အိန်ဒိယ ရေကာတာ ဆည်များ – INDIAN DAMS AND RESERVOIRS II

KyaemonMay 27, 20124min1068

Narmada နာမဒါ ရေကာတာ ကြီး သို့ ခရီးစဉ်

၁၉၅ဝ ခုနှစ် ပတ်ဝန်းကျင် လောက်က စတာ၊

ဝန်ကြီးချုပ် Nehru နီရူ က “တိုင်းပြည်ဖွံ့ဖြိုးအောင်တည်ဆောက်တဲ့နေရာမှာ

 ရေကာတာတို့ဟာ ဘုရား ကျောင်းကန် စေတီတွေ (အလား) ဖြစ်ကြတာ”

လို့ကြေငြာခဲ့တာ၊

Narmada နာမဒါ ရေကာတာ က အစ ၃၀၀ဝ လုံးရေရှိ ရေကာတာ အကြီး အငယ်တွေ စတော့တာ၊

သန်းတထောင် ကျော် လူဦးရေ ရပ်တည် နေနိုင်အောင် ရေကာတာကြီးတွေ လိုအပ်တာ၊

ပြည်နယ် ၃ နယ် နေ သန်း ၂၄ သန်း ရှိ လူဦးရေ အတွက် ရေ နဲ့ဓာတ်အားရယူဘို့လိုတာ၊

တိုင်းပြည်တိုးတက်ဘို့လူ ၅ သိန်း နေရာပြောင်းရတာ က အနစ်နာခံ(အရင်းအနှီးစိုက်) ရတဲ့ကုန်ကျစရိတ်ပါဘဲ

လို့ ရေကာတာ တည်ဆောက်ဘို့ လိုလား သူတွေက ပြောကြတာ

My Narmada Travel

A film by Leena Pendharkar

http://www.spicymango.com/narmada/narmada2.html

It started in the 1950’s when India’s first Prime Minister, Jawaharlal Nehru, called dams the “temples of modern India.” Dam building was equated with nation-building, and the Narmada Valley Development project, a series of 3000 large and small dams, was initiated.

Proponents say large dams such as the Sardar Sarovar are needed to sustain India’s population of over 1 billion.Officials hold that the dam will bring over 24 million people in 3 states water and power. They say that displacing some 500,000 indigenous people is the price India must pay for progress.


8 comments

  • pazflor

    May 27, 2012 at 2:01 pm

    မကြေးမုံပေးလို ့တဲ့ main message လေးကိုသိပါရစေ။ ကောင်းတာလား ဆိုးတာလား???

    • ကြောင်ကြီး

      May 29, 2012 at 8:51 am

      တရုတ်သူလျှို ကြေးမုံဂျီးဆိုမှဒေါ့ စဉ်းစားကြည့်ပေါ့ဗျာ။ ဘယ်ဒုံးဂ ကောင်းဗူးလို့လဲ…။

  • kai

    May 28, 2012 at 1:49 am

    မြစ်ကိုပိတ်ပြီး ရေကာတာဆောက်တာ… တောင်ကိုဖေါက်ပြီး.. လမ်းဖေါက်တာ…
    ဆိုးကျိုးနဲ့..ကောင်းကျိုး.. ချိန်ဆရင်.. ကောင်းကျိုးရာခိုင်နှုန်းပိုတာ.. သေချာပါတယ်..

    မြန်မာပြည်ထဲ.. ပုဂံက.. မြကန်ဆိုတာ.. တဖက်ပိတ်ရေကာတာပေါ့..
    နှစ်၁၀၀ဝလောက်ရှိခဲ့တာ..
    မြန်မာတွေ.. ကန်ဆောက်ဆည်ဆောက်တာ.. ဝါရင့်ပါတယ်… 🙂

    မြကန်သာ

    မြကန်သာ၊ တောင်ကျချောင်းတေး၊

    ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊

    ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊

    နံ့မျိုးစုံသည်၊ ဘုံဝတိ ံသာ၊

    နန္ဒာပေလော၊ တူစွဟုတ္တာ။

  • MTY

    May 28, 2012 at 9:34 am

    ကမ္ဘာ့နေရာတကာ..ရေကာတွေဆောက်နေတာဗျာ

  • Kyaemon

    May 30, 2012 at 10:58 am

    နောက်တနေရာ က ပြတဲ့ အိန်ဒိယနိုင်ငံက
    ရေကာတာ ဆည် အကြီးဆုံးတွေကို ကြည့်ဘို့ link လင့်ခ ကိုနှိပ်ပါ၊

    ပုံတွေက တော်တော် ခန့်ညားထယ်ဝါတာ
    ခရီးတထောက် အရောက်သွားလည် သလိုဘဲ၊
    ငွေကြေးလဲ မကုန်ပါ
    ————————-
    ဝန်ကြီးချုပ်ဟောင်း Nehru နီရူ က အားတက်သရော ဆိုခဲ့တာ က

    “တဟုန်ထိုး ပြန်လည် တိုးတက်လာတဲ့ အိန်ဒိယ နိုင်ငံ အတွက် ရေကာတာတွေဟာ
    ဘုရားကျောင်းကန် တမျှ ( အကျိုးပြုတာ မြတ်နိုး အားကိုးရတာ၊)”

    (အကြောင်းမှာ) ရေကာတာတွေကသန်းချီသော ပြည်သူတွေဆီသို့
    ရေတွေ ဓာတ်အားတွေကို ဖြည့်တင်းပို့ဆောင် ဘို့ကူညီပံ့ပိုးကြတာ

    The biggest dams in India

    Hailed as the “Temples of Resurgent India” by Pandit Jawaharlal Nehru, the country’s dams help provide water and electricity to millions citizens. We look at some of the biggest
    ones.

    http://revolutionizingawareness.com/2012/05/20/the-biggest-dams-in-india/

  • သားငယ်

    May 30, 2012 at 2:02 pm

    သူများနိုင်ငံကရေကာတာ တွေ ဆောက်တာ..ကောင်းတယ် ဆို တာ ကလည်း ဆောက်လုပ်တဲ ့ပညာရှင်တွေ ကလည်း သေသေချာချာ ရေရှည် အကျိုး စီးပွားကိုတွက်ချက် ပြိးဆောက်လုပ် ကြလို ့ဖြစ်ပါလိမ့်မယ်. ဒီမှာ ဆောက်တဲ ့ ရေကာတာတွေ ကတော့ ရေရှည် အကျိုးစီးပွား ကို မရည် ရွယ်ဘဲ ဆောက်လုပ်ခွင့် ရရှိတဲ ့သူတွေ နဲ ့ဆောက်လုပ်ခိုင်းတဲ ့အဖွဲ ့အစည်း တွေ ရဲ ့အကျိုးစီးပွားတစ်ခု ထဲကို ဘဲ ကြည့်ပြီးဆောက်လုပ် ထားတာ ဖြစ်နေလို့ ..အများကြီးဆောက်လုပ်ပြီးတာတောင်မှ အခုထိကို အကျိုး မဖြစ်ထွန်းသေးပါဘူး .ဝန်ကြီးငှာန တွေက အလုပ်လုပ်နေတယ် ဆိုတာ ကလည်း ဘက်ဂျက် ရန်ပုံငွေ ထုတ်လို ့ရအောင် လုပ်နေတာ ဖြစ်ပြီး လုပ်ပိုင်ခွင့်ရတဲ ့အဖွဲ ့အစည်းတွေ ဆိုတာကလည်း ဝန်ကြီးငှာန မှ အကြီး အကဲများနှင့် မကင်းရာ မကင်းကြောင်းတွေဘဲဖြစ်နေပြီး မြန်မာပြည်မှာ အကျိုးစီးပွား ဖြစ်ပြီးအောင်မြင်နေတဲ့သူတွေ ပါဘဲ..ဝန်ကြီးအဖွဲ ့အစည်း နဲ ့တကွ ပတ်သတ်ရာ ခရိုနီ တွေ အကျိုးစီးပွားများများရအောင် လုပ်ဆောင် နေတဲ ့လုပ်ငန်းတွေ ကသာ များပြားနေပါတယ် ။ အဲ့ဒီအတွက်လည်း တံတားတွေများ လာတယ် ဆည်တွေ များလာတယ်လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ များလာတယ် စက်ရုံတွေများလာတယ် လမ်းတွေ များလာတယ် ဆက်သွယ်ရေး ဖုန်းလိုင်းတွေများလာတယ် ..အကျိုးအမြတ်တွေက တော့ဘယ်သူတွေ ပိုရလာသလဲ…အခုချိန်ထိ မီးမမှန်သေးပါဘူး လမ်းမတွေပေါ်မှာ အ ပျက်စီး တွေ များတုန်း မိုးရွာရင် ရေလျှံ
    ပါတယ်.. ဖုန်းတွေ ဝယ်ကိုင် လိုက်ရတဲ ့ပြည်သူတွေ ဆုံးရုံးခဲ ့တာပါဘဲ..သိန်း လေးဆယ်ကျော်ထိပေးဝယ်ခဲ ့ရတဲ ့သူတွေ အများ
    ကြီး ပါ.. အဆင့်ဆင့် ရူံးခဲ့ရတဲ ့ ပြည်သူတွေ အများကြီးပါဘဲ။ နောက်ပိုင်းမှာတော့ ပွင့်လင်း မြင်သာမှု ့ရှိလာပြိဆိုရင်တော့
    ဝန်ကြီးငှာန တွေရဲ ့ လုပ်ငန်းလုပ်ဆောင် ရွက် မှု ့တွေ ကို တရားဝင်ပြည်သူကို အသိပေးပြီး လုပ်ဆောင် သင့်တယ်လို ့ထင်ပါတယ်။
    ကုန်ကျမှု ့နဲ ့အကျိုးအမြတ် ကို အများပြည်သူ တရားဝင်တွက်တာ မျိုးဘဲ ဖြစ်သင့်ပါတယ်။ အခု လုပ်ဆောင်နေတယ် လမ်းတွေဖောက် တံတားတွေ ဆောက် ဆည်တွေ ဆောက် မြောင်းတွေ ဖောက် လုပ်ချင်တာတွေ လုပ် အားလုံးဟာ လူကြီးတွေ နဲ ့
    ပတ်သတ် ရာ ပတ်သတ် ကြောင်းတွေ ခိုးဖို ့အတွက် တစ်ခု ဘဲ ဦးတည် ပြီးလုပ်ဆောင်နေတာ ဖြစ်တဲ ့အတွက် ကြောင့် တစ်ခု မှ
    အကောင်းဖြစ်မလာတာ ပါ နိုင်ငံငွေတွေ ဆုံးရူံး ပြိး တော့ အကျိုးပြန်မရ တာ ကတော့ နိုင်ငံအတွက် တော်တော် နစ်နာပါတယ်။
    အဲ့ဒီ လုပ်ငန်းတွေ ကဆုံးရူံးမှု ့တွေ ကို ဘယ်သူက တာဝန် ယူမှာလည်း …..

  • Kyaemon

    May 30, 2012 at 2:40 pm

    ကိုသားငယ်ခင်ဗျား

    တာဝန်သိစွာ နဲ့ အများအကျိုးကိုရှေ့ထားပြီးပြောတာကိုလေးစားအပ်ပါတယ်၊

    ပြသနာအရင်းအမြစ်သိမှအဖြေရှာလို့ရမှာပါ၊

    တန်ဘိုးရှိတဲ့စကားတွေပါ

    • ကြောင်ကြီး

      May 31, 2012 at 9:09 am

      ပြသနာအရင်းခံဂဒေါ့ တရုတ်ကြီးဗဲ…။ အဖြေသိဗီဆိုဒေါ့ ပဟေဠိဖွက်တမ်းလုပ်ပီး လူဒဂါဂို ဆြာဂျီးလုပ် လိုက်မေးဗေဒေါ့… 😆

Leave a Reply