားပေးသွားပါတယ်

  • may flowers

    May 27, 2012 at 5:16 pm

    အော်..မြန်မာပြည်လည်းလိမ်နည်းမျိုးတော်တော်စုံတာပဲနော်။ ကျားပျံ နဲ့ ကြွက်ပြေးသီးကို ဗဟုသုတအဖြစ်

    မှတ်ထားရတာပေါ့။ နောက်အလိမ်ခံမ ထိအောင်လေ။ ကိုယ်သိတဲ့လိမ်နည်းလေးတွေကို ဗဟုသုတအဖြစ်

    ပြောပြပေးလို့ ကျေးဇူးပါဗျို့။

  • ညလေး

    May 27, 2012 at 9:22 pm

    လူတွေနော်လိမ်တာညာတာ….နည်းလမ်းပေါင်းစုံပဲ……..
    သူတို.ကပဲညဏ်ကောင်းတာလား……
    ကိုယ်ကပဲညဏ်မမှီတာလားနော်…..ဗဟုသုတရစရာလေးတွေယူသွားပါတယ်ရှင်……..

  • ster

    May 28, 2012 at 10:36 am

    ကြွက်ပြေးတယ် ဆိုပြီးလိုက်ရောင်းတာ တွေ.ဘူးတယ်။ အဲဒါကို ကျွန်တော်တို.ငယ်ငယ်က အညာမှာ ဂဠုန်လက်သည်း လို.သိထားခဲ.တာ။ နွယ်လိုမျိုး အပင်က သီးတာလို. မှတ်မိခဲ.တယ်။ ဒါပေမယ်.ဒီမှာ အဲဒီအသီးကို chemical တွေနဲ.လုပ်ထားပြီး ပန်ကာရှေ.ထားရင် သေးပြီးကုန်သွားတယ်ဆိုပြီး ညာရောင်းနေတယ်ဗျ။ မဟုတ်ကြောင်း ကျွန်တော်ဝင်ပြောမိတော. ရောင်းတဲ.ကောင်လေးက လုံးဝခါးခါးသီးသီးဗျို.။ အပင်ကအသီးမဟုတ်ဘူးတဲ.။ အဲဒီအသီးက ကြွက်ပြေးမပြေးဆိုတာတော. တခါမှ test မလုပ်ဘူးတော. မသေချာဘူး ko thit sar lin ရေ။

  • Khin Kha

    May 28, 2012 at 10:52 am

    ကလေးတွေ မုန့်ဖိုး တစ်ကျပ်ရလို့ အပျော်လေးတွေ ၂၅ပြား အလကားဖြစ်သွားလို့
    စိတ်ညစ်သွားမှာဘဲနော်။

Leave a Reply