နေပြည်တော် ဆာဖရီ

mgwaloneMay 27, 20121min708

နေပြည်တော် ဆာဖရီ ဥယျာဉ်ပါ။ အကောင်အရေအတွက် နည်းပါတယ်။ ရှိတာလေးတော့ ကြည့်ခဲ့ရပါတယ်။ ပိတ်ရက်မရှိ နံနက် (၀၈၀၀) နာရီကနေ ညနေ (၀၅၃၀) အထိ ဖွင့်တယ်လို့ သိရပါတယ်။ ဝင်ကြေးက (၁၀) နှစ်အထက် တစ်ဦးကို ၂၀၀ဝ ကျပ်ပါ။ ပုံမှာပါတဲ့ အတိုင်း မော်တော်ကားနဲ့ လည်ရပါတယ်။ ဝင်ကြေးမှာ ကားအတွက် ပါပြီးသားပါ။ ထပ်မပေးရပါဘူး။ လူအရေအတွက်ကို လိုက်လို့ ကားအကြီး အသေး ရှိပါတယ်။

အချို ့နေရာတွေမှာ ရပ်ကြည့် ဆင်းကြည့်လို့ ရပါတယ်။ ဆာဖရီ ဥယျာဉ်လို့ ဆိုပေမဲ့ သစ်ပင်ကတော့ မရှိသလောက်ပဲ။ အပင်ကြီး လုံးဝမရှိပါဘူး။ သစ်တော ပြတိုက်လုပ်ဖို့ သစ်ငုပ်တိုပုံဒီဇိုင်နဲ့ ပြခန်းအဆောက်အဦးတွေ ဆောက်ထားတယ်။ မဖွင့်သေးပါ။ သူများနိုင်ငံကလောက် မကောင်းပေမဲ့ ရှိတာလေးပဲ ကြည့်ရတာပေါ့။

8 comments

  • ဗိုက်ကလေး

    May 27, 2012 at 11:47 am

    အကောင်စုံ ကြည့်ရပါကလား..
    မိုက်ဒယ်ဗျား..သွားကြည့်ချင်တယ်.
    တောနေသတ္တဝါတွေကို လွင်တီးခေါင်သာသာ ဥယာဉ်ထဲ ထည့်ထားတာတော့ သိပ်မနိပ်လှဘူးဗျ
    အပင်တွေ မြန်မြန်ပေါက်ပါစေ..

  • may flowers

    May 27, 2012 at 11:52 am

    သတ္တဝါလေးတွေသနားပါတယ် ကြည့်ရတာသစ်ပင်ကမရှိ ပူကပူနဲ့သူတို့လည်းငရဲရောက်တယ်ထင်မှာ။

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 12:23 pm

    ပုံတွေအတွက် ကျေးဇူးဗျာ ..
    ကျုပ်လည်း ကြားသာ ကြားဖူးတာ ..
    ရောက်ဖူးသေးဘူး ..
    ရောက်လို့ကတော့ ကျားနဲ့ လည်ပင်းဖက်ပြီး ဒါ့ပုံရိုက်ဦးမယ် ..
    😀

    • ဗိုက်ကလေး

      May 27, 2012 at 12:50 pm

      ဟဲ.ကျားနဲ ့လည်ပင်းဖက်တော့ အန္တရယ် များသပေါ့ကွဲ ့
      ကို ့အမျိုး မျောက်လွှဲကျော်နဲ ့ပဲ လည်ပင်းဖက်ရိုက်ပါကွယ်..

      • မဟာရာဇာ အံစာတုံး

        May 27, 2012 at 1:03 pm

        နာက ကျားနဲ့ဘဲ ရိုက်ချင်ဒါ ..
        တိုဗိုက် ရိုက်ချင်သပဆို ကိုဗိုက်ကို ရိုက်ပေးပါ့မယ် ..
        မျောက်ဖင်နီဂျီးနဲ့ … အဟိ ..
        😀
        နောက်တာ ..

  • kotun winlatt

    May 27, 2012 at 1:08 pm

    တစ်ခေါက်လောက်တော့
    ရောက်အောင်သွားဦးးမှပဲ….

  • mgwalone

    May 27, 2012 at 4:01 pm

    ကျေးဇူးတင်ပါတယ်။ ဆာဖရီကို သွားမယ်ဆိုရင် နံနက်ပိုင်း နေမပူခင်က အကောင်းဆုံးပါပဲ။ ကျွတော်ရောက်တဲ့ နေ့က မိုးအုံ့နေတော့ အဆင်ပြေသွားတယ်။ နေ့ခင်းပိုင်း နေပူချိန်ဆိုရင် တိရစာ္ဆန်တွေက နေခိုနေကြတော့ ကောင်းကောင်း မတွေ့ရဘူးလို့ သိရပါတယ်။ ဂရုစိုက်ပုံတော့ ရတယ်။ ကျွန်တော်ရှိတုန်း တစ်နေရာက မီးခိုးထွက်လာတော့ ချက်ခြင်း မေးသံ။ အမှိုက်မီးရှို ့တာ။ သတင်း ကြိုရထားတယ် ဆိုတာတွေ ကြားလိုက်ရတယ်။

Leave a Reply